အခုတစ်ပတ်မှာတော့ စားအုန်းဆီဈေးနှုန်းရာဂဏန်းထပ်တက်လာပြီး စားအုန်းဆီရည်ညွှန်းဈေးဟာ တစ်ပိဿာကို(၆၁၇၀)ကျပ်အထိရှိလာတယ်လို့ သိရပါတယ်။
#Local_News
Published 19 August 2024
#စားအုန်းဆီ #ရည်ညွှန်းဈေးထပ်တက်
#YMG/tthl #Yangon_Times
ဆဌသင်္ဂါယနာ သာသနားသမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၌ ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့)အခမ်းအနားကို ဩဂုတ်၁၉ရက်မှာ ကျင်းပခဲ့ပါတယ်။
#Local_News
Published 19 August 2024
#ဝါခေါင်လပြည့်အခမ်းအနား #ငြိမ်းချမ်းရေးဂျိုးငှက်
#YMG/NN #Yangon_Times
ရေနစ်မြှုပ်တဲ့ ကွမ်းခြံတွေကို အစာကျွေးတာရပ်နားပြီး အရိပ်ထပ်ခြင်းအပါအဝင် အမြစ်သစ်တွေထွက်ရှိအောင် ပြုပြင်ထိန်းသိမ်းတာတွေ ပြုလုပ်ဖို့လိုအပ်တယ်လို့ ကွမ်းခြံလုပ်ငန်းနည်းပညာဖြန့်ဝေသူတွေဆီက သိရပါတယ်။
#Local_News
Published 19 August 2024
#ကွမ်းခြံ #အစာကျွေးခြင်းရပ်
#YMG/NN #Yangon_Times
စားသုံးဆီဖူလုံအောင် နေကြာကို ၂၀၂၇-၂၀၂၈ ခုနှစ်မှာ မိုးနဲ့ဆောင်း စုစုပေါင်းစိုက်ဧက ၃ ဒသမ ၀၇ သန်း လျာထားစိုက်ပျိုးသွားဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 19 August 2024
#နေကြာကိုတိုးချဲ့စိုက်ပျိုး #စားသုံးဆီဖူလုံအောင်
#YMG/tthl #Yangon_Times
#Local_News
Published_ 19 August 2024
▪️ Mi Mi Motors ကုမ္ပဏီက ညောင်တုန်းမြို့နယ်၌ လျှပ်စစ်စက်ဘီးနှင့် သုံးဘီးဆိုင်ကယ်များ တပ်ဆင်ထုတ်လုပ်နေပြီး ယခုအခါ E-Bike (MI. Bike 10 series) များကို စမ်းသပ်ထုတ်လုပ်နေပြီး ဈေးကွက်အတွင်း တင်ပို့ရောင်းချနေကြောင်း သိရပါတယ်။
▪️ Mi Mi Motors အနေဖြင့် E-Bike (MI. Bike 10 series) ၊ နှစ်ဘီးဆိုင်ကယ် (MI. Bike 20 series) ၊ နှစ်ဘီးဆိုင်ကယ် (MI. Bike 30 series) နှင့် သုံးဘီးဆိုင်ကယ် MI.(MET) series များကို ထုတ်လုပ်ရောင်းချသွားရန် ရည်မှန်းထားတယ်လို့ သိရပါတယ်။
▪️ မအူပင်ခရိုင် ညောင်တုန်းမြို့နယ် ဇီးဖြူကျွန်းကျေးရွာရှိ MiMi Motors ကုမ္ပဏီ၌ လျှပ်စစ်စက်ဘီး(E-Bike)နှင့် သုံးဘီးဆိုင်ကယ်များကို ဘက်ထရီကြိုးနှင့် မိန်းကြိုးတပ်ဆင်နေမှု၊ ကာဗာတပ်ဆင်နေမှု၊ လက်ကိုင်ကိုင်းတပ်ဆင်နေမှု၊ ပစ္စည်းတစ်ခုချင်းအလိုက် တပ်ဆင်နေမှုတို့ကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဩဂုတ် (၁၇) ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။
