January 27, 2023 (Nay Pyi Taw)
The Chairman of Myanmar's State Administration Council, Senior General Min Aung Hlaing, stressed that the rights to self-administration and autonomy should be discussed and approved through political dialogues within the Hluttaw. He emphasized that resorting to armed methods to assert these rights is not acceptable.
Senior General Min Aung Hlaing addressed attendees at the committee meeting on Security, Peace, and Stability, as well as Rule of Law, convened in Nay Pyi Taw on January 26, 2024, as stated in an official press release.
The Senior General emphasized the ongoing challenge of pursuing rights to self-administration and autonomy for states and regions outside the established legal framework. He stressed the importance of ensuring that actions are in accordance with established laws and rules.
Senior General cautioned that the Constitution of 2008, endorsed by voters with a majority approval of 92.48 percent, is binding, and no actions can transgress its provisions.
Moreover, he added that the State Administration Council (SAC) is adhering to the principles outlined in the 2008 Constitution while governing the country.
Moreover, the Senior General provided details about the Public Security System during the meeting, underscoring its importance. He emphasized that achieving objectives related to security, stability, and rule of law relies on the unity and solidarity of all public administrations and security personnel.
He stressed the importance of identifying terrorists while ensuring informant confidentiality. He further emphasized the need for a systematic implementation of the Public Security System and the execution of the Public Defense System through it.
SAC Joint Secretary Lt. Gen. Ye Win Oo, Council members Admiral Tin Aung San, General Yar Pyae, U Wunna Maung Lwin, Daw Dwe Bu, and Mahn Nyein Maung, along with Union Ministers and other senior officials, attended and discussed on the issues.
Ymg/knl
၂၆ ဇန်နဝါရီ ၂၀၂၄
ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်များနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင်လည်း နိုင်ငံရေးအရ ဆွေးနွေး ပြီးလွှတ်တော်တွင်အတည်ပြုရန်လိုကြောင်းနှင့်လက်နက်ကိုင်လမ်းစဉ်ဖြင့်တောင်းဆို၍ မရနိုင်ကြောင်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားသည်။
