#Local_News
Published-14 Setember 2022
ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ တစ်လီတာ ကျပ် ၁၂၀ ကျော်အထိ ထပ်မံမြင့်တက်လာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။
စက်တင်ဘာလ ၁၃ ရက်နေ့တွင် 92 တစ်လီတာ ၂၄၂၀ ကျပ်၊ 95 တစ်လီတာ ၂၄၇၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၃၀၂၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာကို ၃၁၀၅ ကျပ်ရှိခဲ့ရာမှ ယနေ့တွင် 92 တစ်လီတာ ၂၄၈၅ ကျပ်၊ 95 တစ်လီတာ ၂၅၇၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၃၀၆၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၁၅၀ ကျပ်မြင့်တက်လာခြင်းဖြစ်သည်။
ရန်ကုန်၊ မန္တလေးအပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။
ယင်းအပြင် စက်သုံးဆီဈေးနှုန်းမှာ အတက်အကျမမှန်သည့်အတွက် အဓိက အငှားယာဉ်မောင်းများအနေဖြင့် အခက်အခဲများရှိနေပြီး ပြေးဆွဲမှုကို ရပ်နားထားရကြောင်းလည်း သိရသည်။
ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် နေ့စဉ်နှင့်အမျှ အတက်အကျအပြောင်းအလဲဖြစ်ပေါ်နေပြီး အမြင့်ဈေးတွင် ဆက်လက်ရှိနေသည့်အတွက်ကြောင့် စက်သုံးဆီအသုံးပြုလုပ်ကိုင်ရသည့် လုပ်ငန်းများ ထိခိုက်မှုရှိလာပြီး ကုန်တင်ယာဉ်များအပေါ်တွင်လည်း ဂယက်ရိုက်ခတ်မှုရှိလာသည့်အတွက် အခြေခံစားသောက်ကုန် ကုန်စည်ဈေးနှုန်းမှာလည်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published _14 September 2022
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လေယာဉ်ကွင်းအနီးတွင် စက်တင်ဘာလ ၁၃ ရက် မွန်းလွဲ ၃နာရီခန့်က Pre Wedding ရိုက်နေသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် အပစ်ခံရာကာ သေဆုံးသွားကြောင်း သိရသည်။
ရေးလေယာဉ်ကွင်းမှာ ရေးမြို့နယ်၊ တူးမြောင်းကျေးရွာအနီးတွင်ရှိပြီး ယင်းတွင် မင်္ဂလာဆောင်အကြို ဓာတ်ပုံရိုက်ကူးနေသူ အသက် ၂၈ နှစ်အရွယ် ကိုဖိုးစီအား လက်နက်ကိုင်အချို့က လာရောက်၍ သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း၏ဦးခေါင်းနှင့် ခန္ဓာကိုယ်တိုတွင် သေနတ်ဒဏ်ရာများရရှိခဲ့သောကြောင့် ရေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သေနတ်ပစ်ခတ်မှုဖြစ်စဉ်ကို ရေးဘီလူးအဖွဲ့မှလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်းကလည်း ကိုဖိုးစီ၏ ဖခင်ဖြစ်သူအား ဒလန်ဟုဆိုကာ သေနတ်ဖြစ် ပစ်သတ်ခံခဲ့ရသေးကြောင်း ဒေသခံများက ဆိုသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _14 September 2022
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ကမာကြည်တံတားပေါ်မှ ယနေ့ စက်တင်ဘာလ ၁၄ ရက် နံနက် ၁၀ နာရီခန့်က အမျိုးသားတစ်ဦးခုန်ချမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အခင်းဖြစ်ပွားရာနေရာသို့ သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကူညီကယ်ဆယ်ရေးလုပ်ဆောင်လျက်ရှိကြောင်း၊ ရေထဲသို့ ခုန်ချသွားသူကို ပြန်လည် မတွေ့သေးကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_group
Published 14 Sept 2022
