Published 19 May 2022
၁၉၅၅ခုနှစ်က၁၉၇၅အထိ ဗီယက်နမ်စစ်ပွဲရဲ့ ကြောက်ဖက်ဖွယ်ရာတွေကြားထဲ တိုက်ခိုက်ခဲ့တဲ့ ဗီယက်နမ်စစ်ပွဲ စစ်ပြန်ကြီးတစ်ဦးဟာ အမေရိကန်ပြည်ထောင်စုရဲ့ ရက်စက်တဲ့ စစ်ရာဇဝတ်တွေကျူးလွန်ခဲ့တာ ထုတ်ဖော်ပြသတဲ့ ပြပွဲပြတိုက်တစ်ခုကို တည်ထောင်ခဲ့ပါတယ်။
နှစ်ဆယ်ရာစုမှာ ဗီယက်နမ်စစ်ပွဲဟာ အဆိုးရွားဆုံး ပဋိပက္ခတွေထဲကတစ်ခုဖြစ်ပါတယ်။ အရပ်သား နှစ်သန်းကျော် သေဆုံးခဲ့ရပြီး လူသုံးသန်းကျော် ဒုက္ခသည်တွေဖြစ်ခဲ့ရပါတယ်။ စစ်ပြီးတာ နှစ်ပေါင်း ၅၀နီးပါးခန့်ရှိလာပေမယ့် ဗီယက်နမ်စစ်ပွဲရဲ့ စစ်ပြန်ကြီးတွေအဖို့ ရက်စက်ကြမ်းကြုတ်တဲ့ ဒီစစ်ပွဲရဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ အကင်းမသေသေးဘဲရှိနေပါတယ်။
တွန်ကင်ပင်လယ်ကွေ့မှာ ၁၉၆၄ခုနှစ်တုန်းက အမေရိကန်စစ်သင်္ဘောတစ်စီးကို ဗီယက်နမ် ဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့ တော်ပီဒိုသင်္ဘောတွေကနေ တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်သမ္မတ လင်ဒွန်ဂျွန်ဆင်က ပြောခဲ့ပါတယ်။ အဲဒီနောက် အမေရိကန်စစ်တပ်ဟာအဲဒီကိစ္စကိုအကြောင်းပြုပြီး ဗီယက်နမ်မြောက်ပိုင်းကို တိုက်ခိုက်မှုတွေစတင်ခဲ့ပါတော့တယ်။
၁၉၄၃ ခုနှစ်မှာ မွေးဖွားတဲ့ လမ်ဗန်ဘန်ဟာ အမေရိကန်တို့ကျူးကျော်မှုစတင်ပြီး မကြာမီမှာပဲ တပ်ထဲဝင်ခဲ့ပါတယ်။ယခု ဟနွိုင်းမြို့ ဖူချန်မှာနေထိုင်တဲ့ လမ်ဟာ သူ့ရဲ့အိမ်ဟောင်းမှာ မနက်တိုင်း စစ်ပွဲမှာ ကျရှုံးခဲ့တဲ့ သူ့ရဲဘော်ရဲဘက်တွေကို တိတ် ဆိတ်စွာနှင့် ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။ အဲဒီနောက် ဗီယက်နမ်စစ်ပွဲအတွင်း ရက်စက်ကြမ်းကြုတ်မှုတွေကို သတိပြုမိကြစေဖို့အတွက် အိမ်ဟောင်းကို ပြတိုက်အဖြစ် အသွင်ပြောင်းခဲ့ခြင်းဖြစ်ပါတယ်။
Source CCTV Plus
Published 19 May 2022
