Published 16 April 2022
မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံဟာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကနေတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့် နိုင်မယ့် အခွင့်အလမ်းကောင်းတွေ ရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ပညာရှင်တစ်ဦးက ယူရေးရှားရီဗျူး ဂျာနယ်မှာ ဧပြီ ၁၆ရက် ယနေ့မှာ ရေးသားလိုက်ပါတယ်။
ရေးသားသူမှာ ဒါကာတက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး မဟာဘွဲ့ရသူ အလွတ်တန်းစာရေးဆရာ ဂျူဘီဒါ ချောင်ဒရီ Jubeda Chowdhury ဆိုသူပညာရှင်တစ်ဦးဖြစ်ပြီး “ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အလားအလာများ” ဆိုတဲ့ ခေါင်းစဉ်နှင့် သူက သုံးသပ်ချက်ရေးသားခဲ့ခြင်းဖြစ်ပါတယ်။
သူက ကာကွယ်ရေးဒီပလိုမေစီဖြင့် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်နိုင်တယ်လို့ သုံးသပ်လိုက်ပါတယ်။နှစ်နိုင်ငံနှင့် ဒေသဆိုင်ရာ ဆက်ဆံရေးတိုးမြှင့်ရာမှာ စစ်ရေးဒီပလိုမေစီဟာ နိုင်ငံတကာဆက်ဆံရေးရဲ့မရှိမဖြစ် အစိတ်အပိုင်းတွေထဲက တစ်ခုအဖြစ် ကာလရှည်ကြာကတည်းက တည်ရှိခဲ့ပြီး အဲဒါဟာ ထိရောက်တဲ့ နည်းလမ်းစဉ်လည်းဖြစ်တယ်လို့ သူကရေးပါတယ်။
မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်တို့ဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြပြီး နိုင်ငံတကာနယ်နမိတ်၂၇၁ကီလိုမီတာထိစပ်နေကြပါတယ်။ ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးရရှိပြီးနောက် မြန်မာဟာ ၁၉၇၂ခုနှစ် ဇန်နဝါရီ ၁၃ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအကြား အထွေထွေသဘောတူစာချုပ် တစ်ရပ်လက်မှတ်ရေးထိုးကြပြီး ဘင်္ဂလားဒေ့ရှ်ကို အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။ ၁၉၈၉ ဇွန်လမှာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာသုံးခုလက်မှတ်ရေးထိုးခဲ့တယ်လို့လည်း ဆောင်းပါးမှာဖော်ပြထားပါတယ်။
မြန်မာနှင့်ဘင်္ဂလားဒေ့ရှင်စစ်တပ်အကြား ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နယ်ပယ်ကျယ်ပြန့်လှပြီး စစ်တပ်က နှစ်ရှည်လများ အုပ်စိုးထားတဲ့ မြန်မာနိုင်ငံအတွက် အခြားနိုင်ငံတွေနှင့် စစ်တပ်အချင်းချင်း ဆက်ဆံရေးဟာ အရေးကြီးတယ်လို့ သူက ဆိုပါတယ်။အဲဒါကြောင့် နှစ်နိုင်ငံ စစ်တပ်တွေဟာ ဘုံအကျိုးစီးပွားအပေါ်အခြေခံပြီး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သင့်ကြတယ်လို့ သူက အကြံပြုတိုက်တွန်းထားပါတယ်။