ယနေ့ ဇန်နဝါရီ၂၆ ရက်က နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး; တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄)တွင် ဗိုလ်ချုပ်မှူးကြီးက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ယခုဖြစ်ပွားနေသည့် ပြဿနာမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်! ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြည်နယ်၊ဒေသများရရှိအောင် ဥပဒေပြင်ပမှ တောင်းဆိုလာခြင်းဖြစ်ပြီး နိုင်ငံရေးနှင့်ပတ်သက်၍ ဥပဒေစည်းကမ်းများနှင့်အညီဆောင်ရွက်တတ်ရန် လိုအပ်ချက်များစွာရှိနေသေးကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ပြောဆိုခဲ့သည်။
ဇွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) သည် ဓဲပေးခွင့်ရှိသူများ၏ ၉၂ ဒသမ ၄၈ရာခိုင်နှုန်းက ထောက်ခံထားသည့် ဥပဒေဖြစ်ကြောင်း၊ အဆိုပါအခြေခံဥပဒေသည်ပြည်သူ အများစု၏ ဆန္ဒမဲများဖြင့် အတည်ပြုပြဋ္ဌာန်းထားခြင်းဖြစ်သဖြင့် ကျော်လွန်ဆောင်ရွက်၍ မရကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက အသိပေးပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် နစကအနေဖြင့် တိုင်းပြည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)နှင့် အညီသာ ထိန်းသိမ်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌက ဖြည့်စွက်ပြောဆိုသည်။
ထို့အပြင် ပြည်သူ့လုံခြုံရေးစနစ်အကြောင်းကိုလည်း ဗိုလ်ချုပ်မှူးကြီးက အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပြည်သူ့လုံခြုံရေးစနစ်သည် အရေးကြီးပြီး ပြည်သူလူထုအုပ်ချုပ်ရေး အဖွဲ့ အစည်းများနှင့် လုံခြုံရေးတာဝန်ရှိသူများအားလုံး ညီညီညွတ်ညွတ်ဖြင့် စည်းလုံးမှုရှိလုံခြုံရေး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းရပ်များသည်လည်း အောင်မြင်နိုင်မည်ဖြစ်ကြောင်းပြောသည်။
အဓိကမှာ အကြမ်းဖက်သူများအား သတင်းပေးပို့ရန်ဖြစ်ပြီးသတင်းပေးပို့သူကိုလည်း လျှို့ဝှက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူ့လုံခြုံရေးစနစ်ကို စနစ်တကျဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုပြီး ပြည်သူ့လုံခြုံရေးစနစ်မှ တဆင့် ပြည်သူ့ ကာကွယ်ရေးစနစ်သို့ ဖော်ဆောင်သွားရမည်ဖြစ်ကြောင်းဖြင့်လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုသည်။
အစည်းအဝေးသို့ နစက တွဲဖက်အတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦး၀ဏ္ဍမောင်လွင်; ဒေါ်ခွဲဘူနှင့် မန်းငြိမ်းမောင်၊ ပြည်ထောင်စုဝန်ကြီးများ ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။
-knl/ymg
၂၃ ဇန်နဝါရီ ၂၀၂၄
မြန်မာ့တပ်မတော် သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီး ယနေ့ ဇန်နဝါရီ ၂၃ ရက်မနက်ပိုင်းက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လန်ပူရီလေဆိပ်တွင် ပြေးလမ်းချော်ခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ကအတည်ပြုပါတယ်။
အဆိုပါတပ်မတော်(လေ) လေယာဉ်တစ်စီး အိန္ဒိယနိုင်ငံတွင် ပြေးလမ်းချော်မှုဖြစ်ပွားခဲ့တယ်လို့ အိန္ဒိယပြည်တွင်း မီဒီယာများက သတင်းများထုတ်ပြန်ခဲ့ပြီးနောက် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က အဆိုပါသတင်းကို အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါတယ်။
