ဧရာဝတီမြစ်ဟာ ဗန်းမော်မြို့၊ရွှေကူမြို့ ၊ကသာမြို့၊ သပိတ်ကျင်းမြို့၊ ချင်းတွင်းမြစ်ရေ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်မြို့၊မော်လိုက်၊ ကလေးဝ၊ မင်းကင်းမြို့၊ မုံရွာမြို့တို့နဲ့ နန့်ယင်းချောင်းရေဟာ မိုးကောင်းမြို့မှာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ပြီး မြစ်ရေကြီးဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 05 July 2024
#မြစ်ရေကြီးမည့်မြို့(၁၁)မြို့ #စိုးရိမ်ရေအမှတ်ကျော်
#tthl #Yangon_Times
ရခိုင်မှအုန်းဆီရရှိမှုမရှိတော့လို့ ရန်ကုန်ဈေးကွက်တွင်းအုန်းဆီပြတ်လတ်နေတယ်လို့ သိရပါတယ်။ တစ်ပိဿာ ၃သောင်းကျော်အထိတက်ပြီး ပစ္စည်းလိုသလောက်မရဖြစ်နေ။
#Local_News
Published 05 July 2024
#ဈေးကွက်တွင်းအုန်းဆီပြတ်လတ်နေ #ရခိုင်မှအုန်းဆီရရှိမှုမရှိတော့
#tthl #Yangon_Times
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် Page မှာတင်ထားတာကို'ပေါ်ဆန်းမွှေးဆန်များ အိမ်အရောက်ပို့စနစ်ဖြင့် ဖြန့်ဖြူးရောင်းချခြင်းအစီအ စဉ်'ကို ကူးယူပြီး Pageအတုဖြစ်တဲ့ MSF- Myanmar Rice Federation Page မှာ ဖုန်းနံပါတ်တွေ၊ viberနံပါတ်တွေပြောင်းပြီး ငွေလိမ်လည်နေတာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 05 July 2024
#ငွေကြေးလိမ်လည်မှုများရှိနေ #အိမ်အရောက်ပို့စနစ်
#tthl #Yangon_Times
#Local_News
Published 05 July 2024
▪️ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှပါရဂူဘွဲ့၊မဟာဘွဲ့အပါအဝင် ဘွဲ့ရရှိသော ပြည်တွင်းပြည်ပမှရဟန်းရှင်လူ(၁၂၉) ပါး/ဦးကို ဘွဲ့လက်မှတ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
▪️ (၂၂) ကြိမ်မြောက် ဘွဲ့နှင်းသဘင်နှင့် ဒီပလိုမာအောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင်ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကျင်းပခဲ့သည်။
▪️ အခမ်းအနားတွင်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် (ကိုယ်စား) ဒုတိယဝန်ကြီး ဦးအေးထွန်းက ဂုဏ်ယူဝမ်းမြောက်စကား လျှောက်ထားရာတွင် ယနေ့ ကျင်းပသည့် (၂၂) ကြိမ်မြောက် တက္ကသိုလ်ဘွဲ့နှင်းသဘင် အခမ်းအနားတွင် (၂ဝ၂၃-၂ဝ၂၄) ပညာသင်နှစ်အတွက် ပါရဂူဘွဲ့ (ဗုဒ္ဓဓမ္မ) (၄) ပါး၊ မဟာဝိဇ္ဇာဘွဲ့ (ဗုဒ္ဓဓမ္မ) (၁၈) ပါး/ဦး၊ ဝိဇ္ဇာဘွဲ့ (ဗုဒ္ဓဓမ္မ) (၃၃) ပါး/ဦး၊ ဒီပလိုမာအောင်လက်မှတ် ရရှိသူ (၇၄) ပါး/ဦး၊ စုစုပေါင်း (၁၂၉)ပါး/ဦးကို သက်ဆိုင်ရာ ဘွဲ့အောင်လက်မှတ်များ ပေးအပ် ချီးမြှင့်မည်ဖြစ်ကြောင်း သိရ၍ ဗုဒ္ဓ၏တရားတော်များကို လေ့လာဆည်းပူးခဲ့ကြသည့် သင်တန်းသားများ၏ အောင်မြင်မှုကို လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊
▪️ ဤတက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ကြသည့် ပြည်တွင်း/ပြည်ပ ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်များအနေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ နိုင်ငံဒေသ အသီးသီးရှိ သာသနာရေးဆိုင်ရာ ဗျူရိုဌာနများနှင့် ၎င်းဒေသနိုင်ငံများရှိ ဗုဒ္ဓဘာသာ တက္ကသိုလ်များတွင် အဆင့်မြင့်ရာထူးများ ခန့်အပ်တာဝန်ပေးခြင်းခံရသည်ဟု သိရသည့်အတွက် လွန်စွာကျေနပ် အားရမိပါကြောင်း၊
▪️ ဤတက္ကသိုလ်မှ သင်ကြားဆရာတော်ကြီးများ အနေဖြင့်လည်း သင်တန်းသားများအား အရည်အချင်း ပြည့်၀စေရန်အတွက် ပြည်တွင်း/ပြည်ပ သင်တန်းသားများအား ထေရဝါဒ ဓမ္မလက်ဆောင်များ သင်ကြားဖြန့်ဝေပေးခြင်းဖြင့် ကမ္ဘာသူ ကမ္ဘာသားတို့၏ ကောင်းကျိုးများ ရရှိစေရန်အတွက် ကြိုးပမ်းနေကြကြောင်း သိရသဖြင့် သင်ကြားဆရာတော်များနှင့် သင်တန်းသားများ အားလုံးအတွက် အထူးဂုဏ်ယူ ဝမ်းမြောက်ရပါကြောင်း လျှောက်ထားခဲ့သည်။
▪️ ပါမောက္ခချုပ်ဆရာတော်က ဘွဲ့ရကျောင်းသားများကို တက္ကသိုလ်အဓိဋ္ဌာန် အမေး/အဖြေပြုပြီး သင်တန်းအသီးသီးသို့ တက်ရောက် အောင်မြင်ခဲ့ကြသော ပြည်တွင်း/ပြည်ပ သင်တန်းသား သင်တန်းသူ စုစုပေါင်း (၁၂၉) ပါး/ဦးတို့ကို ဘွဲ့၊ အောင်လက်မှတ်နှင့် အဆောင်အယောင်များ ချီးမြှင့် အပ်နှင်းတော်မူသည်။
▪️ ဝိဇ္ဇာဘွဲ့ (ဗုဒ္ဓဓမ္မ) တန်းမှ ပညာရည်ချွန် ထူးချွန်ဆုရရှိသော (Gold Medalist) ထူးချွန် ရွှေတံဆိပ်ဆုရှင် မြန်မာသင်တန်းသား ရဟန်းတော် ဘဒ္ဒန္တဗာကုလအား တက္ကသိုလ်က ချီးမြှင့်သည့် ရွှေစင်ရွှေပြား တစ်ကျပ်သား ဆုတံဆိပ်ကို ပါမောက္ခချုပ်ဆရာတော် (ကိုယ်စား) ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း က ပေးအပ်လှူဒါန်း ချီးမြှင့်ခဲ့သည်။
▪️ အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်း ပရိယတ္တိစာသင်တိုက် ပဒေနနာယက၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် အဓိပတိ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ အကျိုးတော်ဆောင် ဆရာတော် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းတိုက် ပဓာနနာယကဆရာတော် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယအဓိပတိ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများ၊ တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော သင်ကြားဆရာတော်ကြီးများ၊ ဂုဏ်ထူးဆောင်ပါမောက္ခ ဆရာတော်ကြီးများ၊ သင်ကြားသီလရှင် ဆရာကြီးများ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ပနိုင်ငံများမှ သံအမတ်ကြီးများ၊ အတွင်းဝန်များနှင့် သံရုံးတာဝန်ခံများ၊ ပြည်တွင်း၊ ပြည်ပနိုင်ငံများမှ ဘွဲ့ရသင်တန်းသားများနှင့် မိဘဆွေမျိုးများ တက်ရောက်ကြကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published 5 July 2024
