၁၁ မေ ၂၀၂၅
တရုတ်သမ္မတရှီကျင့်ဖျင်နှင့် မော်စကိုတွင် တွေ့ဆုံရာတွင် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေး စင်္ကြံကို အကောင်အထည်ဖော် မြှင့်တင်ရေး ဆွေးနွေးခဲ့တယ်လို့ နစက ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောကြားပါတယ်။
မော်စကိုမှအပြန် ပြည်တွင်းသတင်းဌာနများနှင့် လေယာဉ်ပေါ်တွင် တွေ့ဆုံမေးမြန်းမှုတွင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ယင်းကဲ့သို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေး စင်္ကြံဆိုတာ တရုတ်နိုင်ငံရဲ့ One Blet One Road လမ်းကြောင်း နှင့်ချိတ်ဆက်ထားသည့် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှင် နိုင်ငံ (၃)နိုင်ငံကို ချိတ်ဆက်သည့် မဟာဗျူဟာ မြောက် စီးပွားရေးနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး အဆိုပြု စီမံကိန်းကြီးတစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေဖြင့် One Blet One Road လမ်းကြောင်း အပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်ပြီးတက်ကြွစွာပါဝင်ဆောင်ရွက်မယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက တရုတ်သမ္မတရှီကို ပြောကြားခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနဲ့ပတ် သက်ပြီး မြန်မာနိုင်ငံရဲ့ ကျွန်တော်တို့ရဲ့ ကြိုတင်ပြင်ဆင်မှုများနဲ့ ရွေးကောက်ပွဲကိုလည်း အားပေးထောက်ခံတဲ့အကြောင်း သူ ဒါလေး ထပ်ပြီး ပြောပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီးက ပြည်တွင်းသတင်းထောက်တွေကို ပြောပါတယ်။
“တရုတ်သမ္မတကြီးက ငလျင်နဲ့ပတ်သက်ပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို ဆက်လက် ကူညီဆောင်ရွက်ပေးမယ် ဆိုတာကို အလေးအနက်ထားပြီး ပြောပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
တရုတ်သမ္မတနှင့် တွေ့ဆုံဆွေးနွေးရာတွင် ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေ ရရှိခဲ့တယ်လို့လည်း ဗိုလ်ချုပ်မှဓးကြီးက ဆက်လက်ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံ မော်စကိုမြို့တွင် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတက်ရောက်ခဲ့စဉ်အတွင်း တရုတ်သမ္မတရှီကျင့်ဖျင်နှင့် မေလ ၉ ရက်နေ့က တရားဝင်တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
#ymg/knl
Yangon, 11 May 2025- Senior General Min Aung Hlaing, Chairman of the State Administration Council and Prime Minister of Myanmar, has announced that he discussed the advancement of the China–Myanmar–Bangladesh Economic Corridor (CMBEC) with Chinese President Xi Jinping during an official meeting held in Moscow.
The meeting took place on May 9, while the Senior General was in Russia to attend the 80th Anniversary Commemoration of the Victory in the Great Patriotic War (1941–1945) at the invitation of the Russian government.
Speaking to local media during an in-flight interview on his return, Senior General Min Aung Hlaing stated that both sides exchanged views on implementing and upgrading the CMBEC, a strategic initiative designed to connect the three countries and foster economic and infrastructure development. The corridor is part of China’s broader One Belt One Road (OBOR) framework.
“Myanmar stands firmly in support of the OBOR initiative and will actively participate in its implementation,” he said, noting that this commitment was reaffirmed during talks with the Chinese President.
The Senior General also revealed that President Xi expressed his support for Myanmar’s plans to conduct a multi-party democratic general election, and encouraged the ongoing preparations being made by the Myanmar side.
On the humanitarian front, the Chinese leader also pledged continued assistance in post-earthquake recovery and reconstruction efforts in Myanmar, following recent natural disasters.
Senior General Min Aung Hlaing described the discussion as productive and underscored that it had yielded “positive outcomes” for strengthening bilateral cooperation between Myanmar and China.
