၁၄ ဇူလိုင် ၂၀၂၄

နိုင်ငံပေါင်း ၂၆နိုင်ငံပါဝင်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCOနိုင်ငံတွေရဲ့ မီဒီယာကိုယ်စားလှယ်အဖွဲ့ဟာ ဇူလိုင်လ (၂)ရက်နေ့က ရှန်ဟိုင်းမြို့က Hozon New Energy Auto ကုမ္ပဏီကိုသွားရောက်လေ့လာခဲ့ကြပါတယ်။

အဆိုပါမီဒီယာကိုယ်စားလှယ်အဖွဲ့မှာ မြန်မာနိုင်ငံမှ YMG လည်းပါဝင်ပါတယ်။

Hozon New Energy Auto ဆိုတာ NETA အမှတ်တံဆိပ်လျှပ်စစ်ကားတွေထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပါတယ်။

NETA လျှပ်စစ်ကားတွေဟာ မြန်မာနိုင်ငံမှာလည်း ရောင်းချနေပါတယ်။

NETA ကားပြခန်းမှာ သူတို့ထုတ်ထားခဲ့တဲ့ လျှပ်စစ်ကား မော်ဒယ်လ် ၅ မျိုးစလုံးကိုခင်းကျင်းပြသထားပါတယ်။

မီဒီယာအဖွဲ့တွေ စိတ်ဝင်တစားလေ့လာခဲ့ကြပြီး မေးခွန်းတွေလည်း မေးမြန်းခဲ့ကြပါတယ်။