#Local_News
Published_11 May 2024


▪️ တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည် (၄၁)ဦးပါသည့် FAM Trip အဖွဲ့ မြန်မာသို့လာရောက်လည်ပတ်လျက်ရှိပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံနှင့်ငွေဆောင်သို့ သွားရောက်လည်ပတ်ကြမည်ဖြစ် ကြောင်း သိရသည်။

 

▪️ တရုတ်နိုင်ငံမှ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ မီဒီယာများနှင့် ခရီးသွားအေဂျင်စီများမှ ကိုယ်စားလှယ်များပါဝင်သော မြန်မာ-တရုတ်ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် Familiarization Trip-FAM Trip အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့မှ ရန်ကုန်မြို့သို့  ရောက်ရှိခဲ့ခြင်းဖြစ်သည်။

 

▪️ "တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်း၊ ကူမင်း၊ ယူနန်၊ ကွေ့လင်း၊ ချုံချင့်က ခရီး သွားဧည့်သည် ၄၁ ဦးပါဝင်ပြီး နေပြည် တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံနဲ့ငွေဆောင်စတဲ့ အဓိကခရီးစဉ်ဒေသတွေကို မေ ၂၀ ရက်အထိ လေ့လာလည်ပတ်သွားမှာဖြစ်ပါတယ်"ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီး ဌာန၊ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးဇေယျာမျိုးအောင်က နိုင်ငံပိုင်သတင်းစာ၌ဖြေကြားထားသည်။

 

▪️ "အခုခရီးစဉ်ဟာ တရုတ် - မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအပြင် ခရီးသွားမြှင့်တင်ရေးကို ဆောင်ရွက်တာ ဖြစ်ပါတယ်။ ကျွန်တော် မြန်မာနိုင်ငံကို ရောက်ဖူးပါတယ်။ အခုပါလာတဲ့ ခရီးသွားတွေကတော့ မရောက်ဖူးသေးပါဘူး။ လေဆိပ်အဝင်မှာ တာဝန်ရှိသူတွေက နွေးနွေးထွေးထွေး ကြိုဆိုကြတဲ့အပြင် အိုးစည်ဒိုးပတ်တွေနဲ့ မြန်မာ့ယဉ်ကျေးမှုကို စတင်တွေ့ရှိမှုဟာ ဒီခရီးစဉ်ရဲ့ ပထမဆုံးအံ့ဩဝမ်းသာမှု တစ်ခုပါပဲ။ မြန်မာနိုင်ငံရဲ့လှပတဲ့ သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့တွေကို တရုတ်နိုင်ငံနဲ့ မိတ်ဆက်ပေးဖို့အတွက် လာရောက်ခဲ့တာဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်"ဟု Mr.LIUWEI ( Chairman ၊ Myanmar – China Culture Tourism Promotion Society)ကလည်းဖြေကြားထားသည်။

 

▪️ မြန်မာနိုင်ငံကို ၂၀၂၃ ခုနှစ်မှာ နိုင်ငံတကာခရီးသွားဧည့်သည် ၁ ဒသမ ၂၃ သန်း ဝင်ရောက်ခဲ့ပြီးတော့ ၂၀၂၄ ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာလည်း ခရီးသွားတွေဝင်နေကြောင်း၊၂၀၂၂ ခုနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းကို ပြည်ပခရီးသွားဧည့်သည် ၈၀၀၀၀ ဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ၂၄၀၀၀၀ ဝင်ရောက်ခဲ့ပြီးတော့ ၂၀၂၄ ခုနှစ် ဧပြီလအထိ ခရီးသွား ၈၀၀၀၀ ကျော် ဝင်ရောက် ခဲ့ပြီး ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

#tthl #Yangon_Times