#Local_News
Published_3 Feb 2025
▪️ ရန်ကုန်တိုင်းဒေသကြီး ကုန်သည်လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေး အဆောက်အဦးတွင် ယနေ့ ဖေဖော်ဝါရီလ ၃ ရက် နံနက် ၉ နာရီက စတင်၍ ဆေးကုမ္ပဏီများက အများပြည်သူထံဆေးဝါးများ တိုက်ရိုက် ရောင်းချနေကြောင်း သိရသည်။
▪️ ယင်းကို စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဆေးနှင့်ဆေး ပစ္စည်း လုပ်ငန်းရှင်များအသင်းက ဦးဆောင်၍ ယနေ့မှစ၍ ဖေဖော်ဝါရီလ ၇ ရက်ထိ ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။
▪️ ယင်းအရောင်းပွဲတော်တွင် ဆေးကုမ္ပဏီ (၆၁)မှ ဆေးဝါးမျိုးစုံပါဝင်ပြီး ဆေးဝါးဝယ်ယူမရရှိခြင်း အပါအဝင် ဆေးဝါးမှားယွင်းဝယ်ယူမိခြင်းမရှိစေရန်နှင့် အာနိသင်ရှိသောအလားတူ ဆေးဝါးများကိုစိတ်ချစွာ ဝယ် ယူနိုင် ရန်အတွက် ဆွေးနွေးတိုင်ပင်၊လမ်းညွန်မှုပြုပေးနိုင်ရန် ဆရာဝန်နှင့်ဆေးဝါးနားလည် ကျွမ်းကျင်သူများထား ရှိဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်းလည်း သိရသည်။
▪️ ယင်းအပြင် ယခုလအတွင်း ပဲခူးတိုင်းဒေသကြီးအတွင်း အရောင်းစင်တာများကိုလည်း ထပ်မံဖွင့်လှစ်၍ ဆေး ကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့တိုက် ရိုက်ဆေးဝါးရောင်းချခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
#Yangon_Times/PP
#Local_News
Published 2 February 2025
▪️ နေပြည်တော်ရှိ ချယ်ရီဈေးရှိ ဆိုင်ခန်းများအား မည်သူမဆို လွတ်လပ်စွာဝယ်ယူ နိုင်ရန် ရောင်းချပေးနေကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ သိရသည်။
▪️ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနကွပ်ကဲမှုအောက်ရှိ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ချယ်ရီဈေးတွင် တည်ဆောက်လျက်ရှိသည့် ကုန်စိမ်း/ကုန်စုံ ဆိုင်ခန်း များအား မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်း အသိပေးထားသည်။
▪️ ထိုသို့ရောင်းချပေးရာတွင် (၁)ခန်းလျှင် (၁၂'×၈')အကျယ်ရှိသောကုန်စိမ်း/ကုန်စုံဆိုင်ခန်းများအား မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်း၊ ဝယ်ယူလိုသူများ အနေဖြင့် ဖေဖော်ဝါရီ ၁၃ရက်နေ့ ညနေ ၄ နာရီနောက်ဆုံးထား၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနသို့ လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 3 January 2025
▪️ နေပြည်တော်ဇဗ္ဗူသီရိမြို့အနီး ၂ရက်ဆက်တိုက် ငလျင်များလှုပ်ခတ်ခဲ့ကြောင်း မိုးလဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့်မြေငလျင်သတင်းများအရ သိရသည်။
▪️ မြေငလျင်များလှုပ်ခတ်ရာ၌ဖေဖော်ဝါရီလ ၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၄၇)မိနစ်၊ (၀၄) စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၆) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း (ဇမ္ဗူသီရိမြို့၏ အနောက်မြောက်ဘက် (၁၅) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၉၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၅)ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၃.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၂) နာရီ၊ (၁၄) မိနစ်၊ (၀၁) စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဇဗ္ဗူသီရိမြို့၏ အနောက်မြောက်ဘက် (၁၅) မိုင်ခန့်အကွာ)၊ မြောက် လတ္တီတွဒ် (၁၉.၉၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၂) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု တစ်ကြိမ်စီ လှုပ်ခတ်ခဲ့ခ့င်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 1 February 2025
၁။ သီလဝါအိမ်ရာနှင့် ကနောင်အိမ်ရာအခန်းများအတွက် ယာယီနေထိုင်ခွင့် ထုတ်ပေးမည်
၂။ သွင်းကုန်လုပ်ငန်းရှင်များအတွက် ယွမ် ၁၀သန်းရောင်းပေးမည်
၃။ မိုးယွန်းကြီးနှင့်အင်းတော်ကြီး၌ ဆောင်းခိုငှက် ငါးသောင်းကျော်ဝင်ရောက်
