၁၆ နိုဝင်ဘာ ၂၀၂၃
ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှုများ၊ လူကို သွေးဆောင် ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ ခြောက်လှန့်တောင်းယူမှုများကို အားပေး ကူညီခြင်းများကို ကျူးလွန်နေသော တရုတ်နိုင်ငံသား(၄)ဦးကို ဖမ်းဝရမ်းဆင့်ထုတ်ထားရာတွင် အဆိုပါ(၄)ဦးအနက် မြီရှောက်ချန်း၊ မြီကော်ဖျင်း (ခေါ်) မြီရှောက်ဖျင်း နှင့် မြီကျိန်းကျိန် (၃)ဦးးတို့ကို (၁၆-၁၁-၂၀၂၃) ရက်နေ့ မနက်ပိုင်းတွင် ၎င်းတို့အား ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၌ ဖမ်းဆီးရမိခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါဖမ်းမိတရားခံ(၃)ဦးကို တရားဥပဒေအရအရေးယူနိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့လွှဲပြောင်းပေးနိုင်ဖို့ ဆက်လက်စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ သတင်းတွင်ဖော်ပြထားပါတယ်။
မြီရှောက်ချန်း၊ မြီကော်ဖျင်း (ခေါ်) မြီရှောက်ဖျင်း၊ မြီကျွီလန်နှင့် မြီကျိန်းကျိန် (၄)ဦးးတို့ကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားခဲ့တာဖြစ်ပါတယ်။
-ymg/knl
၁၆ နိုဝင်ဘာ ၂၀၂၃
ကိုးကန့်ဒေသအတွင်း Onllne လိမ်လည်မှုများနှင့် ဆက်စပ်အမှုများ ကျူးလွန်နေသည့် ပယ်ရင်ချန်ကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း နစကသတင်း ထုတ်ပြန်ချက် အရသိရပါတယ်။
“ရှမ်းးပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှုများ၊ ယင်း အမှုများနှင့် ဆက်စပ် ကျူးလွန်သည့် လူကိုသွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင် ချုပ်နှောင်မှုများ၊ ခြောက်လှန့် တောင်းယူမှုများ ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေး ကူညီခြင်းများကို ကျူးလွန်နေသော ပယ်ရင်ချန်(ဘ) ဦးပယ်စောက်ချိန် (ပန်ဆော့ချိန်)ကို ဥပဒေအရ အရေးယူရန်အတွက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း “ သတင်းထုတ်ပြန်ချက်မှာဖော်ပြထား ပါတယ်။
-ymg/knl
၁၆ နိုဝင်ဘာ ၂၀၂၃
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ ကာလီဖိုနီးယားက ဖီလိုလီခြံဝင်းမှာတွေ့ဆုံကြပြီးနောက် ဆန်ဖရန်စစ္စကိုက ကျေးလက်အိမ် ဥယျဉ်ထဲ အတူတကွလမ်းလျှောက်ခဲ့ကြပါတယ်။ အဲဒီနောက် ဘိုင်ဒင်က ရှီကို ကားစီလိုက်ပို့ပေးရင်း စကားစမြည်ပြောကြပါတယ်။
Source CCTV+
၁၆ နိုဝင်ဘာ ၂၀၂၃
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဃ နေရာကို အပြောင်းအလဲလုပ်ခဲ့ကြောင်း နိုဝင်ဘာလ ၁၅ ရက် ရက်စွဲဖြင့်ထုတ်ပြန်တဲ့ နစကရဲ့ အမိန့်ကြေညာချက်များ အရ သိရပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ ဦးစီးအဖွဲ့ရဲ့လက်ရှိဥက္ကဋ္ဌ ဦးမြင့်ဆွေအား နစက အမိန့်အမှတ် ၁၀၁/၂၀၂၃ အရ တာဝန်မှရပ်စဲလိုက်ပြီး ဦးမြင့်ဆွေ၏နေရာတွင် ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်အား ခေတ္တဥက္ကဋ္ဌ အဖြစ် အမိန့်အမှတ် ၁၀၂/၂၀၂၃ အရ ခန့်အပ်တာဝန်ပေးလိုက်တာဖြစ်ပါတယ်။
-ymg/knl
၁၅ နိုဝင်ဘာ ၂၀၂၃
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက Online လိမ်လည်မှုများ နှင့်ဆက်စပ်ရာဇဝတ်မှုများကျူးလွန်နေကြသူ (၄)ဦးကို ဖမ်းဝရမ်းထုတ်ဆင့်ထားတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
Ming Xuechang(မြီရှောက်ချန်း)၊ Ming Guoping (မြီကော်ဖျင်း)(ခ)Ming Xiaoping (မြီရှောက်ဖျင်း)၊ Ming Julan (မြီကျွီလန်)နှင့် Ming Zhenzhen(မြီကျိန်းကျိန်း)တို့ဟာ ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှုများ၊ လူကို သွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှု များကို ဂိုဏ်းဖွဲ့ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေးကူညီခြင်းများကို ကျူးလွန် နေတဲ့ အတွက် ဥပဒေအရ အရေးယူရန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-ymg/knl
၁၅ နိုဝင်ဘာ ၂၀၂၃
၁၅-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ် လွိုင်ကော်မြို့ တို့တွင် တိုက်ပွဲဖြစ်ပွားမှုအခြေအနေများကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်ကို မီဒီယာများသို့ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါရှင်းလင်းပြောကြားချက်မူရင်းကို အပြည့်အစုံဖော်ပြပေးအပ်ပါသည်။
-ymg/knl
၁၄ နိုဝင်ဘာ ၂၀၂၃
အမျိုးသားစည်းလုံးညီညွတ်ရေး နှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့် နစက ကောင်စီအဖွဲ့ဝင်၊ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Chen Hai အား ၁၄-၁၁-၂၀၂၃ ရက်နေ့ ၁၀၀၀ နာရီတွင် နေပြည်တော်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
တွေ့ဆုံစဉ် “ပြည်ထောင်စုဝန်ကြီး နှင့် သံအမတ်ကြီးတို့သည် မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည် ရင်နှီးစွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ အပေါ် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း” ဖြင့် နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-ymg/knl
Page 81 of 223