၃၁ ဩဂုတ် ၂၀၂၄

TNLA ကို စစ်ရေးလှုပ်ရှားမှုရပ်တန့်ရန် တရုတ်နိုင်ငံမှ သတိပေးခဲ့သည့်ဆိုသည့် သတင်းဟုတ်မဟုတ် တရုတ်နိုင်ငံအခြေစိုက် AFPသတင်းဌာန၏မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားခြင်းမပြုဘဲ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင်သွားမယ်လို့ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရပါတယ်။

ယမန်နေ့ ဩဂုတ် ၃၀ ရက်က တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်    သတင်းစာရှင်း  လင်းပွဲမှာ AFP ရဲ့အမေးကို ယင်းကဲ့သို့ပြန်လည်ဖြေကြားခဲ့တာဖြစ်တယ်လို့ ရန်ကုန်မြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတ    နိုင်ငံ သံရုံးက သတင်းထုတ်ပြန်ပေးတာဖြစ်ပါတယ်။

“တရုတ်နိုင်ငံဟာ TNLA ကို မြန်မာ-တရုတ်နယ်စပ်ဒေသနဲ့ နီးစပ်တဲ့နေရာမှာ စစ်ရေးလှုပ်ရှားမှုရပ်တန့်ရန် သတိပေးတယ်လို့ မြန်မာမီဒီယာအချို့မှာ သတင်းဖော်ပြထားပါတယ်။ တရုတ်နိုင်ငံဘက်က TNLA ကို စစ်ဆင်ရေးရပ်တန့်ရန် တောင်းဆို     မှုရှိမရှိကို အတည်ပြုပေးနိုင်ပါသလား။ လက်ရှိ တရုတ်-မြန်မာနယ်စပ်ဒေသ အခြေအနေဘယ်လိုရှိပါသလဲ” ဟု AFP သတင်း   ထောက်ကမေးမြန်းခဲ့တာဖြစ်ပါတယ်။

အဲဒီမေးမြန်းချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Mr. Lin Jian က “တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အခြေအနေနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခလှုပ်ရှားမှုအခြေအနေကို များစွာဂရုပြုပြီး ဆွေးနွေးရန်နဲ့ အပစ်အခတ်ရပ်စဲရန် လုပ်ငန်းအမြဲလုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးဆုံးအိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်က မြန်မာနိုင်ငံ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးအတွက် အမြဲတစေ စိတ်ရင်းအမှန်ဖြင့် မျှော်လင့်ပြီး တက်တက်ကြွကြွ ကူညီဆောင်ရွက်ပေးနေပါတယ်” လို့ဖြေကြားခဲ့ပါတယ်။

“ တရုတ်နိုင်ငံက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်မှုလုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍ  ကနေ ဆက်လက်ပါဝင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင်သွားမှာ   ဖြစ်ပါတယ်” လို့ Mr. Lin Jian ကဆက်လက်ပြောကြားခဲ့ကြောင်းသိရှိရပါတယ်။

@ymg/knl