#Local_News
Published_ 7 April 2023

တရုတ်နိုင်ငံ၊ ဂန်ဆူးပြည်နယ်၊ Lanzhouမြို့တွင် The 29th China Lanzhou Investment and Trade Fair ကုန်စည်ပြပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်၊၊

 

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်မှ ၁၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များသာမက တရုတ်နိုင်ငံတွင် လာရောက်၍ စီးပွားရေး လုပ်ကိုင်နေသော မြန်မာလုပ်ငန်းရှင်များလည်း ပါဝင်ပြသနိုင်မည်ဖြစ်သည်၊၊

 

ကုန်စည်ပြပွဲ၌ မြန်မာပြခန်းဆောင် ခင်းကျင်းပြသမည်ဆိုပါက မြန်မာလုပ်ငန်းရှင်များအတွက် အကျယ် (၃၀) စတုရန်းမီတာရှိသော ပြခန်းတစ်ခုကို(အခမဲ့) ထောက်ပံ့ပေးမည်ဖြစ်သည်ဟုဆိုသည်၊၊

 

ယင်းကုန်စည်ပြပွဲသည် မြန်မာနိုင်ငံနှင့် ဂန်ဆူးပြည်နယ်တို့အကြား ချစ်ကြည်ရင်းနှီးမှုများ ဖလှယ်ခြင်းနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို အားပေးမြှင့်တင်ရန် ဖြစ်သည့်အတွက် ဖိုရမ်များ၊ Guest Country of Honour, Guest Provinces of Honour and Themes Cities အစီအစဉ်များ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အစီစဉ်များနှင့် ကွန်ဖရင့်များကို ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်၊၊

 

အသေးစိတ်သိရှိလိုပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း ၀၆၇-၄၀၈၆၂၂၊ ၀၆၇-၄၀၈၆၂၃၊ E-mail: This email address is being protected from spambots. You need JavaScript enabled to view it. တို့သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်းဖော်ပြထားသည်၊၊
ymg/tthl
#Local_News #တရုတ်နိုင်ငံ #Lanzhouကုန်စည်ပြပွဲ #ပြခန်းအခမဲ့ #မြန်မာလုပ်ငန်းရှင်များ #YMG #Yangon_Media_Group