#Local_News
Published_ 11 April 2023

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသို့ တရုတ်မှ လှူဒါန်းသည့် Yutong ဘတ်စ်ကားတစ်စီးကို ဝန်ထမ်းကြိုပို့ယာဉ်အဖြစ်အသုံးပြုမည်ဖြစ်ကြောင်းအဆိုပါ ဝန်ကြီးဌာနက သိရသည်။

 

ပြီးခဲ့သည့် ဧပြီလ ၆ ရက်က အဆိုပါ ဘတ်စ်ကား လှူဒါန်းပွဲကို ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu တို့ တက်ရောက် ခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

 

ယခုအကြိမ်လှူဒါန်းသည့် တရုတ်နိုင်ငံထုတ် Yutong ဘတ်စ်ကားကို ဝန်ထမ်းကြို ပို့အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားပြီနောက် သံအမတ်ကြီး Mr. Chen Hai က ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် နှစ်ဦးနှစ်ဖက် ပြည်သူ့ဘဝအကျိုးပြုကူညီမှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံရှိတရုတ်ကုမ္ပဏီများ နိုင်ငံခြားငွေအခက်အခဲဖြေရှင်းခြင်း စသည့်အရေးကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်၊၊

 

#ymg/tthl #Local_News #Yutong ဘတ်စ်ကား #ဝန်ထမ်းကြိုပို့ယာဉ် #YMG
#Yangon_Media_Group