#Daily_News
Published 10 September 2024
၁။ မြဝတီမြို့တွင် သောင်ရင်းမြစ်ရေကြီးနေပြီး မဒေါက်မြို့တွင် စစ်တောင်းမြစ်ရေတက်နေ
၂။ တစ်ပတ်တာအတွင်း ရွှေတစ်ကျပ်သား ကျပ်၈သိန်းအထိကျဆင်း
၃။ တာချီလိတ်တွင် ရပ်ကွက်အချို့၌ရေကြီးနစ်မြုပ်မှုထပ်ဖြစ်နေ
၄။ နည်းပညာလွန်အဆင့်မြင့် ဆန်းသစ်ပစ္စည်းများပြပွဲ ဘာလင်မြို့တွင်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
တိုင်ဖွန်းမုန်တိုင်းမှ လေပွေလှိုင်းတွေကြောင့် မြန်မာနိုင်ငံမှာ မိုးကြီးရေလျှံတာ(၂)ရက်တိုင်တိုင် ဖြစ်ပွားဖို့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 10 September 2024
#တိုင်ဖွန်းမုန်တိုင်း #လေပွေလှိုင်းကြောင့်မိုးကြီး
#YMG/tthl #Yangon_Times
စားသုံးသူရေးရာဦးစီးဌာနက စက်တင်ဘာလအတွက် ဆန်ရည်ညွှန်းဈေးနှုန်းတွေကို သတ်မှတ်လိုက်ပြီး ပြည်တွင်းစားဆန်တွေဖြစ်တဲ့ ဆန်ကြမ်းတစ်အိတ်ကို အရင်လကထက်ကျပ် ၃၀၀၀နဲ့ ပေါ်ဆန်းအုပ်စု တစ်အိတ်ကို ကျပ် ၅၀၀၀အထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ဒီကနေ့ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 10 September 2024
#စားသုံးသူရေးရာဦးစီးဌာန #ဆန်စျေးအနည်းငယ်တက်
#YMG/NN #Yangon_Times
တာချီလိတ်ရှိ ရပ်ကွက်အချို့မှာရေကြီးနစ်မြုပ်နေလို့ ကူညီကယ်ဆယ်ရေးတွေဆောင်ရွက်ပေးနေတယ်လို့ တာချီလိတ်အခြေစိုက်လူမှုကူညီရေးအဖွဲ့တွေထံမှ သိရပါတယ်။
#Local_News
Published 10 September 2024
#တာချီလိတ် #ရေကြီးနစ်မြုပ်နေ
#YMG/tthl #Yangon_Times
ဒီကနေ့မှာ ရွှေပြင်ပပေါက်ဈေးနှုန်းအခေါက်ရွှေတစ်ကျပ်သားကိုကျပ် ၆၄သိန်းအထိရှိလာပြီး တစ်ပတ်တာအတွင်း အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၈ သိန်းအထိ ကျဆင်းလာတယ်လို့ ရွှေလုပ်ငန်းအသိုင်းအဝိုင်းက သိရပါတယ်။
#Local_News
Published 10 September 2024
#ရွှေပြင်ပပေါက်ဈေး #ရွှေဈေးကျဆင်း
#YMG/NN #Yangon_Times
မြဝတီမြို့မှာ သောင်ရင်းမြစ်ရေမြင့်တက်နေပြီး မိုးဆက်လက်ရွာသွန်းပါက ဒီကနေ့ညနေပိုင်းမှာ မြစ်နဲ့နီးတဲ့နေအိမ်အားလုံးရေမြုပ်သွားနိုင်သလို မဒေါက်မြို့မှာလည်းစစ်တောင်းမြစ်ရေတက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 10 September 2024
#သောင်ရင်းမြစ်ရေကြီး #စစ်တောင်းမြစ်ရေတက်
#YMG/tthl #Yangon_Times
#Local_News
Published 10 September 2024
▪️ ပြီးခဲ့တဲ့ ဩဂုတ်လအတွက် စေလွှတ်ထားသည့်အလုပ်သမားစာရင်းမပေးပို့သေးသည့် အေဂျင်စီ ၅၀ ကို သတိပေးလိုက်ကြောင်း အလုပ်သမားညွန်ကြားရေးဦးစီးဌာနမှ သိရသည်။
▪️ ထို့အပြင် ပြည်ပကိုစေလွှတ်ထားသည့်အလုပ်သမားများ၏ စာရင်းမပေးပို့သေးသည့် အေဂျင်စီ၅၀အနေဖြင့် ပေးပို့ရန်ပျက်ကွက်ပါက စေလွှတ်ခွင့်ဆိုင်းငံ့မည့်အပြင်ဒဏ်ကြေးပါဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
▪️ ပြည်ပအလုပ်အကိုင်အေဂျင်စီများကို ယခုလ ၅ရက်နေ့မတိုင်ခင် ယခင်လကစေလွှတ်ခဲ့သည့် အလုပ်သမားများ၏ ကိုယ်ရေးအချက်အလက်များ ပေးပို့ရမည်ဖြစ်ကြောင်း ယခုနှစ်လယ်ပိုင်းမှစတင်၍ ညွန်ကြားထားခြင်းဖြစ်ကာ အေဂျင်စီများအနေဖြင့် သြဂုတ်လအတွက်စေလွှတ်အလုပ်သမားစာရင်းကို မပေးပို့သေးသည့်အတွက် သတိပေးထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။
▪️ ပြီးခဲ့သည့် နှစ်စက်တင်ဘာလမှ ဒီဇင်ဘာလအထိ စေလွှတ်အလုပ်သမား၏ မိသားစုဆီလွှဲပို့ငွေအထောက်အထားမတင်ပြနိုင်သည့် အေဂျင်စီ ၇၉ခုကို စေလွှတ်ခွင့်ဆိုင်းငံ့ထားသကဲ့သို့ အလုပ်ခေါ်စာ အသစ်တင်ခွင့် ပိတ်ထားခြင်းဖြစ်ကြောင်း၊ ၎င်းအပြင် အေဂျင်စီ ၆၇ခုကိုလည်း လွှဲပို့ငွေအထောက်အထားသတ်မှတ်ရာခိုင်နှုန်းပြည့်အောင်မတင်ပြနိုင်သည့်အတွက် အလုပ်ခေါ်စာအသစ်တင်ပြခွင့်ဆိုင်းငံ့ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 12 of 1709