#Local_News
Published_ 3 August 2023
သံလွင်မြစ်၊သောင်ရင်းမြစ်နှင့်သံတွဲချောင်းမြစ်ရေတိုးမည်ဖြစ်သဖြင့် ဘားအံမြို့၊မြဝတီမြို့နှင့်သံတွဲမြို့ နေထိုင်နေသူများ အထူးသဖြင့်မြစ်ကမ်းနားနေသူများ၊ မြေနိမ့်ပိုင်းနေသူများအထူးသတိပြုရန်နေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
လတ်တလောတွင် သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏စိုးရိမ်ရေအမှတ်အထက်(၁)ပေခန့်ကျော်လွန် နေပြီးနောက်တစ်ရက်အတွင်းပေဝက်ခန့်ဆက်မြင့်လာရန်ရှိသည်ဟု ဖော်ပြထားသည်။
သံတွဲချောင်းသည် သံတွဲမြို့၏စိုးရိမ်ရေအမှတ်အထက်သို့(၂)ပေခန့်ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်းယင်းမြို့၏စိုးရိမ်ရေအမှတ်အထက်တွင်ဆက်လက်တည်ရှိမည်ဖြစ်သည်။
သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် စိုးရိမ်ရေအမှတ်အောက်(၂)ပေခန့်တွင်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ရောက်ရှိနိုင်သဖြင့် မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်နေသူများအထူးသတိပြုနေထိုင်ကြရန် သတိပေးချက်ထုတ်ပြန်ထားသည်။
ဘီးလင်းမြစ်ရေသည်လည်း ဘီလင်းမြို့တွင်စိုးရိမ်ရေအမှတ်အထက်ပေဝက်ခန့်မြင့်တက်နေပြီး နောက်တစ်ရက် အတွင်းစိုးရိမ်ရေအမှတ်အောက်ပြန်ကျဆင်းသွားနိုင်ကြောင်းသိရသည်။
မြစ်ရေများတိုးရန်ရှိသည့်ဒေသများတွင်နေထိုင်ကြသူများအထူးသတိထားနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသတိပေးချက်ထုတ်ပြန်ထားသည်။
#tthl #Local_News #သံတွဲမြို့နေထိုင်သူများအထူးသတိပြုနေထိုင်ရန်လို
#Yangon_Times
‘ကျိုက်ထိုကနေရန်ကုန်ကိုကားလက်မှတ်ခအခမဲ့ သွားလာလိုသူတွေအနေနဲ့ ရိုးရိုးလေးယာဉ်လိုင်းမှာ နာမည်၊ဖုန်းနံပါတ်၊မှတ်ပုံတင်နံပါတ်အမှတ်စတာတွေလာရောက်စာရင်းပေးရမှာဖြစ်ပါတယ်’
ရိုးရိုးလေးယာဉ်လိုင်းမန်နေဂျာ
Published_ 3 August 2023
#ကျိုက်ထို-ရန်ကုန်ခရီးစဉ်ကားလက်မှတ်ခအခမဲ့စီးနိုင်
#tthl
#Yangon_Times
‘ပွင့်လင်းရာသီမှာ ခရီးသွားတွေဝင်ရောက်လာရင် အဆင်သင့်ဖြစ်စေဖို့ ရပ်နားထားတဲ့ ပုဂံဟိုတယ်တွေမှာ ရေလိုင်း၊ မီးလိုင်းနဲ့ဟိုတယ်အခန်းတွေ၊ သန့်ရှင်းရေးတွေကြိုတင်ပြင်ဆင်နေတယ်’ ဦးဇော်ဝိတ်၊ ဥက္ကဌ (ဟိုတယ်လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)
Published_ 3 August 2023
#ပုဂံဟိုတယ်အချို့ပြန်ဖွင့်ရန်ရှိ
#tthl
#Yangon_Times
ကျပ်သိန်း (၂၀၀) တစ်ဆု၊ ကျပ်သိန်း (၅၀) တစ်ဆု၊ ကျပ်သိန်း (၂၀) သုံးဆုအပါအဝင် ဆုမဲ (၁၃၆၉) ဆုထုတ်ယူရန်ကျန်ရှိ
Published_ 3 August 2023
#အောင်ဘာလေထီဆုမဲပေါင်း
#YMG/my
#Yangon_Times
#Local_News
Published_ 3 August 2023
စက်တင်ဘာလ(၂၇)ရက်သည်‘ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့(World Tourism Day)’ဖြစ်ပြီး ‘ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့’အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတွင်ဓာတ်ပုံပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
အဆိုပါဓာတ်ပုံပြိုင်ပွဲကို မြန်မာနိုင်ငံ၏ခရီးသွားဆွဲဆောင်မှုအလှများဖော်ထုတ်မြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး ‘Tourism & Green Inverstments’ခေါင်းစဉ်ဖြင့်ဓတာ်ပုံပြိုင်ပွဲကျင်းပသွားမည်ဖြစ်သည်ဟုဆိုသည်။
ပြိုင်ပွဲတွင်ဆုရရှိသူများအနေဖြင့်ပထမဆုကျပ်၇သိန်း၊ဒုတိယဆု(၅)သိန်း၊တတိယဆု(၃)သိန်းနှင့် နှစ်သိမ့်ဆု(၁၅)ဆု(တစ်ဆုလျှင်၁သိန်း)စီရရှိမည်ဖြစ်ပြီး၂၀၂၃ခုနှစ်စက်တင်ဘာလ၂၇ရက်တွင် ဆုချီးမြှင့်သွားမည်ဖြစ်သည်။
