၂၆ ဇူလိုင် ၂၀၂၄
တိုင်းရင်းသားပြည်သူလူထုကို ကာကွယ်သည့် ကာကွယ်စစ်သည် မုချမအာင်ရမည်သာဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုပ်သံဖြင့်ပြောကြားရာမှာ ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောကြားချက်အပြည့်အစုံကို ဖော်ပြပေးအပ်ပါတယ်။
@ymg/knl
၂၆ ဇူလိုင် ၂၀၂၄
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ မြောက်ပိုင်းရဲ့အခြေအနေကို အနီးကပ်အာရုံစိုက်ထားပြီး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် ဆက်လက်တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။ ကြာသပတေးနေ့ ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ရှမ်းမြောက်အခြေအနေနှင့်ပတ်သက်လို့တုန့်ပြန်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
Source CCT
၂၅ ဇူလိုင် ၂၀၂၄
မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်ဖောက်ကားမှုနှင်သံသယရှိနေတဲ့ တရုတ်နိုင်ငံသား (၃)ဦးကို မြန်မာနိုင်ငံက တရုတ်နိုင်ငံဘက်သို့ ဇူလိုင် ၂၄ရက်က လွှဲပြောင်းပေးလိုက်တယ်တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကပြောပါတယ်။
မြန်မာနိုင်ငံထဲ မြောက်ပိုင်းမှာ နှစ်ကာလရှည်ကြာ အခြေချနေထိုင်ခဲ့တဲ့ အဲဒီတရုတ်နိုင်ငံသား (၃)ဦးဟာ တရုတ်နိုင်ငံသို့ မူးယစ်ဆေးဝါး နှစ်ထောင် ကီလိုဂရမ်ကျော် မှောင်ခိုတင်ပို့ခဲ့တယ်လို့ ပြောပါတယ်။
Source CCTV+
၂၄ ဇူလိုင် ၂၀၂၄
မြန်မာနစကကိုယ်စားလှယ်အဖြစ် လာအိုနိုင်ငံ မြို့တော်ဗီယင်ကျန်းမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်ဖို့ရောက်ရှိနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်ကျော်မိုးကို အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာကာအိုကင်မ်ဟိုအန်က ယနေ့ ဇူလိုင် ၂၄ ရက်က တွေ့ဆုံပြီး မြန်မာနှင့်အာဆီယံအကြား နှစ်ဘက်ဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့ပါတယ်။ နှစ်ဘက်ဟာ အာဆီယံက လက်ရှိ ဆောင်ရွက်နေတဲ့ လူ့အသိုက်အဝန်းတည်ဆောက်ရေးကြိုးပမ်းအားထုတ်မှုတွေနှင့်ဆက်စပ်တဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြ တယ်လို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
@ymg/knl
၂၃ ဇူလိုင် ၂၀၂၄
ယခုတစ်ပတ်ထဲ လာအိုနိုင်ငံမှာကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာနစက အစိုးရက အကြီး တန်းအရာရှိတစ်ဦးကို စေလွှတ်မယ်လို့ သံတမန်သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ကျုတိုသတင်းဌာနက သတင်းဖော် ပြလိုက်ပါတယ်။
ဒါဟာ မြန်မာနစကအစိုးရရဲ့ အကြီးတန်းအရာရှိတစ်ဦးအနေနှင့် လာအိုမှာကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ တတိယ အကြိမ်မြောက်ဆက်တိုက်တက်ရောက်ခြင်းဖြစ်ပါတယ်။
@ymg/knl
၂၃ ဇူလိုင် ၂၀၂၄
နစက ဥက္ကဋ္ဌထံသို့ ယာယီသမ္မတ၏ တာဝန်ဝတ္တရားများလွှဲပြောင်းပေးခြင်းဟာ အခြေခံဥပဒေနှင့်ညီညွတ်တယ်လို့ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားလိုက်ပါတယ်။
၂၃ ဇူလိုင် ၂၀၂၄
ရုရှားနိုင်ငံရဲ့ ငွေချေစနစ် ဖြစ်တဲ့ Mir ကို မြန်မာနိုင်ငံမှာ အကန့်အသတ်နှင့်စတင်အသုံးပြုနေပြီလို့ မြန်မာနိုင်ငံအခြေစိုက်ရုရှား သံရုံးရဲ့ပြောကြားချက်ကိုကိုးကားပြီး TASS သတင်းဌာနကရေးသားပါတယ်။
မြန်မာနိုင်ငံမှာ အချို့သောစားသောက်ဆိုင်တွေနှင့် ဈေးဝယ်စင်တာတွေမှာရုရှားငွေချေကတ် Mir ကို အကန့်အသတ်နှင့် စတင် အသုံးပြုနေတာဖြစ်တယ်လို့ ရုရှားသံရုံးကပြောပါတယ်။
“ယခုလောလောဆယ်မှာ Mir card စနစ်ကို မြန်မာနိုင်ငံမှာရှိတဲ့ အချို့စားသောက်ဆိုင်တွေနှင့် ဈေးဝယ်စင်တာတွေမှာ ကန့်သတ်သုံးစွဲမှုတွေစတင်နေပါပြီ။ မကြာခင်မှာ ထပ်မံတိုးချဲ့အသုံးပြုနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒီလိုသုံးတဲ့ အတွက် ကမ္ဘာလှည့်ခရီးသွားတွေအတွက် အကျိုးရှိပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာရှိနေကြတဲ့ ရုရှားနိုင်ငံသားတွေအတွက်လည်း နေရထိုင်ရ ပိုအဆင်ပြေပါလိမ့်မယ်” လို့ သံရုံးကပြောကြားပါတယ်။
မြန်မာနိုင်ငံဟာ ရုရှားရဲ့ Mir card ကိုသုံးစွဲတဲ့ ၁၃နိုင်ငံမြောက်ဖြစ်ပါတယ်။ အခြားသော နိုင်ငံ(၆)နိုင်ငံကလည်း အသုံးပြုနိုင်ဖို့ ဆွေးနွေးမှုတွေလုပ်ဆောင်ရေး အဆင်သင့်ဖြစ်နေကြကြောင်းသတင်းမှာဖော်ပြထားပါတယ်။
Source TASS
Page 21 of 207