Published 23 May 2022
ထိုင်ဝမ်ကိုမည်သို့သောကျူးကျော်မှုမျိုးမဆို ထိုင်ဝမ်ရဲ့အကျိုးစီးပွားဘက်က ကာကွယ်ပေးသွားမယ်လို့ ဂျိုးဘိုင်ဒင်က တရုတ်ကို သတိပေးစကားပြောကြားလိုက်ပါတယ်။ ဂျပန်ကိုရောက်ရှိနေစဉ်အတွင်း မေလ(၂၃)ရက်က အမေရိကန်သမ္မတ ဘိုင်ဒင်က ယခုလိုပြောခဲ့တာပါ။ ယူကရိန်းမှာဖြစ်ခဲ့သလို နောက်ထပ်အလားတူအရေးယူဆောင်ရွက်တာမျိုးတွရှိလာလိမ့် မယ်လို့လည်းသူကပြောပါတယ်။
ထိုင်ဝမ်ပြဿနာနှင့်ပတ်သက်လာရင် စကားပြောဆင်ခြင်ဖို့ တရုတ်ကလည်း အမေရိကန်ကို သတိပေးတုန့်ပြန်လိုက်ပါတယ်။ တရုတ်ရဲ့အချုပ်အခြာအာဏာနှင့် လုံခြုံရေးအကျိုးစီးပွားကို မဆုတ်မနစ်ကာကွယ်ပြီးလိုအပ်တဲ့အရေးယူဆောင်ရွက်မှု တွေလုပ်ရလိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ဝမ်ဝေပင်းက ဘေဂျင်းမှာပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာပါ။”ကျွန်တော်တို့စကားတွေဟာ ကျွန်တော်တို့အရေးယူဆောင်ရွက်မှုတွေဖြစ်လာလိမ့်မယ်” လို့လည်း သူက အမေရိကန်ကိုထပ်မံသတိပေးခဲ့ပါတယ်။
Source AFP
Published 22 May 2022
နစကဥက္ကဋ္ဃရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကြောင့် ဆွေးနွေးပွဲလာရောက်တဲ့ ဒုတိယမြောက် တိုင်းရင်းသားအဖွဲ့အစည်းတစ်ခုအဖြစ် မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်တဲ့ အဖွဲ့ဟာ
ယနေ့ မေလ (၂၂)ရက်နေ့က နေပြည်တော်ကို ရောက်ရှိလာပါတယ်။
မွန်ပြည်သစ်ပါတီဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းဟာ မနက်ဖန်မေလ၂၃ရက်မှာ နစက ဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်မယ်လို့ သတင်းရရှိပါတယ်။
ဆွေးနွေးပွဲကို ပထမဆုံးတက်ရောက်လာတဲ့ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဟာ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီနှင့် ယနေ့မေလ၂၂ ရက်မှာ ဒုတိယနေ့အဖြစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲဆက်လက် ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။
Published 22 May 2022
လာမည့်ရွေးကောက်ပွဲတွင် ခြွင်းချက်နှစ်ခုမှအပ လွှတ်တော်အားလုံးတွင် အချိုးကျကိုယ်စားပြုစနစ်(PR)ကျင့်သုံးသွားမယ်လို့ သိရှိရပါတယ်။
