#Local_News
Published 03 July 2024
▪️ ဗန်းမော်မြို့နှင့်ရွှေကူမြို့တို့တွင် မြစ်ရေကြီးနေ၍ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားနေသဖြင့်ကူညီရွှေ့ပြောင်းပေးနေရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇူလိုင်လ ၃ရက်နေ့၊ ၀၆ ၀၀ အချိန်ခန့်၊ ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ မြေနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ဗန်းမော်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးလှေ(၈)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများနှင့် သတိပေးဆော်ဩခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။
▪️ ဇူလိုင်လ၂ ရက်နေ့၊ ၀၉ ၀၀ အချိန်ခန့်၊ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ အမှတ်(၄)ရပ်ကွက် (ဘောဂဗလရပ်)အတွင်း ဧရာဝတီမြစ်ရေမြင့်တက်ဝင်ရောက်လာ၍ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရွှေကူမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ရေဘေးလွတ်ရာ သူဌေးတောရဘုန်းတော်ကြီးကျောင်းသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
#tthl #Yangon_Times
#Local_News
Published 03 July 2024
▪️ နိုင်ငံအတွင်းအစားအသောက်များ ဘေးကင်းအောင် နယ်စပ်မှတရားမဝင်အစားအသောက်တင်သွင်းမှု ထိန်းချုပ်ရန်နှင့် တက္ကသိုလ်ကန်တင်းများ၊ ကားရပ်နားစခန်းများမှ စားသောက်ဆိုင်များဘေး အန္တရာယ်ကင်းရေးအပါအဝင်ကဏ္ဍ(၆)ရပ် အသေးစိတ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
▪️ အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးမူဝါဒပါ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ ချမှတ်ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ယခုအစည်းအဝေးတွင် (၁)နယ်စပ်မှ တရားမဝင် အစားအသောက်တင်သွင်းမှုထိန်းချုပ်ခြင်း လုပ်ငန်းစဉ်များ၊
(၂)တက္ကသိုလ်စားသောက်ဆိုင်များနှင့် Catering Service လုပ်ငန်းစဉ် များ၊
(၃)အဝေးပြေးလမ်းမတစ်လျှောက်နှင့် ကားရပ်နားစခန်းများရှိ စားသောက်ဆိုင်များ၊
(၄)ဟိုတယ်၊ မိုတယ်များရှိ စားသောက်ဆိုင်များ၏ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစဉ်များ၊
(၅)ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် တောရိုင်းတိရိစ္ဆာန်များ၊ အင်းဆက်များ၊ ပိုးကောင်များ၏ အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းစဉ်များ၊
(၆)အစားအသောက်စံချိန်စံညွှန်းများ ရေးဆွဲထုတ်ပြန်ခြင်း လုပ်ငန်းစဉ်များအစရှိသည့် ကဏ္ဍ (၆)ခု ကို အသေးစိတ်ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်သည်ဟုဆိုသည်။
▪️ သို့မှသာ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို ပြည်သူများ စားသုံးနိုင်မှာဖြစ်သည့်အတွက် အစားအသောက် ကွင်းဆက်တစ်လျှောက် တာဝန်ယူဆောင်ရွက်နေကြသည့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊
▪️ အများပြည်သူနေ့စဉ် စားသုံးနေသည့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်၊ ဌာန၊ အဖွဲ့အစည်းတစ်ခုတည်းအနေဖြင့် ဆောင်ရွက်၍ မရသည့်အတွက် အစားအသောက် စတင်ထုတ်လုပ်ရာမှ စားသုံးသည်အထိ အစားအသောက်ကွင်းဆက်တစ်လျှောက်လုံးနှင့် သက်ဆိုင်သည့် ဌာနအားလုံးသာမက အစားအသောက် ထုတ်လုပ်သူများ၊ သိုလှောင်သူများ၊ ဖြန့်ဖြူးရောင်းချသူများ၊ စားသုံးသူများ၊ နည်းပညာ ဆိုင်ရာပညာရှင်များ၊ အသင်းအဖွဲ့များအားလုံးက မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ဟန်ချက်ညီညီ ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်းဖြင့် အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး မူဝါဒပါ တာဝန် အခန်းကဏ္ဍနှင့် ဝတ္တရားများကို တိတိကျကျ အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်မည်ဖြစ်သည့် အတွက် ဝိုင်းဝန်း ဆွေးနွေးအကြံပြုကြစေလိုကြောင်း ပြောကြားသည်။
