#Local_News
Published_28 August 2022
ရေဘေးအပါအဝင် သဘာဝဘေးသင့်သူတွေအတွက် ကြက်ခြေနီသိုလှောင်ရုံတွေက ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ အိမ်ထောင်စုသုံးပစ္စည်းတွေကိုပေးအပ်ဖို့ အသင့်ပြင်ဆင်ထားတယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုးက ပြောပါတယ်၊၊
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 28 August 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးအောင်မျိုးရှိန်နှင့်အတူ
- "ခိုင်ထူးက သီချင်းစဆိုကတည်းက ဘယ်သီချင်းကို ဘယ်လောက်ရမှဆိုမယ်ဆိုတာမျိုး မရှိခဲ့ဘူးဆိုတဲ့အကြောင်း
- သီချင်းဆိုနေရရင်ပျော်တာ သီချင်းမဆိုရရင် ဘဝမရှိတော့ဘူး သီချင်းကို ဘဝလိုခံယူထားသူတစ်ဦးဖြစ်တဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 28 August 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးအောင်မျိုးရှိန်နှင့်အတူ
-"ခိုင်ထူးက သီချင်းစဆိုကတည်းက ဘယ်သီချင်းကို ဘယ်လောက်ရမှဆိုမယ်ဆိုတာမျိုး မရှိခဲ့ဘူးဆိုတဲ့အကြောင်း
-သီချင်းဆိုနေရရင်ပျော်တာ သီချင်းမဆိုရရင် ဘဝမရှိတော့ဘူး သီချင်းကို ဘဝလိုခံယူထားသူတစ်ဦးဖြစ်တဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published - 28 August 2022
နစကဘက်ကနေ သွင်းကုန်လုပ်ငန်းရှင်တွေအပေါ် ကန့်သတ်ထားတဲ့ စည်းကမ်းချက်တွေ အပါအဝင် ဒေါ်လာငွေ ထိန်းချုပ်မှုတွေကြောင့် သြဂုတ်လ ၂၆ ရက်နေ့မှာ ဒေါ်လာနဲ့ ဘတ်ဈေးနှုန်းတွေဟာ စံချိန်တင် ထပ်မံ မြင့်တက်လာတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published 28 August 2022
ပင်လယ်ပြင်တွင် ၄၈ နာရီကျော်မျောပါနေသည့် မြန်မာလူမျိုး ၈ ဦးအား တရုတ်နိုင်ငံသင်္ဘောသားများကကယ်ဆယ်ခဲ့ကြောင်းသိရသည်။
သြဂုတ်လ ၂၆ ရက်နံနက်ပိုင်းတွင် တရုတ်နိုင်ငံ Wuhan Fuyang Maritime Service Co.,Ltd အုပ်ချုပ်သည့် TRUMP SW သင်္ဘောက ဗီယက်နမ်နိုင်ငံဆိပ်ကမ်းသို့ ခုတ်မောင်းသည့် ရေကြောင်းခရီးစဉ်အတွင်း၌ အန္တရာယ်ကြုံတွေ့သော မြန်မာလူမျိုး ၈ ဦးအား ကယ်ဆယ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
ကနဦးသိရှိချက်များအရ ကယ်ဆယ်ခံရသည့် မြန်မာလူမျိုးများသည် ငါးဖမ်းသင်္ဘောကဖြစ်ပြီး လေမုန်တိုင်းတိုက်ခတ်မှုကြောင့် နစ်မြုပ်သွားရာ ၎င်းတို့က မျောပါနေသော ဆီဗုံးကိုအမှီပြု၍ ပင်လယ်အတွင်း၌ နှစ်ရက်နှစ်ည မျှောပါနေခဲ့ကြောင်းသိရှိရသည်။
မြန်မာလူမျိုး ၈ ဦးက ကယ်ဆယ်ခံရပြီးနောက် TRUMP SW သင်္ဘောမှ သင်္ဘောသားများက ခြေသလုံးတွင် ဒဏ်ရာရရှိသူအတွက် ဒဏ်ရာပိုးသတ် ဆေးထည့်ပတ်တီးစည်းမှုများလုပ်ဆောင်ပေးခဲ့ပြီး အခြားလူများကလည်း ရေမိုးချိုးပိုးသန့်စင်ပြီးနောက် အစားအစာများစားသုံးခဲ့ကြသည်။ ကယ်ဆယ်ခံရသည့် မြန်မာလူမျိုး ၈ ဦးက TRUMP SW သင်္ဘောနှင့်အတူ ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်းသိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_28 August 2022
မိုးနှောင်းကာလစက်တင်ဘာနှင့် အောက်တိုဘာလအတွင်း ဧရာဝတီမြစ်ရေ၊ဒုဌဝတီမြစ်ရေ၊စစ်တောင်းမြစ်ရေ၊ပဲခူးမြစ်ရေ၊သံလွင်မြစ်ရေ၊သောင်ရင်းမြစ်ရေ၊ငဝန်မြစ်ရေ၊တိုးမြစ်ရေတို့သည် ဒေသအချို့၏ စိုးရိမ်ရေအမှတ်များအထက်သို့ ကျော်လွန်ရောက်မည်ရှိမည်ဖြစ်ကြောင်း သိရသည်၊၊
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သြဂုတ်လ(၂၈)ရက်ကထုတ်ပြန်သည့် မိုးနှောင်းကာလအတွက် မြစ်ရေအခြေအနေခန့်မှန်းချက်များအရ သိရသည်၊၊
ဧရာဝတီမြစ်ရေသည် ဆိပ်သာ၊ဟင်္သာတ၊ဇလွန်မြို့တို့တွင်(၁)ကြိမ်စီ၊ဒုဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင်(၁)ကြိမ်ခန့်၊စစ်တောင်းမြစ်ရေသည် တောင်ငူနှင့် မဒေါက်မြို့တွင်(၁)ကြိမ်စီ၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် (၁)ကြိမ်ခန့်၊သံလွင်မြစ်ရေသည် ဘားအံမြို့တွင်(၁)ကြိမ်ခန့်၊သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် (၁)ကြိမ်ခန့်၊ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းနှင့် သာပေါင်းမြို့တွင် (၁)ကြိမ်ခန့်စီ၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေအမှတ်များအထက်သို့ ကျော်လွန်ရောက်မည်ရှိမည်ဖြစ်ကြောင်း သိရသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published - 28 August 2022
ပြည်တွင်း၌ ဆန်လက်ကျန်အခြေအနေမှာ မိုးစပါးသစ်မထွက်ပေါ်မီအချိန်ထိ ဖူလုံပိုလျှံသည့်ပမာဏဖြစ်ပြီး ပြည်တွင်းစားသုံးမှုအတွက် ဆန်လက်ကျန်ဖူလုံမှုရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ပြည်တွင်းမှထွက်ရှိသည့် လယ်ယာထွက်သီးနှံများအပါအဝင် အခြေခံစားသောက်ကုန်များကို ပြည်ပသို့တင်ပို့ရာတွင် ပြည်တွင်းစားသုံးမှုပိုလျှံမှသာလျှင် ပြည်ပတင်ပို့မှုအား ခွင့်ပြုပေးခြင်းဖြစ်ကြောင်း၊ ယင်းအပြင် ပြည်ပသို့ဆန်တင်ပို့ရာတွင်လည်း ပြည်တွင်းဖူလုံမှုကို ဦးစားပေးတွက်ချက် ချန်လပ်ပြီးမှသာလျှင်စီစစ်၍ စနစ်တကျ တင်ပို့ခွင့်ပြုနေကြောင်း သိရသည်။
ပြည်တွင်း၌ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် မိုးစပါးစိုက်ဧက ၁ ဒသမ ၅ သန်းခန့်ရှိပြီးစပါးထွက်ရှိမှုမှာ တင်းသန်းပေါင်း ၁၀၈၈ ရှိပြီး နွေစပါးစိုက်ဧကမှာ ၂ သန်းရှိကာ တင်းသန်းပေါင်း ၂၁၃ သန်းထွက်ရှိခဲ့သည့်အတွက် စုစုပေါင်းစပါးတင်းသန်းပေါင်း ၁၃၀၁ သန်း ထွက်ရှိခဲ့ကြောင်း ဖော်ပြချက်အရ သိရသည်။
ပြည်တွင်းရှိ လူဦးရေ ၅၅ သန်းစားသုံးရန်လိုအပ်ချက်မှာ ဆန်တန်ချိန် ၉ ဒသမ ၄၀၂ သန်းဖြစ်သည့်အတွက် ပြည်ပတင်ပို့မှုပမာဏမှာ ၂ ဒသမ ၈၈ သန်းခန့်ဖြစ်ကြောင်း၊ ယင်းအပြင် ၂၀၂၂ ခုနှစ်အတွင်း သြဂုတ်လကုန်ထိ ပြည်ပတင်ပို့မှုပမာဏမှာ ဆန်တန်ချိန် ၁ ဒသမ ၃၃၈ သန်းနှက့် ဆန်ကွဲတန်ချိန် ၀ ဒသမ ၈၀၈ သန်းသာဖြစ်သည့်အတွက် သြဂုတ်လကုန်တွင် ပြည်တွင်း၌ ဆန်လက်ကျန်တန်ချိန် ၃ ဒသမ ၆၃၅ သန်းခန့်ရှိကြောင်း သိရသည်။
အဆိုပါဆန်လက်ကျန်များသည် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လစာပြည်တွင်းစားသုံးရန်လိုအပ်ချက်ပမာဏမှာ ဆန်တန်ချိန်၃ ဒသမ ၁၃၄ သန်းသာဖြစ်ကြောင်း သိရသည်။
ယင်းအပြင် စက်တင်ဘာလကုန်တွင် ယခုနှစ်မိုးရယသီစိုက်ပျိုးသည့် မိုးစပါးစိုက်ဧက ၁၅ သန်းမှာစတင်ထွက်ပေါ်လာမည်ဖြစ်၍ ပြည်ပသို့ ဆန်တင်ပို့မှုပုံမှန်အတိုင်း တင်ပို့နိုင်သည့်အပြင် ပြည်တွင်းစားသုံးမှုအတွက်လည်း စိုးရိမ်စရယမရှိကြောင်း ရှင်းလင်းပြောကြားထားသည်။
Ymg/STH
#Yangon_Media_Group
Page 1345 of 1770