မေလ(၁၉)ရက်နေ့က ပြုလုပ်တဲ့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ အဖွဲ့ဝင် ဦးခင်မောင်ဦးက ရှင်းလင်းရာမှာ ယခုလိုထုတ်ဖော်ပြောကြားသွားတာ ဖြစ်ပါတယ်။
အဲသလိုပြောင်းလဲဆောင်ရွက်ရာမှာ ရိုးရှင်းလွယ်ကူတဲ့ စာရင်းပိတ်အချိုးကျကိုယ်စားပြုစနစ်(Closed list PR)ကို ရွေးချယ်ထားကြတယ်လို့ ဦးခင်မောင်ဦးက ပြောပါတယ်။
ဒါပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသတွေမှ အမျိုးသားလွှတ်တော်တစ်ဦးစီနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွေမှာ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီတင်မြှောက်ရာတွင်တော့ ယခင်ကျင့်သုံးခဲ့တဲ့ FPTPစနစ်ကိုပဲ ကျင့်သုံးမယ်လို့ သူကပြောပါတယ်။ အဲဒီခြွင်းချက်နှစ်ခုကလွဲလို့ ကျန်တာတွေအားလုံး PRကျင့်သုံးမယ်လို့ သူက ဆိုလိုတာဖြစ်ပါတယ်။
ဒီလိုပြောင်းလဲကျင့်သုံးဖို့အတွက် နိုင်ငံရေးပါတီတွေနှင့် တွေ့ဆုံဆွေးနွေးမှုတွေကနေ သဘောတူညီမှုရရှိခဲ့တာဖြစ်တယ်လို့ သူကရှင်းလင်းပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားတဲ့ လွှတ်တော်အလိုက် ရွေးကောက်တင်မြှောက်ရမယ့် အရေအတွက် မပြောင်းလဲဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ်တွေပိုင်းခြားသတ်မှတ်ခြင်းနှင့် ကိုယ်စားလှယ်ဦးရေ သတ်မှတ်ခြင်းတွေကို ဆောင်ရွက်သွားမယ်လို့လည်း သူကပြောပါတယ်။
လာမယ့် ၂၀၂၃ခုနှစ်အတွင်း ရွေးကောက်ပွဲအသစ်တစ်ခု ပြန်လည်ကျင်းပပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရည်မှန်းဆောင်ရွက်နေတာဖြစ်ပါတယ်။
Published 22 May 2022
မြောက်ကိုးရီးယားလုပ်တာမှန်သမျှအတွက် ကျွန်တော်တို့ပြင်ဆင်ထားပြီးပါပြီ၊သူတို့ဘာပဲလုပ်လုပ် ကျွန်တော်တို့ ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာစဉ်းစားထားပြီးပြီမို့ စိတ်မပူဘူး လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကပြောပါတယ်။ တောင်ကိုးရီးယားကို သူရောက်ရှိနေစဉ်အတွင်း ဟွန်ဒေးရင်းနှီးမြှပ်နှံမှုနှင့်ပတ်သက်လို့ မှတ်ချက်စကားပြောကြားရာမှာ သူက ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
Source AFP
Published 22 May 2022
ဂရင်းပါတီနှင့် ရာသီဥတုပြောင်းလဲမှာ အာရုံစိုက်တဲ့ တစ်သီးပုဂ္ဂလိကတွေအပေါ်မကြုံစဖူး ထောက်ခံမှုတွေ က ကွန်ဆာဗေးတစ်ညွန့်ပေါင်းရဲ့ ဆယ်စုနှစ်တစ်စုနီးပါး အုပ်ချုပ်မှုကို အဆုံးသတ်လိုက်ပြီးနောက် ဩစတြေးလျ လေဘာပါတီဟာ နောက်အစိုးရကို တနင်္လာနေ့မှာ ဖွဲ့စည်းဖို့ရှိပါတယ်။