▪️ ကုမ္ပဏီမှ ဝန်ထမ်းများက လျှပ်စစ်စက်ဘီး (E-Bike) နှင့် သုံးဘီး ဆိုင်ကယ်တို့အား စီးနင်းမောင်းနှင်ပြသခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့အား ပစ္စည်းတစ်ခုချင်းအလိုက် တပ်ဆင်နေမှုများနှင့် လျှပ်စစ်သုံးနှစ်ဘီး၊ သုံးဘီးဆိုင်ကယ်အမျိုးအစားများ ထုတ်လုပ်ဆောင်ရွက်နေမှုများ၊ လျှပ်စစ်စက်ဘီးနှင့် နှစ်ဘီးဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်များ ထုတ်လုပ်အသုံးပြုခြင်းအားဖြင့် စက်သုံးဆီ သုံးစွဲမှုကို လျှော့ချနိုင်ပြီး ကျောင်းသား၊ ကျောင်းသူများအပါအဝင် အသက်အရွယ်မရွေး လွယ်ကူစွာ သုံးစွဲနိုင်ကြောင်း သိရပါတယ်။
#Ymg_mnn #Yangon_Media_Group
#Local_News
Published 19 August 2024
▪️ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းမ ၌ ယာဉ်မတော်တဆမှုဖြစ်ပွားပြီး ကျားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဩဂုတ် ၁၈ ရက်နေ့၊ ညနေ ၆နာရီ ၅၃မိနစ် အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ညောင်ပင်ကန်အုပ်၊ ညောင်ပင်ကန်ကျေးရွာအနီး၊ ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၉/၄)နှင့်(၁၉/၅)ကြားတွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။အဆိုပါ သတင်းရရှိသဖြင့် ညောင်ဦးခရိုင် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ညောင်ဦးမြို့နယ် မီးသတ်စခန်းမှ အထောက်အကူပြုယာဉ်(၁)စီး၊ အမှတ်(၅) အရန်မီးသတ်တပ်ဖွဲ့မှ လူမှုကူညီရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ည ၇နာရီ ၁၆ မိနစ်အချိန်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၁)ဦး၊ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)အား အမှတ်(၅)အရန်မီးသတ်ပိုင် သူနာတင်ယာဉ်ဖြင့် ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 19 August 2024
▪️ သရုပ်ဆောင်ထပ်ဆင့်အကယ်ဒမီရန်အောင်၏ မိခင်သည် ယနေ့ဩဂုတ်လ(၁၉)ရက်တွင် ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရသည်။
▪️ အကယ်ဒမီရန်အောင်က သူ၏လူမှုကွန်ရက်စာမျက်နှာတွင်"မာတာမိခင်ကြီး အေးချမ်းစွာချုပ်ငြိမ်းသွားလေပြီ.... ၁၂:၄၃ မိနစ်၁၉ရက် တနင်္လာနေ့ နံနက်"လို့ ရေးသားဖော်ပြထားသည်။
▪️ ရန်အောင်၏မိခင်ကြီးကွယ်လွန်အနိစ္စရောက်သွား၍ မိသားစုနှင့်အတူထပ်တူဝမ်းနည်းကြေကွဲဖြစ်ရသည့်အကြောင်းကိုလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဒုဥက္ကဌ ဦးအေးကြူလေးကလည်း ရေးသားထုတ်ပြန်ထားသည်။
▪️ အကယ်ဒမီရန်အောင်၏ မိခင်ကြီးသည်အသက် (၉၂) နှစ်ကျော်ရှိပြီဖြစ်ပြီး နာမကျန်းဖြစ်၍ဆေးရုံ တင်ထားရာမှ ဆုံးပါးသွားခြင်းဖြစ်ကြောင်း သိရသည်။
#YMG/tthl #Yangon_Times
Page 93 of 1767