#ymg/knl
၁၀ မေ ၂၀၂၅
လေးရက်မြောက် အပြန်အလှန်တိုက်ခိုက်မှုတွေအပြီးမှာ အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံ အပြည့်အဝနှင့် ချက်ခြင်း အပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်ကြပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
နှစ်နိုင်ငံ ချက်ခြင်းအပစ်ရပ်ဖို့ သဘောတူခဲ့တယ်လို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးကလည်း ပြောပါ တယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အိန္ဒိယစံတော်ချိန်ညနေ (၅)နာရီကစပြီး အပစ်အခတ် ချက်ခြင်းရပ်ကြမယ်လို့ပြောပါတယ်။
“ အမေရိကန်ပြည်ထောင်စုရဲ့ တစ်ညတာ ကြားဝင်စေ့စပ်မှုကြောင့် အိန္ဒိယနှင့် ပါကစ္စတန်တို့ အပြည့်အဝ နှင့်ချက်ခြင်းအပစ်ရပ်ဖို့ သဘောတူလိုက်ကြပါပြီ။ နှစ်နိုင်ငံစလုံးရဲ့ လက်တွေ့ကျတဲ့အသိနှင့် ဉာဏ်ရည်မြင့် မားမှုတို့ကို ကျွန်တော်ဂုဏ်ပြုပါတယ်Ó လို့ ထရမ့်က အိတ်စ်မှာ ပို့စ်ရေးသားပါတယ်။
Source Reuters
မြန်မာ-တရုတ် နှစ်နိုင်ငံခေါင်းဆောင်များ၏
မော်စကိုဆွေးနွေးပွဲ
အဓိကရလဒ်များ
တရုတ်သမ္မတရှီကျင့်ဖျင်
◾️မြန်မာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ထောက်ခံ
◾️နိုင်ငံတည်ငြိမ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ရေး
မြန်မာနိုင်ငံဆောင်ရွက်ချက်များကိုထောက်ခံ
◾️မန္တလေးငလျင်အကျိုးဆက်များအပေါ်စာနာမှုနှင့်
ပြန်လည်ထူထောင်ရေးကူညီမည်ဟုကတိပြု
မြန်မာနစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
◾️ဒေသတွင်းနှင့်နိုင်ငံတကာကိစ္စများတွင် တရုတ်၏ထောက်ခံမှုကိုကျေးဇူးတင်
◾️ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်နေမှုဆွေးနွေး
◾️တရုတ်နိုင်ငံ၏အကူအညီများကို မြန်မာကကျေးဇူးတင်
#ymg/knl
Moscow, May 9, 2025 — In a high-level bilateral engagement held on the sidelines of Russia’s Victory Day commemorations, Chinese President Xi Jinping and Senior General Min Aung Hlaing, Chairman of Myanmar’s State Administration Council and Prime Minister, held a formal meeting to discuss strengthening bilateral ties, peacebuilding, and regional cooperation.
President Xi reiterated China’s full support for Myanmar’s peace process, socio-economic development, and its carefully calibrated domestic political agenda. He also reaffirmed China's respect for Myanmar’s sovereignty, independence, territorial integrity, and national stability.
Highlighting humanitarian solidarity, President Xi emphasized China’s swift deployment of emergency rescue teams and relief supplies following the devastating earthquake in Mandalay. He pledged continued assistance to Myanmar’s post-earthquake reconstruction efforts.
Senior General Min Aung Hlaing expressed heartfelt gratitude for China’s prompt response, noting the arrival of Chinese rescue teams within 18 hours of the disaster. He further briefed President Xi on Myanmar’s preparation for multi-party democratic elections scheduled for later this year, including plans to welcome international observers.
The two leaders also discussed mutual efforts to deepen multi-sectoral cooperation, enhance regional peace and stability, and foster long-term people-to-people ties. The meeting reaffirmed both nations’ commitment to advancing strategic relations and shared development goals.
#ymg/knl
Moscow, 9 May 92025- In a high-level bilateral meeting held on May 9, 2025, Chinese President Xi Jinping reaffirmed China's unwavering support for Myanmar's ongoing peace initiatives and developmental efforts in discussions with Senior General Min Aung Hlaing, Chairman of Myanmar's State Administration Council and Prime Minister.
The meeting occurred in Moscow, Russia, during events marking the 80th anniversary of the victory in the Great Patriotic War (1941-1945).
President Xi emphasized China's strong backing of Myanmar’s gradual and cautious domestic political reforms, the country's chosen path of sovereign development, its independence, territorial integrity, and overall national stability. Additionally, Xi underscored China's continued commitment to assisting Myanmar's post-earthquake reconstruction efforts, citing China's rapid response following the devastating Mandalay earthquake. China was among the first to deploy emergency rescue teams and provide humanitarian relief supplies to Myanmar.
In response, Senior General Min Aung Hlaing conveyed Myanmar's deep gratitude for China's swift and significant humanitarian assistance, specifically highlighting the prompt arrival of Chinese rescue teams within 18 hours of the disaster. He assured President Xi of Myanmar's enduring appreciation for China’s ongoing support.
The Myanmar leader further briefed President Xi on the country's preparations to successfully hold multi-party democratic elections scheduled for later this year, including arrangements for international observer participation.
Both leaders expressed their mutual commitment to further strengthening bilateral relations, expanding multi-dimensional cooperation, deepening fraternal ties, fostering a supportive regional community, and working closely on matters concerning regional peace and stability.
