5 January, 2024
Myanmar's State Administration Council (SAC) Chairman, Senior General Min Aung Hlaing, held discussions on January 5th with Chinese Vice Foreign Minister Sun Weidong in Nay Pyi Taw regarding the ongoing collaborative efforts aimed at ensuring peace and stability in the border region.
The border issue was one of the topics discussed during the meeting between the visiting Chinese Vice Foreign Minister Sun Weidong and Senior General Min Aung Hlaing, who also serves as the Prime Minister. This meeting took place on the morning of January 5th at the Military Guest House in Nay Pyi Taw, according to a press release from the State Administration Council (SAC).
They also shared perspectives on the status of amicable cooperation within the PaukPhaw friendship, discussed issues related to enhancing collaboration between the two countries, and deliberated on ongoing efforts to ensure peace and stability in the border region, as stated in the press release.
The meeting was attended by SAC Joint Secretary Lt General Ye Win Oo, Minister for Home Affairs Lt General Yar Pyae, Minister for Foreign Affairs U Than Swe, and other officials, along with Senior General Min Aung Hlaing. On the Chinese side, Chinese Ambassador to Myanmar Chen Hai, Special Envoy for Asian Affairs Deng Xijun, and other representatives were also present.
-ymg/knl
၅ ဇန်နဝါရီ ၂၀၂၄
မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်မည့်ကိစ္စများကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Sun Weidong မစ္စတာ စွန်းဝေတုန် တို့ နေပြည်တော်တွင်ဆွေးနွေးခဲ့ကြတယ်လို့ သိရှိရပါတယ်။
မြန်မာနိုင်ငံသို့ရောက်ရှိလာတဲ့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာစွန်းဝေတုန်ဟာ ယနေ့ ဇန်နဝါရီ ၅ ရက်နေ့မနက်ပိုင်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နယ်နေပြည်တော်ရှိ တပ်မတော်ဧည့်ရိပ်သာတွင်တွေ့ဆုံစဉ် နယ်စပ်ကိစ္စ ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားတာဖြစ်ပါတယ်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ရင်းနှီးချစ်ကြည်စွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ် များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတာလို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ နစကက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H. E. Mr. Chen Hai ၊ အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
-ymg/knl
၄ ဇန်နဝါရီ ၂၀၂၄
အမိမြန်မာနိုင်ငံတော်ကြီး သူ့ကျွန်ဘဝမှလွတ်မြောက်ပြီး လွတ်လပ်ရေးရရှိခဲ့သည်မှာ ယနေ့တွင် (၇၆) နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံတော်၏ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အခါသမယတွင် တေးပြုစာဆို ဆရာရန်နိုင်ဆွေ ရေးသားပြီး အဆိုတော် ကြီး (ဒေါ်)မေလှမြိုင်သီဆိုခဲ့သည့် မူရင်းအမည် “ ဗမာ့ကြွေးကြော်သံ”၊ ယခုခေတ်နှင့်အညီ ပြင်၍ “မြန်မာ့ကြွေးကြော်သံ”ဟု သီဆိုနေကြသည့် သီချင်းကို တည်းဖြတ်တင်ဆက်လိုက်ပါတယ်။
4 January 2024
In honor of Myanmar's 76th Independence Day, the State Administration Council (SAC) ordered sentence commutations for a total of 9,766 prisoners, comprising 9,652 local inmates and 114 foreign detainees on January 4, 2023,
Under Order No. 1/2024, as part of the commemoration of the (76th) Independence Day and centered on promoting peace of mind for the populace on humanitarian grounds, 9,652 local prisoners serving terms across diverse prisons and camps have been granted sentence commutation in accordance with Section 401, subsection 1 of the Criminal Procedure Code. This commutation is subject to the condition that any future criminal offenses will require the individuals to serve the sentence for the new crime, alongside the completion of their remaining sentences.
In Order No. 2/2024, marking the (76th) anniversary of Independence Day and reflecting the amiable relations between both nations, 114 foreign prisoners incarcerated across multiple prisons have been granted sentence commutation and subsequently exiled in accordance with Section 401, subsection 1 of the Criminal Procedure Code, under humanitarian considerations. This commutation is also subject to the condition that any future criminal offenses will require the individuals to serve the sentence for the new crime, alongside the completion of their remaining sentences.
