၂၆ ဖေဖော်ဝါရီ ၂၀၂၄
၂၀၀၀၀ကျပ်တန်နှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများတွင် ကောလာဟလသတင်းများ ထုတ်လွှင့်နေမှု များ၊ PDFများက ကလေးတက္ကသိုလ်သို့ ဝင်ရောက်၍ ဆရာ၊ဆရာမများ၊ ရုံးဝန်ထမ်းများနှင့် ကျောင်းသားကျောင်း သူများအား အကြမ်းဖက်ဖမ်းဆီးခဲ့သည့် အခြေအနေများနှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်း ဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဖေဖော်ဝါရီ၂၆ ရက်တွင်ရှင်းလင်းပြောကြားခဲ့ပါတယ်။
အဆိုပါပြောကြားချက်အပြည့်အစုံကိုပြန်လည်ဖော်ပြပေးပါတယ်။
@ymg/knl
၂၆ ဖေဖော်ဝါရီ ၂၀၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးတက္ကသိုလ်သို့ ယနေ့ ဖေဖော်ဝါရီ ၂၆ရက် နံနက် ၇ နာရီခွဲခန့်တွင် PDF များရောက်ရှိလာပြီး ဆရာ/ဆရာမများ၊ကျောင်းသားကျောင်းသူများနှင့်ရုံးဝန်ထမ်းများအားဖမ်းဆီးထားတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့များက အချိန်မီသွားရောက်ကယ်ထုတ်ခဲ့ရာ ၂၈၅ ဦးကို အချိန်မီကယ်ဆယ်နိုင်ခဲ့သော် လည်း အချို့ ကို PDF များက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ နစကရဲ့ သတင်းထုတ်ပြန် ချက်အရသိရပါတယ်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၆ရက် နံနက် ၇ နာရီခွဲခန့်တွင် PDF ၁၃၀ ဦးခန့်က ကလေး တက္ကသိုလ်အတွင်းသို့ တောင်ဘက်မှဝင်ရောက်၍ ရူပဗေဒနှင့်သတ္တဗေဒစာသင်ဆောင်တွင် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ရုံးဝန်ထမ်းများကို ဖမ်းဆီးထားရှိကြောင်း တာဝန်သိဝန်ထမ်းများ၏ သတင်းပေးပို့ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ကယ်ထုတ်ခဲ့တာဖြစ်ပါတယ်။
ထိုသို့ကယ်ထုတ်စဉ် PDFအကြမ်းဖက်သမားများနှင့် အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး တက္ကသိုလ်၏ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်သို့ PDF များက ဆုတ်ခွာသွားရင်း အချို့သော ဝန်ထမ်း၊ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူတို့အား ဓားစာခံအဖြစ် ဖမ်းဆီးခေါ် ဆောင်သွားကြောင်း သိရှိရပါတယ်။အရေအတွက် စိစစ်ဆဲဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ယင်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံ သွားခဲ့ရတဲ့သူတွေကို ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ဆုံး ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ က အပူတပြင်းရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိတယ်လို့လည်း သတင်းအရ သိရပါတယ်။
ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များထိခိုက်မှုမရှိဘဲ PDF အလောင်းအချို့၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။
ယခုကဲ့သို့စစ်ရေးနှင့်သက်ဆိုင်သောပစ်မှတ်များမဟုတ်ဘဲ ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် ဆရာ/ဆရာမ များ၊ကျောင်းသား/သူများ၊ မိသားစုဝင်များနှင့် ရုံးဝန်ထမ်းကို အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရည်ရွယ် ချက်အတွက် အသုံးပြုထားခြင်း မရှိသော စစ်ဘက်ပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းအားရည်ရွယ်ချက် ရှိစွာဖြင့် အကာအကွယ်ယူတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်ပြီး အဆိုပါရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ်ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ် လို့လည်းသတင်းထုတ်ပြန်ထားပါတယ်။
