#Local_News
Published 28 January 2025
▪️ မြန်မာစာပေလောက၏ ထင်ရှားသည့် စာရေးဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ယနေ့မနက်အစောပိုင်း၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။
▪️ ယနေ့ ဇန်နဝါရီ ၂၈ ရက် မနက်၁၂နာရီ ခွဲအချိန်၌ ဖေဖေဦးခင်အေး (မောင်ခင်မင် ဓနုဖြူ) ရုတ်တရက် ကွယ်လွန်သွားပါပြီဟု သမီးဖြစ်သူ မသူသူနွယ်အေးက လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးထားသည်။
▪️ စာရေးဆရာကြီး မောင်ခင်မင် (ဓနုဖြူ)ကွယ်လွန်မှုအပေါ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ကလည်း သံဝေဂတရားပွားများရပါကြောင်းနှင့် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ ပေးပို့ရာတွင် " နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ ပိဋကတ်ဆိုင်ရာမြန်မာစာပေဌာန၊ ပါမောက္ခ(ပြင်ပပညာရှင်) မြန်မာစာပညာရှင် ဆရာကြီး ဒေါက်တာခင်အေး(မောင်ခင်မင်-ဓနုဖြူ)သည် ၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက်၊(၂၈-၁-၂၀၂၅၊ အင်္ဂါနေ့၊ နံနက်) တနင်္လာနေ့၊ ည ၁၂ နာရီ မိနစ် ၃၀ အချိန်တွင် နေအိမ်၌ ရုတ်တရက်ကွယ်လွန်သွားကြောင်း ကြားသိရပါသဖြင့် သာသနာ့တက္ကသိုလ်၊ မြန်မာစာပေနှင့် လူမျိုးတို့အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်ကာ သံဝေဂတရားပွားများရပါကြောင်းနှင့် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ကျန်ရစ်သူမိသားစုများထံ ပေးပို့အပ်ပါသည်"ဟု ဖော်ပြထားသည်။
▪️ ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ၏ အမည်အရင်းသည် ဦးခင်အေးဖြစ်ပြီး
၁၉၄၂ ဇန်နဝါရီ ၂ရက်တွင် ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၈၄ နှစ်ရှိပြီဖြစ်သည်။
▪️ ဆရာကြီးသည် ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ ချီးမြှင့်ခံခဲ့ရပြီး မြန်မာစာပေနှင့် ပတ်သက်သည့် စာအုပ်ပေါင်း သုံးဆယ်နီးပါးကို မောင်ခင်မင် (ဓနုဖြူ) အမည်ဖြင့် ရေးသားထားခဲ့ပြီး အမျိုးသားစာပေဆု၊ စာပေဗိမာန်ဆု၊ ဂုဏ်ထူးဆောငိ စာပေပါရဂူဘွဲ့များ ချီးမြှင့် ခံခဲ့ရကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 27 January 2025
၁။ စားအုန်းဆီရည်ညွန်းဈေးများ ထပ်မံကျဆင်း
၂။ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရေအတွက်တိုးမြှင့်ခေါ်ယူရေးကိစ္စ ပြောကြားခဲ့ခြင်းမရှိဟု ဦးကိုကိုကြီးဆို
၃။ ပြည်ပသို့ ယခုဘဏ္ဍာနှစ် ဒီဇင်ဘာလအထိ ရေငန်ပုစွန်တန်ချိန်ငါးထောင်ကျော်တင်ပို့ထား
၄။ အမေရိကန်တွင် တရုတ်က မှန်စက်ရုံကြီးတစ်ခုလည်ပတ်မည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပို့ကုန်၊ သွင်းကုန်တွေအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ငွေလဲနှုန်းနဲ့ အခွန်ပြန်စည်းကြပ်နေပြီလို့ အကောက်ခွန်ဦးစီးဌာနက သိရပါတယ်။
#Local_News
Published 27 January 2025
#ပို့ကုန်၊သွင်းကုန် #ဗဟိုဘဏ်ငွေလဲနှုန်း
#YMG/NN #Yangon_Times
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့တွေ့ဆုံရာမှာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရေအတွက်တိုးမြှင့်ခေါ်ယူရေးကိစ္စ ပြောကြားခဲ့တာမရှိခဲ့ဘူးလို့ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးက ပြောပါတယ်။
#Local_News
Published 27 January 2025
#ပြည်သူ့စစ်မှုထမ်းဥပဒေ #ဦးကိုကိုကြီး
#YMG/NN #Yangon_Times
ပနားမီးရေငန်ပုစွန်တွေကို နှစ်စဉ်ပြည်ပသို့ တင်ပို့လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒီဇင်ဘာလထိ ရေငန်ပုစွန်တန်ချိန် ၅၉၄၆ ဒသမ ၁၈၇ တန် တင်ပို့ထားပြီးဖြစ်တယ်လို့ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရပါတယ်။
#Local_News
Published 27 January 2025
#ရေငန်ပုစွန် #ငါးလုပ်ငန်းအဖွဲ့ချုပ်
#YMG/SW #Yangon_Times
ယခုတစ်ပတ်အတွက်ထုတ်ပြန်တဲ့ စားအုန်းဆီရည်ညွှန်းဈေးနှုန်းထပ်မံကျဆင်းလာတယ်လို့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်တဲ့ ဈေးနှုန်းတွေအရ သိရပါတယ်။
#Local_News
Published 27 January 2025
#စားအုန်းဆီရည်ညွန်းဈေး #စားအုန်းဆီဈေးကျဆင်း
#YMG/SW #Yangon_Times
#Local_News
Published 27 January 2025
▪️ ဂျပန်နိုင်ငံ၏ STUDY in JAPAN မှ အသိအမှတ်ပြုထားပြီး၊ THE ASIAN FOUNDATION FOR INTERNATIONAL SCHOLARSHIP INTERCHANGE မှ ပြုလုပ်သော ဂျပန်ဘာသာအရည်အချင်းစစ် စာပေးပွဲတစ်ခု ဖြစ်သည့် TOP-J စာမေးပွဲကို မတ်လ ၉ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ TOP-J စာမေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ
၁။ ဂျပန်ဘာသာစကားစွမ်းရည်ကိုစစ်ဆေးရန်။
၂။ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန်။
၃။ ပညာသင်ဆုလျှောက်ထားရန် လိုအပ်ချက်တောင်းဆိုသည့်အချိန်၊
၄။ အလုပ်အကိုင်လျှောက်ထားသည့်အချိန်တွင် သက်ဆိုင်ရာအဖွဲ့အစည်းမှ ဂျပန်ဘာသာအရည်အချင်း အသိအမှတ်ပြုစာမေးပွဲ အောင်လက်မှတ်တောင်းဆိုသည့်အချိန်များတွင် ထောက်အထားအဖြစ်ပြသနိုင်ရန် ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါစာမေးပွဲကို မတ်လ၉ရက်၌ ရန်ကုန်နှင့်မန္တလေးတွင် တပြိုင်ထဲ ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲဝင်ရောက်ဖြေဆိုလိုသည့်သူများအနေဖြင့် Level အားလုံးအတွက် စာမေးပွဲကြေး (၇၂,၀၀၀) ကျပ်ကျသင့်မည်ဖြစ်ပြီးလျှောက်လွှာလက်ခံကာလမှာ ယခုလ၂၇ရက်မှ ဖေဖော်ဝါရီလ ၁၀ရက်အထိ ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 99 of 1950