▪️ လက်ရှိတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အနေဖြင့် ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာကိစ္စရပ်များကို ပိုမိုအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီက ဖွင့်လှစ်ခဲ့သည့် Myanmar National Center for Disease Control and Medical Training Center တွင်လည်း ကူးစက်ရောဂါများသာမက အစားအသောက်ဓာတ်ခွဲစစ်ဆေးမှုများကို ယခင်ထက်ပိုမို လုပ်ဆောင်သွားနိုင်တော့မည်ဖြစ်ကြောင်း၊
▪️ ထို့ပြင် နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့် ကလေးသူငယ်များ အနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းသော၊ သန့်ရှင်းသော၊ အာဟာရပြည့်ဝသော အစားအသောက်များကို ရရှိစားသုံးစေနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ကျောင်းကျန်းမာရေးဌာနခွဲနှင့် ပညာရေးဝန်ကြီး ဌာနတို့ ပူးပေါင်းကာ School Meal Program ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း လည်းထည့်သွင်းပြောကြားခဲ့သည်။
#tthl #Yangon_Times
#Daily_News
Published 02 July 2024
၁။ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်ရှိကချင်ဒေသခံ ထောင်ချီရေဘေးသင့်နေ၊ ဖုန်းလိုင်းများပြတ်နေ၍ အကူအညီတောင်းခံရန်အခက်တွေ့နေ
၂။ ရန်ကုန်မှတရုတ်နိုင်ငံ နန်နင်းမြို့သို့ တိုက်ရိုက်ခရီးသွားနိုင်သလို ကုန်ပစ္စည်းများလည်းတိုက်ရိုက်ပို့ဆောင်နိုင်
၃။ မတ်ပဲဈေးအမြင့်တန်း၌ အတက်အကျဖြစ်နေ
၄။ အစ္စရေးလ်-လက်ဘနွန်နယ်စပ်ကြားတင်းမာမှု မြင့်တက်ခဲ့သော်ငြား ဟက်ဇ်ဘိုလာအဖွဲ့စစ်ရေးလှုပ်ရှားမှုလျော့ပါးလာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဧရာဝတီမြစ်ရေဟာ မြစ်အလယ်ပိုင်း ဒေသတွေဖြစ်တဲ့ဗန်းမော်၊ ကသာ၊ သပိတ်ကျင်း၊ ရွှေကူ၊ မန္တလေး၊ စစ်ကိုင်း၊ညောင်ဦးတို့မှာ မြစ်ရေတွေကြီးနိုင်သလို ဟုမ္မလင်း၊ မော်လိုက်၊ ဖောင်းပြင်တို့မှာကြီးနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 02 July 2024
#မြစ်အလယ်ပိုင်းဒေသ(၁၀)ခု #မြစ်ရေကြီးနိုင်
#tthl #Yangon_Times
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က ဧရာဝတီမြစ်ရေဟာ ဒီကနေ့ ဇူလိုင် ၂ ရက် မနက်အစောပိုင်းကစလို့ တဖြည်းဖြည်းကျဆင်းနေပြီး သက်ဆိုင်ရာကလည်း ရေဘေးရှောင်စခန်း ၃၀ဖွင့်လှစ်ပြီး ကူညီကယ်ဆယ်ပေးနေတယ်လို့ ပြည်နယ်အစိုးရအဖွဲ့နဲ့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုးဦးစီးဌာနက သိရပါတယ်။
#Local_News
Published 02 July 2024
#ရေဘေးရှောင်စခန်း၃၀ဖွင့်လှစ် #ဧရာဝတီမြစ်ရေပြန်ကျလာ
#tthl #Yangon_Times
အိန္ဒိယနိုင်ငံရဲ့အဓိက ဝယ်ယူနေတဲ့ ပို့ကုန်အမယ်တစ်ခုဖြစ်တဲ့ မတ်ပဲဈေးနှုန်းဟာ လက်ရှိမှာ ဈေးအမြင့်တန်းမှာရှိနေပြီး အတက်အကျဖြစ်နေတယ်လို့ ပဲဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 02 July 2024
#မတ်ပဲဈေးအမြင့်တန်း #အတက်အကျဖြစ်နေ
#NN #Yangon_Times
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ နန်နင်းမြိုကြား တိုက်ရိုက်ပြေးဆွဲတဲ့ ရန်ကုန် - နန်နင်း - ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ်ကို Ruili Airlines မှရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြန်လည်ပြေးဆွဲနေပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 02 July 2024
#ရန်ကုန်-နန်နင်း #ကုန်ပစ္စည်းများလည်းတိုက်ရိုက်ပို့ဆောင်နိုင်
#tthl #Yangon_Times
Page 137 of 1768