@ymg/knl
၂၅ ဖေဖော်ဝါရီ ၂၀၂၄
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO ကို ကမ္ဘာကြီးတည်ငြိမ်မှုဖော်ဆောင်တဲ့ နေရာတစ်ခုဖြစ်အောင် ဖန်တီးတည် ဆောက်ကြဖရာမှ အဖွဲ့ဝင်တွေပူးပေါင်းဆောင်ရွက်ကြဖို့တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ က ပြောကြားခဲ့ပါတယ်။ကြာသပတေးနေ့က ဘေဂျင်းမြို့တော်မှာကျင်းပတဲ့ SCO အတွင်းရေးမှူးချုပ်ရုံး နှစ်(၂၀)ပြည့်အခမ်း အနားကိုတက်ရောက်ရင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
Source CCTV+
၂၅ ဖေဖော်ဝါရီ ၂၀၂၄
ထောင်ပေါင်းများစွာသော အလုပ်သင်ဆရာဝန်တွေဟာ အစိုးရရဲ့ လူသစ်စုဆောင်းခြင်းအစီအစဉ်အပေါ် ကန့်ကွက်ဆန္ဒပြနေ ကြတဲ့အတွက် တောင်ကိုရီးယားအစိုးရဟာ ဖေဖော်ဝါရီ ၂၄ရက်သောကြာနေ့မှာ အများပြည်သူ့ကျန်းမာရေးပြင်းထန်အခြေ အနေအဖြစ် အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်လိုက်ရပါတယ်။ တောင်ကိုးရီးယားနိုင်ငံရဲ့ အလုပ်သင်ဆရာဝန် ၁၃,၀၀၀ ထဲက ၉၃၀၀နီးပါးဟာ လက်ရှိ ဆန္ဒပြနေကြပါတယ်။ အစိုးရက ဆေး ကျောင်းတွေမှာ ကျောင်းသူကျောင်းသားတွေ ပိုလက်ခံဖို့ ဆုံးဖြတ်ခဲ့တာကို မကျေနပ်ကြတာပါ။ ဆန္ဒပြမှုတွေဟာ တောင်ကိုရီးယားတစ်နိုင်ငံလုံးမှာရှိတဲ့ ဆေးရုံ ၁၀၀ခန့်ကို ထိခိုက်သွားစေခဲ့ပါတယ်။ Source CCTV+
၂၄ ဖေဖော်ဝါရီ ၂၀၂၄
သူရမချစ်ပိုသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော သူရဘွဲ့ရအမျိုးသမီးတစ်ဦးအဖြစ်ဂုဏ်ယူဖွယ် မော်ကွန်းတင် နိုင်ခဲ့ပြီး စစ်အင်ဂျင်နီယာတပ်ဖွဲ့၏ ဂုဏ်ကိုမြှင့်တင်နိုင်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စိန်ရတု စစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့အခမ်းအနားတွင် ဂုဏ်ပြုပြောကြားခဲ့ပါတယ်။
၇၅)နှစ်မြောက် စိန်ရတုစစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့အခမ်းအနားကို ဖေဖော်ဝါရီ (၂၄)ရက်က နေပြည်တော်၊ စစ်ကြောရေးနှင့်တည်ခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာမှာ ယင်းကို ထုတ်ဖော်ပြောကြားခဲ့ တာဖြစ်ပါတယ်။
၁၉၄၉ခုနှစ် ဖေဖော်ဝါရီ ၂၁ရက်နေ့တွင် KNDO သောင်းကျန်းသူများကမေမြို့ (ယခု ပြင်ဦးလွင်မြို့ )ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ကြရာ အဆိုပါသောင်းကျန်းသူများကို လေ့ကျင့်ရေးအင်ဂျင်နီယာတပ်ရင်းမှ တပ်ကြပ်လှမောင်၏ ဇနီး မချစ်ပိုသည် ယင်းတပ်ရင်းမှ အရာရှိ စစ်သည်များနှင့်အတူ ရဲဝံ့စွာဖြင့် KNDO ကို ပြန်လည်တိုက်ခိုက်တိုက်ပွဲဝင်ခဲ့ သူဖြစ်ပါတယ်။ အဲဒါကြောင့် ဖေဖော်ဝါရီ (၂၄)ရက်နေ့တွင် မေမြို့ကို ပြန်လည်သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။
“ အဆိုပါတိုက်ပွဲတွင် လေ့ကျင့်ရေးအင်ဂျင်နီယာတပ်ရင်းမှ တပ်ကြပ်လှမောင်၏ဇနီး မချစ်ပို၏ ရဲစွမ်းသတ္တိသည် သမိုင်းတွင် မော်ကွန်းရေးထိုးနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မချစ်ပိုသည် စစ်သားဇနီးပီသစွာနှင့် အရေးကြုံ လာချိန်တွင် အာဇာနည်သူရဲကောင်း စိတ်ဓာတ်နှင့် မိမိအသက်ကို မငဲ့ကွက်ဘဲ တိုင်းပြည်အတွက် စွန့်လွှတ် စွန့်စားတိုက်ပွဲဝင်ခဲ့သူတစ်ဦးပင်ဖြစ်တယ်” လို့ ဗိုလ်ချုပ်မှူးကြီးက သူရမချစ်ပိုကို ဂုဏ်ပြုချီးကျူးပြောဆိုခဲ့ပါတယ်။
