အခုဘဏ္ဍာနှစ်တစ်နှစ်တာအတွင်း ဆန်နဲ့ဆန်ကွဲ လျာထားချက်ထက်ကျော်လွန်တင်ပို့နိုင်မယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 25 January 2025
#ဆန်နှင့်ဆန်ကွဲ #လျာထားချက်ထက်ကျော်လွန်တင်ပို့နိုင်
#YMG/NN #Yangon_Times
ယခုနှစ်မှာကျရောက်တဲ့မြွေနှစ်ဟာ တရုတ်-မြန်မာ ချစ်ကြည်ရေးနဲ့ပူးပေါင်းဆောင်ရွက်မှု ထပ်ဆင့်တိုးမြှင့်စေဖို့မျှော်လင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Ms. Ma Jia ကပြောပါတယ်။
#Local_News
#မြွေနှစ်ဟာတရုတ်-မြန်မာ # ချစ်ကြည်ရေးထပ်ဆင့်တိုးမြှင့်
Published 25 January 2025
#YMG/NN #Yangon_Times
#Local_News
Published 25 January 2025
▪️ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်း၌ ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ၃၂၇ ဧက တည်ထောင်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။
▪️ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ် မေလတွင် ထုတ်ပြန်သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသည့် အခွင့်အာဏာများကိုကျင့်သုံး၍ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်းရှိ ၃၂၇ ဧကကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်အတွက် “ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် ( ၁၂ /၂၀၂၅) အရ ယခုနှစ် ဇန်နဝါရီလ ၂၃ ရက်) မှ စတင်သတ်မှတ်ကြောင်း ကြေညာထားခြင်းဖြစ်သည်။
▪️ အဆိုပါ ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်ရှိမ္မကားကျေးရွာနှင့် ငါးရယ်ကျေးရွာတို့အကြား၊ ဧရာဝတီမြစ်ကမ်းနံဘေးတွင် တည်ရှိခြင်းဖြစ်သည်။
▪️ မင်းတုန်းမင်းတရားကြီးလက်ထက် ၁၂၂၅ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်တွင် ရှိမ္မကားတောရကြီးကျောင်းနယ်မြေအဖြစ် မူလပထမ ရွှေကျင်ဆရာတော်ဘုရားကြီးထံ လှူဒါန်းခဲ့ပြီး သီတင်းသုံးနေထိုင်သည့် ဆရာတော်ကြီးများက ခေတ်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသဖြင့် တောတောင်သဘာဝအလှအပရှုခင်းများ၊ အဖိုးတန်ရှေးဟောင်းယဉ်ကျေးမှုလက်ရာများဖြင့် ခံ့ညားထည်ဝါနေသော အဆောက်အအုံများ ယနေ့တိုင်ပျက်စီးပျောက်ကွယ်သွားခြင်းမရှိဘဲ တည်ရှိနေခြင်းဖြစ် ကြောင်း သိရသည်။