အလယ်-လက်ဝဲ လေဘာပါတီဟာ အောက်လွှတ်တော်၁၅၁နေရာက အများစု ၇၆နေရာရရှိဖို့ လေးနေရာ ငါးနေရာခန့် လိုအပ်နေပါတယ်။ ဒါကြောင့် ၂၀၁၃ခုနှစ်ကတည်းက လက်လွှတ်ခဲ့တဲ့ အာဏာကို ပြန်ရယူဖို့ တစ်သီးပုဂ္ဂလိကတွေနှင့် ပါတီငယ်လေးတွေရဲ့ထောက်ခံမှုလိုကောင်းလိုပါမယ်။
တိုကျိုမှာ အင်္ဂါနေ့ မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ဂျပန်နှင့်အိန္ဒိယဝန်ကြီးချုပ်တို့နှင့်တွေ့ဆုံဆွေးနွေးကြမယ့် လေးပြည်ထောင်"Quad" အစည်းအဝေးကို သူမတက်ခင် သူဟာ ၃၁ဦးမြောက်ဝန်ကြီးချုပ်အဖြစ် အခြား ပါတီရဲ့ဝါရင့် ပါတီဝင်(၄)ဦးနှင့်အတူ ကျမ်းသစ္စာကျိန်ဆိုမယ်လို့ လေဘာပါတီခေါင်းဆောင် အန်သိုနီအယ်ဘန်နီဆီက ပြောပါတယ်။
“ ကျွန်တော်ဟာ နိုင်ငံကို မပြောင်းလဲလိုပါဘူး။ နိုင်ငံမှာ နိုင်ငံရေးတွေ လှုပ်ရှားဆောင်ရွက်နေကြတဲ့ နည်းလမ်းကိုပဲ ပြောင်းလဲချင်ပါတယ်” လို့ ဆစ်ဒနီဆင်ခြေဖုံးရက်ကွက်က ကဖေးဆိုင်တစ်ဆိုင်က ထွက်လာတဲ့ အယ်ဘန်နီဆီက သတင်းထောက်တွေကိုပြောပါတယ်။သူဟာ အဲဒီနေရာမှာပဲ ထောက်ခံသူတွေနှင့် အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကူးခဲ့တာပါ။
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့်အိမ်နီးချင်း နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန်တို့အပါအဝင် ကမ္ဘာ့ခေါင်းဆောင် တော်တော်များများက သူ့အနိုင်ရမှုကို ချီးကျုးဝမ်းသာစကားပြောခဲ့ကြပါတယ်။
လက်ရှိဝန်ကြီးချုပ် စကော့မော်ရစ်ဆန်ရဲ့ လစ်ဘရယ်ပါတီဟာ သူ့ရဲ့အမာခံ မြို့တော်တော်များများမှာ အမျိုးသမီး အများစုပါဝင်တဲ့ တစ်သီးပုဂ္ဂလိကတွေရဲ့ ဖြုတ်ချခြင်းခံရပါတယ်။အဲဒီအမျိုးသမီးတွေဟာ ရာသီဥတုပြောင်းလဲခြင်း၊ဂုဏ်သိက္ခာနှင့် လိင်တန်းတူရှိမှုတို့အတွက် ပိုမိုလုပ်ဆောင်ဖို့ စည်းရုံးလှုံ့ဆော်ခဲ့ကြသူတွေဖြစ်ပါတယ်။
လစ်ဘရယ်ပါတီခေါင်းဆောင်ကနေ နှုတ်ထွက်မယ့် မော်ရစ်ဆန်ကို တနင်္ဂနွေနေ့ ဘုရာရှိခိုးကျောင်းလာတက်ပုံကို ရုပ်သံမှာ ပြသခဲ့ပါတယ်။
“ကျွန်တော်တို့လျှောက်လှမ်းနိုင်ဖို့ ကြီးမားတဲ့ ဖောင်ဒေးရှင်းတစ်ခုကို ခင်ဗျားတို့က ကျွန်တော်တို့ကိုပေးခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့လေးနှစ်လုံးလုံး အတော်ခက်ခက်ခဲခဲလျှောက်လှမ်းခဲ့ရပါတယ်” လို့ စိတ်လှုပ်ရှားနေပုံရတဲ့ မော်ရစ်ဆန်က ဘုရားကျောင်းလာသူတွေကို ပြောခဲ့ပါတယ်။
