၂၁ နိုဝင်ဘာ ၂၀၂၃
အစ္စရေးနှင့်ယာယီစစ်ပြေငြိမ်းရေးသဘောတူညီချက်တစ်ခုသည် နီးကပ်လာနေပြီဟု ဟားမာ့စ်ခေါင်းဆောင် အစ္စမေးလ်ဟန်နီယတ်က အင်္ဂါနေ့ နိုဝင်ဘာ ၂၁ ရက်ကတယ်လီဂရမ်မှာ သတင်းထုတ်ပြန်ချက်တင်ခဲ့ပါတယ်။
“ ယာယီစစ်ပြေငြိမ်းဖို့ အပေးအယူတစ်ခု ရရှိဖို့နီးစပ်နေပြီ” လို့ ဟန်နီယတ်က ပို့စ်ထဲမှာ ပြောခဲ့ပါတယ်။
အောက်တိုဘာ ၂၇ ရက်က အစ္စရေးရဲ့သမိုင်းမှာ ကို ကြောက်ဖက်ဖွယ် တိုက်ခိုက်ခံရမှုအတွင်းဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံ ၂၄၀နီးပါးကို ပြန်လွှတ်ပေးမယ့် အပေးအယူတစ်ခုကို စေ့စပ်ညှိနှိုင်းသူတွေက ကြိုးစားနေကြ ပါတယ်။
ဟားမာ့စ်တိုက်ခိုက်ရေးသမားတွေဟာ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေအတွင်း အရပ်သားအများစုပါတဲ့ လူပေါင်း ၁၂၀၀ခန့်ကို သတ်ခဲ့ကြပါတယ်။
အဲဒီတိုက်ခိုက်မှုအတွက် အစ္စရေးက မရပ်နားဗုံးတွေကြဲပြီး မြေပြင်ထိုးစစ်တွေလည်း ဆင်နွှဲခဲ့ကြကာ ပြန်လည် လက်စားချေခဲ့ပါတယ်။ ဟားမာ့စ်ကိုဖျက်ဆီးပစ်ပြီး ဓားစာခံတွေလွတ်မြောက်ဖို့ အစ္စရေးက သန္နိဋ္ဌာန်ချထားတာ ဖြစ်ပါတယ်။
ဂါဇာက ဟားမာ့စ်အစိုးရရဲ့အဆိုအရ နှစ်ဘက်စလုံးမှာ လူပေါင်း ၁၃.၃၀၀ခန့်သေဆုံးခဲ့ရပါတယ်လို့သိရပါတယ်။ အဲဒီထဲမှာကလေးတွေ ထောင်ပေါင်းများစွာပါဝင်ပါတယ်။
ဟာမားရဲ့နိုင်ငံရေးရုံးရှိပြီး ဟန်နီယတ်အခြေပြုတဲ့နေရာမှာ ကာတာနိုင်ငံရဲ့ ထက်သန်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ဆောင်ရွက်နေဆဲလည်းဖြစ်ပါတယ်။
ဓားစာခံတွေလွှတ်ပေးပြီး အပြန်အလှန်အားဖြင့် ယာယီစစ်ပြေငြိမ်းဖို့ကိစ္စဟာ လက်တွေ့ပြဿနာအသေးအဖွဲ ကလေးတွေပဲ ဆွေးနွေးဖို့ရှိတော့တယ်လို့ ကာတာဝန်ကြီးချုပ်က တနင်္ဂနွေနေ့တုန်းကပြောထားပါတယ်။
တနင်္လာနေ့တုန်းလည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သူ့အနေနှင့် ဓားစာခံတွေလွတ်မြောက်ရေးအပေးအယူ ကိစ္စအတော်နီးစပ်နေပြီလို့ယုံကြည်တယ်လို့ပြောခဲ့ပါတယ်။
အေအက်ဖ်ပီသတင်းဌာနကို ဆွေးနွေးမှုတွေနှင့်နီးစပ်တဲ့ သတင်းအရင်းအမြစ်နှစ်ခုက ပြောကြားရာမှာ အဲဒီ အပေးအယူကိစ္စမှာ ငါးရက်ကြာ ယာယီစစ်ပြေငြိမ်းရေးပါဝင်တယ်လို့ဆိုပါတယ်။ အဲဒီအထဲမှာမြေပြင်တွင် အပစ်အခတ်ရပ်ပြီး ဂါဇာတောင်ပိုင်းတွင် အစ္စရေးရဲ့လေကြောင်း စစ်ဆင်ရေးတွေ ကန့်သတ်ဖို့လည်းပါဝင်ပါတယ်လို့ သိရပါတယ်။
အပြန်အလှန်အားဖြင့် ဟားမာ့စ်နှင့် အစ္စလမ်မစ်ဂျီဟတ်တို့ဖမ်းထားတဲ့ အကျဉ်းသား ၅၀ ဦးနှင့် ၁၀၀ကြားအတွင်း ပြန်လွှန်ပေးဖို့ဖြစ်ပါတယ်။ လွှတ်ပေးသူတွေအထဲမှာ အစ္စရေးအရပ်သားတွေနှင့် အခြားနိုင်ငံသား အကျဉ်းသားတွေ ပါဝင်ပြီး စစ်သားတွေမပါဘူးလို့ဆိုပါတယ်။
