၁၇ နိုဝင်ဘာ ၂၀၂၄
တရုတ်နိုင်ငံမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်ပွားပြီး တစ်ပတ်ခန့်အကြာမှာ နောက်ထပ် ဓားထိုးမှု တစ်ခုကြောင့် လူ(၈)ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိသွားတယ်လို့ ရဲတွေက တနင်္ဂနွေနေ့က ပြောပါ တယ်။
စနေနေ့ညမှာ တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်ဆုပြည်နယ် ဝူရှီပြည်နယ် ယီရှင်းက ဝူရှီ ဝိဇ္ဇာနှင့်နည်းပညာ အသက်မွေးဝမ်းကျောင်းကောလိပ်မှာ ကျောင်းသားဟောင်းတစ်ဦးကဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့တာပါ။ တရားခံအဖြစ်သံသယရှိရသူ ကို အခင်းဖြစ်ပွားရာနေရာမှာပဲ ဖမ်းမိပြီး သူကလည်း ဝန်ခံတယ်လို့ ရဲတွေ ကပြောပါတယ်။
ပြီးခဲ့တဲ့တနင်္လာတုန်းကလည်း တရုတ်နိုင်ငံတောင်ပိုင်း ဇူဟိုင်းမြို့မှာ အသက် ၆၁နှစ်အရွယ် ယာဉ်မောင်း က လူအပ်ထဲ ကားမောင်းဝင်လို့ လူ ၃၅ ဦးသေဆုံးပြီး ၄၃ ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
ဝူရှီရဲတပ်ဖွဲ့ရဲ့ပြောကြားချက်အရ အဆိုပါလူငယ်မှာ သူစာမေးပွဲကျပြီး သူဘွဲလက်မှတ်မရတာနှင့် အလုပ် သင်နစ်နာကြေးရရှိတဲ့အပေါ် စိတ်ဆိုးပြီး ဓားဖြင့်တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့တာလို့ သိရပါတယ်။
ကနဦးစစ်ဆေးချက်များအရ တရားခံဟာ အသက် ၂၁ နှစ်အရွယ် ရှုဆိုသူဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် မှာကောလိပ်ပြီးသွားတဲ့ကျောင်းသားဖြစ်ပါတယ်။
Source Reuters
Published 15 November 2024
ဗြိတိန်ပြည်ထောင်စုမှာ အောက်တိုဘာလအတွင်း လက်လီရောင်းချရမှု စုစုပေါင်းက နှစ်စဉ်နှုန်း ၀.၆ ရာခိုင်နှုန်း လျော့နည်းသွားကာ စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာခြင်းက လူတွေသုံးစွဲချင်စိတ် နည်းပါး သွားစေတာ ဖြစ်တယ်လို ထောက်ပြလာကြပါတယ်။
Source CCTV+
၁၅ နိုဝင်ဘာ ၂၀၂၄
သမ္မတထရမ့်ရဲ့လာမယ့်သမ္မတသက်တမ်းအောက်မှာ မနေလိုကြတဲ့ အမေရိကန်တွေဟာ နိုင်ငံက ထွက်ခွာသွားကြဖို့ ကြိုးစားနေကြချိန်မှာ အမေရိကန် အခြေစိုက် အပျော်စီးသင်္ဘောကုမ္ပဏီတစ်ခုက လေးနှစ်တာလုံးလုံး သင်္ဘောနှင့်ကမ္ဘာပတ်မယ့် ခရီးစဉ်ကြီးတစ်ခုကို ကမ်းလှမ်းခဲ့ပါတယ်။
