#Local_News
Published_ 11 April 2023
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသို့ တရုတ်မှ လှူဒါန်းသည့် Yutong ဘတ်စ်ကားတစ်စီးကို ဝန်ထမ်းကြိုပို့ယာဉ်အဖြစ်အသုံးပြုမည်ဖြစ်ကြောင်းအဆိုပါ ဝန်ကြီးဌာနက သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၆ ရက်က အဆိုပါ ဘတ်စ်ကား လှူဒါန်းပွဲကို ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu တို့ တက်ရောက် ခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
ယခုအကြိမ်လှူဒါန်းသည့် တရုတ်နိုင်ငံထုတ် Yutong ဘတ်စ်ကားကို ဝန်ထမ်းကြို ပို့အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားပြီနောက် သံအမတ်ကြီး Mr. Chen Hai က ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် နှစ်ဦးနှစ်ဖက် ပြည်သူ့ဘဝအကျိုးပြုကူညီမှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံရှိတရုတ်ကုမ္ပဏီများ နိုင်ငံခြားငွေအခက်အခဲဖြေရှင်းခြင်း စသည့်အရေးကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်၊၊
#ymg/tthl #Local_News #Yutong ဘတ်စ်ကား #ဝန်ထမ်းကြိုပို့ယာဉ် #YMG
#Yangon_Media_Group
#Local_News
Published_ 11 April 2023
တရုတ်-မြန်မာနယ်စပ်ပြည်သူများအတွက် တရုတ်က ယူနန်သင်္ကြန်ပွဲတော်ကျင်းပသွားမည်ဖြစ်ပြီး တရုတ် -မြန်မာနယ်စပ်ပြည်သူများအတွက် ပျော်ရွှင်ဖွယ်ရာ ဂီတပွဲတော် စသည့်ထူးခြားသောလှုပ်ရှားမှု(၁၀) ခုကျော် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသိရသည်၊၊
ယူနန်ပြည်နယ်ရှိ ပြည်နယ်ခွဲ(မြို့)များဖြစ်သည့် စစ်ဆောင်ပနား၊ တယ်ဟုန်၊ လင်ချန်း၊ ဖူအယ်နှင့် ကူမင်းမြို့တို့၌ သင်္ကြန်ပွဲတော်များ ကျင်းပသွားမည်ဖြစ်သည်ဟု ဆိုသည်၊၊
ယူနန်ပြည်နယ်ရှိ စစ်ဆောင်ပနား၊ တယ်ဟုန်၊ လင်ချန်း၊ ဖူအယ် စသည့် ပြည်နယ်ခွဲ (မြို့) များသည် တစ်နှစ်တစ်ကြိမ် ကျင်းပသော အတာသင်္ကြန်ပွဲတော် လှုပ်ရှားမှုများကို ကျင်းပရန် ရက်များဆက်တိုက် ပြင်ဆင်နေကြပြီး များပြားစုံလင်လှသော ဂုဏ်ပြုအခမ်းအနားများနှင့် လက်တွေ့ခံစားမှု အစီအစဉ်များ ကျင်းပရန် စီစဉ်ထားကာ လူသောင်းချီပါဝင်ဆင်နွှဲကြသော ပျော်ပွဲရွှင်ပွဲကြီးကို ထပ်မံစတင်တော့မည်ဟု ဆိုသည်၊၊
စစ်ဆောင်ပနား ကျင်ဟုံမြို့တွင် ဧပြီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းမှ ညပိုင်းအထိ တိုင်ပြက္ခဒိန် ၁၃၈၅ ခုနှစ် နှစ်သစ်ကူးပွဲတော် (သင်္ကြန်ပွဲတော်) ဂုဏ်ပြုအခမ်းအနားနှင့် ရိုးရာနဂါးလှေလှော်ပြိုင်ပွဲ၊ တိုင်းရင်းသား ထူးခြားလက္ခဏာများပါဝင်သော သဲပုံပွဲ၊ ကြက်တိုက်ပွဲ ဖျော်ဖြေပွဲများ၊ လူသောင်းနှင့်ချီ၍ မီးပုံးပျံလွှတ်ခြင်း စသည့်အစီအစဉ်များကို ကျင်းပမည်ဖြစ်သည်။