မြန်မာတပ်မတော်မှ သယ်ယူပို့ဆောင်ရေးလေယာဉ် (Y-8 F200 WBအမျိုးအစား လေယာဉ်အမှတ်-၅၈၂၁)သည်မြန်မာ-အိန္ဒိယ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် ယနေ့နံနက်၁၀ နာရီခန့်တွင် မိတ္ထီလာခြို့မှ ထွက်ခွာခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါလေယာဉ်သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်;လန်ပူရီမြို့ လေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင်ရောက်ရှိဆင်းသက်စဉ် ရုတ်တရက် စက်ချို့ယွင်းမှုကြောင့် လေယာဉ်ပြေးလမ်းချော်မှုဖြစ်ပွားခဲ့တာလို့လည်း နစကသတင်း ထုတ်ပြန်ချက်ကဆိုပါတယ်။
ယင်းလေယာဉ်ပြေးလမ်းချော်မှုကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာခဲ့ကြသည့် လေယာဉ် အရာထမ်း/အမှုထမ်းများအနက် ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူစေလျက်ရှိနေကြောင်းသတင်းထုတ်ပြန်ပါတယ်။
ထိုသို့ လေယာဉ်စက်ချို့ယွင်းပြီးပြေးလမ်းချော်ခဲ့မှုနှင့်ပတ်သက်ပြီး အသေးစိတ် စိစစ်ဆောင်ရွက်လျက်ရှိကြောင်းဖြင့်လည်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
Photo Credit: India Today/WION
-ymg/knl
၂၂ ဇန်နဝါရီ ၂၀၂၄
နစက ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာန(၄) ဒုတိယဝန်ကြီးတို့ကို ခန့်အပ်လိုက်ကြောင်း သိရပါတယ်။
နစက ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃)ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးအောင်ကျော်ဟိုးအားလည်းကောင်း၊ နစကဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၄) ဒုတိယဝန်ကြီးအဖြစ် ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးအားလည်းကောင်း ခန့်အပ်လိုက်တယ်လို့ နစကက ယနေ့ ဇန်နဝါရီ ၂၂ရက်ရက်စွဲဖြင့် အမိန့်အမိန့် ၇/၂၀၂၄ နှင့် ၈/၂၀၂၄ တို့ကို ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
-ymg/knl
၂၁ ဇန်နဝါရီ ၂၀၂၄
အမေရိကန်လုပ် ကိုဗက် စစ်သင်္ဘော HTMS Sukhothai ပြန်လည်ဆယ်ယူရာတွင် တရုတ်ကုမ္ပဏီတစ်ခုပါဝင် ပတ်သက်နေသည်ဟူသည့် သတင်းများနှင့်ပတ်သက်၍ ထိုင်းတော်ဝင်ရေတပ်ကို အမေရိကန်ပြည်ထောင်စုက သတိပေးစာ ပေးပို့ထားသည်။
အဆိုပါသတိပေးစာကို ၂၀၂၄ဘတ်ဂျက်သုံးသပ်ရေး အောက်လွှတ်တော်ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ရှေ့သို့ချီပါတီ၏ ဘန်ကောက်လွှတ်တော်အမတ် ချာရာဖွန်ဆာတွန်ဒီက ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
မစ္စတာ ချာရာဖွန်၏ အဆိုအရ အဆိုပါစာကို ထိုင်းနိုင်ငံရှိ အမေရိကန်ပြည်ထောင်စုစစ်ရေးအကြံပေးပူးတွဲအုပ်စုက ရေးသား ပေးပို့ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၁၈ရက်က ထိုင်းပင်လယ်ကွေ့တွင် အဆိုပါ ထိုင်းရေတပ်ပိုင်သင်္ဘော နစ်မြုပ်ပြီးကတည်းက အမေရိကန်၏ စိုးရိမ်ပူပန်မှုအပေါ် ထိုင်းရေတပ်က တုန့်ပြန်မှုမပြုခဲ့သေးဟု ရေးသားဖော်ပြထားသည်။ သင်္ဘောနစ်မြုပ်မှုကြောင့် သင်္ဘောသား ၁၀၆ဦးအနက် (၂၄)ဦး သေဆုံးခဲ့ကာ ငါးဦးပျောက်ဆုံးနေပြီး ထိုပျောက်ဆုံးသူများ သေဆုံးသွားပြီဟု ယူဆရသည်။