▪️ ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ၃၂၇ ဧကရှိသောဒေသတွင် သဘာဝဝန်းကျင်ထိန်းသိမ်းရေးအပြည်ပြည်ဆိုင်ရာအဖွဲ့ (IUCN)၏ ကာကွယ်ထိန်းသိမ်းမှုအဆင့် သတ်မှတ်ချက်အရ မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ် (Endangered-EN) စာရင်းဝင်ရှားပါး၍ မြန်မာနိုင်ငံတွင်သာ ပေါက်ဖွားကျက်စားလျက်ရှိသော မျိုးစိတ် (Endemic Species - ED) ဖြစ်သည့် မြန်မာ့ရွှေသမင်များနှင့် တောကြောင်မျိုးစိတ်များ၊ ရှဉ့်၊ တွားသွားသတ္တဝါများနှင့် ခါ၊ ရွှေပြည်စိုး၊ ကြက်တူရွေး စသည့်ငှက်မျိုးစိတ်များ ကျက်စားရာဒေသဖြစ်သောကြောင့် ရေရှည်တည်တံ့စေရန်အတွက်လည်းကောင်း၊ အပူပိုင်းတောခြောက်အမျိုးအစားတွင် ရှင်သန်ပေါက်ရောက်သည့် သန်း၊ ဒဟတ်၊ တမာ၊ ရှား၊ ကုက္ကို စသည့်သစ်မျိုးများနှင့် အခြားအပင်မျိုးစိတ်များ ပေါက်ရောက်ခြင်းကြောင့် အပူပိုင်းဒေသဂေဟစနစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်စေရန်အတွက်လည်းကောင်း ရည်ရွယ်၍ “ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော” အဖြစ် သတ်မှတ်ဖွဲ့စည်းခြင်းဖြစ် ကြောင်းသိရသည်။
▪️ ထိုသို့ ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော တည်ထောင်ထိန်းသိမ်းခြင်းအားဖြင့် မြန်မာ့ရွှေသမင်များ ကျက်စားနေထိုင်ရာနေရင်းဒေသများအား ရေရှည်တည်တံ့စေရန် စောင့်ရှောက်နိုင်ခြင်း၊ အပူပိုင်းသစ်တောဂေဟစနစ်များနှင့် သစ်တောဖုံးလွှမ်းမှု ပိုမိုကောင်းမွန်လာပြီး ထာဝစဉ်တည်ရှိနေခြင်းအားဖြင့် ရာသီဥတုမျှတစေခြင်းနှင့် ကောင်းမွန်သော မြေဩဇာ၊ မြေဆီများကို ထိန်းသိမ်းထားနိုင်ခြင်းစသည့် ကောင်းကျိုးများရရှိနိုင်ကြောင်း သိရသည်။
▪️ ထို့အပြင် ရေတိုက်စားခြင်း၊ မြေပြိုခြင်းနှင့် ချောင်းကောခြင်းများကို သက်သာစေနိုင်ခြင်း၊ မြစ်၊ ချောင်းများ ရေစီးရေလာများ ကောင်းမွန်လာစေခြင်း၊ တောတောင်ရေမြေနှင့် သဘာဝသစ်ပင်များ အမြဲတမ်းစိမ်းလန်းစိုပြည်လာခြင်းကြောင့် တောရိုင်းတိရစ္ဆာန်များအတွက် စားကျက်များကောင်းမွန်ခြင်းနှင့် အကောင်အရေအတွက် တိုးတက်ပွားများလာစေခြင်း၊ တောတောင်ရေမြေသစ်ပင်များ ဖွံ့ဖြိုးကောင်းမွန်လာစေခြင်းအားဖြင့် မြေနိမ့်ပိုင်းလယ်ယာမြေများတွင် သဘာဝမြေဩဇာများ ပေါကြွယ်ဝ၍ စိုက်ပျိုးသည့် ကောက်ပဲသီးနှံများ ပိုမိုဖြစ်ထွန်းလာနိုင်ပြီး ဒေသခံများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 25 January 2025
▪️ ပြည်တွင်းထုတ်ဓာတ်ဆီ(RON 68) ကို ဌာနဆိုင်ရာမော်တော်ယာဉ်များနှင့် စည်ပင်သာယာသုံးယာဉ်များတွင် အသုံးပြုရန် ယနေ့စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
