၁၈ အောက်တိုဘာ ၂၀၂၃
လွတ်လပ်ပွင့်လင်းသော ကမ္ဘာ့စီးပွားရေးတစ်ရပ်ကို တရုတ်နိုင်ငံက ထောက်ခံမှာဖြစ်တယ်လို့ သမ္မတရှီကျင့်ဖျင်က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။ ပွင့်လင်းသော ကမ္ဘာ့စီးပွားရေးရဲ့ စုစုပေါင်းကုန်သွယ်မှုတန်ဖိုးဟာ ၂၀၂၄ခုနှစ်မှ ၂၀၂၈ခုနှစ်အထိ ကုန်စည်မှာ အမေရိကန်ဒေါ်လာ ၃၂ ထရီလီယံနှင့် ဝန်ဆောင်မှုမှာ ၅ ထရီလီယံအထိ ရှိလာမယ်လို့မျှော်လင့်တယ်လို့ ရှီက ဆက်လက်ပြော ကြားပါတယ်။
CCTV+
၁၈ အောက်တိုဘာ ၂၀၂၃
ဂါဇာဆေးရုံမှာ ပေါက်ကွဲကြီးတစ်ခုဖြစ်ပွားခဲ့ပြီး လူရာချီသေဆုံးခဲ့ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အာရပ် ခေါင်းဆောင်တွေ ဂျော်ဒန်မှာ တွေ့ဆုံဆွေးနွေးကြမယ့် ထိပ်သီးအစည်းအဝေးအစီအစဉ်ကို အာရပ်ဘက်က ဖျက်သိမ်းပစ် လိုက်ပါတယ်။
အဲဒါကြောင့် အစ္စရေးဟာ ကိုယ့်ကိုကိုယ်ကာကွယ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ အပေါ်ရပ်တည်ပေးဖို့ ဘိုင်ဒင်ရဲ့ သံတမန်ရေးကြိုးပမ်း မှုဟာ နှောင့်နှေးသွားပြီဖြစ်ပါတယ်။
ဂါဇာဆေးရုံတစ်ရုံပေါက်ကွဲမှာမှာ လူရာချီသေဆုံးခဲ့တဲ့အပေါ် ဟာမတ်စ်နှင့်အစ္စရေးတို့က တစ်ဖက်နှင့်တစ်ဖက် လွှဲချခဲ့ကြ ပါတယ်။
ဘိုင်ဒင်ဟာ ဒီကနေ့မှာ အစ္စရေးကိုထောက်ခံကြောင်းပြသဖို့ အစ္စရေးကိုရောက်လာဖို့ရှိနေပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ဂျော်ဒန်နိုင်ငံ အာမန်မှာကျင်းပမယ့် ဘိုင်ဒင်နှင့် ထိပ်သီးအစည်းအဝေးကို ဖျက်သိမ်းလိုက်တယ်လို့ ဂျော်ဒန် နိုင်ငံခြားရေးဝန်ကြီး အာမန်ဆာဖာဒီက ကြေညာခဲ့တာဖြစ်ပါတယ်။ အဆိုပါထိပ်သီးအစည်းအဝေးမှာ ဘိုင်ဒင်နှင့်အတူ ဂျော်ဒန်ဘုရင် အက်ဘ်ဒူလာ၊အီဂျစ်သမ္မတ အက်ဘ်ဒဲလ်ဖာတာ့ အယ်ဆီဆီနှင့် ပါလက်စတိုင်းသမ္မတ မာမွတ်အက်ဘားတို့ တွေ့ဆုံကြဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
ဘိုင်ဒင်က လူပေါင်း ၁၃၀၀ကျော်သေဆုံးခဲ့ရတဲ့ အစ္စရေး-ဟာမတ်စ်စစ်ပွဲမှာ အစ္စရေးကို ထောက်ခံထားပါတယ်။