မြန်မာတပ်မတော်နှင့် ဘင်္ဂလားဒေ့ရှ်တပ်မတော်နှစ်ရပ်အကြားမှာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နယ်ပယ်တွေကိုလည်း ဘင်္ဂလားဒေ့ရှ်ပညာရှင်က ဖော်ထုတ်ထားပါတယ်။ အဲဒါတွေက သောင်းကျန်းသူတိုက်ဖျက်ရေး၊အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ဘင်္ဂလီဘာသာစကားကျွမ်းကျင်မှု၊မြန်မာဘာသာစကားကျွမ်းကျင်မှု၊ ရေတပ်နှင့်လေတပ်ပူးပေါင်းစစ်ရေးလေ့ကျင့်မှုနှင့် ဘင်္ဂလားပင်လယ်အော်ဒေသအတွင်း သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှုများကို တွန်းလှန်ရန် ထောက်လှမ်းရေးသတင်းအချက်အလက်ဖလှယ်ရေးတို့ပဲဖြစ်ပါတယ်။
အဲဒီအပြင် သင်တန်းတွေအပြန်အလှန်စေလွှတ်ရေး၊ ထောက်လှမ်းရေးသတင်းအချက်အလက်ဖလှယ်ခြင်း၊မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျောက် တရားမဝင်လက်နက်ရောင်းဝယ်မှု၊မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့်လူကုန်ကူးမှုစတဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေကို ဟန့်တားကာကွယ်ဖို့ နှစ်နိုင်ငံပူးတွဲ ကင်းလှည့်တာတွေကို တိုးချဲ့လုပ်ဆောင်ဖို့ သူက အကြံပြုထားပါတယ်။
စစ်တပ်ကိုယ်စားလှယ်အဖွဲ့တွေ အပြန်အလှန်စေလွှတ်ခြင်းတွေဟာ နှစ်နိုင်ငံအကြား အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ လမ်းဖွင့်ပေးတာဖြစ်တယ်လို့ သူ့အမြင်ကို ဆောင်းပါးမှာဖော်ပြထားပါတယ်။ သူက နှစ်နိုင်ငံအကြား စစ်တပ်ခေါင်းဆောင်တွေနှင့် အဆင့်မြင့်စစ်တပ်အရာရှိတွေ အပြန်အလှန်လည်ပတ်ခဲ့ကြတာတွေကို ပြန်လည်ရေးသားထားပြီး အဲဒီအလည်အပတ်ခရီးတွေက နှစ်နိုင်ငံဆက်ဆံရေးကို ဘယ်လိုအကျိုးပြုခဲ့တယ်ဆိုတာတွေကိုပါ ထည့်သွင်းသုံးသပ်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ ငြိမ်းချမ်းရေးမြတ်နိုးတဲ့ ခင်မင်ဖွယ်ကောင်းတဲ့ အိမ်နီးချင်းဖြစ်တယ်ဆိုတာ မြန်မာအနေနှင့် နားလည်သင့် တယ်လို့ သူကဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုကိုယုံကြည်တယ်။ အဲဒါကြောင့် ဘင်္ဂလားဒေ့ရှနှင့် ဆက်ဆံတဲ့အတွက် မြန်မာအတွက်လည်း အကျိုးရှိပါတယ်လို့ သူက သုံးသပ်ပြပါတယ်။
“ အိမ်နီးချင်းနှစ်နိုင်ငံအကြား စစ်တပ်ချင်းဆက်ဆံရေးဟာ ငြိမ်းချမ်းခြင်း၊သဟဇာတဖြစ်ခြင်း၊ဒေသတည်ငြိမ်ခြင်းနှင့် ဒေသဆိုင်ရာ အတွက်နှင့် ဒေသကြီးတစ်ခုလုံးအတွက် (တောင်အာရှနှင့် အရှေ့တောင်အာရှ)ပိုမိုကြီးမားသော အကျိုးစီးပွား တို့ကို အသေအချာဖြစ်ထွန်းစေနိုင်ပါတယ်” လို့ သူက အဆုံးသတ်ရေးသားထားပါတယ်။
