ကချင်ယူနိုက်တက်အသင်းကို အနိုင်ယှဉ်ပြိုင် ကစားမည်ဟု YUSC နောက်ခံလူ မင်းကျော်ခန့် ပြော
ကချင်ယူနိုက်တက်အသင်းနဲ့ ပထမအကျော့တွေ့ဆုံမှုမှာ ရန်ကုန်ယူနိုက်တက်အသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရရှိထား
Yangon_Times/my
#Local_News
#Published_ 7 August 2023
#YMG #Yangon_Times
ဟန်ကျိုးအာရှအားကစားပြိုင်ပွဲကို ကြိုဆို၍ အလှူငွေများပေးအပ်
‘ဟန်ကျိုးအာရှအားကစားပြိုင်ပွဲကို ကြိုဆိုတဲ့အနေနဲ့ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ကို တရုတ်နိုင်ငံမှကန်ဒေါ်လာ (၂၈၀၅)ဒေါ်လာစီ စုစုပေါင်းကန်ဒေါ်လာ(၈၄၀၀) ကျော်ပေးအပ်ခဲ့တယ်’မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး
Yangon_Times/tthl
#Local_News
#Published_ 7 August 2023
#YMG #Yangon_Times
ဆန်ကြမ်းရော ၊ဆန်ချောပါ ဈေးနှုန်းသက်သာစွာရောင်းပေးနေ
‘လတ်တလောဈေးကွက်ထဲမှာ ဧည့်မထဆန်တစ်အိတ်ကို(၇)သောင်းကျော်အထိဈေးရှိနေပြီး အသင်းချုပ်အနေနဲ့ ကျပ်(၆)သောင်းနဲ့ရောင်းချပေးသွားမှာဖြစ်သလို ပေါ်ဆန်းအုပ်စုဆန်တွေဟာအပြင်မှာ (၁)သိန်း(၃)သောင်း။(၁)သိန်းလေးသောင်းလောက်ရှိနေတာကို (၁)သိန်း(၁)သောင်း၊(၁)သိန်း(၂)သောင်းလောက်နဲ့ ရောင်းချပေးသွားမှာဖြစ်တယ်’ ဦးရဲမင်းအောင်၊ဥက္ကဌ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
Yangon_Times/tthl
#Local_News
#Published_ 7 August 2023
#YMG #Yangon_Times
Published_ 7 August 2023
မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့မယ့် ကုန်စည်အမျိုးအစား(၁၈)အုပ်စုအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC)မှာ မှတ်ပုံတင်သွားရမယ်လို့ သိရပါတယ်။
GACC ရဲ့ကြေညာချက်အမှတ် (၂၄၈)နဲ့ (၂၄၉) အရ ၂၀၂၂ ခုနှစ် ဇန်နဝါရီ (၁) ရက်နေ့ ကစလို့ စားသောက်ကုန်တင်ပို့မယ့်သူ / တင်ပို့နေတဲ့ လုပ်ငန်းရှင်တွေ အားလုံး မှတ်ပုံတင်ပြီးမှသာ တင်ပို့ခွင့်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ကနေ တရုတ်နိုင်ငံကိုအသားနဲ့ အသားထုတ်ကုန်တွေ၊ ရေထွက်ကုန်တွေပါအဝင် နို့ထွက်ပစ္စည်းတွေ၊ ငှက်သိုက်နဲ့ ဆက်စပ်ထုတ်ကုန်တွေအပါအဝင် ကုန်စည်အမျိုးအစား(၁၈) အုပ်စု အားလုံးအတွက် မှတ်ပုံတင်သွားရမှာဖြစ်ပါတယ်။