“မချစ်ပိုသည် သောင်းကျန်းသူများကိုတိုက်ခိုက်ရင်း ၁၉၄၉ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် သောင်းကျန်းသူများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရပြီး သူရဲကောင်းပီသစွာဖြင့် တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရကြောင်း၊ ထိုသို့ မချစ်ပို၏ သူရဲကောင်းပီသမှုနှင့် ရဲစွမ်းသတ္တိပြည့်ဝမှုများကို ၁၉၅၀ ပြည့်နှစ်မှာ နိုင်ငံတော်က သူရဘွဲ့ပေးအပ်ပြီး အသိအမှတ်ပြုချီးမြှင့်ခဲ့ခြင်းကြောင်း” ဗိုလ်ချုပ်မှူးကြီးက အမှတ်တရပြောဆိုပါတယ်။
ထိုသို့ထူးချွန်ပြောင်မြောက်စွာဖြင့် ရဲစွမ်းသတ္တိပြသနိုင်ခဲ့သည့် စစ်အင်ဂျင်နီယာတပ်ဖွဲ့ကို ဂုဏ်ပြုသည့်အနေနဲ့ ပြင်ဦးလွင်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် ၁၉၄၉ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်ကို စစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့ အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလကတည်းက တပ်မတော်၏ လက်ရုံးဝန်ထမ်း တပ်ဖွဲ့တစ်ခုအဖြစ်ပါဝင်ခဲ့ သည့် စစ်အင်ဂျင်နီယာတပ်ဖွဲ့သည် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့်အင်ဂျင်နီယာဆိုင်ရာ နည်းပညာများကို ကြိုးစားလေ့လာပြီး စွမ်းရည်ထက်မြက်သည့်တပ်ဖွဲ့တစ်ခုဖြစ်အောင် ကြိုးစားတည်ဆောင်ကြဖို့ လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်မှာကြားပါတယ်။
စစ်အင်ဂျင်နီယာတပ်ဖွဲ့၏သမိုင်းကြောင်းကို လေ့လာကြည့်ပါက ၁၉၃၇ ခုနှစ်တွင် အိန္ဒိယပြည် Madras Sapper Miners တပ်မှ ခွဲထွက်ပြီး Burma Sapper Miners တပ်အဖြစ် စတင်သန္ဓေတည်ပေါ်ပေါက်လာသည်ကို တွေ့ရှိရပြီး လွတ်လပ်ရေးကြိုးပမ်းမှုကာလ အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့သည့် မြန်မာ့တပ်မတော်တွင်လည်း စစ်အင်ဂျင်နီ ယာတပ်ဖွဲ့သည် လက်ရုံးဝန်ထမ်းတပ်ဖွဲ့တစ်ခုအဖြစ်ပါဝင်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။
စစ်အင်ဂျင်နီယာတပ်ဖွဲ့သည် စစ်ကျန်မြေမြှုပ်မိုင်းများ ရှင်းလင်းရေးလုပ်ငန်းများနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းရေး (HumanitarianDemining)လုပ်ငန်းများကို ဆောင်ရွက်နေပြီး အထူး မိုင်းရှင်းလင်းရေးအဖွဲ့ (EOD Squad) များကို စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းများတွင် ဖွဲ့စည်းထားရှိကာ မြို့တွင်း မိုင်းရှင်းလင်းရေး လုပ်ငန်းများနှင့် စစ်ကျန်မကွဲဗုံးသီးများ ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယင်းအပြင် စစ်အင်ဂျင်နီယာတပ်ဖွဲ့အနေဖြင့်သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများတွင် အင်ဂျင်နီယာပိုင်းဆိုင်ရာ နည်းပညာများ၊ အတတ်ပညာများ၊ စက်၊ယာဉ်၊ ယန္တရားများနှင့် အင်တိုက်အားတိုက်ပါဝင်ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်းလည်းသိရှိရပါတယ်။
အခမ်းအနားသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ နစကဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ် ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အငြိမ်းစားစစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူတွေတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