အမေရိကန်ရဲ့ အပျော်စီးသင်္ဘောကုမ္ပဏီ Villa Vie Residences က ရှေ့သို့ကျော်လွှား“Skip Forward” လို့ အမည်ပေးထားတဲ့ အဲဒီသင်္ဘောခရီးစဉ်မှာ ခရီးသည်တွေကို Villa Vie Odyssey သင်္ဘောကြီးနှင့် လိုက်ပါပြီး လေးနှစ်တာလုံးလုံး ကမ္ဘာပတ်ကြဖို့ဖြစ်ပါတယ်။ ဒါပေမယ့် ခရီးစဉ် ဈေးနှုန်းကတော့ အတော့်ကိုကြီးမားပါတယ်။ လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ တစ်သိန်းခြောက်သောင်းနီးပါး အတိ အကျဆိုရင်တော့ ဒေါ်လာ ၁၅၉.၉၉၉ ဖြစ်ပါတယ်။
သင်္ဘောကြီးဟာ ကမ္ဘာ့တိုက်ကြီး (၇)တိုက်က နိုင်ငံပေါင်း၁၄၀ကျော်မှာရှိတဲ့ ဆိပ်ကမ်းပေါင်း ၄၂၅ ခုကျော် မှာ ဆိုက်ကပ်မှာလို့ ဆိုပါတယ်။
သင်္ဘောပေါ်မှာ အစားအသောက်တွေအပြင် ညစာစားတဲ့အခါ ဘီယာနှင့်ဝိုင်ကိုလည်း အခမဲ့ တိုက်မှာ ဖြစ်ပါတယ်။ အဲဒီအပြင် အားကစားလေ့ကျင့်ခန်းနှင့် spa တွေကိုလည်း အသုံးပြုခွင့်ရှိပါတယ်။
အခမဲ့သုံး ဝိုင်ဖိုင်အင်တာနက်၊ ဆေးခန်း၊ တစ်ပတ်တစ်ကြိမ် အခန်းသန့်ရှင်းရေး၊ တစ်ပတ်နှစ်ကြိမ် အဝတ်လျှော်ဖွပ်ခြင်းတွေလည်းရရှိမယ်လို့ ကုမ္ပဏီကပြောပါတယ်။
သူတို့ရဲ့ ဒီခရီးစဉ်ဟာ အကယ်၍ အိစ်ဝိုင်ဇက်သာ ရွေးကောက်ပွဲနိုင်သွားရင် အမေရိကန်ကနေ ထွက်သွား မယ်ဆိုတဲ့သူတို့အတွက် ကွက်တိပါပဲ လို့ ကုမ္ပဏီ စီအီးအို မစ်ကယ်လ်ပက်တာဆန်က ပြောပါတယ်။
သင်္ဘောကြီးဟာ ခရီးသည် ၆၀၀ ဆန့်ပြီး ကမ္ဘာအနှံ့ခုတ်မောင်းခဲ့တာ ၁၅နှစ်ရှိပြီလို့သိရပါတယ်။
Source STT
၁၃ နိုဝင်ဘာ ၂၀၂၄
မြန်မာနိုင်ငံ မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် စစ်ပွဲများတွင် အမေရိကန်နိုင်ငံသားများနှင့် နိုင်ငံခြားသားများပါဝင် နေကြောင်း တယ်လီဂရပ်သတင်းစာက နိုဝင်ဘာ ၁၃ရက်တွင် ဖော်ထုတ်ရေးသားခဲ့ပါတယ်။
တယ်လီဂရပ်က အသက် ၂၄နှစ်အရွယ်ရှိ အမေရိကန်နိုင်ငံသား အာဇတ်ဆိုသူနှင့် တွေ့ဆုံမေးမြန်းရေးသားခဲ့ခြင်း ဖြစ်ပြီး သူသည် အမေရိကန်လေနှင့်စကားပြောသူဖြစ်ပြီး တော်လှန်ရေးကိုသဘောကျကြောင်းနှင့် မြန်မာပြည် မြောက်ပိုင်းသို့သွားရောက်ကာ အစိုးရဆန့်ကျင်ရေးအုပ်စုများနှင့်အတူ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက်သူဟာ အမေရိကန်မှာရှိတဲ့မိသားစုနှင့်အတူ နှစ်လခန့်နေထိုင်ပြီးနောက် အနောက်မြောက်ပိုင်းရှိ ချင်းပြည်နယ်သို့သွားရောက်ကာ ရှေ့တန်းမှပါဝင်တိုက်ခိုက်ခဲ့ကြောင်းနှင့်အထူးသဖြင့်သူသည် လက်ဖြောင့်ပစ်ခတ် မှုကျွမ်းကျင်ကြောင်းလည်း အဆိုပါသတင်းတွင်ရေးသားထားပါတယ်။