အဆိုပြုသဘောတူညီချက်အရ အစ္စရေးအကျဉ်းထောင်ထဲက ပါလက်စတိုင်း၃၀၀ခန့်ကိုလည်း လွှတ်ပေးရပါမယ်။ သူတို့ဟာ အမျိုးသမီးများနှင့်ကလေးသူငယ်အများစုဖြစ်ပါတယ်။အိမ်ဖြူတော်က စေ့စပ်ညှိနှိုင်းမှုတွေဟာ အဆုံးသတ်နေပြီလို့ပြောပြီး အောင်မြင်တဲ့ရလာဒ်ကို ထိခိုက်နိုင်လို့ အသေးစိတ်ပြောဖို့ငြင်းဆန်ပါတယ်။
Source NDTV
၂၀ နိုဝင်ဘာ ၂၀၂၃
နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားများအား တရုတ်နိုင်ငံသို့ ထပ်မံလွှဲပြောင်း ပေးမှုအခြေအနေများ၊၂၀-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားမှုအခြေအနေများနှင့် နိုင်ငံတော်၏လက်ရှိဖြစ်ပေါ် နေသောအခြေအနေအရပ်ရပ်များအပေါ် ကောလာဟလသတင်းများ အချိန်ကိုက် ထုတ်လွှင့်နေမှုများနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးအပ်ပါတယ်။
Ymg/knl
၁၉ နိုဝင်ဘာ ၂၀၂၃
၁၉-၁၁-၂၀၂၃ ရက်နေ့ နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူများအား မြန်မာနိုင်ငံအစိုးရမှ တရားဥပဒေနှင့်အညီ စိစစ်ခြင်းများဆောင်ရွက်၍ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့မှု၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် လွိုင်ကော်မြို့တို့တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားမှုအနေများအား နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အပြည့်အစုံကို ဖော်ပြပေးအပ်ပါတယ်။
-ymg.knl
၁၉ နိုဝင်ဘာ ၂၀၂၃
နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်၊ တပ်မတော် ဆေးရုံကုတင် (၁၀၀၀)ရှိ အရိုးရောဂါနှင့် ထိခိုက်ဒဏ်ရာကုသမှုဌာန၌ တက်ရောက်ကုသမှုခံယူလျက်ရှိတဲ့ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အရာရှိ၊ စစ်သည်များအား ယနေ့ နိုဝင်ဘာ ၁၉ ရက်နေ့တွင် သွားရောက်ကြည့်ရှုအားပေး စကားပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက််အရသိရပါတယ်။
အဆိုပါ အရာရှိ၊ စစ်သည်များရဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာမေးမြန်းပြီး အားပေးစကား ပြောကြားခဲ့ပြီး အရာရှိ၊ စစ်သည် များ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီနောက်ဗိုလ်ချူပ်မှူးကြီးသည် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား ဂုဏ်ပြု ချီးမြှင့် ငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးနှင့်အတူလိုက်ပါလာတဲ့ ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် တပ်မတော်အရာရှိကြီးများကလည်း တစ်ဦးချင်းရင်းနှီးနွေးထွေးစွာဖြင့် လိုက်လံအားပေးစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေ နှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
-ymg/knl
၁၉ နိုဝင်ဘာ ၂၀၂၃
