Published 27 April 2022
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရက်စ်ဟာ မော်စကိုမြို့တော်မှာ ရှိတဲ့ ကရင်မလင် သမ္မတအိမ်တော်မှာ ဧပြီ ၂၆ ရက်က လက်ခံတွေ့ဆုံခဲ့ပါတယ်။ ကုလထွေချုပ်ဟာ ရုရှားသမ္မတပူတင်၊ ယူကရိန်းးသမ္မတ ဇီလင်စကီးတို့နှင့် သီးခြားစီတွေ့ဆုံဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
လက်ရှိစစ်ဆင်ရေးကဆက်သွားနေပေမယ့် သံတမန်လမ်းကြောင်းအရ သဘောတူညီချက်ရရှိနိုင်သေးတယ်လို့ သူယုံကြည်တယ်လို့ ပူတင်ကပြောပါတယ်။ သူတို့ ဟာဆက်လက်စေ့စပ်ညှိနှိုင်းနေပြီး ဆွေးနွေးမှုကို မပယ်ချဘူးလို့သူကပြောပါတယ်။
Source AFP
Published 26 April 2022
တွစ်တာကို ဘယ်သူကပဲ ပိုင်ပိုင် ဘယ်သူပဲလည်ပတ် လည်ပတ် အရေးမကြီးပါဘူး။ ဒါပေမယ့် ကြီးမားတဲ့ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေရဲ့ အရှိန်အဝါနှင့်ပတ်သက်လို့တော့ စိတ်ပူကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ အီလွန် မတ်ခ်က တွစ်တာကို ဒေါ်လာ၄၄ ဘီလျံပေးဝယ်ဖို့သေချာသွားပြီးနောက် ဘိုင်ဒင်က အခုလိုမှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။
Source AFP
Published 26 April 2022
ဧဒင်လုပ်ငန်းစုကြီးရဲ့ ဥက္ကဋ္ဌ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်ကို စစ်ဆေးမှုတွေလုပ်နေတယ်ဆိုတဲ့ သတင်းကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကအတည်ပြုပါတယ်။YMGရဲ့မေးမြန်းချက်အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ဖြေကြားချက်အပြည့်အစုံကိုဖော်ပြပေးလိုက်ပါတယ်။
Published 25 April 2022
ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးဟာ ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နှင့် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့ကို ဧပြီ(၂၄)ရက် တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ပါတယ်။
ဒါဟာ ဖေဖော်ဝါရီလကုန်ပိုင်း ရုရှားတို့ကျူုးကျော်မှုစတင်ကတည်းက ယူကရိန်းကိုလာရောက်တဲ့ ပထမဆုံးသော အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိကြီးတွေဖြစ်ပါတယ်။
သူတို့က ခရီးစဉ်အတွင်းမှာ ယူကရိန်းကို စစ်ရေးအကူအညီအဖြစ် ဒေါ်လာသန်း၇၀၀ ပေးအပ်မယ်လို့ အမေရိကန်ဝန်ကြီး နှစ်ဦးကကြေညာသွားပါတယ်။
Source AFP
Published 24 April 2022
ကုလသမဂ္ဂအကြီးအကဲ ကိဗ်ကိုမကြာမီလာမယ့်ခရီးဟာ ယူကရိန်းအတွက် ပိုမိုအားကောင်းတဲ့ ထောက်ခံမှုတွေ ယူဆောင် လာလိမ့်မယ်လို့ သူမျှော်လင့်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးက ပြောပါတယ်။
ယူကရိန်းနိုင်ငံ၊ကိဗ်မြို့တော်ရဲ့မြေအောက်ဘူတာရုံတစ်ခု မှာ စနေနေ့ကပြုလုပ်ခဲ့တဲ့ နိုင်ငံတကာမီဒီယာများနှင့်တွေ့ဆုံပွဲမှာ သူက အဲသလိုပြောကြားခဲ့တာပါ။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟာ ရုရှားသမ္မတဗလက်ဒီမာပူတင်နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးတို့ကို ဧပြီ ၂၆ရက်နှင့် ၂၈ ရက်တို့မှာ သွားရောက်တွေ့ဆုံဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
Source CMG
Published 24 April 2022
