#Local_News
Published 28 January 2025
▪️ ဇန်နဝါရီလ၂၇နှင့်၂၈ရက်များတွင် နှစ်ရက်ဆက်တိုက် ခရီးသည်တင်ယာဉ်များမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ပထမဖြစ်စဉ်မှာ၂၇.၁.၂၀၂၅ ရက်နေ့၊ ၁၆ ၀၀ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ နဝဒေးရပ်ကွက်၊ မိုင်တိုင်အမှတ်(၁၇၇/၁)တွင် ခရီးသည်တင်ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြည်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၆ ၂၀ အချိန် မီးငြိမ်းခဲ့ပြီးအဆိုပါယာဉ်မီးလောင်မှုကြောင့် လူ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။
ဒုတိယဖြစ်စဉ်မှာ၂၈.၁.၂၀၂၅ ရက်နေ့၊ ၀၉ ၁၀ အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်း၊ မိုင်တိုင်အမှတ်(၄၁/၀)တွင် HYUNDAI CITY BUS ခရီးသည်တင်ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်ပန်းတောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ လက်ပံပျားနယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၉ ၄၄ အချိန် မီးငြိမ်းခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
▪️ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ ၁၇လမ်းထိပ်တွင်၂၈.၁.၂၀၂၅ရက်နေ့၊ ၀၇ ၁၈အချိန်ခန့်က ရန်ကုန် ကားမီးလောင်မှုဖြစ်ပွါးခဲ့ပြီးသင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးထွက်ခွါမီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
#YMG/SW #Yangon_Times
ရုရှားနိုင်ငံသား ခရီးသွားဧည့်သည်တွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ချိန်မှာ ကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ ရည်ရွယ်ပြီး ရုရှားဘာသာစကားသင်တန်းတွေကိုနေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဖွင့်လှစ်ပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published 28 January 2025
#ရုရှားဘာသာစကားသင်တန်း #ခရီးသွားဧည့်သည်
#YMG/SW #Yangon_Times
#Local_News
Published 28 January 2025
▪️ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဈေးများတွင် အပတ်စဉ်တနလ်ာနေ့တိုင်း ပလပ်စတစ်မသုံးစွဲရနေ့အဖြစ်သတ်မှတ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
▪️ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့ သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်း မရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုတ်ပိုးသုံးစွဲစေရေး အသိပညာပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မစျေးအတွင်းနှင့်အပြင်တွင် လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ဖြစ်ပြီး အပတ်စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်တွေကို အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်းမှာ တွေ့ရှိထားတယ်လို့ သစ်တောဦးစီးဌာနကနေ သိရပါတယ်။
#Local_News
Published 28 January 2025
#ကမ္ဘာ့ရှားပါးငှက်မျိုးစိတ် #အင်းလေးကန်
#YMG/NN #Yangon_Times
သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့အတွက် ဘယ်သူမဆိုကိုယ်တတ်နိုင်တဲ့ ဖက်ကနေ ပါဝင်နိုင်တယ်ဆိုတာ သက်သေပြဖို့ ရည်ရွယ်ချက်နဲ့ “စိမ်းလန်းခြင်းနေ့ရက်များ”လို့ အမည်ပေးထားတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဇာတ်လမ်းတိုပြိုင်ပွဲကို ကျင်းပသွားမယ်လို့ သန့်မြန်မာအဖွဲ့အစည်းက သိရပါတယ်။
#Local_News
Published 28 January 2025
#သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး #အသိပညာပေးဇာတ်လမ်းတိုပြိုင်ပွဲ
#YMG/SW #Yangon_Times
မြန်မာနိုင်ငံ ရဲ့ မန္တလေးမြိုနဲ့ ထိုင်းနိုင်ငံရဲ့ချင်းမိုင်မြို့ကို ခရီးစဉ်အသစ်အဖြစ် Myanmar Airways International (MAI) က ဖေဖော်ဝါရီလအတွင်းပြေးဆွဲသွားမယ်လို့ သိရပါတယ်။
#Local_News
Published 28 January 2025
#မန္တလေး-ချင်းမိုင် #MAI
#YMG/NN #Yangon_Times
#Local_News
Published 28 January 2025
▪️ မန္တလေးတိုင်း အပါအဝင် တိုင်းနှင့်ပြည်နယ်များ၌ ဖေဖော်ဝါရီလအတွင်း အအေးဆက်လက်ပိုနိုင်ပြီး အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်ကြောင်း ယနေ့ထုတ်ပြန်သည့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဖေဖော်ဝါရီလ လပတ်အတွက် မိုးလေ၀သခန့်မှန်းချက်အရ သိရသည်။
▪️ အဆိုပါ ထုတ်ပြန်ချက် အရ ဘင်္ဂလားပင်လယ်အော်အခြေအနေ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။
▪️ ထို့အပြင် မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင်ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
▪️ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ၄ ရက်မှ ၇ ရက်ခန့်နှင့် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့တွင် ၁ ရက်မှ ၃ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ဆိုထားသည်။
▪️ နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်း နိုင် ကြောင်း သိရသည်။
▪️ ညအပူချိန်များမှာမူ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် ဖေဖော်ဝါရီလ ပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီစင်တီဂရိတ်နှင့်အထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန် ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဖေဖော်ဝါရီလ ပျမ်းမျှအပူချိန်ခန့်သာရှိနိုင်ကြောင်း သိရသည်။
▪️ ၎င်းအပြင် မြူအခြေအနေများမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၁၈ ရက်မှ ၂၅ ရက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၁၀ ရက်မှ ၁၇ ရက်ခန့်နှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ၂ ရက်မှ ၉ ရက်ခန့် မနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 98 of 1950