Published 5 August 2022
အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုစီ ထိုင်ဝမ်ဒေသသို့ သွားရောက်ခဲ့သည့် အပေါ် တုန့်ပြန်သည့် အရေးယူမှု အသစ် (၈)ခုအဖြစ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အချို့ကို ပယ်ဖျက်ဆိုင်းငံ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၅ ရက် သောကြာနေ့က ထပ်မံထုတ်ပြန်လိုက်ပါတယ်။
တရုတ်ရဲ့ ပြင်ထန်တဲ့ကန့်ကွက်မှုတွေအပေါ် အလေးမထားခဲ့တဲ့အတွက် ပီလိုစီရဲ့ ထိုင်ဝမ်သွားရောက်မှုအပေါ် ယခုလိုတုန့်ပန် ဆောင်ရွက်မှုတွေလုပ်ခဲ့ရတာလို့ တရုတ်ကပြောပါတယ်။
ထပ်မံအရေးယူလုပ်ဆောင်မှု(၈)ခုကတော့
၁။ တရုတ်-အမေရိကန်စစ်တိုင်းမှူးများဆွေးနွေးပွဲ ပယ်ဖျက်ခြင်း
၂။ တရုတ်-အမေရိကန် ကာကွယ်ရေးမူဝါဒ ဆွေးနွေးပွဲ ပယ်ဖျက်ခြင်း
၃။ တရုတ်-အမေရိကန် စစ်ဘက်ဆိုင်ရာ ရေကြောင်း တိုင်ပင်ဆွေးနွေးမှုသဘောတူညီချက်အစည်းအဝေး ပယ်ဖျက်ခြင်း
၄။တရုတ်-အမေရိကန် တရားမဝင်ရွှေ့ပြောင်းသူများ ပြန်လည်လက်ခံရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ဆိုင်းငံ့ခြင်း
၅။တရုတ်-အမေရိကန် ရာဇဝတ်အရေးကိစ္စဆိုင်ရာ ဥပဒေ အထောက်အကူပြုပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ဆိုင်းငံ့ခြင်း
၆။ တရုတ်-အမေရိကန် နိုင်ငံဖြတ်ကျော် မူခင်းများ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် ဆိုင်းငံ့ခြင်း
၇။ တရုတ်-အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် ဆိုင်းငံ့ခြင်း
၈။ တရုတ်-အမေရိကန် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ဆွေးနွေးပွဲ ဆိုင်းငံ့ခြင်း တို့ဖြစ်ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Source: CCTV+
#China_countermeasure_against_Pelosi’s_Visit
#China_US
#China_Taiwan
Published 5 August 22022
တရုတ်နိုင်ငံက သူမရဲ့ ဆိုးယုတ်ပြီး ရန်လိုတဲ့ လုပ်ဆောင်မှုတွေကို တုန့်ပြန်တဲ့အနေနှင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီနှင့် သူမရဲ့ မိသားစုအရင်းတွေကို ပိတ်ဆို့အရေးယူမှုပြုလုပ်လိုက်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့က ကြေညာပါတယ်။
“ တရုတ်နိုင်ငံရဲ့ လေးနက်တဲ့ စိုးရိမ်ပူပန်မှုနှင့် ပြင်းထန်စွာ ကန့်ကွက်နေတဲ့ကြားထဲက ပီလိုစီဟာ ထိုင်ဝမ်ကို သွားရောက်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ပြည်တွင်ရေးကို အကြီးအကျယ်ဝင်ရောက်ခြယ်လှယ်ခြင်း၊ တရုတ်ရဲ့ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အဟန့်အတားဖြစ်စေခြင်းနှင့် ထိုင်ဝမ်ရေလက်ကြားရဲ့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်ခြင်းတွေပြုလုပ်ခဲ့ပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာ ပါရှိပါတယ်။
Source: Reuters
#Nancy_Pelosi_Sanctioned
#China_Nancy_Pelosi
#China_US
Published 4 August 2022