တယ်ဟုန် တိုင်တိုင်းရင်းသား ဂျိန်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတွင် မန်စီ မီးရောင်စုံလင် ဂီတပွဲ၊ တိုင်းရင်းသားအစားအစာနှင့် အထူးထွက်ကုန်များ ပြပွဲ၊ “အရုဏ်ဦးမြို့” ဂီတပွဲတော်၊ အမျိုးသားစည်းလုံးညီညွတ်ရေး micro film ပွဲဦးထွက်ပြသခြင်းအခမ်းအနား၊ စီမံကိန်းလက်မှတ်ရေးထိုးပွဲအခမ်းအနားနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ပွဲ၊ တရုတ်-မြန်မာ နယ်စပ်ပြည်သူများ ပျော်ရွှင်ဖွယ်ရာ ဂီတပွဲတော် စသည့် ထူးခြားသော လှုပ်ရှားမှု ၁၀ ခုကျော်ကို ကျင်းပမည်ဖြစ်သည်။
လင်ချန်းမြို့တွင် သင်္ကြန်ပွဲတော် ဆက်စပ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနား ကျင်းပ၍ တစ်မြို့လုံးတွင် စားသောက်ဖွယ်ရာများ ကူးသန်းရောင်းဝယ်ရေး၊ ရိုးရာဓလေ့ထုံးတမ်းများ၊ ကျေးလက်ခရီးသွားလာရေး စသည့် တွဲဖက်လှုပ်ရှားမှုများကို ကျင်းပမည်ဖြစ်သည်။
ဖူအယ်မြို့ မုံလျန် တိုင်တိုင်းရင်းသား၊ လားဟူတိုင်းရင်းသား၊ ဝတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တွင် သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားနှင့် တိုင်တိုင်းရင်းသားပြည်သူများ နှစ်သစ်ကူးအခမ်းအနားကို ကျင်းပမည်ဖြစ်သည်။
ကူမင်းရှိ ယူနန်တိုင်းရင်းသားကျေးရွာတွင် ခရီးသွားဧည့်သည်များအတွက် ရေပေါ်ရှိုးပွဲ၊ ရေပက် ဆုမွန်ကောင်းတောင်းပေးခြင်း၊ အဆိုအက၊ ရေကစားရင်း ချန်ပီယံလုခြင်း စသည့် မူလအနှစ်သာရမပျက်သော ရိုးရာဓလေ့ လက်တွေ့ခံစားမှုများကို ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း သံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊၊
ymg/tthl
#Local_News #တရုတ်-မြန်မာနယ်စပ် #တရုတ်က ယူနန်သင်္ကြန်ပွဲတော်
#YMG #Yangon_Media_Group
#World_Disaster
Published_10 April 2023
ဂျပန်နိုင်ငံမှ နျူကလီးယားညစ်ညမ်းရေ စွန့်ထုတ်ရေးစီမံကိန်းဟာ သူတို့တိုင်းသူပြည်သားနဲ့ နိုင်ငံတကာအသိုင်းအဝန်းဘက်ကို ပြန်ဦးတည်နေကြောင်း ဂျပန်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတစ်ဦးက ဆိုလိုက်ပါတယ်။
#World_Disaster #နျူကလီးယားရေဆိုးများ #ပင်လယ်ထဲသို့ စွန့်ပစ်
#YMG #Yangon_Media_Group
Published 8 April 2023
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ အရှေ့ပိုင်းတပ်ပေါင်းစုဌာနချုပ်ဟာ ထိုင်ဝမ်ကျွန်းပတ်ပတ်လည်မှာ တိုက်ပွဲအသင့် ကင်းလှည့်နှင့်စစ်ရေးလေ့ကျင့်ခန်းတွေကို ဧပြီလ(၈)ရက် စနေနေ့က စတင်လိုက်ကြတယ်လို့ အဆိုပါ စစ်ဌာနချုပ်ရဲ့ပြောရေးဆိုခွင့်ရသူ အကြီးတန်းဗိုလ်မှူးကြီး ရှီယီကပြောကြားပါတယ်။
ယခုစစ်ဆင်ရေးဟာ ထိုင်ဝမ်ခွဲထွက်သမားတွေနှင့် ပြင်ပအင်အားစုတွေရဲ့ ရန်စမှုအပေါ် အလေးအနက်သတိပေးမှု တစ်ရပ် ဖြစ်တယ်၊ နိုင်ငံရဲ့ အချုပ်အခြာအာဏာနှင့်ပိုင်နက်တည်တံခိုင်မြဲမှုကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တဲ့လုပ်ဆောင်မှု တစ်ခုဖြစ်တယ်လို့လည်း ရှီယီက ဆက်ပြောပါတယ်။