မော်စကိုက တောင်ပိုင်းမြို့ မာယီယူပူးလ်ကို သိမ်းပိုက်ကြောင်းနှင့် စက်ရုံကိုသိမ်းရန်မလိုကြောင်းကြေညာခဲ့ပြီးနောက် ရက် အနည်းငယ်မှာ ရုရှားတပ်တွေက ယူကရိန်းရဲ့ နောက်ဆုံးခုခံကာကွယ်သူတွေရှိနေကြတဲ့ သံမဏိစက်ရုံကြီးကို ပြန်လည် တိုက်ခိုက်မှုတွေ ဧပြီ၂၄ ရက်က စတင်လာကြပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးက ယူကရိန်းစစ်တပ်ဟာ မာယီယူပူးလ်ဆိပ်ကမ်းမြို့ကို ပြန်သိမ်းယူဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ပြောပါတယ်။
ဒါပေမယ့် အမေရိကန်က ထိပ်တန်းသံတမန်တွေဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်၊ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့ ဧပြီ၂၄ ရက်(တနင်္ဂနွေ)နေ့မှာ ကိဗ်ကိုလာရောက်ကြမှာဖြစ်ပြီး ရုရှားကျူးကျော်မှုတတိယပတ်ထဲ ရောက်လာတဲ့အချိန်မှာ ယူကရိန်းဟာ ဘယ်လိုလက်နက်တွေလိုအပ်တယ်ဆိုတာ ဆွေးနွေးကြမယ်လို့ သူက ပြောပါတယ်။
“ ကျွန်တော်တို့ လက်နက်တွေပိုရလာတာနှင့်အမျှ လက်နက်တွေလုံလောက်ပြီဆိုတာနှင့် ယာယီသိမ်းပိုက်ခံထားရတဲ့ ဒီနယ်မြေကို ချက်ခြင်းပြန်သိမ်းပိုက် မှာပါ။ကျွန်တော့်ကိုယုံပါ” လို့ ဇီလင်စကီးက စနေနေ့ညနေခင်းသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဘလင်ကင်နှင့်အော်စတင်တို့ရဲ့ ခရီးနှင့်ပတ်သက်လို့ အိမ်ဖြူတော်က အတည်ပြုချက်မပေးပါဘူး။ နိုင်ငံခြားရေးဌာနနှင့် ပင်တဂွန်ကလည်း မှတ်ချက်ပေးဖို့ငြင်းဆန်ပါတယ်။
မာရီယူပူးလ်ကို တိုက်ခိုက်မှုတွေဟာ ရက်သတ္တပတ်များစွာ ပစ်ခတ်နေပြီး ပဋိပက္ခအတွင်း အကြီးကျယ်ဆုံးဖြစ်ပါတယ်။ ဒီမြို့ကို သိမ်းပိုက်မှုဟာ အရှေ့ပိုင်းဒွန်ဘတ်ဒေသနှင့် ၂၀၁၄မှာ မော်စကိုက သိမ်းပိုက်ထားတဲ့ ပင်လယ်နက်ကျွန်းဆွယ်က ခရိုင်းမီးယားကို ချိတ်ဆက်နိုင်မယ့် ရုရှားရဲ့ မရှိမဖြစ်လိုအပ်တဲ့ ဆောင်ရွက်မှုဖြစ်ပါတယ်။
မော်စကိုက ထောက်ခံထားတဲ့ ခွဲထွက်ရေးသမားတွေဟာ ဒွန်ဘတ်စ်ဒေသမှာ နှစ်ပေါင်းများစွာ နယ်မြေစိုးမိုးထားပါတယ်။
ပင်လယ်နက်ဆိပ်ကမ်းမြို့ အိုဒီဆာမှာ ဒုံးကျည်တိုက်ခိုက်ခံရမှုကြောင့် လူ(၇)ဦး သေဆုံးခဲ့တယ်လို့ ဇီလင်စကီးကပြောပါတယ်။ ဒုံးကျည်တွေဟာ စစ်ဘက်အဆောက်အဦတစ်လုံးနှင့် လူနေအဆောက်အဦနှစ်လုံး ဖျက်ဆီးခံရတယ်လို့ ယူကရိန်းစစ်တပ်ကပြောပါတယ်။
အသေအပျောက်များနှင့်ပတ်သက်လို့ အတည်ပြုလို့မရသေးပါဘူး။ အိုဒီဆာကို နောက်ဆုံးအကြီးအကျယ်တိုက်ခိုက်ခဲ့တာဟာ ဧပြီလစောစောပိုင်းမှာဖြစ်ပါတယ်။
ရုရှားဟာ ယူကရိန်းကို သူတို့ရဲ့ ဒုံးကျည်အများဆုံး ပစ်ခတ်ပြီးပြီလို့ ဇီလင်စကီးကပြောပါတယ်။ “ သူတို့မှာ ကျန်သေးတာပေါ့။ အဲဒါကြောင့်လည်း သူတို့ ကျွန်တော်တို့ပြည်သူတွေကို ဒုံးကျည်နှင့်အကြမ်းဖက်မှုတွေ ဆက်လုပ်နိုင်ကြတာပေါ့” လို့ သူကပြောပါတယ်။
ရုရှားကတော့ အရပ်သားတွေပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတာတွေကို ငြင်းဆိုထားပါတယ်။
သူတို့ရဲ့ ပစ်မှတ်တိကျတဲ့ ဒုံးကျည်တွေဟာ အမေရိကန်နှင့် ဥရောပနိုင်ငံတွေက ပေးပို့ထားတဲ့ လက်နက်တွေရှိနေတဲ့ အိုဒီဆာက ထောက်ပို့ရုွတစ်ခုကို ဖျက်ဆီးပစ်လိုက်နိုင်တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီအပြင် ယူကရိန်းတပ်သား၂၀၀အထိ သတ်ပစ်ခဲ့ပြီး နှင့် ယန္တယားပေါင်း ၃၀ကျော်ကို ဖျက်ဆီးခဲ့တယ်လို့လည်း ရုရှားက ပြောပါတယ်။
Source Reuters
Published 23 April 2022
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ဟာ ယူကရိန်းဝန်ကြီးချုပ် ဒင်နီရှီမားဟဲလ်ကို ဧပြီ ၂၂ရက်က ဝါရှင်တန်ဒီစီမီမှာ လက်ခံတွေ့ဆုံပါတယ်။ နှစ်ဖက်စလုံးက အရာရှိတွေက ရုရှားနှင့်တိုက်တဲ့စစ်ပွဲ အောင်နိုင်လိမ့်မယ် လို့ ပြောကြားကြပါတယ်။
Source AFP
Page 185 of 218