#DailyNews
Published - 19 August 2022
၁။ လိုအပ်ပါက ကိုဗစ်ကုသရေးစင်တာများ ထပ်မံတိုးချဲ့မည်
၂။ ယွမ်ငွေဈေး မြင့်တက်မှုကြောင့် တရုတ်နယ်စပ် ကုန်သွယ်မှုလျော့ကျနေ
၃။ နောက်ထပ်လာမည့်လေပွေလှိုင်းကြောင့် ရှမ်း၊ ကရင်နှင့် မွန်ဒေသတွင် မိုးဆက်များပြီး သဘာဝဘေးတွေ့နိုင်
၄။ တရားမဝင်ကျားရောင်းဝယ်ရေးကို တိုက်ဖျက်နိုင်ရန် ကျားအစင်းကြောင်းတွေကို ရှာဖွေစစ်ဆေးနိုင်မည့် အိုင်တီနည်းပညာအားတီထွင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_19 August 2022
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Noeleen Heyzer ရဲ့ မြန်မာနိုင်ငံခရီးစဉ်နောက်ပိုင်းမှာ လက်ရှိမြန်မာ့အကျပ်အတည်းကို နိုင်ငံတကာအနေနဲ့ ထိထိရောက်ရောက်ပံ့ပိုးကူညီနိုင်ရေးကိုပဲ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ (PPST) အနေနဲ့ မျှော်လင့်နေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 19 August 2022
မလေးရှားနှင့် ထိုင်းနယ်စပ်မှာရှိသည့် ရာဘာခြံတစ်ခုအတွင်း မြန်မာနိုင်ငံသား ၁၂ ဦးဖမ်းဆီးခံရကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
မလေးရှား ခြေလျင်တပ်ရင်း (၂) ဌာနချုပ်က တရားမဝင်လမ်းကြောင်းမှတစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းသည့် မြန်မာနိုင်ငံသား ၁၂ ဦးကို သြဂုတ်လ ၁၇ ရက် ည၁၂နာရီက ဖမ်းဆီးခံရမိကြောင်း သိရသည်။
ယင်းနယ်စပ်မှာ လှည့်ကင်းဆောင်ရွက်နေသည့်ကင်းလှည့်အဖွဲ့မှ နယ်စပ်ခြံစည်းရိုးမှ တရားမဝင် ဝင်ရောက်လာကြောင်း သံသယရှိသည့် အရပ်သားအဖွဲ့တစ်ဖွဲ့၏လှုပ်ရှားမှုကို တွေ့ရှိခဲ့ကြောင်း သိရသည်။
စစ်ဆေးမှု ရလဒ်တွေအရ ၎င်းတို့အားလုံးမှာ တရားဝင် ခရီးသွား စာရွက်စာတမ်းမရှိသည့် မြန်မာနိုင်ငံသားများဖြစ်ကာ အသက် ၂၀ မှ ၄၅ နှစ်ကြား အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ဖြစ်ကြောင်း သိရသည်။
ဖမ်းမိသူများထံမှ လက်ကိုင်ဖုန်း ၁၀လုံးနှင့် ခရီးဆောင်သေတ္တာ ၇လုံး စုစုပေါင်းတန်ဖိုး ရင်းဂစ် ၄,၇၀၀ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိသူများကို Bukit Kayu Hitam ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published -19 August 2022
ရန်ကုန်တိုင်းအတွင်း ယခင်ကရှိသည့် ခရိုင်တရားရုံးများကို ပယ်ဖျက်ပြီး ခရိုင်တရားရုံးအသစ်များ ဖွင့်လှစ်လိုက်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းအတွင်းရှိ တိုက်ကြီးခရိုင်၊ လှည်းကူးခရိုင်၊ မှော်ဘီခရိုင်၊ မင်္ဂလာဒုံခရိုင်၊ အင်းစိန်ခရိုင်၊ သင်္ဃန်းကျွန်းခရိုင်၊ ဗိုလ်တထောင်ခရိုင်၊ ဒဂုံမြိုသစ်ခရိုင်၊ သန်လျင်ခရိုင်၊ တွံတေးခရိုင်၊ ကျောက်တံတားခရိုင်၊ အလုံခရိုင်၊ မရမ်းကုန်းခရိုင်နဲ့ ကမာရွတ်ခရိုင် တရားရုံးတွေကို ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း သိရသည်။
ယင်းအပြင် ယခင်ရှိထားခဲ့သည့် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင် တရားရုံးတွေကို ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။
နစက ပြည်ထဲရေးဝန်ကြီးဌာနသည် ပြီးခဲ့တဲ့ မေလပိုင်းတွင် တစ်နိုင်ငံလုံးရှိ ခရိုင်အသစ် ၄၆ ခုကို အသစ်တိုးချဲ့ဖွဲစည်းခဲ့ပြီး တစ်နိုင်ငံလုံး၌ စုစုပေါင်း ၁၂၁ ခရိုင်ရှိလာကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published -19 August 2022
NIVEA နှင့် Hansaplast ထုတ်လုပ်သည့် Beiersdorf Myanmar ဒီနှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံဈေးကွက်မှ ပြန်လည်ထွက်ခွာတော့မည်ဖြစ်ကြောင်း သိရသည်။
Beiersdorf သည် အလှကုန်ပစ္စည်းများ ထုတ်လုပ်သည့် ဂျာမန်အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး ပြည်တွင်း၌ နာမည်ကြီး NIVEA အလှကုန်ပစ္စည်းနှင့် Hansaplast ပလာစတာတိုကို ထုတ်လုပ်ရောင်းချနေခြင်းဖြစ်သည်။
လက်ရှိဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံတွင်း ဈေးကွက်အခြေအနေတွေကြောင့် ဆက်လက်လည်ပတ်ရန် မဖြစ်နိုင်တော့သည့်အတွက် ယခုလို Beiersdorf ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံဈေးကွက်က ပြန်ထွက်ခွာမည် ဖြစ်သည်ဟု Beiersdorf Myanmar ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။
Beiersdorf Myanmar အနေနှင့် သူ၏ မြန်မာနိုင်ငံထဲက ဈေးကွက်ကို ပြည်တွင်းက လူသုံးကုန်ပစ္စည်းဖြန့်ဖြူးရောင်းချရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ DKSH Myanmar ကို လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံနေသည့် နိုင်ငံတကာ ကုမ္ပဏီအချို့ ပြန်ထွက်ခွာသွားမှုများရှိနေပြီး တယ်လီနော၊ Total Energies စတဲ့ ကုမ္ပဏီများ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာသွားခဲ့သည်။
ymg/sth
#Yangon_Media_Group
Page 1365 of 1769