၄။ ထရမ့်၏မူဝါဒကြောင့် ရေနံစိမ်းတင်ပို့ခြင်းအပေါ်တိုင်းပြည်စီးပွားရေးအဓိကမှီခိုနေရခြင်းကို လျှော့ချသွားရန် နိုင်ဂျီးရီးယားအစိုးရတိုက်တွန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 1 February 2025
▪️ ဧရာဝတီမြစ်အပါအဝင် ပြည်နယ်နှင့်တိုင်းများရှိ မြစ်ရေများယခုလ၁၀ရက်တာအတွင်းလက်ရှိ ရေမှတ်များအောက်ကျဆင်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ထုတ်ပြန်သည့် ဖေဖော်ဝါရီလ ပထမ (၁၀)ရက်ပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်အရ သိရသည်။
▪️ အဆိုပါထုတ်ပြန်ချက်၌ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ပေဝက်မှ ၁ ပေခန့် လက်ရှိ ရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်း သိရသည်။
▪️ ထို့အပြင် ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်ခန့်စီ လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်း သိရသည်။
▪️ ဒုဋ္ဌဝတီမြစ်ရေသည် ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ပေဝက်မှ ၁ ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ၃ လက်မခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ၁ ပေခွဲခန့်၊ ငဝန်မြစ်ရေသည် ပုသိမ်မြို့တွင် ၁ ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ၃ လက်မခန့် မြင့်တက်လာနိုင်ပြီး မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ပေဝက်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် ၃ လက်မခန့်၊ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ၃ လက်မခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၃ လက်မ ခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့တွင် ၃ လက်မခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ပေဝက်ခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ၃ လက်မခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့နှင့် သာပေါင်းမြို့တို့တွင် ပေဝက်ခန့်စီနှင့် တိုးမြစ်ရေသည် မအူပင်မြို့တွင် ၁ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
ယူရီးယားမြေသြဇာတွေကို လစဉ်ထုတ်ပြန်ပေးနေတဲ့ ရည်ညွှန်းဈေးနှုန်းတွေအတိုင်း မရောင်းချပါက တိုင်ကြားနိုင်တယ်လို့ ယူရီးယားမြေသြဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီက သိရပါတယ်။
#Local_News
Published 1 February 2025
#ယူရီးယားမြေသြဇာ #ရည်ညွှန်းဈေးနှုန်း
#YMG/NN #Yangon_Times
#Local_News
Published 1 February 2025
▪️ ပြီးခဲ့သည့် ၂၀၂၄ခုနှစ်အတွင်း ပြည်ပသို့ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂သန်းကျော်တင်ပို့ခဲ့ပြီး ဒေါ်လာ၁၃၃၁သန်းကျော်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
▪️ အသင်းချုပ်၏ စာရင်းမှတ်တမ်းများအရ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ၁ရက်မှ ဒီဇင်ဘာလ၃၁ရက် အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှု စုစုပေါင်း တန်ချိန် ၂၇၆၇၄၁၄တန် ၊ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၃၃၁.၈၉၉သန်း ရရှိခဲ့ပြီး ကုမ္ပဏီပေါင်း ၁၀၃ခုမှ နိုင်ငံပေါင်း ၄၉နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်နှက့်ဆန်ကွဲ ပြည်ပတင်ပို့မှုကို နိုင်ငံတော်အစိုးရ၏ မူဝါဒ လမ်းညွှန်မှုများနှင့်အညီ ပုဂ္ဂလိက အခန်းကဏ္ဍမှ ကြိုးပမ်းလုပ်ဆောင်လျှက်ရှိပြီး ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့ရောင်းချနေသော ကုမ္ပဏီအသစ်များကိုလည်း အရည်အသွေး၊အရေအတွက်နှင့် နိုင်ငံတကာဆန်ဈေးကွက် လုပ်ထုံးလုပ်နည်းများကို မျှဝေပေးခြင်း၊ဖိတ်ခေါ်အားပေးခြင်း၊ သင်တန်းဖွင့်လှစ်ဆောင်ရွက်ခြင်းတို့ဖြင့် ကူညီပံ့ပိုးလုပ်ဆောင်ပေးလျှက်ရှိကြောင်း၊ အသင်းချုပ်တွင် ကုမ္ပဏီ၊အဖွဲ့အစည်းများ၏ အသင်းဝင်မှု သည် ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလကုန်တွင် ၉၈၀ ရှိခဲ့ရာမှ ၂၀၂၄ခုနှစ် ဒီဇင်ဘာလကုန်တွင် ၁၁၉၆အထိ တိုးတက်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 92 of 1950