https://www.facebook.com/share/v/ojevXb3gdTDQhde9/?mibextid=oFDknk
အခုရက်ပိုင်းအတွင်း နိုင်ငံအနှံ့အပြားမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု တွေ ဖြစ်ပေါ်နေပြီးအခုလအတွင်းမှာလည်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ ဒေသခံတွေ ဆီက သိရပါတယ်။
#Local_News
Published 11 September 2024
#ဘင်္ဂလားပင်လယ်အော် #မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်နိုင်
#YMG/NN #Yangon_Times
#Local_News
Published 11 September 2024
▪️ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့၌ မယ်ဆိုင်ချောင်း ရေကြီး ၊မှုကြောင့် ချစ်ကြည်ရေးတံတား(၁) ဖြတ်သန်းခွင့် ယာယီပိတ်ထားကြောင်း ဒေသခံများထံမှသိရသည်။
▪️ ယမန်နေ့ (စက်တင်ဘာ ၁၀ ရက်)က ရေကြီးမှုများကြောင့် တာချီလိတ်ဘက်မှ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ် (၁) တံတားမှ ဖြတ်သန်းခွင့် ယာယီပိတ်ထားခြင်းဖြစ်ပြီး တာချီလိတ်ဘက်မှ မယ်ဆိုင်ဘက်သို့သွားမည့် ကားနှင့်ဆိုင်ကယ်များကို တံတားပေါ်မှ ဖြတ်သန်းခွင့် ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။
▪️ "မယ်ဆိုင်ချောင်းရေကတော်တော်ကို ရေစီးသန်နေတာ ချစ်ကြည်ရေးအမှတ် (၁) တံတားပေါ်တောင် ရေကျော်နေတယ် ၊ ရေကြီးရေလျှံနေလို့ တံတားကို ယာယီ ပိတ်လိုက်တာပါ၊ တံတားပေါ်က ရေပြန်ကျသွားရင်တော့ ပုံမှန်အတိုင်း သွားလို့ရပါမယ်၊ နှစ်(၃၀)ကျော် (၄၀)အတွင်း ရေတခါမှ မကြီးဘူးတဲ့ နေရာတွေ အကုန်ရေအပြည့်ဝင်နေတယ်"ဟုဒေသခံတစ်ဦးက ပြောသည်။
▪️ လတ်တလောတွင် တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုများကြောင့် လျှပ်စစ်မီးပါဖြတ်တောက်ထားပြီး ရေကြီးမှုဖြစ်ပေါ်နေသည့်နေရာများ၌ ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နေကြောင်း သိရသည်။
▪️ တာချီလိတ်မြို့သည် ထိုင်းနိုင်ငံနှင့်ထိစပ်နေသည့် နယ်စပ်မြို့ဖြစ်ပြီး ချစ်ကြည်ရေးအမှတ် (၁) တံတားနှင့် ချစ်ကြည်ရေးအမှတ် (၂)တံတားများဖြင့် မယ်ဆိုင်မြို့နှင့်ဆက်သွယ်ထားခြင်းဖြစ်သည်။
▪️ လက်ရှိ ယာယီပိတ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားမှ လူများအဓိကဖြတ်သန်းလေ့ရှိပြီး ချစ်ကြည်ရေးအမှတ် (၂)တံတားမှမူ ကုန်များဖြတ်သန်းလေ့ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
https://www.facebook.com/share/v/2PZ3fVC4YQUMjpk1/?mibextid=oFDknk
ပုပ္ပါးတောင်ဒေသကို ယူနက်စကိုအသိအမှတ်ပြုတဲ့ကမ္ဘာ့အဆင့် ကမ္ဘာလုံးဆိုင်ရာဘူမိဥယျာဉ်ဖြစ်အောင် ဘူမိနယ်မြေ(၁၅)ခုတိုးချဲ့ဆောင်ရွက်သွားဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 11 September 2024
#ပုပ္ပါးတောင်ဒေသ #ယူနက်စကိုအသိအမှတ်ပြု
#YMG/tthl #Yangon_Times
https://www.facebook.com/share/v/wsjjqsogzunNhiyW/?mibextid=oFDknk
ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့အနီးမှာ တည်ရှိတဲ့ ဝင်္ဂဘော် ECBT ဆင်စခန်းမှာ ဆင်အမွှာလေး နှစ်ကောင်အားကြည့်ရှုရန် အပါဝင်သဘာဝအလှများခံစားရန် ပိတ်ရက်မရှိဖွင့်လှစ်ပေးနေတယ်လို့ ယင်းဆင်စခန်းက သိရပါတယ်။
#Local_News
Published 11 September 2024
#ဝင်္ဂဘော်ဆင်စခန်း #ပိတ်ရက်မရှိဖွင့်လှစ်
#YMG/NN #Yangon_Times
https://www.facebook.com/share/v/wCFKcVTJtfXHcAgz/?mibextid=oFDknk
လာမယ့်အောက်တိုဘာ(၁၃)ရက်မှာ ရုပ်ရှင်သက်ကြီးပူဇော်ပွဲကျင်းပသွားမှာဖြစ်ပြီး ဒီနှစ်က တော့ ရုပ်ရှင်သက်ကြီးပညာရှင် (၁၄၀၀)ကျော် (၁၅၀၀)လောက်ကို ပူဇော်သွားဖို့ ရှိတယ်လို့ဆိုပါတယ်။
#Local_News
Published 11 September 2024
#ရုပ်ရှင်သက်ကြီးပူဇော်ပွဲ #ရုပ်ရှင်သက်ကြီးပညာရှင်
#YMG/tthl #Yangon_Times
#Local_News
Published 11 September 2024
▪️ ဘဏ်သို့ ကြွေးမြီများပေးသွင်းနိုင်ရန် ဇာတ်မင်းသားဖိုးချစ်အနေဖြင့် အကျယ်အဝန်း (၁.၁၉) ဧကရှိသော သဘင်ခြံကြီးကိုရောင်းချရန်ရှိကြောင်းသိရသည်။
▪️ ယင်းကဲ့သို့ရောင်းချမည့်အကြောင်းကို ဇာတ်မင်းသားဖိုးချစ်၏ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားခြင်းဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၂၉) အောင်ချမ်းသာလမ်းမကြီး( ဖိုးချစ်လမ်း ) ကြူစမ်းရပ်ကွက်မှာရှိတဲ့ နှစ် ၆၀ ဂရံနာမည်ပေါက်ခြံကိုပြန်ရောင်းချမှာဖြစ်သည်ဟု ဖော်ပြထားသည်။
▪️ လက်ရှိ CB Bank မှာ အပေါင်ထားသည့် ခြံဖြစ်ပြီး ကတိမပျက်လိုသည့်အတွက် ပြန်ရောင်းချလိုခြင်းဖြစ်ပြီး ရောင်းချလိုသည့် မြေ၊အဆောက်အဦကတော့( 1) အကျယ်အဝန်း ၁.၁၉ ဧက ( sq ၅၁၈၃၆ )၊(2) အဆောက်အဦများ ပေ ၅၀/၆၅ ရှိ။ ၃ ထပ်တိုက်၊(3) Recoding တစ်ခု၊(4) ဇာတ်ရုံတစ်ခု( ပေ ၈၀/၁၀၀ ) ၊(5) လူနေတိုက် ( နှစ်ထပ်ခွဲ )၊(6) ဘန်ဂလိုတစ်လုံး(7) ဖူဆယ် ဘောကွင်း( ပေ ၁၁၀/၆၀ )၊(8) power မီတာ ၁ ရိုးရိုးမီတာ ၁၊(9) ကားဂိုဒေါင်နှစ်ထပ်တစ်လုံး( ပေ ၂၅ ပေပတ်လည်ခန့် )ဖြစ်ကြောင်း သိရသည်။
#YMG/tthl #Yangon_Times
#Local_News
Published 11 September 2024
▪️ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ ငဝန်မြစ်အတွင်း စက်လှေ(၁)စီးမီးလောင်မှုတစ်ခု ယနေ့တွင်ဖြစ်ပွားခဲ့ရာ နှစ်နာရီ ဝန်းကျင်ခန့် ကြာသည်အထိ မီးငြိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ စက်တင်ဘာ ၁၁ ရက်နေ့၊ မနက်၄နာရီ ၂၅မိနစ် အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ တောင်ပိုင်းရပ်ကွက်၊ ငဝန်မြစ်အတွင်းရှိစက်လှေ(၁)စီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ငပုတောမြို့နယ်မီးသတ်စခန်းမှ ရှာကယ်စက်လှေ(၂)စီး၊ အပေါ့စားမီးသတ်စက်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက်၅နာရီ ၄၅မိနစ် အချိန်၌ မီးထိန်းပြီး မနက်၆ နာရီ ၁၀မိနစ် အချိန်၌ မီးငြိမ်းခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 11 of 1709