Published 19 April 2022
ယူကရိန်းစစ်သားတွေဆီ လက်နက်တွေပို့ပေးဖို့ ဖြစ်နိုင်တဲ့လမ်းကြောင်းအားလုံးကို အသုံးပြုနေတယ်လို့ ယူကရိန်းနိုင်ငံ၊ အယ်လ်ဗစ်ဒေသအုပ်ချုပ်ရေးမှူးက ဧပြီ ၁၈ ရက်က ပြောပါတယ်။
ယူကရိန်းအနာက်ပိုင်းက အကြီးဆုံးမြို့ကို ဒုံးကျည်(၅)စင်းနှင့် ပစ်ခတ်တိုက်ခိုက််ခံရလို့ အနည်းဆုံး လူ(၇)ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရရျှိခဲ့တယ်လို့ အယ်ဗစ် အုပ်ချုပ်ရေးမှူး မက်ဆမ်ကိုဇီစကီးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။ နေတိုး မဟာမိတ်တွေဆီက လက်နက်တွေကို သယ်ပို့ရာမှာ အယ်ဗစ်ဟာ အရေးကြီးတဲ့ အချက်အခြာနေရာတစ်ခုဖြစ်ပါတယ်။
အတိုက်အခိုက်ခံရတဲ့အထဲမှာ အသုံးမပြုတော့တဲ့ စစ်တပ်ဂိုဒေါင်(၃)လုံးနှင့် ကားပြင်အလုပ်ရုံတစ်ခု ဒုံကျည်နှင့် အတိုက်အခိုက်ခံရတယ်လို့ အယ်ဗစ် မြို့တော်ဝန် အင်ဒရီဆာဒိုယီက ပြောပါတယ်။
တနင်္လာနေ့ လေကြောင်းတိုက်ခိုက်မှဒဟာ သုံးရက်အတွင်း အယ်ဗစ်မှာ ဒုတိယမြောက် အကြီးအကျယ်တိုက်ခိုက်မှုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ရက်က ခရူးဒုံးကျည်လေးစင်းကို ကြားဖြတ်ဟန့်တားပစ်လိုက်နိုင်တယ်လို့ အယ်ဗစ်မြို့တာဝန်ရှိသူတွေကပြောပါတယ်။
အယ်ဗစ်က ရထားပို့ဆောင်ရေးအဆောက်အအုံတွေ ဒုံးကျည်အပစ်ခံရမှုကြောင့် ပျက်စီးသွားတယ်လို့ ယူကရိန်း အမျိုးသား ရထားဌာနက အရာရှိတစ်ဦးက ပြောပါတယ်။ ဒါပေမယ့် ဝန်ထမ်းတွေနှင့် ခရီးသည်တွေ ထိခိုက်သေဆုံးမှုမရှိဘဲ ရထားတွေ ပြန်ပြေးဆွဲနေပြီလို့ သူက ပြောပါတယ်။
Source CMG
Published 18 April 2022
အာရှပစိဖိတ်ဒေသဟာ အင်အားကြီးနိုင်ငံတွေရဲ့ ကစားပွဲအတွက် စစ်တုရင်ခုံမဟုတ်ဘူးလို့ တရုတ်နိုင်ငံကပြောပါတယ်။ အာဆီယံနိုင်ငံတွေဟာ ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုမှာ နယ်ရုပ်တွေမဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဝမ်ဝေဘင်က ဧပြီ ၁၈ရက်နေ့ တနင်္လာနေ့က ပြောပါတယ်။
ဝါရှင်တန်ဒီစီတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အာဆီယံခေါင်းဆောင်များနှင့် မေ၁၂ရက်နှင့် ၁၃ရက်များတွင် တွေ့ဆုံ၍ ထိပ်သီးဆွေးနွေးပြုလုပ်မည့်အစီအစဉ်နှင့်ပတ်သက်၍ ဝမ်ဝေဘင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မှတ်ချက်ပေးခဲ့ခြင်းဖြစ်ပါတယ်။
Source AFP
Published 17 April 2022
မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံခြားသား ၄၂ ဦးအပါအဝင် အကျဉ်းသား ၁၆၁၉ ဦးကို ပြစ်ဒဏ်လျော့ပေါ့ လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ နစက,က ဧပြီလ (၁၇)ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
အဲဒီအတွက် ရန်ကုန်မြို့က အင်းစိန်ဗဟိုအကျဉ်းထောင်ရှေ့မှာ ဆွေမျိုးသားချင်းတွေက လွတ်မြောက်လာနိုင်မယ့် သူတွေကို သွားရောက်မျှော်လင့်စောင့်ဆိုင်းခဲ့ကြပါတယ်။
ဒါပေမယ့် ယခုထက်ထိတော့ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ မပါဝင်သေးဘူးလို့ အေအက်ဖ်ပီက ပြောပါတယ်။