အာဇတ်ဆိုသည်မှာ သူ၏ အမည်ဝှက်ဖြစ်ပြီး သူသည် စစ်တိုက်ရသည်ကို စိတ်လှပ်ရှားတက်ကြွကြောင်း၊ အဲဒါကြောင့် ပဋိပက္ခနေရာများနှင့် စွန့်စားရသောခရီးသွားခြင်းများကို ရှာဖွေနေသူဖြစ်ကြောင်းလည်း သူက ပြောပါတယ်။
အာဇတ်မှာ မြန်မာနိုင်ငံအတွင်း ခိုးဝင်လာပြီး ဆန့်ကျင်ရေးအုပ်စုတွေနှင့်အတူ တိုက်ခိုက်နေတဲ့ နိုင်ငံခြားသား အနည်းအကျဉ်းထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ သူတို့ဟာ ယခုဆိုရင် ဖက်ဆစ်ဆန့်ကျင်ရေးနိုင်ငံတကာ တပ်ဦး the Anti-Fascist Internationalist Front (AIF) ဆိုတဲ့အမည်နှင့် အဖွဲ့ငယ်ကလေးတစ်ခု ပထမဆုံးဖွဲ့စည်း ထားပြီးပြီလို့လည်း တယ်လီဂရပ်သတင်းစာမှာဖော်ပြထားပါတယ်။
သူဟာ တရားဝင်စစ်သင်တန်းမတက်ဖူးပေမယ့် ဆီရီးယားနိုင်ငံမှာ ကဒ်လူမျိုးစုသူပုန်တွေနှင့်အတူ လေးနှစ်အထိ တိုက်ခဲ့ဖူးသည့် အတွေ့အကြုံရှိတယ်လို့သူကပြောပါတယ်။ ယူကရိန်း ဒါမှမဟုတ်ဆီးရီးယားနှင့်မတူတဲ့အချက်က မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေစ စနစ်တကျစုဆောင်းမှုမရှိသေးတော့ အရေအတွက်က နည်းသေးတယ်လို့ သူက ဆက်ပြောပါတယ်။သူက နိုင်ငံတကာစိတ်ဓာတ်တွေရှိတဲ့ နိုင်ငံခြာ့းသားတွေ ထပ်လိုချင်တယ်လို့ဆိုပါတယ်။
ကြာသပတေးနေ့က သူက ရန်ပုံငွေစရှာလိုက်တာ ၂၄နာရီအတွင်း ဒေါ်လာတစ်ထောင်ရလိုက်တယ်လို့လည်း တယ်လီဂရပ်ကသူကပြောပါတယ်။
Ref :Telegraph
အပြည့်အစုံဖတ်လိုသူများ-
https://www.telegraph.co.uk/world-news/2024/11/13/why-i-left-us-deep-south-to-fight-in-myanmar-civil-war/ တွင်ဖတ်ရှုနိုင်ပါတယ်။
ထရမ့်က အီလွန်မတ်စ်နှင့် ရာမာဆွာမိတို့ကို အမေရိကန်အစိုးရအုပ်ချုပ်မှုယန္တယားအား အကြီး အကျယ် ပြုပြင်ပြောင်းလဲမည့် အစိုးရစွမ်းရည်ဌာနအသစ်ကို ဦးဆောင်ရန်ခန့်အပ်
၁၃ နိုဝင်ဘာ ၂၀၂၄
ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က အီလွန်မတ်စ်နှင့် ရီပတ်ဘလီကန်သမ္မတလောင်းဖြစ်ခဲ့သူ ဗီဗက် ရာမာဆွာမိတို့ကို အစိုးရစွမ်းရည်ဌာနကို ဦးဆောင်ခိုင်းမယ်လို့ အင်္ဂါနေ့က ပြောပါတယ်။ အစိုးရစွမ်းရည် ဌာနဟာ အမည်ကတော့ အစိုးရဝန်ကြီးဌာနတစ်ခုနှင့်တူပေမယ့် အစိုးရဌာနတစ်ခုတော့မဟုတ်ပါဘူး။