ကုန်စည်အုပ်စုအလိုက် တင်ပို့ရာမှာမှတ်ပုံတင်နိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနဲ့ အစား အသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ကတဆင့် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မှတ်ပုံတင်ရမယ့် ကုန်စည်အမျိုးအစား (၁၈) အုပ်စုမှာ မပါဝင်တဲ့ ကုန်စည်တွေအပြင် ထုတ်လုပ်တင်ပို့မယ့်လုပ်ငန်းရှင်တွေအနေနဲ့ တရုတ်နိုင်ငံရဲ့ ပြတင်းတစ်ပေါက် အစီအစဉ်ဖြစ်တဲ့ GACCရဲ့ ဝက်ဘ်ဆိုက်ကိုဝင်ရောက်ပြီး ကိုယ်တိုင် Account ဖွင့်လှစ်ကာ တိုက်ရိုက်လျှောက်ထားရမှာဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာ (၁) ရက်နေ့ ကနေ၂၀၂၃ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့အထိ ကုမ္ပဏီ/ စက်ရုံ (၁၃၂၆ )ခု ကနေ ပေးပို့ထားတဲ့ မှတ်ပုံတင်လျောက်ထားမှု( ၂၄၀၅ ) စောင်ကို မှတ်ပုံတင်ရန် လျှောက်ထားပေးပြီးဖြစ်တယ်လို့ သိရပါတယ်။
မှတ်ပုံတင်လျောက်ထားမှုကို စိုက်ပျိုးရေးဦးစီးဌာနမှာ ကုမ္ပဏီပေါင်း (၁၁၈၃) ခုက မှတ်ပုံတင်စောင်ရေ( ၂၂၆၂) စောင်၊ ငါးလုပ်ငန်းဦးစီးဌာနမှာ ကုမ္ပဏီ/စက်ရုံ (၁၂၀) ခုက စောင်ရေ (၁၂၀) စောင်၊ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနမှာ ကုမ္ပဏီ (၁၄) ခုက စောင်ရေ (၁၄) စောင်နဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှာ ကုမ္ပဏီ (၉)ခုက စောင်ရေ(၉)စောင် တို့ လျောက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၃ ခုနှစ် ဇူလိုင် (၂၈) ရက်အထိ GACCမှာ online စနစ်ကနေ Compe-tent Authority ထောက်ခံချက်လိုတဲ့ ကုန်စည်အုပ်စုနဲ့ ကိုယ်တိုင်ဝင်ရောက် လျှောက်ထားတဲ့ ကုန်စည်အုပ်စု စုစုပေါင်း စောင်ရေ (၉၄၉) စောင်ကို မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်တယ်လို့ GACC က ဖော်ပြထားပါတယ်။
Yangon_Times/MY
#Local_News
#YMG #Yangon_Times
Published-7-8-2023
ရန်ကုန်ယူနိုက်တက်အသင်းနဲ့ကချင်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမှုဟာ အကောင်းဆုံး ဘောလုံးပွဲတစ်ပွဲဖြစ်ရမယ်လို့ လာရောက်အားပေးမယ့်ပရိတ်သတ်ကို အသင်းကိုယ်စား ကတိပြုပြောဆိုလိုက်ပါတယ်။
ပြိုင်ပွဲမစတင်မီ သုံးရက်တာလေ့ကျင့်မှုမှာလည်း အချိန်တိုတောင်းပေမယ့် အကောင်းဆုံးပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ကချင်ယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်ကို ဒီနေ့ ဩဂုတ် ၇ ရက် ညနေ ၃:၃၀ နာရီအချိန်မှာ YUSC ကွင်း မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
ဒီနေ့ပွဲစဉ်ကို MNL Youtube Channel ကနေလည်း တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းဟာ နည်းပြအသစ်ဂတ်ဇီရဲ့ ကိုင်တွယ်မှုအောက်ကနေ ဘယ်လို ပွဲထွက်လာမလဲ ဘယ်လို ကစားကွက်တွေနဲ့ ကစားမှာလဲဆိုတာကို သေချာစောင့်မျှော်အားပေးကြပါလို့ YUSC အသင်း ဆိုထားပါတယ်။
YMG/my
#Local_News
#Yangon_Times
#Local_News
Published- 6-8-2023
ယနေ့ ဩဂုတ်လ (၆ )ရက် နံနက် ၇ နာရီ ဝန်းကျင်အချိန်က မုဒုံမြို့အနီး ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည်အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသအခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
တိမ်းမှောက်သည့် ခရီးသည်တင်ယာဉ်အတွင်း လိုက်ပါလာသည့် ခရီးသည် (၁၃)ဉီးမှာ အသက်အန္တရာယ်မစိုးရိမ်ရဘဲ ထိခိုက်ဒဏ်ရာအနည်းငယ်သာရရှိခဲ့သည်ဟုဆိုသည်။
အဆိုပါ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် " ခရီးသည်များ ပြင်းထန်ထိခိုက်မှုမရှိခဲ့ဘဲ ပွန်းပဲ့ဒဏ်ရာမျှသာရရှိခဲ့တာကြောင့် အသင်းက ဆေးထည့်ကူညီခဲ့ပြီး ကားဆွဲဝိုင်းဝန်းကူညီပေးခဲ့တယ်" ဟု ရေးသားဖော်ပြထားသည်။
ယင်းဖြစ်စဉ်သည် ရန်ကုန်မြို့မှ ရေးမြို့သို့ မောင်းနှင်လာသောခရီးသည်တင်ယာဥ်သည် သံဖြူဇရပ်-မော်လမြိုင်လမ်းမကြီး၊ မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာနှင့် ကွာန်လှာကျေးရွာအကြား လမ်းချော်၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ကြောင်း သိရသည်။
#ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက်
#YMG/my
#Yangon_Times
#Local_News
Published-6-8-2023
Level 4 အဆင့် မီးလောင်ကျွမ်းခဲ့သော မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ရှိ အမှတ် (၉) အခြေခံပညာအထက် တန်းကျောင်း ပြန်လည်ဆောက်လုပ်ရန် ကျပ်သိန်း (၅၀၀)ခန့် ရရှိပြီဖြစ်ကြောင်း ယင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့ထံက သိရသည်။
အဆိုပါ လှူဒါန်းငွေကို ကျောင်းသားဟောင်းများ၊ ကျောင်းသားမိဘများနှင့်စေတနာရှင်များက ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် မိဘဆရာအသင်းသို့ လာရောက်လှူဒါန်းသောစာရင်းအရ သိရသည်။
အဆိုပါ ကျောင်းမီးလောင်မှုသည် ဩဂုတ်(၃) ရက်နေ့ ည ၁၁ နာရီ မိနစ် ၄၀ အချိန်ခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ ဩဂုတ်(၄) ရက် နံနက် ၂ နာရီ ဝန်းကျင်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်သည်။
မီးလောင်ကျွမ်းမှုအတွက် ရေဂါလံစုစုပေါင်း (၆၀၀၀၀) ကျော်ဖြင့် ငြိမ်းသတ်ခဲ့ရခြင်းဖြစ်ကာ မီးလောင်ပြင်သို့ မီးသတ်ရေသယ်ယာဉ် ၁၀ စီး၊ မီးသတ်ယာဉ် ၄ စီး၊ ဒေသအခြေစိုက် လူမှုကူညီရေးအဖွဲ့ယာဉ်များ၊ ပြင်ပရေသယ်ယာဉ်များအပါအဝင်စုစုပေါင်း ယာဉ်စီးရေ (၃၀)ကျော်ဖြင့် ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ကျောင်းသည် နှစ်ပေါင်းတစ်ရာ့နှစ်ဆယ်ကျော်သက်တမ်းရှိပြီး၊ မော်လမြိုင်မြို့၌ ပထမဆုံးပေါ်ထွန်းခဲ့သော အမျိုးသားပညာအထက်ကျောင်း တစ်ကျောင်းလည်းဖြစ်သည်။
#YMG/my
#Yangon_Times
Page 906 of 1977