၂၄ နိုဝင်ဘာ ၂၀၂၃
-လွိုင်ကော်တက္ကသိုလ်မှဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် မိသားစုဝင်များထဲမှ(၁၀၃)ဦး တောင်ကြီးသို့ ပြန် လည် ရောက်ရှိလာမှုအခြေအနေ၊
-ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းဈေးတွင် မီးလောင်မှုဖြစ်စဉ် ဖြစ်ပွားမှုအခြေအနေ
-၂၄-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ
-နိုင်ငံနေရာအနှံ့ကောလာဟလသတင်းများထုတ်လွှင့်နေမှုအခြေအနေများ
နှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားရှင်းလင်းခဲ့ပါတယ်။
ပြောကြားချက်အပြည့်အစုံကိုပြန်လည်ဖော်ပြပေးပါတယ်။
-ymg/knl
၂၃ နိုဝင်ဘာ ၂၀၂၃
မူဆယ်မြို့နယ်၊ ကောင်းခံကျေးရွာအနီးရှိ Seven ဟွာကျင့် ကုန်တင်ကုန်ချကားကြီးဝင်း MNDAA နှင့် TNLA ပူးပေါင်း အကြမ်းဖက်သမားများမှ ကားများအပေါ် Drop ဗုံးများဖြင့် တိုက်ခိုက်ခဲ့မှု၊၂၃-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ရခိုင်ပြည်နယ်တို့တွင်ထိတွေ့တိုက်ပွဲများဖြစ်ပွားမှု၊ကောလာဟလမျိုးစုံထုတ်လွှင့်နေမှုများနှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားရှင်းလင်းခဲ့ပါတယ်။
အဆိုပါပြောကြားချက် အပြည့်အစုံကို ပြန်လည်ဖော်ပြအပ်ပါတယ်။
-ymg/knl
၂၂ နိုဝင်ဘာ ၂၀၂၃
နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား သက်ဆိုင်ရာနိုင်ငံများသို ပြန်လည် လွှဲပြောင်းပေးမှုများ ၊နယ်စပ် ဒေသ တွင် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ကောလာဟလဝါဒဖြန့် သတင်းတု၊ သတင်း အမှားများ ထုတ်လွှင့်နေမှုများ၊
၂၂-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများကို နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
၂၂ နိုဝင်ဘာ ၂၀၂၃
အစ္စရေးနှင့်ဟားမာ့စ်တို့ဟာ ကာတာနိုင်ငံရဲ့ကြားဝင်စေ့စပ်ပေးမှုကြောင့် ဂါဇာကမ်းမြောင်မှာ အပစ်အခတ်ရပ်စဲဖို့ နိုဝင်ဘာ ၂၂ ရက် ဗုဒ္ဓဟူးနေ့က သဘောတူလိုက်ကြပြီဖြစ်ပါတယ်။
သဘောတူညီချက်အရ ဟာမာ့စ်တို့က ဓားစာခံများကိုလွှတ်ပေးမှာဖြစ်ပြီး အစ္စရေးဘက်ကလည်း ပါလက်စတိုင်း အကျဉ်းသားတွေကို လွှတ်ပေးမှာဖြစ်ပါတယ်။ အဲဒီအပြင်သိမ်းပိုင်ထားတဲ့ နယ်မြေတွေမှာလည်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပိုပေးဖို့ ခွင့်ပြုမှာဖြစ်ပါတယ်လို့ အစ္စရေး အစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source CCTV+
၂၁ နိုဝင်ဘာ ၂၀၂၃
မြန်မာနိုင်ငံအစိုးရအနေဖြင့် ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်းနယ်စပ်ဒေသတွင် တရားဥပဒေစိုးမိုးရေး ဆောင်ရွက် နေမှု၊ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း)မြန်မာအမျိုးသားရေး ကွန်ရက်မှ ဆန္ဒပြမှုများနှင့်ပတ်သက်သည့်ကိစ္စ၊ လွိုင်ကော်တက္ကသိုလ်မှ ဆရာ၊ဆရာမများအား အကြမ်းဖက်အဖွဲ့များမှ ဖမ်းဆီးထိန်းသိမ်းထားသော အခြေအနေ၊၂၁-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်း တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခဲ့ပါတယ်။
အဆိုပါရှင်းလင်းပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးပါတယ်။
၂၁ နိုဝင်ဘာ ၂၀၂၃
အစ္စရေးနှင့်ယာယီစစ်ပြေငြိမ်းရေးသဘောတူညီချက်တစ်ခုသည် နီးကပ်လာနေပြီဟု ဟားမာ့စ်ခေါင်းဆောင် အစ္စမေးလ်ဟန်နီယတ်က အင်္ဂါနေ့ နိုဝင်ဘာ ၂၁ ရက်ကတယ်လီဂရမ်မှာ သတင်းထုတ်ပြန်ချက်တင်ခဲ့ပါတယ်။