Video: AFP
Published 17 April 2022
ယနေ့ ဧပြီ(၁၇)ရက်မှာ ကျရောက်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာ ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင် တံဆိပ်တွေရရှိသူတွေကို အမိန့်ထုတ်ပြန်ကြေညာခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်အချို့လည်း ရရှိသူတွေ ထဲ ပါဝင်ကြောင်းသိရှိရပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်အချို့ကို နစက,က ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ခဲ့တာဖြစ်ပါတယ်။အဲဒီ ခေါင်းဆောင်တွေထဲမှာ ကရင်အမျိုးသားအစည်းအရုံးKNU ခေါင်းဆောင်စောမူတူးစေးဖိုး၊RCSS/SSA-S ခေါင်းဆောင် ဦးယွက်ဆစ်၊ပအို့ဝ်အဖွဲ့PNO (ရှမ်းပြည်တောင်ပိုင်း အထူးဒေသ-၆) မှ ဦးအောင်ခမ်းထီ၊ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ခေါင်းဆောင် ဦးခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီဘALP မှ ဦးခိုင်စိုးနိုင်အောင်၊မွန်ပြည်သစ်ပါတီNMSPမှ ဦးနိုင်ရွှေကျင်နှင့် နိုင်ထောမွန်၊ KIO(ခွဲထွက်)မှ ဦးလဆန်အောင်ဝါ၊ KNU တပ်မဟာ(၆)၊တပ်ရင်း(၁၆)ဟောင်သရော အထူးအဖွဲ့ မှ ဦးစောသမူဟဲ၊KNUတပ်မဟာ(၂)သံတောင်အထူးဒေသအဖွဲ့ စောဖယ်ရီမိုး၊KNU ဖဒိုအောင်ဆန်းအဖွဲ့မှ ဖဒိုအောင်ဆန်းနှင့် အခြားခေါင်းဆောင်အချို့နှင့် ငြိမ်းချမ်းရေးအကျိုးဆောင်အချို့ ပါဝင်ကြပါတယ်။
အဲဒီအပြင် ယခင်နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနု၊ လမ်းစဉ်ပါတီခေတ်သမ္မတဟောင်း ဦးစန်းယုနှင့် ယခင် နဝတ ဥက္ကဋ္ဌနှင့်ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီးစောမောင်တို့ကိုလည်း အဂ္ဂမဟာသီရိသုဓမ္မာဘွဲ့တွေ ပေးအပ်ခဲ့ပါတယ်။ ပါလီမန်ခေတ် ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေကိုတော့ မဟာသရေစည်သူဘွဲ့ပေးအပ်ခဲ့ပါတယ်။
ယခင်တပ်မတော်အစိုးရလက်ထက် ခေါင်းဆောင်ဟောင်း ဗိုလ်ချူပ်မှူးကြီးသန်းရွှေကိုလည်း အဂ္ဂမဟာ သရေစည်သူဘွဲ့ပေးအပ်ခဲ့ကြောင်း အမိန့်ကြေညာစာထဲမှာ ဖော်ပြထားပါတယ်။ ဘွဲ့ထူးဂုဏ်ထူးရရှိသူတွေထဲမှာ ယခင် နဝတနှင့် နအဖလက်ထက်မှာ အဆင့်မြင့်နိုင်ငံရေးတာဝန်တွေယူခဲ့တဲ့ အငြိမ်းစား တပ်မတော်အကြီးတန်းအရာရှိကြီးတွေ အများစု ပါဝင်နေတာတွေ့ရပါတယ်၊
အဲဒီအပြင် ခေတ်အဆက်ဆက်က အနုပညာရှင်အချို့ကိုလည်း ဘွဲ့တံဆိပ်နှင့်ဆုတံဆိပ်များပေးအပ်ထားပါတယ်. အဲဒီအထဲမှာ နန်းတော်ရှေ့ဆရာတင်၊ရွှေတိုင်ညွန့်၊ဦးရွှေနန်းတင်၊ တွံတေးသိန်းတန်၊စန္ဒယားချစ်ဆွေ၊စန္ဒယားလှထွတ်၊ ဦးမြတ်လေး၊သုမောင်နှင့်ဦးစိန်ဗိုလ်တင့်တို့လည်းပါဝင်ကြပါတယ်၊
Published 17 April 2022
နှစ်ဟောင်းတွေက အားနည်းချက်တွေကို ပြုပြင်၊အားသာချက်တွေကို ဆင်ခြင်သုံးသပ်မြှင့်တင်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားတွေအတွက် ပေးဆပ်သယ်ပိုးဆောင်ရွက်သွားမယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