▪️ ပြည်တွင်းထုတ်ဓာတ်ဆီကို ပထမအဆင့်အနေဖြင့်နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင်များဖြစ်သော နေပြည်တော်တွင် တစ်ဆိုင်မန္တလေးတိုင်းဒေသကြီးတွင် ၂ဆိုင် စုစုပေါင်း ၃ဆိုင်တို့ဖြင့် ဇန်နဝါရီလ၄ရက်မှစတင်ပြီး တစ်လီတာလျှင် ကျပ်၂၂၀၀နှုန်းဖြင့် မော်တော်ဆိုင်ကယ်နှင့် သုံးဘီးယာဉ်များကိုဖြန့်ဖြူးရောင်းချပေးလျှက်ရှိကြောင်း သိရသည်။
▪️ ယခုအခါ ဒုတိယအဆင့်အနေဖြင့် အသုံးပြုရန်သင့်လျော်သည့် ဝန်ကြီးဌာနများနှင့် စည်ပင်သာယာရေးပိုင်အသုံးပြုယာဉ်များအား ယခုလ၂၅ရက်မှစတင်ကာ လွတ်လပ်စွာဖြန့်ဖြူးရောင်းချပေးနေပြီဖြစ်ကြောင်း၊
▪️ ပြည်တွင်းထုတ်ဓာတ်ဆီကို သုံးစွဲခြင်းဖြင့် ပြည်ပမှဓာတ်ဆီတင်သွင်းမှုကို အထိုက်အလျောက်လျှော့ချနိုင်မှာဖြစ်ပြီးနိုင်ငံခြားငွေသုံးစွဲမှုသက်သာစေခြင်းအသေးစားအလတ်စားစက်မှုလုပ်ငန်းများအတွက်သယ်ယူပို့ဆောင်ရေးလွယ်ကူစေခြင်းဆီစားနှုန်းသက်သာပြီးကြာရှည်အမောင်းခံခြင်းပြည်သူလူထုများနေ့စဉ်စက်သုံးဆီအရောင်းဆိုင်များမှာဈေးနှုန်းမြင့်မားစွာဖြင့်ဝယ်ယူသုံးစွဲရမယ့်အစား သက်သာသောဈေးနှုန်းများဖြင့်ဝယ်ယူသုံးစွဲလာနိုင်ခြင်းကြောင့် ကုန်ကျစရိတ်သက်သာပြီးမိသားစုဝင်ငွေအထိုက်အလျောက်ရရှိခြင်းစသည့်အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 25 January 2025
▪️ ယမာန်နေ့က အမေရိကန်ဒေါ်လာသန်း၂၀ ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် မှ ထုတ်ရောင်းခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ရောင်းချရာတွင် ဇန်နဝါရီလ ၂၄ ရက်နေ့၌ ငွေလဲနှုန်း ၃,၅၉၃ ကျပ်နှင့်
အမေရိကန်ဒေါ်လာ သန်း၂၀ ကို ဗဟိုဘဏ်၏ အွန်လိုင်းနိုင်ငံခြားငွေကြေးဈေးကွက်တွင် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
▪️ ထို့အပြင် AD လိုင်စင်ရဘဏ်များနှင့်လုပ်ငန်းရှင်များ အကြား အမေရိကန်ဒေါ်လာ ၅၉ ဒဿမ ၃၇၇သန်းကျော်၊ တရုတ်ယွမ် ၁ ဒဿမ ၁၇၆ သန်းကျော်နှင့်ထိုင်းဘတ် ၉၆ ဒဿမ ၂၆၃ သန်းကျော် အလွှဲအပြောင်းရှိခဲ့ကြောင်း သိရသည် ။
#YMG/NN #Yangon_Times
#Daily_News
Published 24 January 2025
၁။ အထူးစျေးကွက်နှင့် ချိတ်ဆက်ပေးမည့်ပွဲတွင် ပါဝင်လိုသည့် လုပ်ငန်းရှင်များကို သံရုံးကကူညီပေးမည်
၂။ ဓာတ်ဆီဈေးတက်၊ သုံးပတ်အတွင်းဒီဇယ်တစ်လီတာ ကျပ်၃၀၀ ကျော်ခန့်အထိဈေးတက်လာ
၃။ ကမ္ဘာ့ရွှေဈေးမြင့်တက်နေခြင်းကြောင့်သာ မြန်မာ့ရွှေဈေးတက်လာခြင်းဖြစ်
၄။ (၂၀၂၄)ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲ ဖိုင်နယ်၌ ကမ္ဘာတဝှမ်းမှ လူငယ်စက်ရုပ်ဝါသနာရှင်အများအပြား ဝင်ရောက်ယှဉ်ပြိုင်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 24 January 2025