Source: Eurasia Review: Prospects of Defense Cooperation Between Bangladesh-Myanmar by Jubeda Chowdhury
Published 15 April 2022
မြောက်ကိုးရီးယားနိုင်ငံတည်ထောင်သူ ကင်မ်အီဆွန်းရဲ့ အသက်၁၁၀နှစ်ပြည့်မွေးနေ့ အခမ်းအနားကို မြောက်ကိုးရီးယားနိုင်ငံ၊ မြို့တော်ပြုံယမ်းမှာ ဧပြီ၁၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ လူထောင်ပေါင်းများစွာဟာ ကခုန်ကြပြီး မီးရှုးမီးပန်းများပါ ပစ်ဖောက်ဆင်နွှဲခဲ့ကြပါတယ်။
ဧပြီ၁၅ရက်ရက်ကို နျူကလီးယားလက်နက်ပိုင်မြောက်ကိုးရီးယားမှာ နေမင်း၏နေ့လို့ သိကြတာဖြစ်ပြီး ကင်မင်အီဆွန်းဟာ လက်ရှိ မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျွန်အမ်ရဲ့ အဖိုးဖြစ်ပါတယ်။ ပြုံယမ်းရဲ့ နိုင်ငံရေးပြက္ခဒိန်ဟာ ဧပြီ၁၅ရက်ဟာ အရေးအကြီးဆုံးရက်စွဲတွေထဲက တစ်ခုဖြစ်ပါတယ်။
Source AFP
Published 15 April 2022
အမေရိကန်နှင့်နေတိုးတို့က ယူကရိန်းနိုင်ငံဆီ အရေးအကြိးဆုံးလက်နက်စနစ်တွေပေးပို့နေတာဟာ ပဋိပက္ခကို လောင်စာ ထပ်သွင်းတာဖြစ်ပြီး မျှော်မှန်းလို့မရတဲ့ အကျိုးဆက်တွေ ရလာနိုင်တယ်လို့ ရုရှားနိုင်ငံက အမေရိကန်ပြည်ထောင်စုကို တရားဝင်သံတမန်စာတစ်စောင် ဒီတစ်ပတ်ထဲမှာ ပေးပို့လိုက်ပါတယ်။
၁၅၅ မမ ဟောင်ဝစ်ဇာအပါအဝင် ရုရှားရဲ့ တာဝေးပစ်အမြောက်တွေ၊ ကန်းရိုးတန်းကာကွယ်ရေးဒရုန်းတွေနှင့် သံချပ်ကာကားတွေ၊ အပေါ့စားလေယာဉ်ဖျက်နှင့် တင်ကားဖျက်လက်နက်တွေ၊သန်းနှင့်ချီတဲ့ ခဲယမ်းမီးကျောက်တွေဒေါ်လာသန်း၈၀၀တန်ဖိုးရှိတဲ့လက်နက်တွေ ယူကရိန်းကိုပေးမယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က အတည်ပြုအပြီးမှာ ဝါရှင်တန်ပို့စ်က လက်ခံရရှိထားတဲ့ အဆိုပါသံတမန်စာ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ယူကရိန်းရဲ့တာဝေးလေကြောင်းကာကွယ်ရေးစနစ်တွေကို ပေးပို့ဖို့လည်း စီစဉ်ခဲ့ပါတယ် လို့ အမေရိကန်အစိုးရက ပြီးခဲ့တဲ့ အပတ်ကပြောပါတယ်။ အဲဒီအထဲမှာ ဆလိုဗေးကီးယားက ပေးပို့မယ်ါ့ ဆိုဗီယက်ခေတ်က ထုတ်လုပ်ထားတဲ့ S-300 လောင်ချာတွေလည်းပါဝင်ပါတယ်။ အဲဒီလောင်ချာတေံဟာ ယူကရန်းက လေ့ကျင့်ထားပြီးလက်နက်တွေဖြစ်ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇီလင်စကီးက သမ္မတ ဘိုင်ဒင်ကို အရေးပေါ် အသနားခံထားတာကြောင့်
လက်နက်တွေပထမအသုတ်ဟာ လာမယ့်ရက်အနည်းငယ်အတွင်း ယူကရိန်းကို ရောက်ရှိမယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။