စည်းကမ်းနှင့်မကိုက်ညီ လိုင်စင်လည်းမရှိ ရွှေလုပ်ငန်းလုပ်ကိုင်နေသူ (၇)ဦးကိုခေါ်ယူစစ်ဆေးနေတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ကျင်းပနေတဲ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောကြားလိုက်ပါတယ်။
ရွှေလုပ်ငန်းရှင်အချို့ဖမ်းဆီးခံရမှုတွေရှိနေတယ်လို့ သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ယခု ဗိုလ်ချုပ်ဇော်မင်းထွန်းက အဲဒီသတင်းများအပေါ် အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။
Published 18 May 2022
ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေ အသက် ၉၁နှစ်သည် ယနေ့ ညနေ ၇ နာရီခန့်က ကွယ်လွန်သွားကြောင်း သိရသည်။
"သူက အကောင်းကြီး။ ကျန်းမာပါတယ်။နေ့လယ်က မူးတယ်လို့ပြောတယ်တဲ့။မသက်သာလို့ညနေမှ သူနေတဲ့ ရွှေပြည်သာကနေအင်းစိန်ဆေးရုံကို ယူတာ။ ဆေးရုံအဝင်မှာပဲ ဆုံးတာ။သွေးတိုးတာဖြစ်ဖို့များတယ်။လက္ခဏာကတော့လေ"ဟုဦးသုဝေ၏ မိသားစုနှင့်နီးစပ်သူတစ်ဦးက YMG ကိုပြောသည်။
သူသည် ဒီမိုကရက်တစ်ပါတီ ၏ ဦးဆောင်သူလည်းဖြစ်ပြီး ပြီးခဲ့သည့်မေလ ၁၂ ရက်က လက်ရှိနိုင်ငံရေးအပေါ် ကျော်လွှားနိုင်မည့် အခြေအနေများကို သုံးသပ်ပြောကြားရေးသားခဲ့သေးသည်။
Published 17 May 2022
ဒဏ်ရာရထားသူဒါဇင်များစွာအပါအဝင် ယူကရိန်းစစ်သား ၂၆၅ ဦးဟာ ပိတ်ဆို့ခံထားၕတဲ့ အက်ဇော့စတယ်သံမဏိစက်ရုံမှာ လက်နက်ချကြတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။ အဲဒီစက်ရုံဟာ ယူကရိန်းရဲ့ ဆိပ်ကမ်းမြို့တော် မာရီယူပိုးလ်မှာ တည်ရှိပါတယ်။
Source AFP
Published 16 May 2022
ဒါဇင်ကျော်ရှိတဲ့ နိုင်ငံတွေက လာကြတဲ့ အာရှအမေရိကန်တွေရဲ့ အမေရိကန်နိုင်ငံ အတွေ့အကြုံတွေဟာ သူတို့ရဲ့ ဇာတိ နိုင်ငံ တွေပေါ်မူတည်ပြီး ပြက်ပြက်ထင်ထင် ကွဲပြားခြားနားကြတယ်လို့ အမေရိကန်ရဲ့ Axios မီဒီယာက ရေးသား လိုက်ပါတယ်။
အများအားဖြင့်တော့ အာရှအမေရိကန်တွေဟာ ပညာကောင်းကောင်းတတ်ကြပြီး ချမ်းသာအောင်မြင်ကြတယ်လို့ ပြည်တွင်း စစ်တမ်းတစ်ခုကိုအခြေခံရေးထားတဲ့ အဆိုပါသတင်းအရသိရပါတယ်။
