#Local_News
Published 25 July 2024


▪️ တရုတ်-မြန်မာနှစ်နိုင်ငံ မူကြီး(၅)ရပ်ကို ဆက်လက်ကျင့်သုံးပြီး မြန်မာနိုင်ငံနှင့်အတူကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အစီအမံများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။

 

▪️ ယင်းကဲ့သို့ ဆောင်ရွက်မည့် အကြောင်းကို တရုတ်နိုင်ငံမှစီစဉ်ကျင်းပတဲ့ "ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ် ထုတ်ပြန်ခြင်းနှစ်(၇၀) ပြည့်ဆွေးနွေးပွဲ"အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူး Ms.Qiao Liမှထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

▪️ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူးက  "တရုတ်နိုင်ငံဟာ ဆက်လက်ပြီး  ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်လမ်းညွှန်ချက်ဖြင့် ချစ်ကြည်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်းဆိုတဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ သံတမန်ဆက်ဆံရေးကို လက်တွေ့ဖော်ဆောင်ကာ မြန်မာနိုင်ငံနဲ့ အတူ (၁)ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အစီအမံ၊(၂)ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ၊ (၃)ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှု အစီအမံဆိုတဲ့ အစီအမံ(၃)ခုကို ချိတ်ဆက်ဖော်ဆောင်ကာ တရုတ်မြန်မာနိုင်ငံက Belt and Roadsစီးပွားရေးစင်္ကြန် တည်ဆောက်မှုကို မြှင့်တင်ဖော်ဆောင်သွားမှာဖြစ်တယ်"လို့ ထည့်သွင်းပြောကြားခဲ့သည်။

 

▪️ အဆိုပါ ဆွေးနွေးပွဲသို့မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှယာယီတာဝန်ခံ Ms.Cao Jing၊ နိုင်ငံတော် စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဌရုံး၊ ဝန်ကြီး ဌာန(၂)ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊

 

▪️ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဌ ဦးသန့်ကျော်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်‌ ရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ရန်ကုန်တိုင်းဒေသကြီးပါတီ ဥက္ကဌ  ဦးခင်မောင်စိုး၊

 

▪️ မြန်မာ-တရုတ်ချစ်ကြည် ရေးအသင်းဒုတိယဥက္ကဌဦးခင်မောင်ဌေး၊ နိုင်ငံခြားဘာသာတက္ကသိုလ်ဒုပါမောက္ခချုပ်ဒေါက်တာချောချောစိန်၊

 

▪️ နေအုပ်ဖောင်ဒေးရှင်းဥက္ကဌ ဦးနေအုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူး Ms.Qiao Li တို့တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

#YMG/tthl #Yangon_Times