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ အရှေ့ပိုင်းစစ်တိုင်းလက်အောက်က ဒုံးပျံတပ်ဖွဲ့ဟာ ကြာသပတေးနေ့က လေ့ကျင့်ရေးလှုပ်ရှားမှုအဖြစ် ဒုံးကျည်တွေ စမ်းသပ် ပစ်ခတ်ခဲ့ပါတယ်။ ထိုင်ဝမ်ကျွန်း အရှေ့ဖက်ကမ်းခြေက ကြိုတင်သတ်မှတ်ထားတဲ့ နေရာတွေကနေ ဒုံးကျည်တွေကို လက်တွေ့ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။
အဲသလိုပစ်ခတ်မှုမှာ ပစ်မှတ်တွေအားလုံးကို တိတိကျကျထိမှန်ခဲ့တယ်လို့ တိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ အကြီးတန်း ဗိုလ်မှူးကြီး ရှီယီကပြောပါတယ်။
နေရာပေါင်းစုံကနေ သမားရိုးကျ ဒုံးကျည်မျိုးစုံကို တိကျစွာထိမှန်မှုနှင့် area denial တို့အတွက် စမ်းသပ်ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ ဗိုလ်မှူးကြီးရှီကပြောပါတယ်။
ဒုံးပျံတပ်ဖွဲ့ဟာ လေ့ကျင့်ပစ်ခတ်မှုတွေအားလုံး အောင်မြင်စွာပြီးဆုံးခဲ့တယ်လို့ ဗိုလ်မှူးကြီးရှီကဆက်ပြောပါတယ်။
Source: CCTV +
#China_Live_Fire_Missile
#China_Taiwan_Tension
#Military_drill_China
Published 4 August 2022
နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဒုတိယဥက္ကဋ္ဌ(၁) စဝ်ခေးတိုင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်(၄)ရက် ယနေ့တွင် နေပြည်တော် တွေ့ဆုံ၍ ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့သိရှိရပါတယ်။
အဆိုပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်ဖွဲ့ဟာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ အဖွဲ့နှင့် ဆက်လက်တွေ့ဆုံဆွေးနွေးကြမှာလည်းဖြစ်ပါတယ်။
တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတို့ကိုရည်ရွယ်၍ ဧပြီ ၂၂ ရက်တွင် နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ရာမှ ရှမ်းပြည်တိုးတက်ရေးပါတီ SSPPဟာ ၁၀ဖွဲ့မြောက်တွေ့ဆုံဆွေးနွေးခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။
#Senior_General_Min_Aung_Hlaing
#SSPP
#Myanmar_NCA
Published 4 August 2022
ရုရှားရဲ့ Mir ငွေပေးချေကတ်တွေကို မြန်မာနိုင်ငံမှာ အသုံးပြုဖို့ နှစ်နိုင်ငံရဲ့ ကုန်သွယ်ရေးနှင့် စီးပွားရေးကော်မရှင်က ဆွေးနွေးကြဖို့ရှိတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ရဲ့ စကားကို ကိုးကားပြီး TASS သတင်းဌာနက ရေးသားလိုက်ပါတယ်။ အဆိုပါကော်မရှင်အစည်းအဝေးကို ဒီနှစ် ဒုတိယနှစ်ဝက်အတွင်းမှာ ကျင်းပမှာဖြစ်တယ်လို့ ဆာဂေး လက်ဗရောက ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။
“ Mir ငွေပေးချေကတ်တွေအသုံးပြုဖို့ကိစ္စ အစီအစဉ်ထဲပါဝင်ပါတယ်” လို့ လက်ဗရော့က ပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံက အမျိုးသား ဘဏ္ဍာရေး ထိန်းသိမ်းကြီးကြပ်ရေးအဖွဲ့ (ဗဟိုဘဏ်) နှင့် ကျွန်တော်တို့ ဆက်သွယ်ချိတ်ဆက်ပြီးပါပြီ။ ငွေပေးချေတာတွေအတွက် ရုရှးဘဏ်ရဲစနစ်ကို အသုံးပြုဖို့ ဆောင်ရွက်ရန်ကိစ္စတွေကို နှစ်နိုင်ငံ ဗဟိုဘဏ်တွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေလည်း အဲဒီအထဲ ပါဝင်ပါတယ်” လို့ သူကဖြည့်စွက်ပြောပါတယ်။
