#Local_News
Published_ 29 April 2023


နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Chen Hai နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

 

ဧပြီလ ၂၈ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံစဉ် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

 

ထိုသိုတွေ့ဆုံစဉ် ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုင်ရာကိစ္စများ၊ နယ်စပ်ဒေသ သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်၍ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် တည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါး၊ တရားမဝင်လောင်းကစားမှု၊ အွန်လိုင်းဂိမ်းနှင့် လူကုန်ကူးမှုများ တိုက်ဖျက်ရေးတိုကို တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးကြပါတယ်။

 

တွေ့ဆုံပွဲသို နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်နိုင်ဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ပြည်နိုင်ငံ သံအမတ်ကြီးနှင့်အတူ စီးပွားရေးသံမှူး Mr. Tab Shufu နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

 

ygm_mnn #Local_News #မြန်မာ-တရုတ် #တရုတ်သံအမတ်ကြီး
#Yangon_Media_Group