ဆော်ဒီအာရေဗျ၊ယူအေအီး၊ဘာရိန်း၊အီဂျစ်၊ဂျော်ဒန်နှင့် တူရကီတို့က ဂါဇာမှာရှိတဲ့ အယ်အာလီအာရပ်ဆေးရုံဗုံးပေါက်ကွဲမှု အတွက် အစ္စရေးကို စွပ်စွဲထားပါတယ်။ ဒါပေမယ့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နာတာညာဟုကတော့ ဒါဟာ ဂါဇာက အကြမ်းဖက်တွေမှာတာဝန်ရှိတယ်လို့ စွပ်စွဲထားတာဖြစ်ပါတယ်။
Source NDTV
၁၇ အောက်တိုဘာ ၂၀၂၃
တရုတ်သမ္မတရှီကျင့်ဖျင်နှင့်တွေ့ဆုံဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယနေ့ အောက်တိုဘာ ၁၇ ရက် အင်္ဂါနေ့မှာ ဘေဂျင်းကို ရောက်ရှိလာပါတယ်။ ရုရှားနှင့်တရုတ်နှစ်နိုင်ငံအကြား ယုံကြည်မှုနှင့် အကန့်အသတ်မဲ့ မိတ်ဖက်ဖြစ်မှုကို ပြသဖို့ဖြစ်တယ်လို့ ရိုက်တာက သတင်းရေးသားပါတယ်။
ဒါဟာ ပူတင်အတွက် နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ ဖမ်းဝရမ်းအထုတ်ခံရပြီး ဒုတိယမြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ပါတယ်။ သူဟာ ဒီလစောစောပိုင်းက ကာဂျစ်စတန်ကို သွားရောက်ခဲ့ပါတယ်။
ပူတင်ကို ဘေဂျင်းနိုင်ငံတကာလေဆိပ်မှာ တရုတ်စီးပွားကူးသန်းဝန်ကြီး ဝမ်ဝင်ထောက်က ကြိုဆိုခဲ့ပါတယ်။
မော်စကိုကို သမ္မတရှီအလည်အပတ်ရောက်တုန်း ပူတင်ကို ဘေဂျင်းမှာပြုလုပ်မယ့် တတိယအကြိမ် ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ်ဖိုရမ် ကို တက်ရောက်ဖို့ ဖိတ်ခဲ့တာဖြစ်ပါတယ်။
ပူတင်ဟာ အဆိုပါဖိုရမ်ဖွင့်ပွဲကို တက်ရောက်မှာဖြစ်ပြီး အင်္ဂါနေ့မှာ ဗီယက်နမ်၊ထိုင်း၊မွန်ဂိုလီးယားနှင့်လာအို ခေါင်းဆောင်တွေ နှင့်ဘေဂျင်းမှာ တွေ့ဖို့ရှိပါတယ်။ အဲဒီအပြင် ဗုဒ္ဓဟူးနေ့မှာကျင်ပမယ့် ဖိုရမ်မှာ တရုတ်သမ္မတရှီမိန့်ခွန်းပြောအပြီးမှာ ပူတင်က မိန့်ခွန်းပြောမှာဖြစ်ပြီး အဲဒီရက်မှာပဲ ရှီနှင့် နှစ်နိုင်ငံအကြားတွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။
ပူတင်ဟာ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလတုန်းက ဘေဂျင်းမှာကျင်းပခဲ့တဲ့ ဆောင်းရာသီအိုလံပစ်ပွဲတော်ဖွင့်ပွဲကို တက်ရောက်ခဲ့ ပါတယ်။ ပူတင်ဟာ ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်သွယ်ဖိုရမ်ကို ယခုတတိယအကြိမ်တက်ရောက်ခြင်းဖြစ်ပြီး ၂၀၁၇နှင့် ၂၀၁၉မှာ ကျင်းပခဲ့တဲ့ ဖိုရမ်တွေကိုလည်းတက်ရောက်ခဲ့တာဖြစ်ပါတယ်။
Source; Reuters
.