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြည်တွင်းမီဒီယာအချို့နှင့်တွေ့ဆုံကာ ဘဏ်များနှင့်ပတ်သက်သည့် ကောလာဟလများနှင့် ယင်းတို့ကို တုန့်ပြန်ဆောင်ရွက်မှုများအပါအဝင် ဘဏ်ကိစ္စများကို အမေးအဖြေပြုုလုပ်ခဲ့ပါသည်။ ထိုတွေဆုံ မေးမြန်းမှုအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁) မေး။ဒီရက်ပိုင်းအတွင်း ဘဏ်များရှေ့တွင် ပြည်သူများ ငွေထုတ်ယူနိုင်ရေးအတွက် တန်းစီ နေတာ နေရာတော်တော်များမှာ တွေ့ရပါတယ်။ ဘာကြောင့်လို့ ပြောချင်ပါသလဲ။
ဖြေ။ လတ်တလောဖြစ်ပေါ်နေသောအခြေအနေများကို အခွင့်ကောင်းယူ၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းသာယာမှုနှင့် စီးပွားရေးတည်ငြိမ်မှုကို မလိုလားသော သတင်းမီဒီယာများ၊ အကြမ်းဖက်အုပ်စုများနှင့် ၎င်းတို့ကိုထောက်ခံ အားပေးသူများကလူမှုကွန်ယက်စာမျက်နှာ များတွင်သတင်းတု၊ သတင်းအမှားများကို လှုံဆော်ရေးသားမှုများအား ဆက်တိုက်ပြုလုပ်နေခဲ့ပြီး၊ ယင်းသတင်းများအနက် နယ်ဘဏ်ခွဲအချို့မှာ ... လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်း သူများကအကြမ်းဖက်တိုက်ခိုက်လုယက်ဖျက်ဆီးမှုများကိုအခွင့်ကောင်းယူ၍ အဆိုပါသတင်းများကို ဓါတ်ပုံများနှင့် တကွဖော်ပြပြီး ပြည်သူများက ဘဏ်များမှ ငွေများ ထုတ်ယူ၍မရတော့သယောင် သွေးထိုးလှုံဆော်ရေးသားမှုများကြောင့် ပြည်သူများစိုးရိမ် ပူပန်မှုများမြင့်တက်ကာ ဘဏ်များမှငွေများကို လိုသည်ထက်ပို၍ ထုတ်ယူနေခြင်းလို့ ပြောကြားလိုပါတယ်။
၂)မေး။ယခုလတ်တလောအခြေအနေများအရ ဗဟိုဘဏ်အနေဖြင့် ဘဏ်တွေမှာ အများပြည်သူ ငွေသားထုတ်ယူမှုအပေါ် ကန့်သတ်လိုက်ပြီဆိုတာ ဟုတ်ပါသလား။
ဖြေ။ မဟုတ်ပါ။ ပြည်သူတွေရဲ့ အပ်နှံငွေအပေါ် ငွေထုတ်ယူနိုင်ရေးအတွက် ဘဏ်များမှ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှလည်း ပြည်သူမှအပ်နှံထားသည့် ငွေများအဆင်ပြေပြေထုတ်ယူနိုင်ရေးအပေါ် ပံ့ပိုး ကူညီပေးလျက်ရှိပါတယ်။
၃)မေး။Special Account တွေကနေ အချိန်မရွေး ငွေကြိုက်သလောက် ထုတ်ယူနိုင်တယ်လို့ နားလည်ထားပါတယ်။ ဒီရက်ပိုင်း Special Account တွေမှ ငွေထုတ်ယူမှုကန့်သတ် လိုက်ကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ မှန်ပါသလား။ မြေပြင်မှာ ငွေသွား ထုတ်တဲ့အခါမှာ တန်းစီနေပြီး . ကိုယ့်အလှည့် ရောက်သည့်အခါမှာ လိုချင်သလောက်မရ တော့ခြင်း၊ နောက်ရက်မှ လာထုတ်ရန် ထပ်မံချိန်းဆိုခြင်းများ ကြုံတွေ့နေရသည့်အပေါ် ဘာများပြောချင်ပါသလဲ။
ဖြေ။ အပ်နှံငွေရဲ့အနေအထားအရ New Account (Special Account) ဆိုပါက ငွေသားထည့်သွင်းခဲ့သည့်ပမာဏအတိုင်း ငွေသားထည့်သွင်းခဲ့သည့် ဘဏ်များမှာ ပြန်လည် ထုတ်ယူနိုင်ပါတယ်။ ငွေထုတ်ယူသူများပါက ဘဏ်အနေဖြင့် ၎င်းတို့၏ငွေသိုလှောင်ခန်းအကျယ်အဝန်းပေါ်မူတည်၍ ငွေသားများထားရှိရသည့်အတွက် ထုတ်ပေးရန် ငွေပမာဏ များကိုစီစဉ်ဖို့လိုအပ်တာကြောင့် မိမိငွေထုတ်ယူလိုသည့်ပမာဏကို ဘဏ်သို့ကြိုတင် အသိပေး အကြောင်းကြားထားရင် အဆင်ပြေမှာ ဖြစ်ပါတယ်။