စာမျက်နှာ(၂)မျက်နှာပါတဲ့ ရုရှားရဲ့ သံတမန်စာပါအကြောင်းအရာ နှင့်ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပေးဖို့ ငြင်းဆန်ပါတယ်။ ယူကရိန်းထဲဝင်လာမယ့် လက်နက်ကားတန်းတွေကို တရားဝင်ပစ်မှတ်တွေလို့ ရုရှားက တံဆိပ်ကပ်ထားပြီးဖြစ်ပေမယ့် အဲဒါတွေကို အခုထက်ထိမတိုက်ခိုက်သေးတာ ပြင်ဆင်နေလို့ဖြစ်ကောင်းဖြစ်မယ်လို့ ရုရှား အရေးကျွမ်းကျင်သူတွေက ပြောကြပါတယ်။
“ ယူကရိန်းရဲ့ အဲဒီလက်နက်သိုလှောင်ရုံတွေကို သူတို့ ပစ်မှတ်ထားခဲ့တယ်။ အဲဒီနေရာတွေမှာ ပေးပို့ထားတာတွေထဲက အချို့ ရောက်နေကြပြီ” လို့ စီအိုင်အေမှာ ရုရှားကျွမ်းကျင်သုံးသပ်ရေးညွှန်ကြားရေးမှူးလုပ်ခဲ့သူ ဂျော့ ဘီဘီးက ပြောပါတယ်။သူဟာ ဒုတိယသမ္မတဟောင်း ဒစ်ချင်နေရဲ့ ရုရှားအကြံပေးလုပ်ခဲ့သူလည်းဖြစ်ပါတယ်။
လက်နက်(ပစ်မှတ်)တွေကို ယူကရိန်းနယ်နမိတ်ကျော်ပြီး သူတို့လုပ်မှာလား ဆိုတာက မေးခွန်းပဲဖြစ်တယ်။ ယူကရိန်းရဲ့ အဖျားအနားမှာရှိနေကြတဲ့ နေတိုးနိုင်ငံတွေရောဖြစ်ကောင်းဖြစ်နိုင်သလား” လို့ သူကပြောပါတယ်။ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်ကပေးပို့တဲ့လက်နက်တွေဟာ အဲဒီနိုင်ငံတွေနေက ပြောင်းရွှေ့ပေးလို့ဖြစ်ပါတယ်။
“ကိဗ်အစိုးရထံ ပေးပို့မည့် မြောက်များလှစွာသော လက်နက်များနှင့်စစ်ရေးကိရိယာများနှင့်ပတ်သက်၍ ရုရှား၏ စိုးရိမ်ပူပန်မှု” လို့ အဲဒီစာမှာ ခေါင်းစဉ်တပ်ထားတာဖြစ်ပါတယ်။ အဲဒီစာကို ရုရှားလိုရေးထားပြီး အင်္ဂလိပ်ဘာသာပြန်စာကိုပါ ပူးတွဲထားပါတယ်။ စာကို ဝါရှင်တန်မှာရှိတဲ့ ရုရှားသံရုံးက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့တာဖြစ်ပါတယ်။
ရုရှားသံရုံးဆီက စာအပေါ်မှတ်ချက်တောင်းတာ ပြန်မတုန့်ပြန်ပါဘူး။
“ အမေရိကန်ပြည်ထောင်စုနှင့်ယင်းရဲ့မဟာမိတ်တွေဟာ ဒေသဆိုင်ရာနှင့် နိုင်ငံတကာလုံခြုံရေးအတွက် မျှော်မှန်းလို့မရတဲ့ အကျိုးဆက်တွေညွှန်းဆိုပြနေတဲ့ ယူကရိန်းကို တာဝန်မဲ့စစ်လက်နက်တပ်ဆင်ရေးလုပ်နေတာတွေကို ရပ်တန့်ဖို့ ကျွန်ုပ်တို့ တောင်းဆိုပါတယ်” လို့ အဆိုပါစာမှာဖော်ပြထားပါတယ်။
Source: Washington Post
Published 15 April 2022
ယူကရိန်းနိုင်ငံ၊မြို့တော်ကိဗ်မှာ သောကြာနေ့က အင်အားပြင်းပေါက်ကွဲသံတွေကြားရပြီး ယူကရိန်းအရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေများပြားလာပါတယ်။ ရုရှားရေတပ်ရဲ့ ပင်လယ်နက်အထင်ကရသင်္ဘောကို ယူကရိန်းကနှစ်မြှပ်ခဲ့ပြီးနောက် ယခုလိုဖြစ်ပေါ်ခဲ့တာပါ။
တောင်ပိုင်းနှင့်အရှေ့ပိုင်းမှာ စစ်ပွဲတွေပြင်ဆင်ဖို့အတွက် ရုရှားတပ်တွေ ဒီလစောစောပိုင်းက ယူကရိန်းမြို့တော်ကနေ ဆုတ်ခွာပြီး ကတည်းကဆိုရင် ယခုကြားရတဲ့ ပေါက်ကွဲသံတွေဟာ အသိသာဆုံးဖြစ်ပါတယ်။