အဆိုပါကိစ္စအတွက် အစည်းအဝေးနှစ်ကြိမ်ကျင်းပပြီးပြီလို့လည်း လက်ဗရော့က အတည်ပြုပါတယ်။
“ နှစ်နိုင်ငံအစိုးရအတွင်း ကော်မရှင်အစည်းအဝေးကနေ ဒီလုပ်ငန်းစဉ်တွေကို လုံလောက်တဲ့ အချက်အလက်တွေရယ် ပြီးတော့ ပိုပြီးကျယ်ပြန်တဲ့အသေးစိတ်ကိစ္စတွေကို သူတို့နှင့်ဆွေးနွေးနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ သူကပြောပါတယ်။
Source: TASS
Published: 3 August 2022
ရုရှား-မြန်မာ စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေးတစ်ရပ်ကို ယခုဩဂုတ်လအတွင်း ကျင်းပသွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ကပြောပါတယ်။
“ ကျွန်တော်တို့ဟာ မိတ်ဟောင်းဆွေဟောင်းတွေနှင့် မဟာဗျူဟာမြောက်မိတ်ဖက်တွေအဖြစ် အမြဲဆက်သွယ်ခဲ့ကြပါတယ်” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောခဲ့တယ်လို့ TASSသတင်းမှာဖော်ပြထားပါတယ်။
“ ကျွန်တော်တို့ထိတွေ့ဆက်ဆံမှုဟာ ထက်သန်စွာ ဖွံ့ဖြိုးတိုးတက်နေပါတယ်။ နှစ်နိုင်ငံအစိုးရများအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်ရဲ့ အစည်းအဝေးကို မြန်မာနိုင်ငံမှာကျင်းပပါမယ်။ ဒီလကုန်မှာ စစ်ရေး နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်အစည်းအဝေးကို စီစဉ်ထားတဲ့အတိုင်း ရုရှားမှာ ကျင်းပပါမယ်။ စွမ်းအင်ဆိုင်ရာ လုပ်ငန်းအဖွဲ့တစ်ခုကိုလည်း တည်ထောင်ပြီးပါပြီ။အဲဒါကြောင့် ကျွန်တော်တို့ရဲ့ ဆက်ဆံရေးမှာ ပိုပြီး အကျိုးရှိရှိ တိုးတက်နေပါတယ်” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြောခဲ့ပါတယ်။
စစ်ရေးနှင့်စစ်ရေးနည်းပညာပူးပေါင်းဆောင်ရွက်ရေး ပြီးတော့ လုံခြုံရေးဟာ မော်စကိုနှင့် နေပြည်တော်အကြား ဆက်ဆံရေး ဖွဲ့စည်းတည်ဆောက်မှုမှာ အရေးကြီးတဲ့နေရာမှာ ရှိနေတယ်လို့လည်း သူကပြောပါတယ်။
Source: TASS
#Russia_Myanmar
#Sergey_Lavrov
#Russia_Myanmar_Military_Tie
Published 3 August 2022
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ အရှေ့ပိုင်းစစ်တိုင်းဟာ ဩဂုတ် (၂)ရက်ကစပြီး ထိုင်ဝမ်ကျွန်းအနီးမှာ စစ်ဆင်ရေးတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ အရှေ့ပိုင်းစစ်တိုင်းဟာ ထိုင်ဝမ်ကျွန်းရဲ့ မြောက်ပိုင်း၊ အနောက်တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းကမ်းခြေတွေအနီးနှင့် အဲဒါတွေရဲ့ လေပိုင်နက်ထဲ မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေကြပါတယ်။ အဲဒီအပြင် ထိုင်ဝမ်ရေလက်ကြားမှာ တာဝေး လက်တွေ့ ပစ်ခတ်မှုတွေနှင့် အရှေ့ပိုင်းကမ်းခြေရေပြင်မှာ သမားရိုးကျ ဒုံးကျည် စမ်းသပ်မှုတွေပြုလုပ်မယ်လို့လည်း သိရပါတယ်။
Source : CCTV Plus
#China_Taiwan_Tension
#Pelosi_Taiwan
#US_China_Tension
Page 145 of 208