၄)မေး။မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ သတင်းထုတ်ပြန်ချက်တွေမှာ ငွေထုတ်ကန့်သတ်ချက် မထားရှိဘဲ ငွေသားထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိတယ်လို့ပါရှိပေမယ့် လက်တွေ့ သွားရောက်ထုတ်ယူသည့်အခါတွင် အချို့ပုဂ္ဂလိကဘဏ်တွေမှာ ကန့်သတ်ချက် တွေရှိနေလို့ ဒီအပေါ်မှာ ဘာများပြောကြားလိုပါသလဲ။
ဖြေ။ အများပြည်သူအနေဖြင့် မိမိအပ်နှံထားသည့် အပ်နှံငွေအမျိုးအစားပေါ် မူတည်ပြီး ဘဏ်မှ ငွေထုတ်ယူရာမှာ ကွဲပြားမှုများရှိနိုင်ပါတယ်။ Special Account ဆိုပါက မိမိငွေသား ထည့်သွင်းခဲ့သည့် ပမာဏအတိုင်း ငွေသားထုတ်ယူနိုင်ပါတယ်။ ငွေစုဘဏ်စာရင်း (Saving Account) ဆိုပါက တစ်ပတ်တစ်ကြိမ် ငွေထုတ်ယူမှု ဆောင်ရွက်နိုင်မှာဖြစ် ပါတယ်။ စာရင်းသေအပ်ငွေ (Fixed Deposit) ဖြစ်ပါက သက်တမ်းပြည့်မည့် အချိန်မှသာ ငွေထုတ်ယူနိုင်မှာဖြစ်ပါတယ်။ Saving Account အပါအဝင် အပ်ငွေစာရင်းအဟောင်းများ နှင့်ပတ်သက်၍ ဘဏ်များမှငွေထုတ်ယူရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ထုတ်ပြန်ခဲ့သည့် ငွေသားစီမံခန့်ခွဲမှုအဆင်ပြေစေရေး အစီအစဉ်သတ်မှတ်ချက် ပါအတိုင်း ငွေသားထုတ်ယူမှုအပြင် ပြည်သူများအနေဖြင့် ဒစ်ဂျစ်တယ်နည်းလမ်းများဖြစ် သောမိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်းများ၊ Account Transfer များ ဖြင့်ဘဏ်ဝန်ဆောင်မှုများအား အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ပါတယ်။
၅)မေး။ပြည်တွင်း/ပြည်ပမီဒီယာများနှင့် လူမှုကွန်ယက်များတွင် သွေးထိုးလှုံဆော်မှုနှင့် ဝိသမ လောဘသားများ၏ ကိုယ်ကျိုးစီးပွားရှာသွေးထိုးမှုများကြောင့် ပုံမှန်ပြန်လည်လည်ပတ် နေသည့် ဘဏ်တွေမှာ ပြည်သူတွေ စိုးရိမ်တကြီး ငွေတွေထုတ်ပါတယ်။ ဘဏ်တွေ မပြိုလဲဖို့နှင့် ပြည်သူတွေရဲ့ အပ်နှံငွေတွေ မဆုံးရှုံးစေဖို့ ဗဟိုဘဏ်က ဘယ်လိုအာမခံ ချက်တွေ ပေးဖို့ရှိပါသလဲ။
ဖြေ။ ဗဟိုဘဏ်က အပြည့်အဝအာမခံထားပြီးဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ကာလတွင်သာမက ကောလဟလဖြစ်တိုင်း ဗဟိုဘဏ်က ပြည်သူများ၏ အပ်နှံငွေအပေါ် အပြည့်အဝ အာမခံရှိသည်ကို အကြိမ်ကြိမ်ပြောကြားခဲ့ပါကြောင်း၊ ဘဏ်များက အဆိုပါအပ်နှံငွေများ ပြန်လည်ထုတ်ပေးနိုင်ရန် ဗဟိုဘဏ်၌ အနည်းဆုံးထားရှိရမည့် သီးသန့်ငွေလိုအပ်ချက်ကို အပ်နှံထားရှိလျက်ရှိရာ လက်ရှိတွင် ဘဏ်များက အနည်းဆုံးလိုအပ်ချက်ထက်ပို၍ ဗဟို ဘဏ်ထံ အပ်နှံထားပါကြောင်း၊ ဒါ့အပြင် ပြည်သူလူထုအား ငွေပြန်လည်ထုတ်ပေးနိုင်ရန် ငွေကြေးလွယ်ကူမှုအချိုးများဖြင့်လည်းစောင့်ကြပ်ထိန်းကျောင်း လျက် ရှိရာဘဏ်များ အနေဖြင့် အပ်နှံငွေများ အပြည့်အဝ ပြန်လည်ထုတ်ပေးဖို့ အဆင်သင့်ရှိပါကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ဘဏ်များကိုစောင့်ကြည့်ကြပ်မတ်လျက်ရှိသောကြောင့် ဘဏ်များအနေဖြင့်လည်းအဆင်ပြေချောမွေ့စွာ သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ဆက်လက်ဝန်ဆောင်မှုပေးလျက်ရှိသည့်အတွက် ပြည်သူများ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ပုံမှန်အတိုင်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်ရန် လိုအပ်ပါတယ်။
၆။မေး။ဘဏ်ကပိုက်ဆံတွေ အလုအယက်ထုတ်အောင် ... ကောလဟလတွေထုတ်ပြီး ရွှေနှင့် ဒေါ်လာဈေးကို ဆွဲတင်နေတဲ့သူတွေကို ထိထိရောက်ရောက်အရေးယူမည့် အစီအစဉ်များ ရှိပါသလား။
ဖြေ။ ဘဏ်တွေမှာ ငွေကြေးခဝါချမှုဗဟိုအဖွဲ့က သတ်မှတ်ထားသည့် ငွေကြေး ကျပ်သန်း ထက်ကျော်လွန်၍ ထုတ်ယူသည့်ပမာဏအားလုံးကို ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်း ရေးအဖွဲ့ (FIU)ထံပေးပို့ရကြောင်း၊ ယခုငွေထုတ် များနေသည့်လူများအားလုံးကို ဗဟိုဘဏ်၊ စစစ၊ FIU တို့က အနီးကပ်ကြီးကြပ်စောင့်ကြည့်နေတာဖြစ်၍ ဈေးကစားမှုများ ပါဝင်ပတ်သက်နေပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပါကြောင်း၊ဘဏ်တွေထံမှ ပြည်သူတွေ ငွေထုတ် ယူရန် လှုံဆော် ရေးသား၊ဝါဒဖြန့်နေသူများကိုလည်း ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဖော်ထုတ်အရေးယူပြီး ထိရောက် ဟန့်တားသော ပြစ်ဒဏ်များ ချမှတ်နိုင်ရန်တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းပြောကြားလိုပါ တယ်။
၇)မေး။ပြည်သူတွေက စိုးရိမ်ပူပန်မှုတွေမြင့်တက်မှုအပေါ် ဗဟိုဘဏ်အနေဖြင့် မည်သည့် သတင်း စကားပါးလိုပါသလဲ။
ဖြေ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေသားသုံးစွဲမှုလျှော့ချပြီး ဒစ်ဂျစ်တယ်ပေးချေမှုများ တိုးတက်စေရန်အတွက် ဒစ်ဂျစ်တယ်ပေးချေမှုနည်းလမ်းများဖြစ်သည့် အီလက်ထရောနစ် ကတ်များဖြင့်လည်းကောင်း၊ ဘဏ်များ၏ မိုဘိုင်းဘဏ်လုပ်ငန်းနှင့် မိုဘိုင်း Pay များ၊ အင်တာနက်ဘဏ်လုပ်ငန်း၊ မိုဘိုင်း Wallet များအသုံးပြု၍ အများပြည်သူအနေဖြင့် ဒစ်ဂျစ်တယ်နည်းလမ်းများအသုံးပြုပြီး လုံခြုံစိတ်ချသည့် စရိတ်စကသက်သာစွာဖြင့် အကျွမ်းတဝင်ကောင်းမွန်စွာ လည်ပတ်ပြီး ငွေပေးချေမှုပြုလုပ်နိုင်ရန် ပြည်သူများက သုံးစွဲနေပြီး တိုးတက်မှုများလည်း နေ့စဉ် တွေ့ရှိနေရပြီး ဖြစ်ပါတယ်။ ဘဏ်စနစ်ကို ကောင်းမွန်စွာ ... အသုံးပြုနေသည့် လုပ်ငန်းရှင်ကြီးများနှင့် ကုန်သည်များသာမက ကျေးလက် ဒေသရှိ ပြည်သူများကလည်း (ဥပမာ KBZ Pay ) ကို လူကြီးလူငယ်များက အကျွမ်းတဝင် အသုံးပြုနေပြီးဖြစ်ပါတယ်။ လက်ရှိ ကောလဟလနှင့် ငွေကြေးစနစ်ကို မတည်ငြိမ်အောင် နှောက်ယှက်နေသော အဖျက်မီဒီယာများကြောင့် ပြည်သူများ အနေဖြင့် အဖျက်မီဒီယာများ၏ သွေးထိုးလှုံဆော်မှုများကို ယုံကြည်ပြီး ငွေသားကိုင်ဆောင်မှုကို ပြန်လည်၍ လိုက်ပါရန် မလိုအပ်ပဲ ပုံမှန်အတိုင်း မိမိတို့၏ ဘဏ်စနစ်နှင့် ငွေပေးချေမှုများကို ဆက်လက်သုံးစွဲရန် လိုအပ်ပါတယ်။