ပျှမ်းမျှအားဖြင့် အာရှအမေရိကန်တွေဟာ သာမာန်အမေရိကန်တွေထက် ပိုပြီးချမ်းသာပြီး ပညာတတ်ကြပုံရပါတယ်။ ဒါပေမယ့် သူတို့ဟာ လူမျိုးရေးခွဲခြားမှု၊ရန်လိုမှုနှင့် အကြမ်းဖက်မှုတွေကို အဖန်တလဲလဲခံစားနေကြရတယ်လို့ အင်ဒီရာနာ တက္ကသိုလ်ရဲ့ သမိုင်းပါမောက္ခ အယ်လင်ဝူက ပြောပါတယ်။
အမေရိကန်နိုင်ငံမှာ အာရှအမေရိကန်တွေရဲ့ လူဦးရေဟာ ၂၀၀၀ပြည့်နှစ်ကနေ ၂၀၁၉ခုနှစ်အတွင်း နှစ်ဆတိုးလာပြီး စုစုပေါင်း ၂၂သန်းအထိရှိလာပါတယ်။ အမေရိကန်မှာ အာရှအမေရိကန်လူဦးရေဟာ တိုးပွားမှုအများဆုံးအုပ်စုဖြစ်ပါတယ်။ သူတို့ရဲ့ တိုးပွားနှုန်းဟာ လူဖြူ၊လူမည်းနှင့် လက်တင်အမေရိကန်တွေထက်ပိုများနေပါတယ်။ ၂၀၆၀ပြည့်နှစ်မှာ ၄၆သန်းအထိရှိလာ လိမ့်မယ်လို့ ပျူးသုတေသနစင်တာ Pew Research Center ရဲ့ စစ်တမ်းအရသိရပါတယ်။
သူတို့အားလုံးဟာ မတူညီတဲ့ ဘဝတွေနှင့်စခဲ့ကြတယ်လို့ အဲဒီစင်တာရဲ့ တွဲဖက်ညွှန်ကြားရေးမှူး နေးလ်ရုစ်ကပြောပါတယ်။ ဥပမာအားဖြင့် အိန္ဒိယလူမျိုးတွေဟာ အမေရိကန်ကို H-1Bဗီဇာနှင့် နည်းပညာကုမ္ပဏီတွေမှာ လစာကောင်းကောင်းအလုပ် ရလို့ ရောက်လာကြတယ်။သူတို့ဟာ မြန်မာနိုင်ငံက လာတဲ့ ဒုက္ခသည်တွေထက် ဆွေစဉ်မျိုးဆက်ချမ်းသာကြွယ်ဝတဲ့ဘဝ တည်ထောင်ရာမှာ အများကြီးလွယ်ကူကြတာတွေ့ရတယ်လို့သူကပြောပါတယ်။ အမေရိကန်နိုင်ငံမှာ အာရှအမေရိကန် ပျှမ်းမျှမိသားစုတစ်စုရဲ့တစ်နှစ်ဝင်ငွေဟာ ဒေါ်လာ ၈၅၈၀၀ရှိပြီး ကောလိပ်ဒီဂရီရသူဟာ ၅၄ ရာခိုင်နှုန်းရှိပါတယ်။ ဒါပေမယ့် အိန္ဒိယ၊ဖိလစ်ပိုင်နှင့် သီရိလင်္ကာလူမျိုးတွေပဲ အဲဒီပျှမ်းမျှရဲ့အထက်မှာရှိကြပါတယ်။ အများစုဟာ ပျှမ်းမျှအားဖြင့် ကောလိပ်ဘွဲ့ရနှုန်းရဲ့ အောက်မှာရှိနေကြတယ်။
မြန်မာလူမျိုးတွေဟာ လူဦးရေစုစုပေါင်း ၁.၈၉သိန်းရှိပါတယ်။ မြန်မာအိမ်ထောင်စုတစ်စုရဲ့ ပျှမ်မျှဝင်ငွေဟာ ဒေါ်လာလေးသောင်းလေးထောင့်လေးရာရှိပြီး ကောလိပ်ဒီဂရီဘွဲ့ရသူဟာ ၂၃ ရာခိုင်နှုန်းရှိတယ်လို့ စစ်တမ်းအရသိရပါတယ်။