ယခုကင်းလှည့်နှင့် စစ်ရေးလေ့ကျင့်မှုတွေကို စနေမှ တနင်္လာနေ့အထိဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ထိုင်ဝမ်လွတ်လပ်ရေးခွဲထွက်သမားတွေရဲ့ မည်သို့သော လှုပ်ရှးဆောင်ရွက်မှုမျိုးကိုမှ ခွင့်ပြုမှာမဟုတ်ဘူးလို့ တရုတ်နိုင်ငံရဲ့ထိုင်ဝမ်ရေးရာရုံးက အလေးပေးပြောဆိုအပြီး ယခုစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။
ဒီမှတ်ချက်စကားဟာ ယခုအပတ်စောစောပိုင်းက ဆိုင်အင်ဝန်ရဲ့ အမေရိကန်ခရီးတစ်ထောက်ခရီးစဉ်ကို ရည်ညွှန်း တုန့်ပြန်ခဲ့တာပါ။
Source CCTV Plus
#တရုတ်စစ်ရေးလေ့ကျင့်ခန်းထိုင်ဝမ်ပတ်လည်တွင်ပြုလုပ်
#တရုတ်_ထိုင်ဝမ်_အကျပ်အတည်း
#YangonMediaGroup
#Local_News
Published_ 7 April 2023
တရုတ်နိုင်ငံ၊ ဂန်ဆူးပြည်နယ်၊ Lanzhouမြို့တွင် The 29th China Lanzhou Investment and Trade Fair ကုန်စည်ပြပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်၊၊
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်မှ ၁၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များသာမက တရုတ်နိုင်ငံတွင် လာရောက်၍ စီးပွားရေး လုပ်ကိုင်နေသော မြန်မာလုပ်ငန်းရှင်များလည်း ပါဝင်ပြသနိုင်မည်ဖြစ်သည်၊၊
ကုန်စည်ပြပွဲ၌ မြန်မာပြခန်းဆောင် ခင်းကျင်းပြသမည်ဆိုပါက မြန်မာလုပ်ငန်းရှင်များအတွက် အကျယ် (၃၀) စတုရန်းမီတာရှိသော ပြခန်းတစ်ခုကို(အခမဲ့) ထောက်ပံ့ပေးမည်ဖြစ်သည်ဟုဆိုသည်၊၊
ယင်းကုန်စည်ပြပွဲသည် မြန်မာနိုင်ငံနှင့် ဂန်ဆူးပြည်နယ်တို့အကြား ချစ်ကြည်ရင်းနှီးမှုများ ဖလှယ်ခြင်းနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို အားပေးမြှင့်တင်ရန် ဖြစ်သည့်အတွက် ဖိုရမ်များ၊ Guest Country of Honour, Guest Provinces of Honour and Themes Cities အစီအစဉ်များ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အစီစဉ်များနှင့် ကွန်ဖရင့်များကို ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်၊၊
အသေးစိတ်သိရှိလိုပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း ၀၆၇-၄၀၈၆၂၂၊ ၀၆၇-၄၀၈၆၂၃၊ E-mail:
ymg/tthl
#Local_News #တရုတ်နိုင်ငံ #Lanzhouကုန်စည်ပြပွဲ #ပြခန်းအခမဲ့ #မြန်မာလုပ်ငန်းရှင်များ #YMG #Yangon_Media_Group
#Local_News
Published_ 7 April 2023
မဲခေါင်မြစ်ကော်မရှင် ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် စတုတ္ထအကြိမ် မဲခေါင်မြစ်ကော်မရှင် ထိပ်သီးအစည်းအဝေးတို့အား လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ဧပြီ ၄ ရက် နှင့် ၅ ရက် တို့တွင် ကျင်းပခဲ့ရာ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