ဘဏ်စနစ် ခိုင်မာယုံကြည်မှုရှိရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဆုံးရှုံးနိုင်ခြေများကို အခြေခံပြီး စောင့်ကြပ်ကြီးကြပ် နေသည့်အတွက် အများပြည်သူ၏ အပ်နှံငွေများ ဆုံးရှုံးမှုမရှိနိုင်ပါကြောင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကအပြည့်အဝ အာမခံပါကြောင်း၊ ဘဏ်များနှင့် ဗဟိုဘဏ်ထံတွင် ငွေသားအလုံအလောက် ရှိပါကြောင်းနှင့် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန် းစနစ်သည် ဘဏ်ခွဲအချင်းချင်း ချိတ်ဆက်ဝန်ဆောင်မှု ပေးသည့် (Core Banking System) အသုံးပြုလျက်ရှိပါတယ်။ ဘဏ်ခွဲတစ်ခုခု၏ ဝန်ဆောင်မှုသည် အကြောင်းအမျိုးမျိုးကြောင့်ရပ်တန့်သွားပါက ပြည်သူများအနေဖြင့် အပ်ငွေများ ထုတ်ယူ၍ မရတော့သည့်အခြေအနေမျိုး ဖြစ်ပေါ်သွားမည်မဟုတ်ဘဲ နိုင်ငံတစ်ဝန်းရှိ မည်သည့် ဘဏ်ခွဲတွင်မဆို ဘဏ်လုပ်ငန်းဝန်ဆောင်မှုများရယူနိုင်ပြီး၊ မိမိအပ်နှံထားသည့် အပ်ငွေ အမျိုးအစားအလိုက် ငွေသားထုတ်ယူနိုင်ပါတယ်။
ဘဏ်များတွင် ယုံကြည်စိတ်ချစွာ အပ်နှံထားခြင်းသည် မည်သည့်အခြေအနေ၊ မည်သည့် အချိန်တွင်မဆို မိမိ၏ငွေပင်ဖြစ်ပြီး၊ အဆိုပါငွေများသည် ကိန်းဂဏန်းအတိအကျ၊ ပိုင်ရှင် အမည်အတိအကျဖြင့်ရှိနေကာ . မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တာဝန်ယူမှုနှင့် အကာ အကွယ်ပေးမှုအပြည့်အဝရရှိနေမှာ ဖြစ်ပါတယ်။
ယခင်အတွေ့အကြုံများအရ ကောလဟလများကြောင့် ပြည်သူများက ဘဏ်များမှ ငွေများစုပြုံထုတ်ယူခဲ့မှုအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကကောင်းမွန်စွာစီမံထိန်းကျောင်းနိုင်ခဲ့ပြီး ဘဏ်များ၏ ဝန်ဆောင်မှုများ ကောင်းမွန်စွာ ဆက်လက်လည်ပတ်နိုင်ခဲ့ပါတယ်။ ပြည်သူများ စိုးရိမ်ပူပန်မှုလွန်ကဲပြီး၊ ငွေများကိုလိုသည်ထက်ပိုမိုထုတ်ယူ၍ လက်ဝယ်ထား ရှိခြင်းကြောင့် လုယက်၊ ဓါးပြတိုက်ခြင်းများကို ခံရနိုင်ပြီး မိမိတို့ငွေများဆုံးရှုံးနိုင်သည့် အခြေအနေမျိုး ဖြစ်ပေါ်နိုင်ပါတယ်။
ဘဏ်များ၏ ပြင်ပတွင် ငွေသားများလိုသည်ထက် ပိုမိုရောက်ရှိလည်ပတ်နေခြင်းအားဖြင့် အိမ်ခြံမြေဈေး၊ ရွှေဈေး၊ငွေဈေး ကစားသူများ၏ လှည့်ကွက်တွင် ပါဝင်ခဲ့ပါက ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းများ ဖြစ်ပေါ်လာနိုင်ကာ ပြည်သူလူထုသာလျှင် အခက်အခဲဒုက္ခရောက်နိုင်ပြီး စီးပွားရေး၊ လူမှုရေးတည်ငြိမ်မှုများကို ပျက်ပြားစေနိုင်မှာဖြစ်တဲ့အတွက် အဖျက်သမားများ၏ သတင်းမီဒီယာများက အခြေအမြစ် မရှိရေးသားဖော်ပြနေသည်ကို စဉ်းစားချင့်ချိန် ပြီးပြုမှုဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားလိုပါတယ်။