ယူကရိန်းက သူတို့ဟာ ရုရှားရဲ့ ဒုံးကျည်တင်ရေတပ်သင်္ဘော Moskva ကို သူတို့ရဲ့ နက်ပ်ကျွန်း တန်ပြန် သင်္ဘောဒုံးကျည်နှင့် ထိမှန်အောင်ပစ်ခတ်ခဲ့တယ်လို့ ကြာသပတေးနေ့က ပြောပါတယ်။ အဲဒီသင်္ဘော ပေါက်ကွဲမီးလောင်မှုဖြစ်ပြီးနောက် သင်္ဘောကိုဆိပ်ကမ်းသို့တွဲဖြင့်ဆွဲလာစဉ် နစ်မြုပ်သွားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောပါတယ်။
ရေတပ်သား ၅၀၀ ကျော်ကို သင်္ဘောပေါ်က ကယ်ထုတ်လာနိုင်ခဲ့တယ်လို့ တိုက်ခိုက်ခံရမှုကို သိရှိမှုပြသခြင်းမရှိဘဲ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားရေတပ်ဟာ ပင်လက်နက်ကနေပြီး ယူကရိန်းမြို့တော်ကို ဗုံးကြဲနေတာ ရက်ပေါင်း၅၀နီးပါးအကြာမှာ ရုရှားဟာ ယင်းရဲ့ အထင်ကရ ရေတပ်သင်္ဘောတစ်စီး ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။
ရုရှားစစ်တပ်ရဲ့ အဆုံးမရှိတဲ့ စစ်ကိရိယာကားတန်းတွေရပ်တန့်အောင်လုပ်ပစ်ခဲ့သူတွေနှင့် ရုရှားသင်္ဘောတွေကို နစ်မြုပ်အောင် လုပ်နိုင်သူတွေကို ဂုဏ်ပြုတဲ့အကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလင်စကီးက ပြောပါတယ်။
ကိဗ်မြို့တော်၊ တောင်ပိုင်းက ခါဆွန်မြို့၊အရှေ့ပိုင်း ခါကစ်မြို့နှင့် အနောက်က အိုင်ဗန်နိုဖရန်ကီဗစ်မြို့တွေမှာ ပေါက်ကွဲမှုတွေဖြစ်ပြီးနောက် ပျက်စီးဆုံးရှုံးမှုနှင့်ပတ်သက်လို့ အသေးစိတ်သတင်းတွေမရသေးပါဘူး။
မြောက်ပိုင်းဆိပ်ကမ်းမြို့မာယီယူပူလ်က ပေါ့ပက်စ်နာနှင့်ရူဘစ်ဇိုင်းမြို့ကလေးတွေမှာ ရုရှားရဲ့တိုက်ခိုက်မှုကို ယူကရိန်းစစ်တပ်က ပြန်လည်တွန်းလှန်နိုင်ခဲ့ပြီး တင့်ကားတွေနှင့် သံချပ်ကာကားတော်တော်များများကို ဖျက်စီးပစ်လိုက်တယ်လို့ ယူကရိန်းစစ်တပ်ကပြောပေမယ့် ဒီသတင်းကို ရိုက်တာက အတည်ပြုလို့မရသေးပဲရှိပါတယ်။
Source Reuters
Published 13 April 2022
ဆက်လက်ဖြစ်ပွားနေတဲ့ ရုရှား-ယူကရိန်း အကျပ်အတည်းဟာ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာတွေရဲ့ ကမ္ဘာလုံးဆိုင်ရာ ထောက်ပို့ကွင်းဆက်ပြတ်တောက်မှုတွေ ရှည်ကြာစွာဖြစ်ပေါ်နေရပါတယ်။ အဲဒါကြောင့် ပြီးခဲ့တဲ့ ၁၈လအတွင်းကနေ ယှဉ်ရင် ဓာတ်မြေဩဇာဈေးနှုန်းတွေဟာ အရှေ့တောင်အာရှမှာ နှစ်ဆကျော် တက်လာနေပါတယ်။
အာဆီယံနိုင်ငံတွေမှ စိုက်ပျိုးရေးကဏ္ဍဟာ အဓိက ကဏ္ဍဖြစ်နေတဲ့အတွက် သီးနှံအဟာရတွေ ပြတ်တောက် မလုံလောက်မှုတွေက အစားအသောက်ဈေးနှုန်းတွေတက်လာစေပြီး ဒေသက လူသန်းပေါင်းများစွာအတွက် စားနပ်ရိက္ခာလုံခြုံရေးအတွက်လည်း ခြိမ်းခြောက်မှုတွေဖြစ်ပေါ်နေစေပါတယ်။