▪️ မန္တလေးမြို့၌ (၂၁)ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲကို လာမည့်လအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
▪️ ထိုသို့ကျင်းပရာတွင် ၇၈ လမ်းနှင့် သိပ္ပံလမ်းထောင့်၊ ဆင်ဖြူကန်ကွင်းအရှေ့ဘက်ခြမ်းတွင် ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၄ ရက်အထိ ကျင်းပသွားမည် ဖြစ်ကာ ပန်းအလှပြုပြင်ခြင်းပြိုင်ပွဲ၊ ပန်းအလှပင်ပြိုင်ပွဲ၊ ရာသီပန်းအလှပင်ပြိုင်ပွဲ၊ အရွက်အလှပင်ပြိုင်ပွဲ၊ ရွက်လှပင်ပြိုင်ပွဲ၊ ပြည်တွင်းသစ်ခွပြိုင်ပွဲ၊ ပြည်ပသစ်ခွပြိုင်ပွဲ(ကတ်တလီးယားပြိုင်ပွဲ)၊ ပြည်ပသစ်ခွ(စင်ဘီးဒီးယမ်းပြိုင်ပွဲ)၊ ပြည်ပသစ်ခွ(ဗန်ဒါပြိုင်ပွဲ)၊ နှင်းဆီပင်အမျိုးမျိုးပြိုင်ပွဲ များပါဝင်မည်ဖြစ်ကြောင်းသိရသည်။
▪️ ထို့အပြင် ရှားဇောင်းပင်ပြိုင်ပွဲ၊ သက်ကြီးပုပင်(ဘွန်ဆိုင်း)ပြိုင်ပွဲ၊ အသီးပါတဲ့ အလှအပင်ပြိုင်ပွဲ၊ ဟင်းသီးဟင်းရွက် အရွက်ပြိုင်ပွဲ(ဥပမာ-မုန်ညင်းရွက်)၊ ဟင်းသီးဟင်းရွက် အထုပ်ပြိုင်ပွဲ(ဥပမာ-ဂေါ်ဖီထုပ်၊ ပန်းမုန်လာထုပ်)၊ ဟင်းသီးဟင်းရွက် အသီးအပါအဝင်ပြိုင်ပွဲ(ဥပမာ-ခရမ်း၊ ငရုတ်)၊ ဟင်းသီးဟင်းရွက် ဥပြိုင်ပွဲ(ဥပမာ-မုန်လာဥ)၊ သစ်သီးပြိုင်ပွဲ(ဥပမာ-သင်္ဘောသီး၊ ဖရဲသီး)၊ ဟင်းသီး အသီးအလုံးလိုက်ပြိုင်ပွဲ(ဥပမာ-ဘူးသီး)၊ သစ်သီးဝလံအခိုင်လိုက်ပြိုင်ပွဲ(ဥပမာ-ငှက်ပျောခိုင်၊ အုန်းသီးခိုင်)၊ သစ်သီးဝလံဥပြိုင်ပွဲ(ဥပမာ-စိမ်းစားဥ၊ ကန်စွန်းဥ၊ ဝဥ၊ မျောက်ဥ)၊ ဟင်းသီးအသီးအနှံအတွဲလိုက်ပြိုင်ပွဲ (ဥပမာ-ခရမ်းချဉ်သီး)နှင့် သစ်သီးပုံဖော်အလှဆင်ခြင်း ပြိုင်ပွဲများ စုစုပေါင်းပြိုင်ပွဲပေါင်း ၂၃ ပွဲမျိုးကို ထည့်သွင်းကျင်းပသွားမည် ဖြစ် ကြောင်း သိရသည်။
▪️ အဆိုပါ ပြိုင်ပွဲအမျိုးအစားအားလုံးအတွက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆု ၃ ဆု ချီးမြှင့်သွားမည် ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များအား ဆင်ဖြူကန်ကွင်းအရှေ့ဘက်ခြမ်း ကွပ်ကဲရေးရုံးသို့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက် ရုံးချိန်အတွင်း ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
▪️ ပန်းအလှပြုပြင်ခြင်းနှင့် သစ်သီးပုံဖော်အလှဆင်ခြင်း ပြိုင်ပွဲများအတွက်ကိုမူ ပြိုင်ပွဲဝင်ပစ္စည်းများကို ဖေဖော်ဝါရီလ ၁၀ ရက်၊ မနက် ၁၁ နာရီ အထိ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 101 of 1950