၅ ဇူလိုင် ၂၀၂၄

SCO အဖွဲ့ကြီးသည် ဒဏ်ခတ်ပိတ်ဆို့မှုများကို လုံးဝဆန့်ကျင်တယ်လို့ တရုတ်နိုင်ငံပညာရှင်တစ်ဦးက SCO  မီဒီယာများ စားပွဲဝိုင်းဆွေးနွေးပွဲမှာ ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံရှန်ဟိုင်းမြို့ရှိ SCO နိုင်ငံတကာဖလှယ်ရေးနှင့် တရားဥပဒေပူးပေါင်းဆောင်ရွက်ရေး တရုတ်အမျိုးသား သိပ္ပံ ( CNISCO: China National Institute for SCO International Exchange and Judicial Cooperation) ၌ ကျင်းပခဲ့တဲ့ ရှန်န်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (  SCO- Shanghai Cooperation Organization) နိုင်ငံများ၏ မီဒီယာများ စကားဝိုင်းဆွေးနွေးပွဲတွင် ရှန်ဟိုင်း လူမှုရေးသိပ္ပံ အကယ်ဒမီမှပါမောက္ခ Pan Guang က အထက်ပါ အတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ရှန်န်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (  SCO- Shanghai Cooperation Organization) နိုင်ငံများ၏ မီဒီယာ စကားဝိုင်းဆွေးနွေးပွဲMedia Delegations Round Table Meeting ကို SCO ၏ အောင်မြင်မှုများနှင့် မျှော်လင့်ချက်များကို မီဒီယာရှုထောင့်အမြင် (  SCO: Achievements and Prospects from the perspective of Media)ခေါင်းစဉ်ဖြင့်ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် SCO အဖွဲ့နိုင်ငံများမှ မီဒီယာကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

တရုတ်ပညာရှင်များက SCO သည် အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်လာမည့် အလားအလာကောင်းများရှိနေတယ်လို့ ပြောကြားပါတယ်။ ယင်းအပြင် SCO အနေဖြင့် ကန့်သတ်ပိတ်ဆို့မှု sanctions များကို ဆန့်ကျင်ပြီး ယင်းကန့်သတ်ပိတ်ဆို့မှုများကြောင့် ကမ္ဘာပေါ်တွင် ကလေးငယ်များ၊အမျိုးသမီးများနှင့် သက်ကြီး ရွယ်အိုများ သေဆုံးနေကြရတယ်လို့လည်း ပညာရှင်တွေကထောက်ပြပါတယ်။ ပြည်သူအချင်းချင်းထိတွေ့ဆက်ဆံမှုတွေကို SCO နိုင်ငံတွေမှာ တိုးမြှင့်လုပ်သွားမှာဖြစ်ပြီး လေ့ကျင့်သင်တန်းတွေ ပညာရပ်ဆိုင်ရာဖိုရမ်တွေကိုလည်း တိုးချဲ့ လုပ်ဆောင်သွားမယ်လို့ Ms Zheng Weiက ပြောပါတယ်၊

GNFCCSCO  ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ရန်ကုန်မီဒီယာအုပ်စုဥက္ကဋ္ဌ ဦးကိုကိုသည် အဆိုပါ မီဒီယာကိုယ်စားလှယ်အဖွဲ့တွင်ပါဝင်တက်ရောက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

စကားဝိုင်းဆွေးနွေးပွဲတွင် ရှန်ဟိုင်း နိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ်( Shanghai University of Political Science and Law)မှပါမောက္ခ ဝမ်ဝေ (Prof. Wang Wei) က အစီအစဉ်မှူးအဖြစ်ဆောင်ရွက်ပြီး  မီဒီယာ ဆွေးနွေးပွဲသို့  SCO အိမ်နီးချင်းကောင်းစိတ်ဓာတ်၊ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် GNFCCSCO : the Good-Neighborliness, Friendship and Cooperation Commission of Shanghai Cooperation Organization)အတွင်းရေးမှူးချုပ် Secretary General နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန  ဥရောပ-အလယ်အာရှရေးရာဌာန Department of European-Central Asian Affairs of MOFA သံမှူးကြီး (Minister-Counselor) မစ္စ ကျန်ဝေ Ms Zheng Weiနှင့်ပညာရှင်များက ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။

မီဒီယာစကားဝိုင်းဆွေးနွေးပွဲသို့ SCO အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် အိန္ဒိယ၊အီရန်၊ကာဇက်စတန်၊ တရုတ်၊ ကာဂျစ္စတန်၊ပါကစ္စတန်၊ရုရှား၊တာဂျစ်ကစ္စတန်၊ဥဇဘက်ကစ္စတန် လေ့လာသူ Observers အဆင့်နိုင်ငံများ  ဖြစ်သည့် အာဖဂန်နစ္စတန်၊ဘီလာရုဇ်၊ဆွေးနွေးဖက် Dialogue Partners နိုင်ငံများဖြစ်သည့် အာဇာဘိုင်ဂျန်၊ အာမေးနီးယား၊ဘာရိန်း၊အီဂျစ်၊ကမ္ဘောဒီးယား၊ကာတာ၊ကူဝိတ်၊မော်လဒိုက်၊မြန်မာ၊နီပေါ၊တူရကီနှင့်သီရိလင်္ကာတို့ မှ မီဒီယာကိုယ်စားလှယ်များ စုစုပေါင်း ၂၆ ဦးသည် ပညာရှင်များနှင့်အတူ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

SCO မီဒီယာအဖွဲ့ဝင်များသည် ရှန်ဟိုင်းမြို့တွင် တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး အစားအသောက် ပို့ဆောင်ရေးကုမ္ပဏီ Food delivery Ele.me ၊NETA အမှတ်တံဆိပ် လျှပ်စစ်ကားထုတ်လုပ်သည့် Hozon New Energy Auto ကုမ္ပဏီ၊ကမ္ဘာ့အကြီးဆုံးပင်လယ်ရေနက်ဆိပ်ကမ်း Yangshan Port၊ ဥမင်လှိုဏ်ခေါင်းတူးဖော်သည့် ယန္တယားများထုတ်လုပ်သည့် Shanghai Tunnel Enginneeringကုမ္ပဏီ တို့ကို သွားရောက်လေ့လာခဲ့ကြောင်း သိရှိရပါတယ်။

SCO မီဒီယာအဖွဲ့ဝင်များသည် ၂၀၂၄ခုနှစ် ဇူလိုင်၁ရက်မှ ဇူလိုင်၉ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်း၊ ဘေဂျင်းနှင့် ချင်းတောင်မြို့များတွင် လေ့လာရေးခရီးစဉ်များ ၊ဆွေးနွေးပွဲများနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်နှင့်ဖိုရမ်ခွဲများ Green Development Forum and Sub forums ကို တက်ရောက်ကြမှာဖြစ်ပါတယ်။

@ymg/knl

\