အာရှရဲ့ စပါးကျီလို့ တင်စားရတဲ့ နိုင်ငံ့စီးပွားရေးရဲ့ ကျောရိုးဖြစ်နေတဲ့ ထိုင်းနိုင်ငံရဲ့စိုက်ပျိုးရေးလုပ်ငန်းမှာ လယ်သမားတွေဟာ မျှော်လင့်မထားတဲ့ အခက်အခဲကြီးတွေကြုံနေရပြီဖြစ်ပါတယ်။
Source CMG
Published 12 April 2022
နယူးယောက်မြို့၊ ဘရွတ်ကလင်းက မြေအောက်ဘူတာရုံတစ်ခုမှာ ရုံးတက်ချိန် ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ၁၃ဦး ဒဏ်ရာရရှိခဲ့ပြီး မပေါက်ကွဲသေးတဲ့ ပေါက်ကွဲပစ္စည်းတွေ များစွာတွေ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အရေးပေါ်လူနာတင်ယာဉ်တွေဟာ အခင်းဖြစ်ပွားတဲ့ ၃၆လမ်းဘူတာရုံအပြင်ဘက်လမ်းပေါ်မှာ တန်းစီရပ်နားထားကြပါတယ်။ မနက်၈နာရီ၂၇မိနစ်မှာ အပစ်ခံရသူတစ်ဦးက ၉၁၁ကို ဖုန်းဆက်သွယ်ခေါ်ဆိုခဲ့တာဖြစ်တယ်လို့ နယူးယောက်ရဲဌာနပြောရေးဆိုခွင့်ရအမျိုးသမီးကပြောပါတယ်။
ရထားတွဲတစ်တွဲထဲမှာ စပစ်ခတ်တာကို သူမြင်တယ်လို့ လူတစ်ဦးက ပြောပါတယ်။
ကျူးလွတ်သူဟာ ယခုထက်ထိလွတ်မြောက်နေဆဲဖြစ်ပါတယ်လို့ မန်ဟန်တန်ခရိုင်ဥက္ကဋ္ဌ မာ့ခ်လီဗိုင်း ကပြောပါတယ်။
သမ္မတဂျိုးဘိုင်ဒင်ကို ဖြစ်ပျက်တာတွေတင်ပြထားပြီး သမ္မတဟာ နယူးယောက်အရာရှိတွေနှင့်ဆက်သွယ်ဆောင်ရွက်နေတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
Source AFP
Published 12 April 2022
ဧပြီ ၁၂ရက် အင်္ဂါနေ့က အမေရိကန်ပြည်ထောင်စု၊နယူးယောက်မြို့အောက်ရထားဘူတာရုံတစ်ခုမှာ လူတော်တော်များများ သေနတ်ပစ်ခံကြရပြီး အနည်းဆုံး ၁၃ဦးခန့်ဟာ ဒဏ်ရာတွေရရှိသွားပါတယ်။ အဲဒီအပြင် မပေါက်ကွဲသေးတဲ့ ဗုံးတွေကိုလည်း အာဏာပိုင်တွေက ရှာတွေ့ခဲ့ကြပါတယ်။
ဘရွတ်ကလင်းဆန်းဆက်ပတ်ခ် ရပ်ကွက်ရဲ့ ၃၆လမ်း မြေအောက်ဘူတာရုံမှာ အင်္ဂါနေ့မနက်က အဆိုပါတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သတင်းမီဒီယာတွေကပြောပါတယ်။ စီအင်န်အင်န်နှင့် အခြားမီဒီယာတွေကတော့ အနည်းဆုံး လူငါးဦးဟာ သေနတ်နှင့်အပစ်ခံရတယ်လို့ နယူးယောက်မီးသတ်ဌာန သတင်းအရင်းအမြစ်ကို ကိုးကားပြီး သတင်းပေးပို့ကြပါတယ်။
ဒီအပစ်ခံရတဲ့သူတွေဟာ ဒဏ်ရာရသူတွေထဲ ပါမပါတော့ မသဲကွဲပါဘူး။
အရာရှိတွေဟာ အခင်းဖြစ်ရာနေရာကို သွားရောက်တုန့်ပြန်ဆောင်ရွက်နေကြပြီး လူဘယ်နှစ်ဦးအပစ်ခံရတယ်ဆိုတဲ့ အသေးစိတ်မသိရသေးဘူးလို့ နယူးယောက်ရဲဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရိုက်တာ သတင်းဌာနကိုပြောပါတယ်။
လူတွေအနေနှင့် အဲဒီနေရာတစ်ဝိုက်မှာ မနေကြဖို့ နယူးယောက်ရဲက သတိပေးထားပါတယ်။
Source Reuters
Page 177 of 207