Published 14 October 2023
၁၁ ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ဗီဒီယိုမီဒီယာဖိုရမ် (VMF)ပွဲအတွက် ကြာသပတေးနေ့က မီဒီယာများ ကိုယ်စားလှယ်များ ပေကျင်းမှာ စုဝေးခဲ့ကြပြီး ပိုမိုကွဲပြားသော၊ အားလုံးပါဝင်သော၊ စိတ်ချခိုင်လုံရသော မီဒီယာအသိုင်းအဝိုင်း ဖြစ်လာရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။
တရုတ် Media Group (CMG)မှ ကျင်းပတဲ့ပွဲကို တရုတ်နဲ့ နိုင်ငံရပ်ခြားမှ လူပေါင်း ၁၄၀ ခန့်တက်ရောက်ခဲ့ကြကာ တူညီတဲ့အနာဂတ်ပုံဖော်ခြင်း အကြောင်းအရာဖြင့် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ယခုနှစ် အစည်းအဝေးပွဲက တရုတ်နိုင်ငံရဲ့ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ် စီမံကိန်းရဲ့ ၁၀ နှစ်တာ မှတ်ကျောက်တင်ခံရခြင်းနဲ့ အံဝင်ခွင်ကျ ဖြစ်နေတာကို အလေးပေးဖော်ပြနေပါတယ်။
အောက်တိုဘာ၁၄၊၂၀၂၃
အိန္ဒိယနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ဆက်လက်ကူညီ ဆောင်ရွက်သွားမည့် အခြေအနေ များနှင့် NCA အပေါ်အပြည့်အဝယုံကြည်လျက်ရှိကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ၊ ဒုတိယအမျိုးသား လုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် Mr. Vikram Misriတို့ နေပြည်တော်တွင် ယနေ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျင်းပမည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့တက်ရောက်ရန် ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံ၊ ဒုတိယအမျိုးသား လုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် H.E. Mr. Vikram Misri ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့က ယနေ့ အောက်တိုဘာ ၁၄ ရက်နေ့တွင် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ လာရောက်တွေ့ဆုံစဉ် အဆိုပါကိစ္စဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးက အိန္ဒိယနိုင်ငံအစိုးရကိုယ်စား Mr. Vikram Misri က မြန်မာနိုင်ငံအတွက်အရေးကြီးသည့် ငြိမ်းချမ်းရေးနှစ်ပတ်လည်နေ့အခမ်းအနားကို လာရောက်တက်ရောက် သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့တယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။
ဗိုလ်ချုပ်မှူးကြီးနှင့် Mr. Vikram Misri တို့သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်း ရေးအတွက်ဆောင်ရွက်လျက်ရှိမှု၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အိန္ဒိယနိုင်ငံအနေဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက် ပေးလျက်ရှိမှု၊ နယ်စပ်ဒေသတည် ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ ယခုထက်ပိုမိုတိုးတက်ကောင်းမွန် စေရေးဆောင်ရွက်ရန်လိုအပ်လျက်ရှိမှုတို့ကိုဆွေးနွေးခဲ့တယ်လို့လည်း နစကသတင်း ထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ယင်းအပြင် နိုင်ငံတော်အစိုးရနှင့်တပ်မတော်အနေဖြင့် NCA လမ်းကြောင်းပေါ်၌ ခိုင်မာစွာရပ်တည် လျှောက်လှမ်းလျက်ရှိမှုနှင့် ပါတီစုံဒီမို ကရေစီ လမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိမှု၊ အိန္ဒိယနိုင်ငံ အနေဖြင့်လည်း မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ဆက်လက်ကူညီ ဆောင်ရွက်သွား မည့် အခြေအနေများ နှင့် NCA အပေါ်အပြည့်အဝယုံကြည်လျက်ရှိမှု နှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဆက်လက်ဖော်ပြထားပါတယ်။
တွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီ အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တို့ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ၊ ဒုတိယ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar နှင့်တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသတင်းရရှိပါတယ်။
၁၀ အောက်တိုဘာ ၂၀၂၃
