#Local_News
Published_ 4 Sept 2022
မြန်မာ သံရုံး/အဖွဲ့ရုံးအနေဖြင့် အာဆီယံ-ဗီယင်နာကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန် ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ (၆) လ တာဝန်ယူထားကြောင်း သိရပါတယ်။
အာဆီယံ-ဗီယင်နာကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သော ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းသည် ဩဂုတ် ၂ ရက်တွင် ဗီယင်နာမြို့ရှိ Vienna International Centre ၌ ကျင်းပခဲ့သည့် (၅၅) နှစ် မြောက် အာဆီယံနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
အခမ်းအနားတွင် United Nations Office in Vienna (UNOV) ၏ ညွှန်ကြားရေးမှူးချုပ် ကိုယ်စား Mr. Jean-Luc Lemahieu ၊ Director of the Division for Policy Analysis and Public Affairs က တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။
အာဆီယံနေ့အထိမ်းအမှတ်အခမ်းအနားသို့ UNOV/ UNODC၊ IAEA၊ UNIDO နှင့် CTBTO တို့မှ ကိုယ်စားလှယ်များနှင့်ဝန်ထမ်းများ၊ ဩစတြီးယားနိုင်ငံ၊ ဥရောပနှင့် နိုင်ငံ တကာရေးရာ ဝန်ကြီးဌာနမှကိုယ်စားလှယ်၊ ဗီယင်နာမြို့အခြေစိုက် အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးများမှ အမြဲတမ်းကိုယ်စားလှယ်များနှင့် ဇနီးများ၊ ကိုယ်စားလှယ်များ အပါအဝင် ဧည့်သည်တော် စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါတယ်။
အာဆီယံ-ဗီယင်နာကော်မတီကို အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ သံရုံးနှင့် အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးများနှင့် စင်ကာပူနိုင်ငံအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတို့ဖြင့် ဖွဲ့စည်းထားကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published_3 September 2022
ရဟန်းရှင်လူစုစုပေါင်း(၅၀၀)ဦးကို အသည်းရောင်ရောဂါ B ပိုး C ပိုးရှိ မရှိအခမဲ့ စစ်ဆေးပေးခဲ့ပြီး ရောဂါပိုးမရှိသူတွေကို B ပိုး ကာကွယ်ဆေးအခမဲ့ထိုးပေးခဲ့တယ်လို့ မြန်မာအသည်းဖောင်ဒေးရှင်း ဥက္ကဌဒေါက်တာ ဒေါ်ခင်ပြုံးကြည်က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published - 3 September 2022
ဒီနေ့စက်တင်ဘာလ ၃ ရက်မှာ ပြည်တွင်း စက်သုံးဆီဈေးနှုန်းဟာ ဓါတ်ဆီ ၁ လီတာ ကျပ် ၁၀၀ ခန့် ပြန်လည်မြင့်တက်လာတယ်လို့ ရန်ကုန်စက်သုံးဆီဈေးကွက်က သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 4 September 2022
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်မှာ စဉ့်ဖိုဟောင်းတွေနဲ့ရှေးမြို့ဟောင်းများစွာရှိတဲ့အတွက် လာမယ့်ခရီးသွားရာသီမှာ ခရီးသွားနေရာအသစ်အဖြစ် ဖော်ဆောင်နိုင်မှာဖြစ်တယ်လို့ လှည်းကူးမြို့နယ်၊သမိုင်းပြုစုရေးအဖွဲ့၊ အတွင်းရေးမှူးဦးသက်လွင်က ပြောပါတယ်၊၊
#Yangon_Media_Group
#Health_Matters
Published - 3 Sep 2022
-BCG ဟာ ကိုဗစ်-၁၉ကိုလည်း အတိုင်းအတာအထိ ကာကွယ်နိုင်ကြောင်းတွေ့ရှိရတယ်ဆိုတဲ့ သတင်းတွေအပေါ် အမြင်??
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 4 Sep 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဒီနေ့ပုဏ္ဏက(တေးရေးဆရာ)နှင့်အတူ
-"အရေးအသားအသုံးအနှုန်းတွေက ရှေးစာဆိုတွေနဲ့ တစ်ခြားစီဖြစ်နေပေမယ့် ဒီအရေးအသားတွေကြောင့် လူသိများခဲ့ပြီး အဖေက အိမ်ပေါ်ပြန်ခေါ်တဲ့အထိ အကျိုးပေးခဲ့ကြောင်း
-ဝေဖန်မှုတွေကိုစိတ်မဆိုးခဲ့ဘဲ လက်ခံပြုပြင်ခဲ့လို ပုဏ္ဏကဆိုပြီး ဖြစ်တည်လာတာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published _ 3 August 2022
စက်သုံးဆီဈေးတွေတက်နေလို့ ရန်ကုန်မြို့အတွင်းရှိ အဝေးမြို့နယ်တွေနဲ့ မြို့ပြင်ဘက်တွေကို ပြေးဆွဲနေတဲ့ အောက်ဆိုက်ကားအချို့ပြေးဆွဲမှုတွေရပ်နားလာတာကြောင့် ခရီးသည်တွေအနေနဲ့ သွားလာရေးမှာ အခက်တွေ့နေရတယ်လို့ ခရီးသွားပြည်သူတွေနဲ့ အောက်ဆိုက်ကားပိုင်ရှင်အချို့ထံမှ အခုလို သိရပါတယ်။
#Yangon_Media_Group
Page 1332 of 1770