“ ယာယီစစ်ပြေငြိမ်းဖို့ အပေးအယူတစ်ခု ရရှိဖို့နီးစပ်နေပြီ” လို့ ဟန်နီယတ်က ပို့စ်ထဲမှာ ပြောခဲ့ပါတယ်။
အောက်တိုဘာ ၂၇ ရက်က အစ္စရေးရဲ့သမိုင်းမှာ ကို ကြောက်ဖက်ဖွယ် တိုက်ခိုက်ခံရမှုအတွင်းဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံ ၂၄၀နီးပါးကို ပြန်လွှတ်ပေးမယ့် အပေးအယူတစ်ခုကို စေ့စပ်ညှိနှိုင်းသူတွေက ကြိုးစားနေကြ ပါတယ်။
ဟားမာ့စ်တိုက်ခိုက်ရေးသမားတွေဟာ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေအတွင်း အရပ်သားအများစုပါတဲ့ လူပေါင်း ၁၂၀၀ခန့်ကို သတ်ခဲ့ကြပါတယ်။
အဲဒီတိုက်ခိုက်မှုအတွက် အစ္စရေးက မရပ်နားဗုံးတွေကြဲပြီး မြေပြင်ထိုးစစ်တွေလည်း ဆင်နွှဲခဲ့ကြကာ ပြန်လည် လက်စားချေခဲ့ပါတယ်။ ဟားမာ့စ်ကိုဖျက်ဆီးပစ်ပြီး ဓားစာခံတွေလွတ်မြောက်ဖို့ အစ္စရေးက သန္နိဋ္ဌာန်ချထားတာ ဖြစ်ပါတယ်။
ဂါဇာက ဟားမာ့စ်အစိုးရရဲ့အဆိုအရ နှစ်ဘက်စလုံးမှာ လူပေါင်း ၁၃.၃၀၀ခန့်သေဆုံးခဲ့ရပါတယ်လို့သိရပါတယ်။ အဲဒီထဲမှာကလေးတွေ ထောင်ပေါင်းများစွာပါဝင်ပါတယ်။
ဟာမားရဲ့နိုင်ငံရေးရုံးရှိပြီး ဟန်နီယတ်အခြေပြုတဲ့နေရာမှာ ကာတာနိုင်ငံရဲ့ ထက်သန်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ဆောင်ရွက်နေဆဲလည်းဖြစ်ပါတယ်။
ဓားစာခံတွေလွှတ်ပေးပြီး အပြန်အလှန်အားဖြင့် ယာယီစစ်ပြေငြိမ်းဖို့ကိစ္စဟာ လက်တွေ့ပြဿနာအသေးအဖွဲ ကလေးတွေပဲ ဆွေးနွေးဖို့ရှိတော့တယ်လို့ ကာတာဝန်ကြီးချုပ်က တနင်္ဂနွေနေ့တုန်းကပြောထားပါတယ်။
တနင်္လာနေ့တုန်းလည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သူ့အနေနှင့် ဓားစာခံတွေလွတ်မြောက်ရေးအပေးအယူ ကိစ္စအတော်နီးစပ်နေပြီလို့ယုံကြည်တယ်လို့ပြောခဲ့ပါတယ်။
အေအက်ဖ်ပီသတင်းဌာနကို ဆွေးနွေးမှုတွေနှင့်နီးစပ်တဲ့ သတင်းအရင်းအမြစ်နှစ်ခုက ပြောကြားရာမှာ အဲဒီ အပေးအယူကိစ္စမှာ ငါးရက်ကြာ ယာယီစစ်ပြေငြိမ်းရေးပါဝင်တယ်လို့ဆိုပါတယ်။ အဲဒီအထဲမှာမြေပြင်တွင် အပစ်အခတ်ရပ်ပြီး ဂါဇာတောင်ပိုင်းတွင် အစ္စရေးရဲ့လေကြောင်း စစ်ဆင်ရေးတွေ ကန့်သတ်ဖို့လည်းပါဝင်ပါတယ်လို့ သိရပါတယ်။
အပြန်အလှန်အားဖြင့် ဟားမာ့စ်နှင့် အစ္စလမ်မစ်ဂျီဟတ်တို့ဖမ်းထားတဲ့ အကျဉ်းသား ၅၀ ဦးနှင့် ၁၀၀ကြားအတွင်း ပြန်လွှန်ပေးဖို့ဖြစ်ပါတယ်။ လွှတ်ပေးသူတွေအထဲမှာ အစ္စရေးအရပ်သားတွေနှင့် အခြားနိုင်ငံသား အကျဉ်းသားတွေ ပါဝင်ပြီး စစ်သားတွေမပါဘူးလို့ဆိုပါတယ်။
အဆိုပြုသဘောတူညီချက်အရ အစ္စရေးအကျဉ်းထောင်ထဲက ပါလက်စတိုင်း၃၀၀ခန့်ကိုလည်း လွှတ်ပေးရပါမယ်။ သူတို့ဟာ အမျိုးသမီးများနှင့်ကလေးသူငယ်အများစုဖြစ်ပါတယ်။အိမ်ဖြူတော်က စေ့စပ်ညှိနှိုင်းမှုတွေဟာ အဆုံးသတ်နေပြီလို့ပြောပြီး အောင်မြင်တဲ့ရလာဒ်ကို ထိခိုက်နိုင်လို့ အသေးစိတ်ပြောဖို့ငြင်းဆန်ပါတယ်။
Source NDTV
၂၀ နိုဝင်ဘာ ၂၀၂၃
နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားများအား တရုတ်နိုင်ငံသို့ ထပ်မံလွှဲပြောင်း ပေးမှုအခြေအနေများ၊၂၀-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားမှုအခြေအနေများနှင့် နိုင်ငံတော်၏လက်ရှိဖြစ်ပေါ် နေသောအခြေအနေအရပ်ရပ်များအပေါ် ကောလာဟလသတင်းများ အချိန်ကိုက် ထုတ်လွှင့်နေမှုများနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးအပ်ပါတယ်။
Ymg/knl
Page 49 of 193