@ymg/knl
၂၄ ဖေဖော်ဝါရီ ၂၀၂၄
မြန်မာစစ်အစိုးရကိုဆန့်ကျင်နေသည့် ထိုင်းနိုင်ငံအတွင်းရှိ လှုပ်ရှားမှုများကို စောင့်ကြည့်နေပြီး ယင်းသည် ထိန်းချုပ်နိုင်သည့်အဆင့်မှာရှိနေကြောင်းနှင့် ယင်းကဲ့သို့သော လှုပ်ရှားဆောင်ရွက်မှုများကို အခြားသောမြန်မာ ရွှေ့ပြောင်းဝင်ရောက်လာသူများနှင့် ကွဲပြားခြားနားစွာဆက်ဆံသင့်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ဆူတင် ကလန်ဆန်း Sutin Klungsang က ယနေ့ ဖေဖော်ဝါရီ ၂၄ရက် သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
“လတ်တလောအခြေအနေမှာ ဘာတစ်ခုမှ ထူးထူးခြားခြားစိတ်ပူပန်စရာမရှိပါဘူး” လို့ ဆူတင်က ပြောလိုက်ပြီး ထိုင်းနိုင်ငံကို ထွက်ပြေးလာကြတဲ့ မြန်မာရွာသူရွာသားတွေ အရေအတွက်ဟာ သိပ်မများသေးပါဘဲ သူတို့ဟာ သိပ်မကြာခင် အိမ်ကိုပြန်သွားကြလိမ့်မယ်လို့ မျှော်လင့်ထားကြောင်းလည်း သူကပြောပါတယ်။
ထိုင်းနိုင်ငံမှာ အကြာကြီးနေဖို့ ရွှေ့ပြောင်းလာသူတွေပဲ ဆက်နေထိုင်ရလိမ့်မယ် လို့ သူကပြောပါတယ်။ မြန်မာ စစ်အစိုးရက မကြာသေးမီက ကြေညာခဲ့တဲ့ အမျိုးသား အမျိုးသမီး လူငယ်လူရွယ်တွေအတွက် မဖြစ်မနေ စစ်မှုထမ်းရမယ့် ကြေညာချက်ကြောင့် လူတွေတစ်ပြုံတစ်မကြီး ဝင်ရောက်လာကြမယ့် အရိပ်လက္ခဏာမတွေ့ရ ဘူးလို့လည်း သူကဖြည့်စွက်ပြောကြားပါတယ်။
သောကြာနေ့က မစ္စတာဆူတင်ဟာ မဲဆောက်နယ်စပ် တက်ခ်ခရိုင်က ဘန်မယ်ကွန်ကန် ရှေ့တန်းကင်းစခန်းသို့ လာရောက်စဉ် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
စခန်းတာဝန်ကျစစ်သားတွေအနေနှင့် နယ်စပ်လုံခြုံရေးအသေအချာထမ်းဆောင်ဖို့သာမကဘဲ မူးယစ်ဆေးဝါး မှောင်ခိုတာလို့ အခြားသော နယ်စပ်ဖြတ်ကျော်မှုခင်းပုံစံတွေကိုလည်း ဖြေရှင်းဖို့လိုတယ်လို့ သူက မှာကြားပါတယ်။
“ ထိုင်းအစိုးရနှင့် လုံခြုံရေးတာဝန်ရှိသူတွေဟာ ထိုင်းမြေထဲမှာ မြန်မာအစိုးရကိုတိုက်ခိုက်ဖို့ ရန်ပုံငွေရှာနေကြတဲ့ အုပ်စုတွေရဲ့ လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်။လက်ရှိမှာ အဲဒါတွေဟာ သိသာထင်ရှားတဲ့ ခြိမ်းခြောက်မှု ဒါမှမဟုတ် စိတ်ပူပန်စရာအဆင့် မရှိသေးပါဘူး” လို့ သူကပြောပါတယ်။
အခြေအနေတွေက ထိန်းချုပ်လို့ရနေပါတယ်လို့ သူကပြောပြီး ရွှေ့ပြောင်းအလုပ်သမားတွေအားလုံးဟာ မြန်မာ အစိုးရကို ဆန့်ကျင်နေကြသူတွေလို့ ဘယ်တော့မှ မယူဆမိလိုက်ဖို့ အရေးကြီးတယ်လို့လည်း သူကဖြည့်စွက် ပြောပါတယ်။ အဲသလိုယူဆရင် သူတို့အပေါ် အခြေအမြစ်မရှိဘဲ ဆက်ဆံမိသွားကြလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။
ထိုင်းအစိုးရအနေနှင့် အရေးယူဆောင်ရွက်ဖို့လိုအပ်လာခဲ့ရင် အဲဒီအုပ်စုတွေတွေကိစ္စဖြေရှင်းဖို့ သီးခြား ယန္တယားတစ်ခု ထားရှိပြီးဖြစ်တယ်လို့လည်း ထိုင်းကာကွယ်ရေးဝန်ကြီးကပြောပါတယ်။
Source: Bangkok Post
@ymg/knl
၂၃ ဖေဖော်ဝါရီ ၂၀၂၄
တာချိတ်လိတ်မြို့နှင့် ရန်ကုန်မြို့တို့တွင် အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုဆိုင်ရာ ဖမ်းဆီးရမိခဲ့မှုအခြေအနေများ နှင့် AA သောင်းကျန်းသူများမှ မမှန်သတင်းများ ထုတ်လွှင့်နေမှုများကို နစကသတင်းထုတ် ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါပြောကြားချက်အပြည့်အစုံကိုဖော်ကပြပေးအပ်ပါသည်။
@ymg/knl
Page 59 of 223