#Local_News
Published 13 August 2024


▪️ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် ခန့်အပ်ခံရသည့်Ms. Ma Jiaသည် သြဂုတ်လ(၁၂) ရက်တွင် မြန်မာနိုင်ငံကိုရောက်ရှိလာပြီဖြစ်ကြောင်း  မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ထုတ်ပြန်ချက်အရ သိရသည်။

 

▪️ Ms. Ma Jia သည် ၂၀ ယောက်မြောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဖြစ်ပြီး  အာရှနှင့် အာဆီယံတွင် သံတမန်အတွေ့အကြုံများစွာရှိသည့်သူတစ်ဦးလည်း‌ဖြစ်ကြောင်းသိရသည်။

 

▪️ သံအမတ်ကြီး Ms. Ma Jia ရောက်ရှိချိန်တွင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် သံတမန်ရေးရာဦးစီးဌာနမှ တာဝန်ရှိအရာရှိများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ အဓိကသံတမန်အရာရှိများမှလေဆိပ်တွင်ကြိုဆိုခဲ့ကြကြောင်း သိရသည်။

 

#YMG/tthl #Yangon_Times