ယနေ့ ဧပြီ၁၇ရက်မှာ ကျရောက်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက် မင်္ဂလာစကား ကို နိုင်ငံပိုင်ရုပ်သံများကတစ်ဆင့် ထုတ်လွှင့်ပြောကြားရာမှာ နစကဥက္ကဋ္ဌက ယခုလိုပြောကြားတာဖြစ်ပါတယ်။
တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာပဲရှိတဲ့အတွက် ပြည်သူလူထုစွမ်းအားနှင့် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွား မှာဖြစ်ပြီး အောင်မြင်မယ်လို့လည်း အပြည့်အဝယုံကြည်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။
ယခုနှစ်ကို ငြိမ်းချမ်ရေးနှစ်လို့ သတ်မှတ်ပြီး တစ်နိုင်ငံလုံးငြိမ်းချမ်းသာယာမှုရရှိရေး အစွမ်းကုန်ကြိးစားနေတယ်လို့ လည်း နစကဥက္ကဋ္ဌက ပြောပါတယ်။အဲဒီအပြင် နိုင်ငံတော်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးတို့ဟာ သူ့ရဲ့ အမျိုးသားရေးရည်မှန်းချက်ဖြစ်တယ်လို့လည်း နှစ်သစ်စကားထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
နစကဥက္ကဋ္ဌရဲ့ နှုတ်ခွန်းဆက်မင်္ဂလာစကား ရုပ်သံထုတ်လွှင့်အပြီးမှာ နိုင်ငံသား အကျဉ်းသား ၁၅၅၇ဦးနှင့် နိုင်ငံခြားသား ၄၂ ဦးတို့ကို ပြစ်ဒဏ်လျော့ပေါ့ လွတ်ငြိမ်းခွင့်အမိန့်ကိုပါ နိုင်ငံပိုင်ရုပ်သံများက ဆက်လက်ကြေညာခဲ့ပါတယ်။
Published 17 April 2022
မြန်မာနိုင်ငံတစ်လွှားမှာ အကျဉ်းကျခံနေရတဲ့ မြန်မာနိုင်ငံသား အကျဉ်းသား အကျဉ်းသူ ၁၅၇၇ ဦးနှင့်နိုင်ငံခြားသား ၄၂ဦးတို့ကို ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်တွေကို လျော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုတယ်လို့ ယနေ့မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ နစကဥက္ကဋ္ဌ လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်ပါတယ်။
နိုင်ငံခြားသား ၄၂ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့လည်း အမိန့်မှာ ဖော်ပြထားပါတယ်။
Published 16 April 2022
ဆော်ဒီရဲ့ အထင်ကရ ရုပ်မြင်သံကြားကွန်ယက်တစ်ခုက ထုတ်လွှင့်တဲ့ sketch ဆိုတဲ့ အစီအစဉ်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို အတုပြုလုပ်ပြီး ပျက်လုံးထုတ်ခဲ့ရာ လူသန်းပေါင်းများစွာကြည့်ရှုခဲ့ကြပါတယ်။ ဒီလို ရှားရှားပါပါး လုပ်ရပ်က ဆော်ဒီအာရေဗျနှင့် အမေရိကန်နိုင်ငံ တို့အကြား တဖြည်းဖြည်းဆိုးရွားလာနေတဲ့ ဆက်ဆံရေးကို ပြသနေတာဖြစ်ပါတယ်။
Sketch အစီအစဉ်ကို အကြီးမားဆုံး ပန်-အာရပ်ဖျော်ဖြေရေး ကွန်ယက်ကြီးက အမ်ဘီစီက ဒီတစ်ပတ်ထဲ ပြသခဲ့တာဖြစ်ပါတယ်။
အဲဒီအစီအစဉ်မှာ လူရွှင်တော် ကာလက်အယ်လ်ဖာရာ့ဂျ်က သမ္မတ ဂျိုးဘိုင်ဒင်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ နောက်သရုပ်ဆောင်တစ်ဦးက စကားအမှားတွေလိုက်ပြင်ပေးတဲ့ ဒုသမ္မတ ကမ်မလာဟာရစ်အဖြစ်သရုပ်ဆောင်ခဲ့ပါတယ်။ သူက ယူကရိန်းစစ်ပွဲနှင့်ပတ်သက်လို့ ရုရှားသမ္မတ ဗလက်ဒီမာပူတင်ကို တင်းမာတဲ့ သတင်းစကား တစ်မိနစ်ခန့်ပြောကြားနေစဉ် အတွင်းမှာပဲ စကားပြောစင်မြင့်မှာ နှစ်ကြိမ်အိပ်ငိုက်သွားတဲ့ ပျက်လုံးကို ထုတ်ခဲ့တာဖြစ်ပါတယ်။
Source MBC/AFP
Page 187 of 218