ပြိုင်ပွဲဝင်ဓာတ်ပုံများကို ဩဂုတ်ရက်လ(၄)ရက်မှ (၂၉)ရက်အထိ ဗိုလ်တထောင်မြို့နယ်ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြား မှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရးမှူးရုံးသို့ပေးပို့လျှောက်ထားရ မည်ဖြစ်ပြီးလျှောက်လွှာများကို https://moht.qrd.by/wtd2023တွင် downloadလုပ်ပြီး လျှောက်ထားနိုင်ကြောင်းသိရသည်။
#tthl #Local_News #‘ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့’အထိမ်းအမှတ်ဓာတ်ပုံပြိုင်ပွဲ
#Yangon_Times
#Local_News
Published_ 3 August 2023
ရန်ကုန်မြို့ သာကေတမြို့နယ် မြင်တော်သာလမ်းမကြီးနှင့် ဘုရားလမ်းထိပ် ဓာတ်တိုင်ပေါ်ရှိ Wifi ကြိုးကို တက်ရောက်ပြင်ဆင်ရာမှ အမျိုးသား သုံးဉီး ဓာတ်လိုက်မှုဖြစ်ပွားခဲ့သည်ဟု သာကေတမြို့နယ် လူမှုကူညီရေး အဖွဲ့ထံက သိရသည်။
အဆိုပါ ဖြစ်စဉ်သည် ယမန်နေ့ ဩဂုတ် ၂ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ Wifi ကြိုးတပ်ဆင်သည့် အမျိုးသားသုံးဉီး အသက်အန္တရာယ်မရှိသော်လည်း ခြေလက်ကျိုးခြင်း ၊ အရေပြား မီးလောင်ကျွမ်းခြင်းနှင့် အခြားထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။
ယင်းအမျိုးသား သုံးဉီးကို သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့ မြေပြင်အရေးပေါ်ဆေးကုသမှု ပြုလုပ်ပြီးနောက် အခြားလူမှုူညီရေးအဖွဲ့ နှစ်ဖွဲ့က သဃ်န်းကျွန်းစံပြဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ဓာတ်တိုင်ပေါ်ရှိWifiကြိုးကိုတက်ရောက်ပြင်ဆင်ရာမှဓာတ်လိုက်မှုဖြစ်
#Ymg/my
#Yangon_Times
#Local_News
Published 3 August 2023
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေ သည့်အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင် လုပ်ငန်းအဖွဲ့၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းစားပွဲတင်လေ့ကျင့်ခန်း (Table Top Exercises) ဖွင့်ပွဲအခမ်းအနားကို ယနေ့ဩဂုတ် ၂ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royalဟိုတယ်တွင် ကျင်းပပြုလုပ်ရာ အာဆီယံအပေါင်းနိုင်ငံ ၁၂ နိုင်ငံမှတပ်မတော်အရာရှိ ကြီးများတက်ရောက်ခဲ့ကြပါတယ်။
ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောဖွင့်လှစ်ခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ယင်းနောက် မြန်မာ-ရုရှား ပူးတွဲဥက္ကဋ္ဌများ ဦးဆောင်ကာ လေ့ကျင့်ခန်းအစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ သည် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ၂၀၂၁ ခုနှစ်မှ၂၀၂၃ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဘက်နိုင်ငံများ၏ တပ်ဖွဲ့ဝင်များအကြား ထိတွေ့ ဆက်ဆံမှု၊ နားလည်မှု၊ ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ဒေသတွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တက်ကြွစွာ ဆောင်ရွက်လျက်ရှိကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယင်းအပြင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ညနေပိုင်းတွင် ပူးပေါင်း စားပွဲတင်လေ့ကျင့်ခန်း (Table Top Exercises)ကို တက်ရောက်လာတဲ့ ရုရှားတပ်မတော်အရှေ့ပိုင်းစစ်ဒေသမှ ဒုတိယအကြီးအကဲဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး Mikhail NOSULEVဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ ဆောင်၌လက်ခံတွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်။
#ymg/knl #Local_News #အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး #Yangon_Times
Page 913 of 1977