ထိူင်းနိုင်ငံရှိ အမေရိကန်၏ စစ်ရေးကိစ္စများကို ကြီးကြပ်ရသည့်အဖွဲ့သည် သင်္ဘောနစ်မြုပ်ပြီး တစ်လအကြာတွင် ထိုင်းရေတပ်ကို ဆက်သွယ်ခဲ့ပြီး ၁၉၈၇ခုနှစ်ကတည်းက အမှုထမ်းခဲ့သည့် အဆိုပါသင်္ဘောပျက်ကို မည်ကဲ့သိုဆယ်ယူမည် ဆိုသည့် အစီအစဉ်နှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။ ပြန်စာမရရှိသေးသည့်အတွက် ပြီးခဲ့သည့် ဒီဇင်ဘာ (၁)ရက်က နောက်ထပ် စာတစ်စောင်ထပ်ပို့ခဲ့ခြင်းဖြစ်သည်ဟု မစ္စတာ ချာရာဖွန်ကပြောသည်။
တရုတ်မိတ်ဖက်ကုမ္ပဏီနှင့်အတူတွဲလုပ်မည့် ထိုင်းကန်ထရိုက်တာကုမ္ပဏီတစ်ခုကို သင်္ဘောဆယ်ယူရန် ရွေးချယ်ထားသည် ဟူသောသတင်းများထွက်ပေါ်ပြီးနောက် ထိုင်းရေတပ်ကို အမေရိကန်နှင့်သဘောတူညီချက်လိုက်နာရန် ထိုဒုတိယစာတွင် တိုက်တွန်းထားသည်။
သဘောတူညီချက်မှာ အမေရိကန်ထုတ်သင်္ဘောများကို ဆယ်ယူဖို့ရှိလာပါက ထိုင်းရေတပ်သည် အမေရိကန်အစိုးရထံ ဆယ်ယူမည့်ကန်ထရိုက်တာကို အတည်ပြုချက်ရယူရမည်ဟုဖော်ပြပါရှိသည်ဟု မစ္စတာ ချာရာဖွန်ကပြောသည်။
အကယ်၍ ထိုင်းရေတပ်သည် အဆိုပါပဋိညာဉ်ကို ချိုးဖောက်ပါက ထိုင်းနိုင်ငံနှင့်အမေရိကန်အကြား နိုင်ငံခြား စစ်ပစ္စည်း ရောင်းချမှုအပေါ် အကျိုးသက်ရောက်မှာဖြစ်ကြောင်း သူကဆက်ပြောပြသည်။
မည်သို့ဆက်လုပ်ရမည်ကို စဉ်းစာနေသည်ဟု ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အက်ဒမ်ဖန်အမ်ကပြောသည်။
တကယ်လို့ အမေရိကန်က ဆယ်ယူရေးမှာပါဝင်မယ်ဆိုရင် ဆယ်ယူဖို့မူလသတ်မှတ်ထားတဲ့ ဧပြီလထက် နောက်ကျသွားနိုင် တယ်ဟု အမည်မဖော်လိုသူ သတင်းအရင်းအမြစ်ကပြောသည်။
ထိုင်းရေတပ်သည် စစ်သင်္ဘော ဆယ်ယူရေးတွင် ဘတ်ငွေ ၁၉၉သန်းဖြင့် ဆောင်ရွက်ပေးမည့် ကန်ထရိုက်တာကိုတွေ့ရှိပြီး ဖြစ်သော်လည်း အတည်ပြရန် ဆိုင်းငံ့ထားဆဲဖြစ်သည်။
-ymg/knl
#Thailand_navy
#HTMS_Sukhothai
#yangonmediagroup
၂၁ ဇန်နဝါရီ ၂၀၂၄
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာသည် သမ္မတရဟတ်ယာဉ်ကို အသုံးပြုကာ မနီလာမြို့တော်မြောက်ဘက်ရှိ ဗြိတိန် ရော့ခ်တီးဝိုင်း Coldplay ကို သောကြာနေ့ညက သွားရောက်ကြည့်ရှုခဲ့လို့ ဆိုရှယ်မီဒီယာတွေပေါ်ကနေ ဝေဖန်မှုတွေ ခံနေရပါတယ်။
ဖိလစ်ပိုင် အရီနာ လို့ခေါ်တဲ့ ကမ္ဘာ့အကြီးဆုံး မိုးလုံလေလုံပွဲခင်းကြီးမှာ လာရောက်ကြည့်ရှုသူတွေဟာ လေးသောင်းခန့်ရှိတဲ့ အတွက် အကျိုးဆက်အးဖြင့် “ အဲဒီမိုးလုံလေလုံကွင်းကြီးထဲသွားတဲ့ လမ်းတစ်လျောက် မလွှဲမရှောင်သာတဲ့ ယာဉ်ကြောပိတ် ဆို့မှုတွေရှိခဲ့ပါတယ်” လို့ သမ္မတလုံခြုံရေးအဖွဲ့က အဆိုပါကိစ္စကို သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ ယာဉ်ကြောပိတ်ဆို့မှုဟာ သောကြာနေ့ညက အဲဒီပွဲကို ဇနီးဖြစ်သူနှင့်အတူ သွားကြည့်တဲ့ မားကို့စ်အတွက် လုံခြုံရေး အရ အန္တရာယ်ရှိနေတဲ့အတွက် သမ္မတရဲ့ အလုပ်သုံး ရဟတ်ယာဉ်ကို မသုံးမဖြစ်သုံးလိုက်ရတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖြေရှင်းထားပါတယ်။
ဒါပေမယ့် ဆိုရှယ်မီဒီယာသုံးသူတွေကတော့ ဖိလစ်ပိုင်ကို ဆယ်စုနှစ်လေးစုနီးပါး အုပ်ချုပ်ပြီးနောက် သမိုင်းဝင်တဲ့ ပြည်သူ့အာဏာတော်လှန်ရေးကြောင့် ပြုတ်ကျခဲ့တဲ့ အာဏာရှင်မားကို့စ်ရဲ့ သားဖြစ်သူ လက်ရှိသမ္မတ မားကို့စ်ဂျူနီယာအနေ နှင့် ပြည်သူ့အခွန်ဘဏ္ဍာကို အသုံးပြုတာဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။