ယခင်ကလည်း ဘဏ်များထံမှ မိမိငွေများကို ရာခိုင်နှုန်းတစ်ရပ်ပေးပြီး လဲလှယ်ရယူခြင်း များကို ပြန်လည်ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်လာမည်ဖြစ်ကြောင်း၊မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နေ့စဉ် အချိန်နှင့်အမျှ ဘဏ်များ၏ ငွေသွင်း/ငွေထုတ် အပ်နှံငွေအခြေအနေများကို ... စောင့်ကြည့်ထိန်းကျောင်းနေတာကြောင့် ပြည်သူလူထု အနေဖြင့် ကောလဟလအပေါ် နားယောင်နေရန် မလိုအပ်ဘဲ ယုံကြည်စွာဖြင့် အများ ပြည်သူအကျိုးကိုကြည့်၍ ပူးပေါင်းဆောင်ရွက်သွားရန် ပြောကြား လိုပါတယ်။
လုံခြုံမှုရှိပြီး လူအများသုံးစွဲနိုင်သည့် ATM များတွင်လည်း ငွေများဖြည့်တင်းပေးထားပြီး ငွေကြေးစနစ်ကို ထိန်းချုပ်ရာတွင်လည်း နိုင်ငံတကာနည်းတူ စည်းမျဉ်းစည်းကမ်းအတိုင်း အသေးသုံးငွေများအား ATM များတွင် သတ်မှတ်ပမာဏအတိုင်း ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ဒစ်ဂျစ်တယ်နည်းလမ်းဖြင့်လည်းကောင်း၊ပြည်တွင်သုံး ကတ်စနစ်ဖြင့် လည်းကောင်း၊ CBM Net System ဖြင့် တစ်ဘဏ်မှ တစ်ဘဏ် ကန့်သတ်ချက်မရှိဘဲ လွတ်လပ်စွာ ငွေလွှဲပြောင်းနိုင်ပြီး ပြည်သူများမှ Account Transfer နည်းများဖြင့်လည်းကောင်း ငွေပေးချေမှုနည်းလမ်းများကို အကန့်အသတ်မရှိ အသုံးပြု နိုင်မှာဖြစ်ပါတယ်။
၈) မေး။ လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်တွေမှာ ဘဏ်အချို့ကို ဝင်ရောက် တိုက်ခိုက်ပြီး ငွေကြေးကို လက်နက်ကိုင်အဖွဲ့အစည်းအချို့က သိမ်းသွားတာမျိုးရှိတယ်။ ဒီဖြစ်စဉ်မှာ ဆုံးရှုံးသွားတဲ့ ငွေကြေးတွေနဲ့ပတ်သက်ပြီး ဘယ်လိုစီမံဆောင်ရွက်သွားဖို့ရှိ ပါသလဲ။
ဖြေ။ အဲဒီဖြစ်စဉ်မှာပါရှိတဲ့ ဘဏ်များ၏ Customer များက မိမိတို့ ငွေကြေးများကို အထောက်အထားများဖြင့် တင်ပြလာပါက ဘဏ်များအနေဖြင့် ထုတ်ပေးနိုင်ရန် စီမံဆောင်ရွက်ထား ရှိကြောင်းပြောကြားလိုပါတယ်။ ဘဏ်များတွင်လည်း ၎င်းတို့၏ Customer များ၏ စာရင်းများသိမ်းဆည်းထားပြီးဖြစ်၍ ဘဏ်များ၏ မည်သည့်ဘဏ်ခွဲမဆို တိုက်ဆိုင် စစ်ဆေး ဆောင်ရွက် ပေးနိုင်မှာဖြစ်ပါတယ်။
၁၉ နိုဝင်ဘာ ၂၀၂၃
ရီပတ်ဗလီကင်ပါတီရဲ့ သမ္မတလောင်းအဖြစ် ထိပ်ဆုံးမှာပြေးနေတဲ့ ဒေါ်နယ်ထရမ့်က သူသာ ၂၀၂၄ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး အိမ်ဖြူတော်ပြန်ရောက်ရင် သမ္မတဂျိုးဘိုင်ဒင်ရဲ့ ခရီးရောက်နေတဲ့ အာရှပစိဖိတ် ကုန်သွယ်ရေးကတိကဝတ်ကို အဆုံးသတ်ပစ်မယ်လို့ ပြောကြားလိုက်ပါတယ်။
