#Local_News
Published 26 March 2025
▪️ ယခုအပတ်အတွင်း၌ တစ်စိတ်တစ်ပိုင်း နေကြတ်မှု ဖြစ်ပွားမည် ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် ၃နာရီ၂၀မိနစ်မှ ၇နာရီ ၁၅မိနစ်အချိန် အတွင်း တစ်စိတ်တစ်ပိုင်း နေကြတ်ခြင်းဖြစ်စဉ် ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
▪️ အဆိုပါ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းဖြစ်စဉ်ကို ဥရောပတိုက်၊ အာရှတိုက်မြောက်ပိုင်း၊ အာဖရိကတိုက် အနောက်မြောက်ပိုင်းနှင့် မြောက်အမေရိကတိုက်ဒေသများရှိ နိုင်ငံအသီးသီးတို့မှ မြင်တွေ့နိုင်နည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 26 March 2025
▪️ ယနေ့နံနက်အစောပိုင်းက ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီးပေါ်တွင် ၆ ဘီးကားနှင့် Express ယာဉ်တို့ယာဉ်တိုက်မှုဖြစ်ပွါးခဲ့ကြောင်း သိရသည်။
▪️ မတ်လ ၂၆ ရက် နံနက် ၀၃ နာရီ ၁၀ မိနစ်အချိန်ခန့်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၆၀/၆-၇)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်းသတင်းရရှိသဖြင့် ဘောနီအမြန်လမ်းနယ်မြေမီးသတ်စခန်းနှင့် ဉသျှစ်ကုန်းအမြန်လမ်းနယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါယာဉ်တိုက်မှုကြောင့် PK Express ယာဉ်ပေါ်ပါ ကျား(၃)ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)နှင့် (၆)ဘီးကုန်ကားယာဉ်ပေါ်ပါ ကျား(၁)ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား စေတနာရှင်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 25 March 2025
၁။ ယူနက်စကိုစာရင်းဝင် မြန်မာ့ရိုးရာအတာသင်္ကြန်ကို ရန်ကုန်၌စည်ကားသိုက်မြိုက်စွာကျင်းပမည်
၂။ လာမည့်ဘဏ္ဍာနှစ်တွင် ပြည်ပသို့ပေါင်းဆန် တန်ချိန် ၃ သိန်း တင်ပို့မည်
၃။ ‘ပြည်တွင်းဆီ ပိဿာချိန် ခြောက်သောင်းကျော်ရောင်းချပေးမည့် သင်္ကြန်အကြိုဈေးရောင်းပွဲတော်’ကျင်းပမည်
၄။ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့၏ ကုန်သွယ်ရေးအခွန်စည်းကြပ်မှု မူဝါဒအသစ်များကြောင့် မော်တော်ယာဉ်လုပ်ငန်းထိခိုက်ကျဆင်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ တစ်လတစ်ကြိမ်သာ အလုပ်ခေါ်စာတင်ပြရမှာဖြစ်ပြီး နိုင်ငံအလိုက် အလုပ်ခေါ်စာအသစ်တင်ရမယ့် လုပ်သားဦးရေကို ကန့်သတ်ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 25 March 2025
#နိုင်ငံအလိုက်လုပ်သားဦးရေကန့်သတ် #ပြည်ပအလုပ်အကိုင်အေဂျင်စီ
#YMG/SW #Yangon_Times
မြေပဲ၊ နေကြာ၊ နှမ်းဆီပိဿာချိန်ခြောက်သောင်းကျော် ရောင်းချပေးသွားမယ့် ‘ပြည်တွင်းဆီများ သင်္ကြန်အကြိုဈေးရောင်းပွဲတော်’ကို ရန်ကုန်မြို့မှာ ဧပြီလအတွင်းကျင်းပသွားမယ်လို့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းကသိရပါတယ်။
#Local_News
Published 25 March 2025
#သင်္ကြန်အကြိုဈေးရောင်းပွဲတော် #မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း
#YMG/NN #Yangon_Times
မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်အနေနဲ့ လာမယ့် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်မှာ ပြည်ပသို့ ပေါင်းဆန်တန်ချိန် ၃ သိန်း တင်ပို့နိုင်ဖို့ လျာထားတယ်လို့ သိရပါတယ်။
#Local_News
Published 25 March 2025
#မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် #ပြည်ပသို့ပေါင်းဆန်တင်ပို့
#YMG/SW #Yangon_Times
ယူနက်စကိုရဲ့ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန်တော်ကို ရန်ကုန်မြို့မှာစည်ကားသိုက်မြိုက်စွာနဲ့ ကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
Published 25 March 2025
#ယူနက်စကိုစာရင်းဝင် #မြန်မာ့ရိုးရာအတာသင်္ကြန်
#YMG/NN #Yangon_Times
Page 10 of 1925