၁၇ စက်တင်ဘာ ၂၀၂၄

နစက အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟဲဝေတုန် (General He Weidong) နှင့် တရုတ်    ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့တော်တွင် တွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး    ရေးအပါအဝင် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီး  တုန်ကျွင်း (Admiral Dong Jun)၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့၌ ကျင်းပပြုလုပ်သည့် (၁၁) ကြိမ်မြောက် ပေကျင်း   ရှန်ကျန်း ဖိုရမ် (11th Beijing Xiangshan Forum) သို့ ပါဝင်တက်ရောက်ခဲ့စဉ်မှာ တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌနှင့် ပေကျင်းမြို့ ပိုင်ယိခန်းမ (Bayi Hall) ၌ စက်တင်ဘာ ၁၃ရက်က တွေ့ဆုံဆွေးနွေးစဉ် အဆိုပါကိစ္စရပ်များကို ဆွေးနွေး     ခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးတင် အောင်စန်းသည် တရုတ် ဗိုလ်ချုပ်ကြီး ဟဲဝေတုန်နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်    အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ကာကွယ်ရေးဆိုင်ရာ နယ်ပယ်ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ နှစ်နိုင်ငံဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ စစ်ဘက်နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်ရေး၊ လေ့ကျင့်ရေးနှင့် သင်တန်းသားများစေလွှတ်ရေး၊ ဒေသတွင်းနှင့် မြန်မာနိုင်ငံ၏ လတ်တလောအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်   မှာဖော်ပြထားပါတယ်။

ခရီးစဉ်အတွင်းဗိုလ်ချုပ်ကြီးတင်အောင်စန်းအဖွဲ့သည် တရုတ်နိုင်ငံပေကျင်းမြို့ အခြေစိုက်အဆင့်မြင့် စက်မှုနည်းပညာ ဆိုင်ရာ   ကုမ္ပဏီများသို့ သွားရောက်လေ့လာခဲ့ပြီး လေကြောင်းနည်းပညာဆိုင်ရာ ခေတ်မီထုတ်ကုန်များ၊ မောင်းသူမဲ့   လေယာဉ်     ထုတ်လုပ်မှုများ၊ အီလက်ထရောနစ် စစ်ဆင်ရေးနှင့် လေကြောင်းရန်ကာကွယ်ရေးနည်းပညာဆိုင်ရာ စစ်လက်နက်  ပစ္စည်းများကို လေ့လာကြည့်ရှုခဲ့ပြီး နည်းပညာပူးပေါင်းဆောင်ရွက် နိုင်မှုအခြေအနေများကို ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်ခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထား ပါတယ်။

 (၁၁) ကြိမ်မြောက် ပေကျင်း ရှန်ကျန်းဖိုရမ် (11th Beijing Xiangshan Forum) သို့ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ဒုတိယ    ဝန်ကြီးချုပ်များနှင့် ကာကွယ်ရေးဝန်ကြီး ၂၂ ဦး၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်    များအပါအဝင် ကိုယ်စားလှယ်စုစုပေါင်း ၁၈၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်းလည်းသိရှိရပါတယ်။

#ymg/knl