#ymg/knl
၉ မေ ၂၀၂၅
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းများတွင်ဆက်လက်ကူညီဆောင်ရွက်ပေးသွား မယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က မြန်မာနစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့မှာ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတက်ရောက်နေကြစဉ်မှာ တရုတ်သမ္မတရှီနှင့် ဗိုလ်ချုပ်မှူးကြီးတို့ တွေ့ဆုံဆွေးနွေး ခဲ့ကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဉ်တွေကို ချင့်ချင့်ချိန်ချိန်ဖြင့် တိုးတက်အောင် လုပ်ဆောင်နေ မှုများကို တရုတ်နိုင်ငံက ထောက်ခံအားပေးတယ်လို့လည်း သမ္မတရှီကဆက်ပြောပါတယ်။
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ဆက်လက်ကူညီ ဆောင်ရွက်ပေးသွား မယ်လို့လည်း တရုတ်သမ္မတကပြောကြောင်း နစကသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သမ္မတ ရှီက မန္တလေးမြို့တွင် ဖြစ်ပွားခဲ့တဲ့ ပြင်းအားအဆင့်မြင့်ငလျင်ကြီးကြောင့် လူထိခိုက်သေဆုံးမှုများ၊ ပစ္စည်းဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံသို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ များနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းများကို အမြန်ဆုံးပို့ဆောင်ပေးခဲ့တယ်လို့ရှီက ပြောဆိုတယ်လို့ တရုတ်နိုင်ငံဘက်က သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံ၏ ငလျင်ဘေးအလွန် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ဆက်လက် ကူညီပံ့ပိုး သွားမယ်လို့လည်း တရုတ်သမ္မတက ပြောပါတယ်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရဲ့ မိမိ အခြေအနေနှင့်အံဝင်ခွင်ကျဖြစ်သော ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို လိုက်ပါဆောင်ရွက်နေမှု၊ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ နယ်မြေတည်တံ့ ခိုင်မြဲရေးနှင့် အမျိုးသားတည်ငြိမ်မှုများကို ကာကွယ်ထိန်းသိမ်းမှုနေတဲ့အပေါ်လည်း ထောက်ခံအားပေး တယ်လို့ရှီကပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအရေး ကိစ္စများနှင့်ပတ် သက်၍ ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည် ပေးသည့်အတွက်လည်း ကျေးဇူးတင်ရှိတယ်လို့ သမ္မတရှီကို ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်ကုန်ပိုင်းတွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတစ်ရပ်ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင် မှုများနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့များကို ဖိတ်ကြားနိုင်ရေးဆောင်ရွက်နေသည်များကို ရှင်းပြခဲ့ပါ တယ်။
အဲဒီအပြင် တရုတ်နိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ငလျင်လှုပ်ခတ်ပြီး ၁၈ နာရီအကြာ၌ မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိလာခဲ့ပြီး လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် တရုတ်နိုင်ငံ အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွက် အရေးပေါ်လူသားချင်း စာနာထောက်ထားမှု အကူအညီများကိုလည်း ပေးအပ်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးကဆက်လက် ပြောကြားပါတယ်။
မြန်မာနိုင်ငံအစိုးရနှင့်ပြည်သူများအနေဖြင့် တရုတ်နိုင်ငံအစိုးရ၏ ကူညီဆောင်ရွက်ပေးမှုများအပေါ် အစဉ်အမြဲကျေးဇူးတင်အမှတ်ရနေမည်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့ပါတယ်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် တရုတ် နိုင်ငံအနေဖြင့် လိုအပ်သည်များကို ဆက်လက်ကူညီပံ့ပိုး ဆောင်ရွက်ပေးနိုင်ဖို့ကိုလည်း ဗိုလ်ချုပ်မှူး ကြီးက တရုတ်သမ္မတရှီကို မေတ္တာရပ်ခံခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
တရုတ်သမ္မတရှီကလည်း ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည် ပေးလျက်ရှိမှု၊ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့်ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မြန်မာ နိုင်ငံ၏ ကြိုတင်ပြင်ဆင်နေမှုများနှင့် ရွေးကောက်ပွဲကို အားပေးထောက်ခံလျက်ရှိမှု တို့နှင့်ပတ်သက်ပြီး ပြန်လည်ဆွေးနွေးပြောကြားခဲ့ပါတယ်။
အဲဒီနောက်နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး၊ ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုနှင့် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး၊ ဒေသတွင်းတည်ငြိမ် အေးချမ်းရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးစသည်တို့ကိုလည်း နှစ်နိုင်ငံ ခေါင်းဆောင် တွေကဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်။
#ymg/knl
Page 1 of 227