ဒုတိယဗိုလ်ချုပ်ကြီ(ဟောင်း)မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်(ဟောင်း) ရန်နောင်စိုးတို့ကို စစ်တရားရုံးက နှစ်(၂၀)နှင့် ညီမျှသော တစ်သက်တစ်ကျွန်းပြစ်ဒဏ်တွေချမှတ်ခဲ့တယ်လို့ အောက်တိုဘာ ၁၀ရက်နေ့တွင် နစကသတင်းထုတ်ပြန်ရေးအဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း)မိုးမြင့်ထွန်းသည်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ တာဝန်များကိုထမ်းဆောင်စဉ်အတွင်း နိုင်ငံတော်၏ နိုင်ငံခြားသုံးငွေဆိုင်ရာ မူဝါဒ၊ အရေးကြီး ကုန်စည်ဆိုင်ရာမူဝါဒနှင့် အခြားစီးပွားရေးဆိုင်ရာ မူဝါဒများနှင့် ဆန့်ကျင်၍ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်ရယူဆောင်ရွက်ခဲ့ခြင်း ဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် များနှင့်ဦးတည်ချက်များကို သွေဖည်ဆောင်ရွက်၍ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်ခဲ့ခြင်း၊ နိုင်ငံတော်အစိုးရက စားအုန်းဆီများကိုတင်သွင်းရန် သတ်မှတ်ရာခိုင်နှုန်းအတွက် ကျသင့်ဒေါ်လာများအားမြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေး ကာတင်သွင်းစေခဲ့သော်လည်းနိုင်ငံတော်အစိုးရက ခွင့်ပြု ရောင်းချရန် သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းထက် ဈေးတင်ရောင်းချခြင်းကို သိလျက် အရေးယူဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ ပတ်သက်ဆောင်ရွက်ခြင်း၊ကုမ္ပဏီများက ပေးအပ်သည့် တံစိုး လက်ဆောင်ပစ္စည်းများကို ရာထူး လုပ်ပိုင်ခွင့်ကိုအသုံးပြု၍ ရယူ ဆောင်ရွက်ခဲ့ခြင်း၊ နိုင်ငံခြားသုံးငွေများကို တရားမဝင် လက်ဝယ် ထားရှိခြင်း၊စစ်စည်းကမ်းဆိုင်ရာ ညွှန်ကြား ချက်များကို ဖောက်ဖျက်၍ အရပ်ဘက်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာ ဥပဒေပုဒ်မများဖြင့်စွဲချက်တင်ကာ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး နှစ်ဆယ် နှစ်ကာလနှင့်ညီမျှသော တစ်သက်တစ်ကျွန်းဒဏ်ကိုချမှတ်ခဲ့ခြင်းဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီအပြင် ဗိုလ်မှူးချုပ်(ဟောင်း) ရန်နောင်စိုးသည် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်စဉ်နိုင်ငံတော်၏ စီးပွာရေး ဆိုင်ရာမူဝါဒနှင့်ဆန့်ကျင်၍ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်ရယူဆောင်ရွက်ခြင်း၊နိုင်ငံခြားသုံး ငွေဆိုင်ရာမူဝါဒ၊ အရေးကြီးကုန်စည်ဆိုင်ရာမူဝါဒနှင့် အခြားစီးပွားရေး ဆိုင်ရာမူဝါဒများနှင့် ဆန့်ကျင်ကာ နိုင်ငံတော်ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို သွေဖည်ဆောင်ရွက်၍ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းနှင့်အတူ ပူးပေါင်း ကျူးလွန်ခဲ့ခြင်း၊ ရာထူးလုပ်ပိုင် ခွင့်အား အသုံးပြု၍ စီးပွားရေးလုပ်ငန်းရှင်များအားနိုင်ငံခြားငွေနှင့် မြန်မာကျပ်ငွေများကိုလဲလှယ်ပေးခဲ့ခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များထံမှနိုင်ငံခြားငွေနှင့် မြန်မာကျပ်ငွေများကိုလက်ခံရယူခဲ့ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအားဒုတိယဗိုလ်ချုပ်ကြီး (ဟောင်း)မိုးမြင့်ထွန်းနှင့် ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ နိုင်ငံခြားငွေများကို တရားမဝင် လက်ဝယ် ထားရှိ ခြင်း၊ စစ်စည်းကမ်း ဆိုင်ရာ ညွှန်ကြားချက်များကို ဖောက်ဖျက်၍အရပ်ဘက်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်း တို့ကို ကျူးလွန်ခဲ့ သဖြင့် သက်ဆိုင်ရာဥပဒေပုဒ်မများဖြင့် စွဲချက်တင်ကာ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး နှစ်ဆယ် နှစ်ကာလနှင့်ညီမျှသော တစ်သက်တစ်ကျွန်းဒဏ်ကိုချမှတ်ခဲ့တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
Video>>
Breaking News
၁၀ အောက်တိုဘာ ၂၀၂၃
တပ်မတော်အနေနနှင့် မည်သည့် လက်နက်ကိုင်သောင်းကျန်းသူတွေရဲ့ ဌာနချုပ်ကိုမှ ပစ်ခတ်တိုက်ခိုက်ခဲ့တာတွေ မရှိခဲ့ဘူးလို့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ကေအိုင်အေရဲ့ လိုင်ဇာ ဌာနချုပ်အတွင်း ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တဲ့သတင်းများနှင့်ပတ်သက်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာများရဲ့အမေးကိုပြန်လည် ဖြေကြားခဲ့တာဖြစ်ပါတယ်။
Page 87 of 222