မြန်မာအပါအဝင် နိုင်ငံပေါင်း (၅)နိုင်ငံကို ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ Shanghai Cooperation Organization (SCO)ရဲ့ဆွေးနွေးဖက် နိုင်ငံအဖြစ် ဥဇဘက်ကစ္စတန်မှာကျင်းပမယ့် အဆိုပါအဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးမှာ လက်ခံဖွယ် ရှိနေတယ်လို့ ရုရှားသမ္မတပူတင်ရဲ့ လက်ထောက် ယူရီယူရှာကော့ဗ်က သတင်းထောက်တွေကိုပြောတယ်လို့ TASS သတင်းဌာနက ရေးသားပါတယ်။
ဥဇဘက်ကစ္စတန်နိုင်ငံ ဆာမာကန်မြို့မှာ ကျင်းပမယ့် အဆိုပါထိပ်သီးအစည်းအဝေးမှာ ဘီလာရုစ်နိုင်ငံရဲ့ အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်တဲ့ လုပ်ငန်းစဉ်ကို စတင်မယ်လို့သူကပြောါတယ်။ အဲဒီအပြင် အီဂျစ်၊ကာတာ၊ဆော်ဒီအာရေဗျနိုင်ငံတို့ကိုလည်း ဆွေးနွေးဖက်နိုင်ငံတွေအဖြစ်သတ်မှတ်တဲ့ စာချွန်လွှာလက်မှတ်ထိုးမယ်လို့ သူကဆက်ပြောပါတယ်။
“ နောက်ထပ် ဘာရိန်း၊ကူဝိတ်၊ ယူအေအီး၊မြန်မာနှင့် မော်လဒိုက်စ်တို့ကို ဆွေးနွေးဖက်နိုင်ငံတွေအဖြစ် ပေးအပ်မယ့် လုပ်ငန်းစဉ်ကို စတင်ဖို့လည်း ဆုံးဖြတ်မယ်” လို့ သူကပြောပါတယ်။
“SCO ဟာပုံစံအမျိုးမျိုးနှင့်ပါဝင်ဖို့ စိတ်ဝင်စားမှုကြီးမားနေတယ်။ အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မယ့် နိုင်ငံတွေလည်း တစ်နှစ်ပြီး တစ်နှစ်တိုးလာနေတယ်” လို့ သူကဆက်ပြောပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိးသန့်ဖေ(ယခုကွယ်လွန်) ဟာ SCO ရဲ့ အတွင်းရေးမှူးချုပ် ကျန်းမင်းနှင့် ယခုနှစ် ဖေဖော်ဝါရီ ၁၁ရက်နေ့က တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် SCO ရဲ့ ပူးပေါင်းဆာင်ရွက်မှုတွေတိုးမြှင့် လုပ်ဆောင်ဖို့နှင့် SCO ရဲ့လုပ်ငန်းတွေကို မြန်မာက အပြည့်အဝထောက်ခံတယ်လို့ ပြောခဲ့တယ်လို့ SCO ကသတင်းထုတ်ပြန်ခဲ့ ပါတယ်။
ရှန်ဟိုင်းပူပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO ကို ၂၀၀၁ခုနှစ်တုန်းက တရုတ်နိုင်ငံ ရှန်ဟိုင်းမြိုမှာ တည်ထောင်ခဲ့ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေက တရုတ်၊ရုရှား၊ အိန္ဒိယ၊ကာဇက်စတန်၊ကာဂျစ္စတန်၊ပါကစ္စတန်၊တာဂျစ်ကစ္စတန်နှင့် ဥဇဘက်ကစ္စတန်တို့ ဖြစ်ကြပါတယ်။ အဖွဲ့ဟာ ကမ္ဘာ့ဂျီဒီပီရဲ့ လေးပုံတစ်ပုံရှိပြီး ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နုန်းရှိတယ်လို့သိရပါတယ်။
#SOC
#Shanghai_Cooperation_Organization
#Myanmar
#Local_News
Published _13 September 2022
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ မွန်ပြည်နယ် ရေးမြို့ အောင်မင်္ဂလာ လူမှုကူညီရေးအသင်းယာဉ်မောင်းရဲ့ လည်ပင်းနဲ့ မျက်စိမှာ စိုက်ဝင်နေတဲ့ မိုင်းစတွေကို ခွဲစိတ်ရဖို့ ရှိနေပါတယ်။
#Yangon_Media_Group
#Local_News
Published_ 13 September 2022
အခုရက်ပိုင်းအတွင်း ပုဂံဒေသမှာ မိုးရွာသွန်းမှုတွေကြောင့် ပုဂံဘုရားနဲ့ရှေးဟောင်းအဆောက်အအုံအချို့ မိုးရေစိမ့်တာ၊ မုခ်ကပ်အနည်းငယ်ပဲ့ကျတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 13 September 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ငါးလအတွင်း ပြည်ပကို လက်ခစား CMP စနစ်နဲ့ချုပ်ပြီး အထည်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာသန်း(၁၅၀၀) ကျော်ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းဆီက သိရပါတယ်။
#Yangon_Media_Group
Page 1310 of 1771