ဆေးကုမ္ပဏီတွေကနေပြည်သူတွေ လိုအပ်နေတဲ့ဆေးဝါးတွေကို တိုက်ရိုက်ရောင်းချပေးမှု ဒီကနေ့ ရန်ကုန်မြို့မှာစတင် ရောင်းချပေးနေပြီလို့ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (MCCPMD) ကနေ ထုတ်ပြန်လာပါတယ်။
“ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ ဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲ”ကို ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် လမ်း ၃၀ ထောင့်မှာရှိတဲ့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးဌာန အဆောက်အဦးမှာ ဒီကနေ့ ဇူလိုင်လ ၁၇ ရက်ကစပြီး ပြုလုပ်သွားမှာပါ။
#Local_News
Published 17 July 2024
#ဆေးပစ္စည်းလုပ်ငန်းရှင်များ #တိုက်ရိုက်ရောင်းချမှုစတင်
#NN #Yangon_Times
#Local_News
Published 17 July 2024
▪️ လမ်းပြုပြင်ရန်ရှိ၍ ထို့ကော်ကိုးလမ်းပိုင်းကို ဇူလိုင် ၁၈ရက်/၁၉ ရက်၊၂၀ရက် (၃) ရက်တာ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။
▪️ ပိတ်ထားသည့် (၃)ရက်တာကာလအတွင်း ကားကြီး၊ ကားသေးမည်သည့်ကားမျှသွားခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။
▪️ လမ်းပိတ်ထားသည့် (၃)ရက်တာအတွင်း ထို့ကော်ကိုးလမ်းပိတ်ထားစဉ်ကာလအတွင်း ၁၈ တောလမ်း သစ်ကတေးတောလမ်း မြဝတီလမ်းဟောင်းမှ သွားလို့ရမည်ဖြစ်ကြောင်း အသိပေးထားသည်။
▪️ ဇူလိုင်လအတွင်းတွင် မိုးသည်းထန်သဖြင့် ထို့ကော်ကိုးလမ်းတွင် ကားများမြေထဲနစ်ဝင်ပြီး မောင်းမရ၊ ရုန်းမရခြင်းများရှိနေ၍ ပြုပြင်ရခြင်းဖြစ်ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published 17 July 2024
▪️ (၃၁) ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲအောင်စာရင်းများကို အွန်လိုင်းမှ ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာ၊ သာသနာရေးဦးစီးဌာနမှ သိရသည်။
▪️ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာ၊ သာသနာရေးဦးစီးဌာနက ကျင်းပပြီးစီးခဲ့သည့် အစိုးရနိကာယ်စာမေးပွဲ အောင်စာရင်းများကို ဇူလိုင်လ ၁၇ ရက် နံနက် ၆ နာရီတွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ အောင်စာရင်းများကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ Websitewww.mahana.org.com၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန Website-www.mora.gov.mmနှင့် သာသနာရေးဦးစီးဌာန Website- www.dra.gov.mm တို့မှ ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/ NN #Yangon_Times
#Local_News
Published_17 July 2024
▪️ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့ ဇူလိုင်လ ၁၆ ရက်နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက်၊ ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသတို့ အမှူးပြုသော ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများအပါအဝင် ပင့်ဖိတ်ထားသည့် ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူကြကြောင်း သိရသည်။
▪️ အခမ်းအနားသို့ တက်ရောက်လာသောနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သာသနာ့မဟာဗိမာန်တော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်း၊ သောက်တော်ရေချမ်းနှင့် ဆီမီးတို့ကို ကပ်လှူပူဇော်ကာခဲ့ကြောင်း သိရသည်။
▪️ ယင်းနောက် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြ ကာနိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်ခြင်း၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
#Daily_News
Published 16 July 2024
၁။ ပခုက္ကူချည်ထည်နှင့် သဘာဝဆိုးဆေးပါဝါများ ဈေးနှုန်းထောင်ဂဏန်းသာလိုက်တက်ရပေမယ့် အရောင်းအေးနေ
၂။ ကင်ဆာရောဂါအထိဖြစ်နိုင်သည့် တားမြစ်ထားပြီး ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ ထုတ်လုပ်ရောင်းချပါက စိစစ်အရေးယူမည်
၃။ မြန်မာယူ-၁၉ အသင်း အာဆီယံချန်ပီယံရှစ်ပွဲ၌ ဗီယက်နမ်အသင်းနှင့်ပွဲဦးထွက်ကန်မည်
၄။ ဂျပန်းယန်းငွေတန်ဖိုးကျဆင်းခြင်းကြောင့် ပြည်တွင်းဈေးနှုန်းများ မြင့်တက်လာကာ ပြည်သူများနေထိုင်မှုဘဝဖိအားတိုးလာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ၂၀၂၄ ခုနှစ်ခြောက်လတာကာလအတွင်း ယာဉ်မတော်တဆမှု ၉၀ ကျော်ဖြစ်ပွားခဲ့ပြီး ၅၀ကျော်သေဆုံးခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှတာဝန်ရှိသူတစ်ဦးထံက သိရပါတယ်။
#Local_News
Published 16 July 2024
#ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး #အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး
#NN #Yangon_Times
အခုရက်ပိုင်းအတွင်းမှာ လေဖိအားနည်းရပ်ဝန်းထပ်ဖြစ်ပေါ်နိုင်သလို ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ ကရင်နဲ့မွန်ပြည်နယ်တို့မှာ မိုးကြီးတာ၊ မြစ်ရေကြီးခြင်းများကြုံတွေ့နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 16 July 2024
#လေဖိအားနည်းရပ်ဝန်းထပ်ဖြစ်
#tthl #Yangon_Times
Page 120 of 1768