▪️ လူမှုဖူလုံရေးအကျုံးဝင်လုပ်သားများအား လူမှုဖူလုံရေးဆေးရုံကြီးသုံးရုံ၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း ရာကျော်ဖြင့်ဝန်ဆောင်မှုပေးနေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
▪️ ထိုသို့ဝန်ဆောင်မှုပေးရာတွင် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေး စီမံကိန်းကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူမှုဖူလုံရေးအဖွဲ့ပိုင်ဆေးရုံကြီးသုံးရုံ၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း ၉၆ ခန်း၊ ဌာနကြီးဆေးခန်း ၆၁ ခန်း၊ စာချုပ်ဆေးခန်း ၆၆ခန်း၊ သားဖွားမီးယပ် ပြင်ပလူနာကုသမှုဆောင်ရွက်သည့် စာချုပ်ဆေးခန်း ၄၅ ခန်း၊ မီးဖွားဝန်ဆောင်မှုဆောင်ရွက်လျက်ရှိသောစာချုပ်ဆေးရုံ၊ သားဖွားခန်း ၁၅ ခန်း၊ တိုင်းရင်းဆေးခန်းတစ်ခန်းတို့ဖြင့် ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌လည်း မြို့နယ်လူမှုဖူလုံရေးဆေးခန်းနှစ်ခန်း၊ ဌာနကြီးဆေးခန်းလေးခန်း၊ စာချုပ်ဆေးခန်း လေးခန်း၊ သားဖွား မီးယပ်ပြင်ပလူနာကုသမှု ဆောင်ရွက်သည့် စာချုပ်ဆေးခန်းသုံးခန်းတို့ဖြင့် ကျန်းမာရေးဝန်ဆောင်မှုများပေးလျက်ရှိပြီး ၂၀၂၄ ခုနှစ်အတွင်း ဒုတိယအကြိမ် စီမံချက်အနေဖြင့် လူမှုဖူလုံရေးအကျုံးဝင်အလုပ်ဌာန ၃၃၄ ဌာနမှ အာမခံအလုပ်သမား ၁၄၅၀၈ ဦးတို့ကို ဩဂုတ် ၆ ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 5 July 2024
▪️ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သက်သာသည့်ဈေးနှုန်းဖြင့် လက်လီဆိုင်များမှ တစ်ဆင့် ဈေးကွက်အတွင်းပေးပို့ရောင်းချပေးနေသော်လည်း မြို့နယ်အချို့ရှိ ဆန်ဆိုင် အချို့မှာမူ ဈေးချရောင်းချခြင်းမရှိသေးကြောင်း စားသုံးသူများထံမှ သိရသည်။
▪️ ရန်ကုန်နှင့်မြို့ကြီးများရှိ လက်လီဆိုင်များမှ တစ်ဆင့် ဈေးကွက်အတွင်းပေးပို့ရောင်းချလျက်ရှိရာ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့ နှင့်မော်လမြိုင်မြို့တို့တွင် ရည်ညွှန်းသတ်မှတ်ဈေးများအတိုင်း Good Rice & Good Price ဆန်များကို ဆက်သွယ်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိပေးထားသည်။
▪️ သို့သော် ရန်ကုန်မြို့ရှိ မြို့နယ်အချို့ရှိလက်လီဆိုင်များမှာမူယခင်နှုန်းထားအတိုင်းရောင်းချနေဆဲဖြစ်ကြောင်းစားသုံးသူများထံမှ သိရသည်။
▪️ "ဆန်ဈေးတွေက မကျသေးဘူးလားလို့ ဝယ်နေကျဆန်ဆိုင်ကိုမေးတာ၊ ဆန်ဆိုင်က သူတို့လည်း ကုန်စည်ဒိုင်တွေမှာသွားဝယ်တာပဲ၊ ချပေးတဲ့ ဈေးနှုန်းအတိုင်းမရဘူး၊ ချပေးတဲ့ဆန်တွေကလည်း အရည်အသွေးသိပ်မကောင်းဘူးလို့ပြောတယ်၊ တကယ်ပဲသူတို့ဝယ်မရတာလား၊ ဝယ်ရပြီးပဲအမြတ်တင်ရောင်းနေတာလားတော့မသိပါဘူး၊ ဒီလိုမြို့နယ်တွေက လက်လီဆိုင်တွေကို သေချာကြပ်မတ်ပေးမှသာ ဆန်ဈေးကတကယ်ကျမှာပါ၊ ကျွန်မတို့က အမှန်တကယ် လျော့ဈေးနဲ့ရောင်းပေးနေတဲ့ဆီမှာ တစ်အိတ်၊ နှစ်အိတ်လိုအများကြီးလည်းလှမ်းမမှာနိုင်ဘူး၊ ကျွန်မတို့လိုပဲ တစ်နေ့လုပ်တစ်နေ့စားတွေလည်း ဒီလိုပဲနေ့စဉ်ဝယ်နေရတော့ လက်လီဆိုင်တွေရဲ့ ပြောသမျှယုံရ၊ ခံရတာပဲ၊ သက်သာတဲ့ဈေးနဲ့သူတို့ကတစ်ခါဝယ် နဂိုဈေးနဲ့ဒီဘက်ပြန်ရောင်းဆိုရင် စားသုံးသူတော့မသက်သာဘူး၊ သူတို့ပဲပိုချမ်းသာသွားမယ်၊ စားအုန်းဆီဆိုင်တွေဆိုလည်း ဒီလိုပဲ အပေါ်ကဘယ်လောက်လုပ်ပေးပေး နည်းနည်းရောင်းပေးပြီး ကုန်ပြီပြောလည်း ဝယ်တဲ့သူတွေဘာမှမပြောနိုင်ဘူး"ဟု ရွှေပြည်သာမြို့နယ်မှ ဆန်လက်လီဝယ်ယူသူတစ်ဦးက ပြောသည်။
▪️ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများနှင့်အညီ ရွှေဘိုပေါ်ဆန်းဆန်များ၊ ဧရာဝတီပေါ်ဆန်းဆန်များ နှင့် ဧည့်မထဆန်များကို နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအပါအဝင် တစ်နိုင်ငံလုံးရှိ ဆန်စက်များ၊ ဆန်ဆိုင်များ၊ ဆန်ပွဲရုံများနှင့် မြို့ကြီးများရှိ ဈေးအရောင်းစင်တာများ၊ Super Market များ၊ Mini Mart များတွင် စဉ်ဆက်မပြတ် ဆက်လက် ရောင်းချ ပေးနေကြောင်း သိရသည်။ထို့အပြင် အသင်းချုပ်အစီအစဉ်ဖြင့် Good Rice & Good Price ပေါ်ဆန်းဆန်နှင့်ဧည့်မထဆန်များကို (၁၀)ကီလိုအိတ်၊ (၅)ကီလိုအိတ်များဖြင့် လက်လီဆိုင်များမှ တစ်ဆင့် ဈေးကွက်အတွင်းပေးပို့ရောင်းချလျက်ရှိရာ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့ နှင့်မော်လမြိုင်မြို့တို့တွင် ရည်ညွှန်းသတ်မှတ်ဈေးများအတိုင်း Good Rice & Good Price ဆန်များကို ဆက်သွယ်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
▪️ နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အိမ်အရောက်ပို့ဝန်ဆောင်မှုစနစ်ဖြင့် ဇူလိုင်လ (၁)ရက်နေ့မှစတင်၍ ဖြန့်ဖြူးရောင်းချပေးလျက် ရှိပါသည်။ ရန်ကုန်မြို့ရှိ စက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများ၊ အသင်းအဖွဲ့များသို့လည်း ဧရာဝတီပေါ်ဆန်းနှင့် ဧည့်မထဆန် (၁၀) ကီလိုအိတ်များ၊ (၅) ကီလိုအိတ်များကို စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 04 July 2024
၁။ မိုးကြီးမည့်ဒေသများတွင် ရန်ကုန်နှင့်အောက်ပိုင်း ဒေသများပါဝင်လာ၊ မြစ်ရေကြီးဦးမည်
၂။ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း ဇူလိုင်၇ရက် နောက်ဆုံးထားဆောင်ရွက်ရန်နှင့် ကုန်ရ၊ကုန်ထုတ်၊ကုန်လက် ကျန် လချုပ် update စာရင်းပေးသွင်းခြင်းကို လစဉ် ၇ရက်အတွင်း ဆောင်ရွက်ရမည်
၃။ ယခုနှစ်အတွင်း မွန်ဒေသမှ ဆားတန်ချိန်လေးသောင်းသုံးထောင်ကျော်ထွက်ရှိ
၄။ ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ခင်ပွန်းသည်ဆုံးရှုံးခဲ့ရသည့်အမျိုးသမီး ပဋိပက္ခတွေကိုအမြန်ဆုံး ပြီးဆုံးလိုကြောင်းထုတ်ဖော်ပြောကြား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 133 of 1768