ဧပြီ ၄ ရက်တွင် ကျင်းပတဲ့ မဲခေါင်မြစ် ကော်မရှင်ဝန်ကြီးများအဆင့် အစည်းအဝေး၌ လာအိုနိုင်ငံ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာန၊ ဝန်ကြီး H.E. Bounkham Vorachit က အစည်းအဝေးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ MRC အဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာသံရုံး၊ ဗီယင်ကျန်းမြို့မှ သံရုံးယာယီတာဝန်ခံ သံမှူးကြီး ဒေါ်နန်းဖြူစင်သန်းမြင့်နှင့် ဒုတိယအတွင်းဝန် ဒေါ်အေးစုသွယ်တို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။
ဧပြီ ၅ ရက်တွင်ကျင်းပတဲ့ စတုတ္ထအကြိမ် မဲခေါင်မြစ်ကော်မရှင် ထိပ်သီးအစည်း အဝေး၌ လာအိုနိုင်ငံ ဝန်ကြီးချုပ် H.E. Sonexay Siphandone မှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် H.E. Samdech Akka Moha Sena Padei Techo Hun Sen ၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် H.E. Pham Minh Chinh ၊ ထိုင်းနိုင်ငံ အမျိုးသားရေအရင်းအမြစ် ဆိုင်ရာရုံး အတွင်းရေးမှူးချုပ် Dr. Surasri Kidtimonton ၊ တရုတ်နိုင်ငံ ရေအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး H.E. Guoying Li ၊ မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် မဲခေါင်မြစ်ကော်မရှင် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများ ကိုယ်စား ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီး H.E. Pedro Zwahlen တို့က မဲခေါင်မြစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ၎င်းတို့၏ ရပ်တည်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Local_News #မဲခေါင်မြစ် #ကော်မရှင်ထိပ်သီးအစည်းအဝေး #ဝန်ကြီးများအဆင့် #မြန်မာကိုယ်စားလှယ်အဖွဲ့ #YMG #Yangon_Media_Group
Published 6 April 2023
တရုတ်နိုင်ငံက အလယ်ပိုင်းနှင့် မြောက်ပိုင်း ထိုင်ဝမ်ရေလက်ကြားမှာ ပူးတွဲကင်းလှည့်စစ်ဆင်ရေးတစ်ခုကို စတင်နေတယ်လို့ ဖူကျန့် ရေကြောင်းလုံခြုံရေး အာဏာပိုင်က ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။
ဒီစစ်ဆင်ရေးဟာ အဆိုပါအဖွဲ့ရဲ့ တစ်နှစ်တာ ကင်းလှည့်ဆောင်ရွက်မှုအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး များစွာသော ရေကြောင်းစစ်ရေယာဉ်တွေပါဝင်ကြပါတယ်လို့ သတင်းထုတ်ပြန်ချက်အကျဉ်းမှာဖော်ပြထားပါတယ်။အဲဒီ ဆောင်ရွက်မှုထဲမှာ ထိုင်ဝမ်ရေလက်ကြား သရုပ်ဖော်မြေပုံတစ်ခုလည်းပါဝင်ပါတယ်။
ဟိုင်ရွှန်း၀၆လို့ခေါ်တဲ့ ပင်လယ်ကင်းလှည့်အမှတ်(၆) လိုကြီးမားတဲ့ ရေကြောင်းကင်းလှည့်ရေယာဉ်တွေကို ထိုင်ဝမ် ရေလက်ကြားမှာ ဖြန့်ကျက်ချထားတာဖြစ်တယ်လို့ တရုတ်မီဒီယာအုပ်စုရဲ့ ယူယွမ်တန်ကျန်း အွန်လိုင်းသတင်းမှာ ဖော်ပြထားပါတယ်။
Source CCTV+
#တရုတ်နိုင်ငံရေကြောင်းကင်းလှည့်စစ်ဆင်ရေး
#ထိုင်ဝမ်ရေလက်ကြား_တရုတ်ကင်းလှည့်စစ်ဆင်ရေး
#YangonMediaGroup
Page 34 of 42