#Local_News
Published 16 July 2024
▪️ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ အိပ်ပျက်တာတမံကျိုးပေါက်မှုမရှိစေရေး ကြိုတင်ကာကွယ်မှုများပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ထိုသို့ဆောင်ရွက်ရာတွင် အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် အိပ်ပျက်တာတမံကျိုးပေါက်မှုမရှိစေရေးအတွက် ဇူလိုင်၁၅ ရက်နေ့၊ ညနေ ၄နာရီခွဲ အချိန်မှစ၍ ဟင်္သတခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ တာဘောင်ကြံ့ခိုင်ရေးလုပ်ငန်းများဖြစ်သော တာရေသွင်းခြင်း၊ တာဘောင်ခွေခြင်း၊ ကျောက်စီခြင်း၊ ကျောက်အိတ်ချခြင်းနှင့် တာဘောင်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#NN #Yangon_Times
အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာယူ-၁၉ အသင်းဟာ ဗီယက်နမ်ယူ-၁၉အသင်းနဲ့ ဇူလိုင် (၁၈)ရက်မှာ ပွဲဦးထွက်ယှဉ်ပြိုင်ဖို့ပြိုင်ပွဲကျင်းပမယ့် အင်ဒိုနီးရှားနိုင်ငံသို့ထွက်ခွာသွားပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရပါတယ်။
#Local_News
Published 16 July 2024
#ဗီယက်နမ်အသင်း #အာဆီယံချန်ပီယံရှစ်
#tthl #Yangon_Times
ကျောက်ကပ်ပျက်စီးတာအပြင် ကင်ဆာရောဂါအထိဖြစ်နိုင်တဲ့ တားမြစ်ထားပြီး ကျန်းမာရေးနှင့် မညီညွတ်တဲ့အစားအစာတွေကို ထုတ်လုပ်ရောင်းချပါက စိစစ်အရေးယူသွားမယ်လို့ ကျန်းမာရေးဝန်ကြီရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 16 July 2024
#ကင်ဆာရောဂါ #ကျောက်ကပ်ပျက်စီး
#NN #Yangon_Times
ပခုက္ကူ လက်ယက်ကန်းချည်ထည်နဲ့ သဘာဝဆိုးဆေးပါဝါတွေ ဈေးနှုန်းထောင်ဂဏန်းတက်ပြီး အရောင်းအေးနေတယ်လို့ သိရပါတယ်။ ချည်ဈေး၊ သယ်ယူပို့ဆောင်စရိတ်၊ ငွေလွှဲထုတ်ခတွေကြောင့် ဈေးအနည်းငယ်တက်ရတယ်လို့ ဆိုပါတယ်။
#Local_News
Published 16 July 2024
#ပခုက္ကူချည်ထည် #ချည်ထည်အရောင်းအေးနေ
#tthl #Yangon_Times
#Local_News
Published 16 July 2024
▪️ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား မြန်မာနိုင်ငံဗဟိုဘဏ်မှ Fx Trading Platform မှတစ်ဆင့် တရုတ်ယွမ် (၅)သန်းကို ဇူလိုင် (၁၅) ရက်တွင် ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
▪️ နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရန်နှင့် ဈေးကစားမှုမရှိစေရန်အတွက် ဗဟိုဘဏ်မှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Fx Trading Platform မှတဆင့် ဇူလိုင်လ (၁၀) ရက်တွင် ဒေါ်လာ (၅) သန်းကို ထုတ်ရောင်းပေးခဲ့ပြီးယခုအခါ ဒုတိယအကြိမ် ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
▪️ ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ နိုင်ငံခြားငွေလဲလှယ်နှုန်းတဖြည်းဖြည်းမြင့်တက်လာသည့်အတွက် ဗဟိုဘဏ်က ယခုရက်ပိုင်းအတွင်း Online Trading Platform မှတဆင့် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များအတွက် ဒေါ်လာများဆက်တိုက်ထုတ်ရောင်းပေးနေပြီး ဇူလိုင်လ (၄) ရက်တွင်လည်း စားသုံးဆီ၊ ဆေးဝါးပစ္စည်း၊ ဓာတ်မြေဩဇာ တင်သွင်းသူများအား ဒေါ်လာ ၅ ဒသမ ၄ သန်းထုတ်ရောင်းပေးထားကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
▪️ ဗဟိုဘဏ်အနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအဆင်ပြေစေရန် လစဉ် အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်များကို အဓိက ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
#tthl #Yangon_Times
#Daily_News
Published 15 July 2024
၁။ ရန်ကုန်အပါအဝင်(၅)ရက်ကြာ မိုးကြီးမည့် ဒေသ (၇)ခုရှိ၊ မိုးသက်လေပြင်းပါတိုက်နိုင်
၂။ နှစ်ပတ်ကျော်ကာလအတွင်း ရွှေဈေးကျပ်တစ်သိန်းခွဲနီးပါးမြင့်တက်
၃။ မကွေးတွင်ဧရာဝတီမြစ်ရေကြီး၍ မြစ်နားနီးသည့်စာသင်ကျောင်း အချို့ယာယီပိတ်ထားရ
၄။ ဂျပန်မြို့ငယ်များတွင်လူဦးရေကျဆင်းလာကာ သက်ကြီးရွယ်အိုတွေသာကျန်ရစ်သဖြင့် အိမ်အလွတ်တွေများပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အမေရိကန်ရောက်မြန်မာများက စုပေါင်းရှင်ပြုရဟန်းခံနှင့် သီလရှင်ဝတ်ပွဲတော်ကို ရိုးရာဓလေ့အတိုင်းပြုလုပ်ခဲ့ကြ
မြန်မာနိုင်ငံသားတွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံတွေမှာ နေထိုင်ကြရပေမဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ကိုယ့်ယဉ်ကျေးမှုစတာတွေကို မေ့ပျောက်လေ့ မရှိကြပါဘူး။
#Local_News
Published 15 July 2024
#အမေရိကန်ရောက်မြန်မာ #စုပေါင်းရှင်ပြုရဟန်းခံ
#Yangon_Times/PP
Page 121 of 1768