-ymg’knl
၄ ဇန်နဝါရီ ၂၀၂၄
နစက သည် နိုင်ငံသားအကျဉ်းသား အကျဉ်းသူ ၉၆၅၂ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ ၁၁၄ ဦတို့ကို ၂၀၂၄ခုနှစ် ဇန်နဝါရီ ၄ရက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း အမိန့်များထုတ်ပြန် ကြေညာခဲ့ပါတယ်။
အမိန့်အမှတ်၁/၂၀၂၄တွင်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်း ပြည်သူလူထု နှလုံး စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသာချင်းစာနာထောက်ထားမှုကိုအလေးထားသော်အားဖြင့်လည်းကောင်း၊ အကျဉ်းထောင်၊ အချုပ်ထောင်၊စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ အကျဉ်းသား အကျဉ်းသူ ၉၆၅၂ဦး တို့ကို ရာဇဝတ် ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များ ကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကို လျော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့တာဖြစ်ကြောင်းဖော်ပြထားပါတယ်။
အမိန့်အမှတ်၂/၂၀၂၄အရ(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ဆက်ဆံရေးကိုရှေ့ရှုသောအားဖြင့်လည်းကောင်း လူသာချင်းစာနာထောက်ထားမှုကိုအလေးထားသောအားဖြင့်လည်း ကောင်း၊အကျဉ်းထောင်၊အချုပ်ထောင် အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ ၁၁၄ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကို လျော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီးပြည်နှင်ဒဏ်လိုက်ကြောင်း သိရှိရပါတယ်။
-ymg/knl
၂ ဇန်နဝါရီ ၂၀၂၄
ရွှေလီ-မူဆယ် တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကို ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၃၁ရက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းယူနန်ပြည်နယ် ရွှေလီမြို့မှာ ကျင်းပခဲ့ပါတယ်။ အဲဒီပြိုင်ပွဲကို မြန်မာနှင့်တရုတ်နှစ်နိုင်ငံမှ အပြေးသမားပေါင်း ၇၀၀၀ကျော်ဟာ အမျိုးအစားလေးမျိုးမှာ ဆင်နွှဲယှဉ်ပြိုင်ခဲ့ကြပါတယ်။
Source CCTV+
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့်၂ဝ၂၄ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားကို အပြည့်အစုံပြန်လည်ဖော်ပြပေးအပ်ပါသည်။
၂၀၂၃ ခုနှစ်ဆိုတဲ့ အချိန်ကာလကုန်ဆုံးလို့ ၂၀၂၄ ခုနှစ် နှစ်သစ်ကို ကူးပြောင်းရောက်ရှိတဲ့အချိန်အခါသမယမှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ မိဘပြည်သူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ကမ္ဘာ တစ်ဝန်းလုံးမှာ ရှိကြတဲ့ ကမ္ဘာသူ ကမ္ဘာသားများအားလုံးကိုလည်း ဘေးဘယာများ ဝေးကွာကြပါစေကြောင်းနဲ့ အေးချမ်းသာယာ တဲ့ လူ့ဘောင် အသိုက် အဝန်းတစ်ခုမှာ ချစ်ခင်စည်းလုံးစွာ နေထိုင်နိုင် ကြပါစေကြောင်းလည်း ဆန္ဒပြုဆုတောင်း ပေးလိုက်ရပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကာလအတွင်း တွေ့ကြုံ ခဲ့ရတဲ့ အခက်အခဲအချို့ နဲ့ စိန်ခေါ်မှုများကိုလည်း နိုင်ငံတော် အစိုးရနဲ့ တိုင်းရင်းသားပြည်သူအားလုံး လက်တွဲပူးပေါင်းပြီး အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြပါတယ်။ ဒီမိုကရေစီ နည်းလမ်းတကျနဲ့ ငြိမ်းချမ်းစွာ ကိုယ့်နိုင်ငံတိုးတက်စေဖို့ ဆန္ဒမရှိသူတွေကတော့ ပြည်သူပြည်သားတွေကို နည်းမျိုးစုံနဲ့ နှောင့်ယှက်ခဲ့ကြတာလည်းရှိပါတယ်။ အဖျက်လုပ်ငန်းအမျိုးမျိုးကြောင့် နိုင်ငံပိုင်၊ ပြည်သူပြည်သားတွေရဲ့ ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးဆုံးရှုံးမှု ဟာ တိုင်းပြည်အတွက် အနုတ်လက္ခဏာပဲ ဖြစ်ခဲ့ပါတယ်။ ဒါတွေသာမရှိခဲ့၊ မဖြစ်ခဲ့ဘူးဆိုရင် ကျွန်တော် တို့နိုင်ငံဟာ များစွာကို တိုးတက်နေမှာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် သင်ခန်းစာ ပါ ။ ကျွန်တော်တို့အားလုံး နိုင်ငံကိုချစ်တဲ့၊ အမျိုးကို ချစ်တဲ့စိတ်၊ ညီညွတ်တဲ့အားနဲ့ ကျော်လွှားရပါမယ်။ ၂၀၂၄ ခုနှစ်မှာလည်း ကျွန်တော်တို့အစိုးရအနေနဲ့ ချမှတ်ထားတဲ့ အမျိုးသားရေး ရည်မှန်းချက်များ၊ နိုင်ငံရေး ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ် များနဲ့ ဦးတည်ချက်များကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ဖို့ ပြည်သူလူထုနဲ့လက်တွဲပြီး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် .. စီးပွားရေးပိုမိုကောင်းမွန်အောင် ကြိုးပမ်း ဆောင်ရွက်သွားပါမယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူ ရေးကိုအခြေခံတဲ့ MSME လုပ်ငန်းများ ယခုထက်ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ပေးသွားပါမယ်။ ပညာရေးကိုလည်း ပိုမိုအားပေး ဆောင်ရွက်သွားပါမယ်။ ဒါကြောင့်ကျွန်တော်တို့ . တိုင်းရင်းသားပြည်သူအားလုံးအနေနဲ့ တည်ငြိမ်အေးချမ်းပြီး မိမိတို့ရဲ့ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာအောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြဖို့လည်း ပြောကြားလိုပါ တယ်။ ကျွန်တော်တို့အစိုးရရဲ့ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ”ဆိုသည့် အတိုင်း နိုင်ငံအကျိုး၊ တိုင်းရင်းသား ပြည်သူအားလုံးရဲ့အကျိုးကို ရှေးရှုပြီး ပိုမိုကောင်းမွန်တဲ့နိုင်ငံတော်နဲ့ လူမှုစီးပွားဘဝများကို ကြိုးစား တည်ဆောက် ပေးသွားမှာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အတွင်းမှာ ကျွန်တော်တို့နိုင်ငံအတွင်း ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သန်းခေါင်စာရင်းမှရရှိတဲ့ လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက် အလက်များက ကျွန်တော်တို့နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များမှာ အကျိုးရှိရှိလုပ်ဆောင် နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်ကျွန်တော်တို့အစိုးရရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးဖြစ်ပေါ်စေရေးအတွက် အခြေခံအချက်ဖြစ်တဲ့ မဲစာရင်းများ မှန်ကန် ပြည့်စုံရေးမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအနေနဲ့လည်း ဆောင်ရွက်မဲ့ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်များမှာ ပူးပေါင်းပါဝင်ပေးကြဖို့လည်း ပြောကြားလိုပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေးရတာ (၇၆)နှစ်ရှိပြီ ဖြစ်ပါတယ်။အကြောင်းအမျိုးမျိုးကြောင့် ထိုက်သင့်သောတိုးတက်မှု မရသေးပါဘူး။ ကိုယ့်နိုင်ငံကို တိုးတက်သာယာဝပြော စေချင်ရင် (၁)တရားဥပဒေကိုလေးစားလိုက်နာရပါမယ်၊ (၂) စည်းကမ်းရှိရှိနဲ့စည်းစည်းလုံးလုံးနေထိုင်ကြရပါမယ်၊(၃) အနာဂတ်ကို မျှော်တွေးပြီးပညာသင်ကြားသင့်တဲ့အရွယ်မှာ ပညာသင်ကြားရေးသက်ဆိုင်သူ အားလုံးက ဝိုင်းဝန်း ကြိုးပမ်းပေးရပါမယ်၊ (၄) တတ်နိုင်သူများ၊ အလုပ်လုပ်နိုင် သူများအားလုံး ကုန်ထုတ်လုပ်မှုမြင့်မားရေး ရင်းနှီးမြှုပ်နှံ အလုပ်လုပ်ကြဖို့လိုပါတယ်။ ဘာအလုပ်ပဲ လုပ်ကြလုပ်ကြအင်အား ရှိမှရမှာ ဖြစ်လို့ ပျော်ရွှင်ဖွယ်ရာ မိသားစုများ တည်ဆောက်ကြဖို့လည်း တိုက်တွန်းလိုပါတယ်။ ကုန်လွန်ခဲ့တဲ့ နှစ်ဟောင်းထဲမှ ကျွန်တော်တို့ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်း စေမဲ့အရာတွေကို ဆက်လက်သယ်ဆောင်ကြပြီး မကောင်းသော အတွေး မကောင်းသော အမြင်များနဲ့ မကောင်းသော လုပ်ရပ် များကို ချန်ရစ်ခဲ့ကာ လူမျိုးရေး၊ ဘာသာရေး၊ ဒေသအရေးအစွဲများ ကင်းဝေးခြင်းနဲ့အတူ တစ်ဦး အပေါ်တစ်ဦး ကိုယ်ချင်းစာတရား၊ မုဒိတာတရား၊ မေတ္တာတရား များနဲ့ ကျွန်တော်တို့အားလုံး မျှော်လင့်တောင့်တနေတဲ့ နိုင်ငံတော်သစ်ဆီဆက်လက်လျှောက်လှမ်းကြပါစို့လို့ တိုက်တွန်းပြောကြားရင်း နှစ်သစ်ကူး နှုတ်ခွန်း ဆက်စကား ပြောကြားအပ် ပါတယ်ခင်ဗျာ။
Page 70 of 223