(အာရှနိုင်ငံအလိုက် နှိုင်းယှဉ်ချက်ဇယားများပူးတွဲဖော်ပြထားပါတယ်)
အုပ်စုတော်တော်များများဟာ လျစ်လျူရှုခံနေကြရ ပစ်ပယ်ခံနေကြရပါတယ်လို့ အရှေ့တောင်အာရှအရင်းအမြစ်လှုပ်ရှားမှု စင်တာရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ကုယင်ဒင်းက ပြောပါတယ်။
အာရှအမေရိကန်တွေဟာ တရားဝင်လူနည်းစုအုပ်စုတွေဖြစ်ပြီး သူတို့ဟာ လူမျိုးရေးဘာသာရေးအနှိမ်ခံရတာကို ကျော်လွှားရေးကျင့်စဉ်တွေနှင့် မတူကွဲပြားမှုဦးစီးဦးရွက်ကိစ္စတွေမှာ ပါဝင်ဖို့ထိုက်တန်သူတွေဖြစ်တယ်ဆိုတာကို လူတွေက သိပ်ပြီး လက်မခံ ချင်ကြဖြစ်နေပါတယ်။ဥပမာအားဖြင့် အရှေ့တောင်အာရှရဲ့ ၃၀ရာခိုင်နှုန်းဖြစ်တဲ့ ကမ္ဘောဒီးယား၊ဗီယက်နမ် နှင့် လာအိုလိုနိုင်ငံတွေပါဝင်တဲ့ ဒေသကလာသူတွေဟာ အထက်တန်းကျောင်းဒီဂရီဘွဲ့မရကြပါဘူး။
ကျွမ်းကျင်သူတွေဟာ လတ်တလောအဖြစ်များလာတဲ့ အာရှသားဆန့်ကျင်ရေးအကြမ်းဖက်မှုတွေကြားထဲမှာ မျှော်လင့်ချက် တစ်စွန်းတစ်စကို တွေ့ကြပါတယ်။အာရှအမေရိကန်အသိုက်အဝန်းအပေါ် အာရုံစိုက်မှုအသစ်တွေရှိလာတာဖြစ်ပါတယ်လို့ ဒင်းကပြောပါတယ်။
ကြောက်ရွံစရာကိစ္စတွေက အမြဲဖြစ်နေတယ်လို့ ဝူက ပြောပါတယ်။ ဒါပေမယ့် အာရှသားတွေဟာ အချက်အလက်တွေစုပြီး ဘာဖြစ်နေတယ်ဆိုတာတွေကို မှတ်တမ်းတင်နေကြတယ်။ အာရှဂျာနယ်လစ်တွေကလည်း ဒီဇာတ်လမ်းတွေကိုပုံကြီးချဲ့နေကြ တယ်လို့ သူကဆက်ပြောပါတယ်။
အမေရိကန်နိုင်ငံရှိ အာရှသား လူဦးရေ
တရုတ်/တိုင်ဝမ် ၅.၄ သန်း
အိန္ဒိယ-၄.၆သန်း
ဖိလစ်ပိုင် ၄.၂ သန်း
ဗီယက်နမ်-၂.၂သန်း
ကိုရီးယား-၁.၉သန်း
ဂျပန်-၁.၅သန်း
ပါကစ္စတန်-၅.၅၄သိန်း
ထိုင်း-၃.၄၃သိန်း
ကမ္ဘောဒီးယား- ၃.၃၉သိန်း
Hmong- ၃.၂၇သိန်း
ဘင်္ဂလားဒေ့ရှ် -၂.၀၈ သိန်း
နီပေါ- ၁.၉၈သိန်း
#မြန်မာ-၁.၈၉သိန်း
အင်ဒိုနီးရှား -၁.၂၉သိန်း
သီရိလင်္ကာ- ငါးသောင်းခြောက်ထောင်
မလေးရှား-သုံးသောင်းရှစ်ထောင်
မွန်ဂိုလီးယား-နှစ်သောင်းခုနှစ်ထောင်