Source Reuters
Published 22 May 2022
တောင်ကိုးရီးယားလူမှုအဖွဲ့အစည်းတွေဟာ သောကြာနေ့မွန်းလွဲပိုင်းက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လာရောက်တဲ့ခရီးစဉ်ကို ဆိုးလ်မြိုမှာ စီတန်းလှည့်လည်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
“ ဘိုင်ဒင် တောင်ကိုးရီးယားကို လာတဲ့ခရီးဟာ စစ်အကျပ်အတည်းကို မီးလာထိုးတာ” “ ယွန်ဆောင်ယို အစိုးရအဖွဲ့ဟာ အမေရိကန်ရဲ့စစ်အေးတိုက်ပွဲအသစ်ကို ပူးပေါင်းနေတာ ဆန့်ကျင်ကြ” “ အမေရိကန်-ဂျပန်-တောင်ကိုးရီးယား စစ်ရေးပူးပေါင်းမှုဆန့်ကျင်ကြ”စတဲ့ ဆိုင်းဘုတ်တွေနှင့်ကြွေးကြော်သံတွေဟစ်ကြွေး ဆန္ဒပြကြတာဖြစ်ပါတယ်။
ယွန်ဆောင်ယိုရဲ့အစိုးရအဖွဲ့ဟာ အမေရိကန်-တောင်ကိုးရီးယား စစ်ရေးမဟာမိတ်ကိုပိုမိုတောင့်တင်းအောင်နှင့် အမေရိကန်-ဂျပန်-တောင်ကိုးရီးယား စစ်ရေးမဟာမိတ်ကိုတိုးတက်စေအောင် ပြီးတော့ ယင်းရဲ့ ရန်လိုတဲ့ စစ်ရေးမဟာဗျူဟာဟာ ကိုရီးယားကျွန်းဆယ်ရဲ့ အရှိန်မြှင့်ပြီးသား အနေအထားနှင့် ဒေသအတွင်း တင်းမာမှုတွေကို ပိုပြီး မီးလောင်ရာလေပင့်ဖြစ်စေတယ်လို့ ဆန္ဒပြသူတွေက ပြောကြပါတယ်။
အင်ဒိုပစိဖိတ်ရဲ့ စီးပွားရေးမူဘောင်လို့ခေါ်တဲ့ IPEF ကို အမေရိကန်စတင်မှာကို ဆန္ဒပြသူတွေက ဆန့်ကျင်ကြပါတယ် လို့ ပြောပါတယ်။ သူတို့နိုင်ငံဟာ အမေရိကန်နှင့်စစ်ရေးမဟာမိတ်လုပ်ပြီး လက်နက်ယှဉ်ပြိုင်မှုကို အရှိန်မြှင့်တာကို မရွေးချယ် သင့်ဘူးလို့လည်းပြောပါတယ်။ အစိုးရအနေနှင့် ငြိမ်းချမ်းရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကို ရွေးချယ်ဖို့ သူတို့ တောင်းဆိုလိုက်ပါတယ်။
ဘိုင်ဒင်ဟာ တောင်ကိုးရီးယားနှင့် ဂျပန်ကို လေးရက်ကြာခရီးစဉ်အဖြစ် သွားရောက်နေတာဖြစ်ပါတယ်။
Source CMG/CCTV
Published 21 May 2022
ရုရှားသမ္မတ ဗလက်ဒီမာပူတင်က နည်းပညာဆိုင်ရာ အချုပ်အခြာအာဏာကို တောင်းဆိုလိုက်ပြီး နိုင်ငံခြားနည်းပညာတွေ အပေါ်မှီခိုတာတွေဖြတ်တောက်ပစ်ရလိမ့်မယ်လို့ပူတင်ကပြောပါတယ်။ ယူကရိန်းကို စစ်တပ်တွေစေလွှတ်ကတည်းက ရုရှားဟာ များပြားလှစွာသော ဆိုက်ဘာတိုက်ခိုက်မှု ခံနေရတာဖြစ်ပါတယ်။
Source AFP
Page 167 of 207