မြန်မာ့လက်ဖက် စားသုံးတဲ့ဓလေ့ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ယူနက်စကို သို့တင်သွင်းသွားမယ်လို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က သိရပါတယ်။
#Local_News
Published 24 January 2025
#မြန်မာ့လက်ဖက် #ယူနက်စကိုတင်သွင်း
#YMG/NN #Yangon_Times
ရန်ကုန်ဈေးကွက်မှာပြီးခဲ့တဲ့အပတ်ကကျဆင်းလာတဲ့ ဓာတ်ဆီဈေးတွေပြန်လည်မြင့်တက်လာပြီး ဒီဇယ်ဈေးတွေကတော့ သုံးပတ်တာအတွင်းတစ်လီတာကို ကျပ်၃၀၀ကျော်ခန့်အထိမြင့်တက်လာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 24 January 2025
#ဓာတ်ဆီဈေးတက် #သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း
#YMG/NN #Yangon_Times
လတ်တလောမြန်မာ့ရွှေဈေးမြင့်တက်လာခြင်းဟာ ကမ္ဘာ့ရွှေဈေးမြင့်တက်နေတာကြောင့်ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌဦးမျိုးမြင့်က ပြောပါတယ်။
#Local_News
Published 24 January 2025
#ကမ္ဘာ့ရွှေဈေးမြင့်တက် #မြန်မာ့ရွှေဈေးတက်
#YMG/SW #Yangon_Times
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာလုပ်ငန်းရှင်တွေကို အထူးဈေးကွက်တွေနဲ့ မိတ်ဆက်ပေးမယ့် စီးပွားရေးပြပွဲတစ်ခုကို ပြုလုပ်မည်ဖြစ်ရာ ပါဝင်လိုတဲ့ မြန်မာလုပ်ငန်းရှင်တွေကို မြန်မာသံရုံးက ပူးပေါင်းကူညီဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 24 January 2025
#ဗီယက်နမ်နိုင်ငံ #သံရုံးကကူညီပေး
#YMG/SW #Yangon_Times
#Local_News
Published 24 January 2025
▪️ ရန်ကုန်မြို့ရှိ စမ်းချောင်းမြို့နယ် မြေနီကုန်းနှင့်အလုံမြို့နယ်များ၌ မနက်ပိုင်းတွင် မိနစ်ပိုင်းသာခြား၍ တစ်ပြိုင်နက်နီးပါး မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇန်နဝါရီ ၂၄ရက်နေ့၊ မနက် ၁၁နာရီ ခွဲ အချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ ဓမ္မစေတီလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး ထွက်ခွာငြိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၃၃ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ ကြောင်း သိရသည်။
▪️ အလားတူ ဇန်နဝါရီ ၂၄ ရက်နေ့၊ မနက်၁၁နာရီ ၃၉ မိနစ် အချိန်က ၊ အလုံမြို့နယ်၊ စောရန်ပိုင်(တောင်)ရပ်ကွက်၊ ငုဝါလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အလုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြိမ်းသတ်ခဲ့ရာ
၁၁ နာရီ၄၃မိနစ် အချိန်တွင် မီးထိန်း၍ ၁၁နာရီ ၄၉မိနစ် အချိန်တွင် မီးငြိမ်း နိုင်ခဲ့ကြောင်း သိရသည်။
▪️ ရန်ကုန်တိုင်းတွင် ပွင့်လင်းရာသီရောက်ရှိလာသောကြောင့် ယခုလအတွင်း မီးလောင်မှုအကြိမ်များ ခပ်စိတ်စိတ်ဖြစ်ပွားနေပြီး သက်ဆိုင်ရာမှလည်း မီးဘေးသတိပေးချက်များ ထုတ်ပြန်ပေးလျှက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 24 January 2025
▪️ ယနေ့နံနက်အစောပိုင်းက အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု ဟုမ္မလင်းမြို့အနီးတွင် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ ထုတ်ပြန်ချက်တွင်၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁)နာရီ၊ (၅၃)မိနစ်၊ (၃၃) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၆၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်းမြို့၏ အရှေ့-အရှေ့တောင်ဘက် (၉)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၈၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၀၅)ဒီဂရီ၊ အနက် (၄၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၂)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။ဖော်ပြပါရှိသည်။
#YMG/SW #Yangon_Times
#Local_News
Published 24 January 2025
▪️ နိုင်ငံကျော်အဆိုတော်တစ်ဦးဖြစ်သည့် အဆိုတော် မာရဇ္ဇ သည် ရန်ကုန်မြို့ ဗဟိုစည်ဆေးရုံတွင် ယမန်နေ့ည (ဇန်နဝါရီ ၂၃ ရက် ညပိုင်း)က ကွယ်လွန်သွားခဲ့ကြောင်းသိရသည်။
▪️ အဆိုတော် မာရဇ္ဇကွယ်လွန်ခြင်းနှင့် ပတ်သက်၍ ဂစ်တာပညာရှင်ကိုနိုင်ဇော်က "ကျနော့်ရဲ့ Juke Box Bandနဲ့ လက်တွဲခဲ့တဲ့အဆိုကျော်(ကို)မာရဇ္ဇမနေ့ညက ကွယ်လွန်သွားတယ်သိရလို့ မိသားစုနဲ့ထပ်တူကြေကွဲရပါတယ်" ဟု ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်ကို တွေ့ရသည်။
▪️ ထို့ပြင် ညီဖြစ်သူကလည်း “အနုပညာနဲ့ပတ်သက်ရင်
▪️ အလွန် မာနကြီးသော
▪️ အလွန် ခေါင်းမာသော
▪️ အလွန် အကောင်းကြိုက်သော ငါ့အကိုရေ
▪️ ကောင်းရာသုဂတိ လားပါစေကွာ
▪️ မင်းပြောနေကျ စကားအတိုင်းပေါ့လေ
" အရာရာဟာ အချိန်အခါပါ "
▪️ တမလွန်မှာ သီချင်းတွေဆက်လက်ဖန်တီးနိုင်ပါစေ ငါ့အကို”ဟု သူ၏လူမှုကွန်ရက်တွင် ရေးသားထားသည်ကို တွေ့ရသည်။
▪️ အဆိုတော် မာရဇ္ဇ သည် ကျောက်ကပ်ရောဂါဖြင့်ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ၎င်း မကွယ်လွန်မီ THOR တွင် နောက်ဆုံးဖျော်ဖြေခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 102 of 1950