အတိုကောက်အားဖြင့် “DOGE” လို့အမည်ပေးထားတဲ့ အဲဒီဌာနကို အီလွန်မတ်စ်နှင့် ရာမာဆွာမိတို့က အစိုးရရဲ့ အပြင်ဘက်ကနေ အလုပ်လုပ်ပေးလိမ့်မှာဖြစ်ပြီး အိမ်ဖြူတော်ကို လိုအပ်တဲ့ အကြံဉာဏ်တွေနှင့်ါ လမ်းညွှန်မှုတွေပြုသွားမယ်လို့ ထရမ့်ကပြောပါတယ်။
အိမ်ဖြူတော်က စီမံခန့်ခွဲရေးနှင့်ဘတ်ဂျက်ရုံးနှင့်အတူ သူတို့နှစ်ယောက်အတူတကွ အလုပ်လုပ်ကြမှာ ဖြစ်ပြီး ကြီးမားတဲ့ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးတွေလုပ်ဆောင်ကြမှာဖြစ်တယ်လို့ ထရမ့်က ဆက်ပြော ပါတယ်။တစ်ခါမှ မမြင်ဖူးတဲ့ အစိုးရတစ်ခုအဖြစ် စီးပွားရေးစွမ်းဆောင်ရည်ချည်းကပ်မှုဖြင့် ဖန်တီးမှာလို့ လည်းဆိုပါတယ်။ အဲသလိုပြောင်းလဲမှုက အစိုးရစနစ်တွေကို တုန်လှုပ်စေလိမ့်မယ်လို့လည်း ထရမ့်က ပြောပါတယ်။
“ အစိုးရစွမ်းဆောင်ရည်ဌာန။ ဒီမိုကရေစီကိုခြိမ်းခြောက်တာလား ။မဟုတ်ဘူး။ ဗျူရိုကရေစီကို ခြိမ်းခြောက်တာ” လို့ မတ်စ်က သူ့ရဲ့ X ပလက်ဖောင်းကနေ ပို့စ်ရေးတင်ပါတယ်။
“ အဲဒီပုဂ္ဂိုလ်နှစ်ဦးဟာ ကျွန်တော့်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ကို အစိုးရဗျူရိုကရေစီဖျက်သိမ်းဖို့ လမ်းပြခေါ်ဆောင်သွားလိမ့်မယ်။ ဥပဒေစည်းမျည်းအပိုတွေ ဖျက်ပစ်မယ်။ အလဟဿအသုံးတွေ ဖြတ်တောက်ပစ်မယ်။ ဖက်ဒရယ်ဝန်ကြီးဌာနတွေကို အသွင်ပြောင်းပစ်မယ်” လို့ သတင်းထုတ်ပြန် ချက်မှာ ပြောဆိုထားပါတယ်။
Source AP
၁၂ နိုဝင်ဘာ ၂၀၂၄
တရုတ်လေတပ်က တည်ထောင်ခြင်း ၇၅နှစ်ပြည့်ရောက်ရှိချိန်တွင် J-35A ကဲ့သို့သော တိုက်လေယာဉ် များဖြင့် ယင်းရဲ့လေတပ်ကို မြှင့်တင်အားဖြည့်နေတယ်လို့ တရုတ်မီဒီယာတွေက သတင်း ရေးသား ပါတယ်။
Source CCTV+
၉ နိုဝင်ဘာ ၂၀၂၄
ထိုင်းနိုင်ငံ ကမ္ဘာလှည့်ခရီးသွားရဲတွေက ဆမွီးကျွန်းမှာ ကမ္ဘာလှည့်ခရီးသွားတွေကို ဝန်ဆောင်မှုပေးနေတဲ့ အလှ ပြင်ဆရာနှင့် လက်သည်းခြေသည်းအလှပြင်သူ မြန်မာနိုင်ငံသားတော်တော်များများကို ဖမ်းဆီးလိုက်ပါတယ်။ ဘာဖြစ်လို့ဖမ်းဆီးရသလဲဆိုတော့ အဲဒီအလုပ်တွေဟာ ထိုင်းနိုင်ငံသားတွေပဲလုပ်ရမယ့် အလုပ်တွေလို့ သတ်မှတ် ထားလို့ဖြစ်ပါတယ်လို့ ဆိုပါတယ်။