“ တရားဝင်အရင်းအမြစ်တွေဖြစ်တဲ့ သမ္မတရဟတ်ယာဉ်လိုမျိုးတွေကို ကိုဘ်ရေးကိုယ်တာနှင့် အလုပ်ကိစ္စမဟုတ်ဘဲ အသုံးပြု ခြင်းဟာ အာဏာအလွဲသုံးစားလုပ်တာ ဒါမှမဟုတ် အစိုးရရဲ့အရင်းအမြစ်ကို အလွဲသုံးစားလုပ်တာပဲဖြစ်တယ်”လို့ ဖေ့စ်ဘုတ်ခ် အသုံးပြုသူ ဂျိမ်းစ်ပက်ထရစ် အရစ်စတိုရင်က ပို့စ်ရေးတင်ပါတယ်။
“ ရဟတ်ယာဉ်သုံးတာ၊ပြီးတော့လောင်စာဆီနှင့်လုံခြုံရေး အဲဒါတွေအတွက် ကျွန်တော်တို့ပိုက်ဆံပေးထားရတာ။လူတိုင်းရဲ့ ပွဲလက်မှတ်တွေအတွက်တောင်သုံးတယ်ဆိုတာ ဘယ်သူတွေကသိကြမှာလဲ” လို့ နောက်ထပ်ဖေ့စ်ဘုတ်ခ်သုံးသူ အာဗိုင် ကွန်ဆက်ဆီယွန်ကပြောပါတယ်။
Source Reuters
#yangontimes
#Marcosjunior
#Philippines_Politics
၂၀ ဇန်နဝါရီ ၂၀၂၄
အိန္ဒိယနှင့်မြန်မာနယ်စပ်တလျောက် ဗဟိုအစိုးရအနေနှင့် ခြံစည်းရိုးများခတ်တော့မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ပြည်ထောင်စု ပြည်ထဲရေး ဝန်ကြီး အမ်မစ်ရှားက ပြောပါတယ်။ အိန္ဒိယပြည်ထဲရေးဝန်ကြီးဟာ ဂူဝါဟတီမှာကျင်းပတဲ့ အာသံရဲကော်မန်ဒို တပ်ဖွဲ့ စစ်ရေးပြအခမ်းအနားတစ်ခုမှာ ယနေ့ ဇန်နဝါရီ ၂၀ရက်မှာ ပြောခဲ့တာဖြစ်တယ်လို့ အိန္ဒိယပြည်တွင်းသတင်းဌာနများမှ သတင်းများအရသိရပါတယ်။
အိန္ဒိယဟာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျောက် လွတ်လပ်စွာသွားလာခွင့်ကိုထိန်းချုပ်ဖို့ အတားအဆီးတွေချထား အပြီး မြန်မာနယ်စပ်ခြံစည်းရိုးခတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။
“ အိန္ဒိယနှင့်မြန်မာနယ်စပ်ကို မကြာမီမှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်လိုဘဲ ကာကွယ်တော့မယ်။ အာသံက ကျွန်တော့်မိတ်ဆွေ တွေကို ပြောချင်တာက နာရင်ဒရာမိုဒီအစိုးရဟာ မြန်မာနှင့်နယ်စပ်ကို ခြံစည်းရိုးခတ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာပဲဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်လိုပဲပေါ့။ အစိုးရအနေနှင့် မြန်မာနှင့်သဘောတူထားခဲ့တဲ့ အက်ဖ်အမ်ဂျီ ( လွတ်လပ်စွာလှုပ်ရှားသွားလာမှု) Free Movement Regime ကို မကြာမီအဆုံးသတ်ဖို့ ပြန်စဉ်းစားနေပါတယ်” လို့ အာမစ်ရှားက ပြောပါတယ်။
အဲဒီသဘောတူညီချက်အရ မြန်မာနှင့်အိန္ဒိယနိုင်ငံတွေမှသူတွေဟာ နယ်စပ်ပိုင်နယ်တစ်ဖက်ချင်းစီကို ဗီဇာမပါဘဲ ၁၆ကီလို မီတာအထိ သွားလာခွင့်ပေးထားတာပဲဖြစ်ပါတယ်။
အိန္ဒိယနှင့်မြန်မာနိုင်ငံတို့ဟာ နယ်စပ်ချင်း ၁၆၄၃ ကီလိုမီတာထိစပ်နေကြပါတယ်။ အိန္ဒိယဘက်က မီဇိုရမ်၊မဏိပူ၊နာဂလန်းနှင့် အာရွမ်နာချာပရာဒေ့ရှ်စတာတွေနှင့်ထိစပ်နေတာပါ။ အဲဒီပြည်နယ်တွေဟာ လွတ်လပ်စွာသွားလာခွင့်ကြောင့် အကျိုး အမြတ်တွေရှိနေခဲ့ကြတာဖြစ်ပါတယ်။
မြန်မာ-အိန္ဒိယနယ်စပ်မှာ တိုက်ပွဲတွေနှင့်မတည်ငြိမ်မှုတွေဖြစ်နေပြီး မြန်မာနိုင်ငံမှ ဒုက္ခသည်တွေ အိန္ဒိယထဲ ဝင်ရောက်လာပြီး နောက် မိုဒီအစိုးရက ယခုလိုဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။
-ymg/knl
Page 66 of 223