အိုင်အိုဝါမှာ ထရမ့်က သတင်းထောက်တွေကို ပြောကြားရာမှာ နိုင်ငံပေါင်း ၁၃နိုင်ငံနှင့် ဆက်စပ်ဆောင်ရွက်နေတဲ့ ဘိုင်ဒင်အစိုးရက စေ့စပ်ညှိနှိုင်းဆောင်ရွက်နေတဲ့ ဒေသဆိုင်ရာကုန်သွယ်ရေး ကတိကဝတ်ကို ဆန့်ကျင်တယ် လို့ ဆိုလိုက်ပါတယ်။ အဲဒါဟာ အမေရိကန်ရဲ့ ကုန်ထုတ်မှုကို ဟောင်းလောင်းဖြစ်စေပြီး အလုပ်လက်မဲ့တွေလည်း များပြားလာလိမ့်မယ်လို့ ထရမ့်က စောဒကတက်လိုက်ပါတယ်။
ထရမ့်ပြောတဲ့ အင်ဒိုပစိဖိတ်စီးပွားရေးမူဘောင် (IPEF) ဟာ တရုတ်ရဲ့ တိုးပွားလာနေတဲ့ ကုန်သွယ်ရေးဩဇာကို တန်ပြန်တဲ့ အခြားနည်းလမ်းတစ်ခုဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ မကြာသေးမီက အဖွဲ့ရဲ့ကုန်သွယ်ရေးကဏ္ဍခွဲ ဆွေးနွေးမှုတွေလုပ်ခဲ့ပြီး ဗီယက်နမ်နှင့် အင်ဒိုနီးရှားအပါအဝင် အချို့သော နိုင်ငံတွေက အလုပ်သမားနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းတွေအင်အားကောင်းကောင်းလုပ်ဖို့ ငြင်းဆိုခဲ့ကြလို့ အခြေယိုင်မလိုဖြစ်ခဲ့ရပါတယ်။
ဘိုင်ဒင်က အဆိုပါ IPEF ကို ထရမ့်လက်ထက်ကဖျက်ခဲ့တဲ့ TPP အစီအစဉ်အမှတ်၂ 'TPP Two' အဖြစ် သတ်မှတ်ထားပါတယ်။
“ နောက်အစိုးရလက်ထက်ကြရင် ဘိုင်ဒင်စီစဉ်တဲ့ 'TPP Two' ကို အစိုးရသစ်ရဲ့ပထမနေ့မှာပဲ နိဂုံးချုပ်ပစ်လိုက် မယ်” လို့ ထရမ့်က ဖော့တ်ဒေါ့ချ်မှာပြုလုပ်တဲ့ မဲဆွယ်စည်းရုံးပွဲတစ်ခုမှာ ပြောပါတယ်။
“ အခုဟာက ပထမဟာထက်တောင်ဆိုးသေးတယ်။ လယ်သမားတွေနှင့်ကုန်ထုတ်လုပ်သူတွေက အခြား အင်နှင့် အားနှင့်ကြောက်စရာကောင်းတာတွေက အမှုန့်ချေပစ်ပြီး အာရှကို လုပ်ငန်းတွေခွဲလုပ်ပေးဖို့ အရှိန်မြှင့်ပေးသလို ခြိမ်းခြောက်နေတယ်” လို့ ထရမ့်ကပြောပါတယ်။
ဘိုင်ဒင်အစိုးရက ယခုအာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး(အေပက်)ရဲ့ အစည်းအဝေးမှာ IPEF ရဲ့ အဓိက အခန်းတွေကို အပြီးသတ်ဖို့မျှော်လင့်ထားခဲ့တာဖြစ်ပါတယ်။ဆက်ပြီးညှိနှိုင်းကြဖို့လောက်တော့ သဘောတူခဲ့ကြပေမယ့် ရွေးကောက်ပွဲဖိအားနှင့် အချို့သော နိုင်ငံတွေက ပြင်းထန်တဲ့ကတိကဝတ်တွေအပေါ် ဆန့်ကျင်နေကြတာတွေကြောင့် အပေးအယူက ဖြစ်နိုင်မယ့်ပုံမပေါ်ဘူးလို့ သုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။
Source Reuters
-ymg/knl
၁၈ နိုဝင်ဘာ ၂၀၂၃
ဘဏ်များနှင့်ပတ်သက်သည့် ကောလာဟလသတင်းများ၊ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခံသွားသည့် တံတားများပြန်လည်ပြင်ဆင်ပြီးစီးမှုအခြေအနေများ
၁၈-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်လွိုင်ကော်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ် ချောင်းနှစ်ခွ တို့တွင်ထိတွေ့တိုက်ပွဲများဖြစ်ပွားမှုအနေများအား နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ နေ့စဉ် ရှင်းလင်းပြောကြားချက်ကို YMG ကရရှိခဲ့ပါတယ်။ အဆိုပါရှင်းလင်းပြောကြားချက် အပြည့်အစုံကို ပြန်လည်ဖော်ပြပေး အပ်ပါတယ်။
-ymg/knl
Page 64 of 208