ဘူတန်-နှစ်သောင်းလေးထောင်
အာရှသားတို့၏ အိမ်ထောင်စုဝင်ငွေနှင့် ပညာရေးအဆင့်(ကောလိပ်ဒီဂရီရ)
အိန္ဒိယ- ဒေါ်လာ ၁.၁၉သိန်း -၇၅ %
ဖိလစ်ပိုင်- ဒေါ်လာကိုးသောင်းလေးရာ-၄၈%
သီရိလင်္ကာ- ဒေါလာ ရှစ်သောင်းငါးထောင်-၆၀%
ဂျပန်-ဒေါ်လာရှစ်သောင်းသုံးထောင်-၅၂%
တရုတ်-ဒေါ်လာ ရှစ်သောင်းတစ်ထောင့်ခြောက်ရာ-၅၇%
အင်ဒိုနီးရှား-ဒေါ်လာရှစ်သောင်း-၅၃%
ပါကစ္စတန်-ဒေါ်လာ ခုနှစ်သောင်းရှစ်ထောင်-၅၇%
ကိုရီးယား-ဒေါ်လာ ခုနှစ်သောင်းနှစ်ထောင့်နှစ်ရာ-၅၇%
ဗီယက်နမ်-ဒေါ်လာခြောက်သောင်းကိုးထောင်ရှစ်ရာ ၃၂%
Hmong-ဒေါ်လာခြောက်သောင်းရှစ်ထောင်-၂၃%
ကမ္ဘောဒီးယား-ဒေါ်လာခြောက်သောင်းခုနှစ်ထောင်-၂၁%
ထိုင်း-ဒေါ်လာခြောက်သောင်းသုံးထောင်-၄၅%
လာအို-ဒေါ်လာခြောက်သောင်းတစ်ထောင်-၁၇%
ဘင်္ဂလားဒေ့ရှ်-ဒေါ်လာငါးသောင်းကိုးထောင်ငါးရာ-၄၉%
နီပေါ-ဒေါ်လာငါးသောင်းငါးထောင်-၄၅%
#မြန်မာ-ဒေါ်လာ လေးသောင်းလေးထောင်လေးရာ-၂၃%
ဘူတန်-ဝင်ငွေမသိ- ၁၅%
မလေးရှား-ဝင်ငွေမသိ-၆၅%
မွန်ဂိုလီးယား-ဝင်ငွေမသိ-၆၀%
Source axios.com
Published 16 May 2022
မြောက်အမေရိကတိုက်တွင် မေ၁၅ရက်ညက လအပြည့်အဝကြတ်ခြင်းကို မြင်တွေ့ကြရပါတယ်။ လမျက်နှာပြင်ပေါ် ကမ္ဘာရဲ့ အရိပ်ကျတာ သုံးနာရီခွဲကြာမြင့်တဲ့အတွက် အရှည်ကြာဆုံး လကြတ်မှု လည်းဖြစ်ပါတယ်။ လော့အိန်ဂျလိစ်မှာ အပြည့်အဝ လကြတ်ခဲ့တာကို မှတ်တမ်းတင်ထားတဲ့ရုပ်သံ တင်ဆက်လိုက်ရပါတယ်။ ဒီလိုလကြတ်တာကို ၂၀၂၉မှ နောက်တစ်ကြိမ် တွေ့ရမှာမို့ ဒါဟာ ကြုံတောင့်ကြုံခဲအခွင့်အရေးဖြစ်ပါတယ်။
Source AFP
Published 15 May 2022
မေ ၁၄ရက်က ရုရှားနိုင်ငံ မော်စကိုမှာ ပြုလုပ်တဲ့ သံတမန်ရေးရာနှင့်ကာကွယ်ရေးရာကောင်စီအစည်းအဝေးမှာ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂီလက်ဗရော့က “ အနောက်နှင့်ဖြစ်နေတဲ့ ရုရှားစစ်ဟာ ဘယ်လောက်ကြာမယ်ဆိုတာခန့်မှန်းရခက် တယ်” လို့ပြောလိုက်ပါတယ်။
Source AFP
Page 169 of 208