ဆူရတ်သနီပြည်နယ် ခိုဆမွီးခရိိုင်က မာရက်အရပ်က လက်သည်းခြေသည်းအလှပြင်ဆိုင်တစ်ဆိုင်ကို နိုဝင်ဘာ ၈ ရက်က ဝင်ရောက်စစ်ဆေးစဉ် နိုင်ငံခြားခရီးသွားတွေကို ခြေသည်းလက်သည်းအလှပြင်ပေးနေတဲ့ နိုင်ငံခြားသား ငါးဦးကိုတွေ့ရှိဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲဒီ ၅ ဦးစလုံးဟာ မြန်မာနိုင်ငံကဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိတဲ့ငါးဦးဟာ မြန်မာနိုင်ငံက အမျိုးသမီး (၃)ဦးနှင့် အမျိုးသား (၂)ဦးတို့ဖြစ်ကြပါတယ်။ အသက် ၂၈ နှစ်အရွယ် ပွင့်၊ အသက် ၂၉နှစ်အရွယ် ဇဝါ၊ အသက် ၂၄နှစ်အရွယ်ခင်ဆိုတဲ့ အမျိုးသမီးတွေဖြစ်ပြီး အမျိုးသားနှစ် ဦးကတော့ အသက် ၂၂နှစ်အရွယ် မော် နှင့် အသက် ၂၉နှစ်အရွယ် ဝင်း တို့ဖြစ်ကြတယ်လို့သိရပါတယ်။
အဲဒီထဲက ဇဝါ၊ မော်တို့ဟာ တရားမဝင် ဝင်ရောက်မှုနှင့်ပါ ဖမ်းဆီးခံရတာဖြစ်ပါတယ်။
သူတို့အားလုံးကို ဘိုဖွတ်ရဲဌာနသို့ ခေါ်ဆောင်သွားပါတယ်။
ယခုတစ်ပတ်ထဲမှာ ကမ္ဘာလှည့်ခရီးသွားရဲတွေ၊ လူဝင်မှုကြီးကြပ်ရေးရဲတွေနှင့် ဒေသအလိုက် ရဲတပ်ဖွဲ့တွေဟာ ထိုင်းရဲချုပ် ရဲဗိုလ်ချုပ်ကြီး ကစ်ရက်ပန်ဖက်ထံမှ ကဏ္ဍ(၁၀)ခုထဲပါဝင်နေတဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေနှင့် တရားမဝင်အလုပ်သမားတွေကို နှိမ်နှင်းဖို့ အမိန့်ရရှိခဲ့ကြပါတယ်။
အဲဒီ ကဏ္ဍ (၁၀)ခုကတော့
၁။ ခရီးသွားလုပ်ငန်းနှင့် ဧည့်လမ်းညွှန်ဥပဒေကိုချိုးဖောက်တဲ့ အရည်အသွေးနိမ့် ခရီးသွားလုပ်ငန်း
၂။ အရည်အသွေးမမီပစ္စည်းတွေနှင့် ဝန်ဆောင်မှုတွေကို ဈေးကြီးကြီးနှင့် လိမ်ညာရောင်းချတဲ့လုပ်ငန်း
၃။ ယာဉ်နှင့်ဆက်စပ်ဆောင်ရွက်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေကိုခေါင်းပုံဖြတ်တဲ့လုပ်ငန်း
၄။ တရားမဝင်ဖျော်ဖြေရေးလုပ်ငန်း
၅။ ယာဉ်ကြောစီမံခန့်ခွဲတဲ့လုပ်ငန်း
၆။ ကမ္ဘာလှည့်ခရီးသွား နေရာတွေမှာ မူးယစ်ဆေးဝါးရောင်းချခြင်းလုပ်ငန်း
၇။ နယ်စပ်ဖြတ်ကျော်မှုခင်းများနှင့်တရားမဝင်ဝင်ရောက်ခြင်း
၈။ မတော်တဆထိခိုက်မှုနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအန္တရာယ်ကင်းရှင်းရေး စံနှုန်းများ
၉။ ကမ္ဘာလှည့်တွေအပေါ် ထိခိုက်တဲ့ မှုခင်းကြီးများ
၁၀။ ကမ္ဘာလှည့်ခရီးသွားနေရာတွေမှာ လူသိများပုဂ္ဂိုလ်တွေက လက်နက်တွေကိုင်ဆောင်ခြင်း
#ymg/knl
Page 7 of 207