#Local_News
Published 1 February 2025
▪️ ဂျပန်နိုင်ငံက မြန်မာအလုပ်သမားလေးရာကျော်ခေါ်ယူရန်အတွက် အလုပ်ကမ်းလှမ်းစာများ ပေးပို့ထားကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
▪️ တိုကျိုမြို့ရှိ မြန်မာသံရုံးက အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာ လက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၁၁) ရက်နေ့အထိ လက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၄၅၉)ခုအထိရှိကြောင်း သိရသည်။
▪️ ထို့ပြင် သံရုံးအနေဖြင့်အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့်အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 31 January 2025
၁။ EV ကားစက်ရုံအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၄ ခုကိုခွင့်ပြု
၂။ စက်သုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာ သန်း ၂၀ ထုတ်ရောင်းပေးမည်
၃။ လျှပ်စစ်ဓာတ်အား အမြန်ထုတ်လုပ်နိုင်ရေးလုပ်ငန်းများအပြီးသတ်ရန် တိုက်တွန်း
၄။ ဘိုအင်းကုမ္ပဏီ သုံးလအတွင်း ဒေါ်လာ ၃.၉ဘီလျံအထိ အရှုံးပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က EV ကားစက်ရုံအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၄ ခုကိုလုပ်ကိုင်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 31 January 2025
#EV #ရင်းနှီးမြှုပ်နှံမှုကော်မရှင်
#YMG/SW #Yangon_Times
စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာသန်း ၂၀ ထုတ်ရောင်းပေးသွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။
#Local_News
Published 31 January 2025
#စက်သုံးဆီလုပ်ငန်းရှင် #ဒေါ်လာသန်း၂၀
#YMG/NN #Yangon_Times
လက်ရှိပြည်တွင်းမှာ ဓာတ်အားထုတ်လုပ်မှုကျဆင်းလျက်ရှိနေတာကြောင့် လျှပ်စစ်ဓာတ်အား အမြန်ထုတ်လုပ်နိုင်ရေး တည်ဆောက်ဆဲလုပ်ငန်းတွေအပြီးသတ်ဖို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။
#Local_News
Published 31 January 2025
#လျှပ်စစ်ဓာတ်အား #ဓာတ်အားထုတ်လုပ်မှုကျဆင်း
#YMG/SW #Yangon_Times
ရန်ကုန်ဈေးကွက်မှာဓာတ်ဆီဈေးက နှစ်ပတ်ဆက်တိုက်မြင့်တက်နေပြီး သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့တဲ့ ဒီဇယ်ဈေးတွေကတော့ ပြန်လည်ကျဆင်းခဲ့တယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 31 January 2025
#စက်သုံးဆီလုပ်ငန်းရှင် #ဒီဇယ်ဈေးပြန်ကျ
#YMG/NN #Yangon_Times
#Local_News
Published 31 January 2025
▪️ ဖေဖော်ဝါရီလအတွင်း ရန်ကုန်ဆိပ်ကမ်းသို့ နိုင်ငံတကာသင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော (၅၃) စီး ဝင်ရောက်မည်ဖြစ်ကြောင်း ရန်ကုန်ဆိပ်ကမ်းအာဏာပိုင်(MPA) မှ သိရသည်။
▪️ ထိုသို့ဝင်ရောက်ရာတွင် ကုန်တင်သင်္ဘောလိုင်း ၁၃ ခုမှ ပြေးဆွဲခြင်းဖြစ်ပြီး SITC မှ ၁၀ စီး၊ COSCO မှ ၈ စီး၊ SAMUDERA မှ ၆ စီး၊ Maersk A/S မှ ၅ စီး ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် CMA-CGM နှင့် MSC တို့မှ ၄ စီးစီ၊ ONE ၊ RCL နှင့် Ti2 Container Line တို့မှ ၃ စီးစီ၊ BLPL ၊ EVERGREEN နှင့် OCEAN SALUTE တို့မှ ၂ စီးစီ၊ Land and SEA မှ ၁ စီး ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 94 of 1950