#Local_News
Published_ 15 August 2023
ကော့သောင်းကုန်သွယ်ရေးစခန်းမှထိုင်းနိုင်ငံသို့ဆီအုန်းအများဆုံးနှင့်ရေထွက်ကုန်များတင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံဘက်မှဓာတ်ဆီ၊ဒီဇယ်နှင့်ကားတာယာ၊ကားဘက်ထရီများအများဆုံးတင်သွင်းခဲ့ကြောင်း သိရသည်။
ဩဂုတ်လ(၉)ရက်မှ (၁၃)ရက်အထိမြန်မာနိုင်ငံအနေဖြင့် ကော့သောင်းကနေ ထိုင်းနိုင်ငံကို ဆီအုန်းတန်ချိန် ၄၈၅တန်၊ ရေထွက်ကုန်များဖြစ်သော ပလာတူး၊ငါးချဉ်ပေါင်၊ပလာလန်း၊စစ်ကလပ်၊ငါးပုလွေ၊ ကုလားငူ၊ ငါးခွေးလျှာ၊ပုဇွန်၊ ငါးစက္ကူတို့ တင်ပို့ခဲ့ပြီးပို့ကုန်တန်ချိန်စုစုပေါင်း(၂၂၁၈)တန်တင်ပို့ခဲ့သည်။
ထိုင်းမှမြန်မာသို့ ဒီဇယ်၊ဓာတ်ဆီ၊ဆပ်ပြာ၊ပီလောပီနံမှုန့်၊ ဘက်ထရီ၊ ကားတာယာတို့တင်သွင်းခဲ့ပြီး စုစုပေါင်း တန်ချိန်(၁၈၉)တန်တင်သွင်းခဲ့သည်ဟုဆိုသည်။
ကော့သောင်းကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံသို့ မြန်မာရေထွက်ပစ္စည်းများကို FOBစနစ်ဖြင့် ဆီအုန်းနှင့်ရေထွက်ကုန်များကိုအများဆုံးတင်ပို့နေသောစခန်းဖြစ်ကြောင်းနှင့်ဩဂုတ်လ(၁၄)ရက်ပြင်ပ ငွေလွှဲနှုန်းမှာမြန်မာကျပ်တစ်သိန်းလျှင်ဘတ်တစ်ထောင်၊တစ်ဘတ်လျှင်မြန်မာငွေကျပ်၁၀၀ရှိခဲ့ကြောင်း သိရသည်။
#tthl #Local_News #ကော့သောင်း #ဆီအုန်းနှင့် ရေထွက်ကုန်
#Yangon_Times
#Local_News
Published_ 15 August 2023
သံလွင်မြစ်နှင့်ချင်းတွင်းမြစ်ရေများကြီးနေဦးမည်ဖြစ်၍ဘားအံမြို့နှင့်ဟုမ္မလင်းမြို့နေထိုင်သူများအထူး သတိပြုနေထိုင်ကြရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဩဂုတ်လ၁၄ရက်တိုင်းတာချက်များအရ သံလွင်မြစ်သည် ဘားအံမြို့တွင် စိုးရိမ်ရေအမှတ်အထက်(၂)ပေခွဲ ခန့်ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း (၁)ပေခန့်ကျဆင်းလာနိုင်ကာ ယင်းမြို့၏စိုးရိမ်ရေအမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်ဟုဆိုသည်။
ချင်းတွင်းမြစ်သည် ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေအမှတ်အထက်(၁)ပေခွဲ ခန့်ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ကာ ယင်းမြို့၏စိုးရိမ်ရေအမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်ဟုဆိုသည်။
စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေအမှတ်ပေဝက်ခန့်ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း (၁)ပေခန့်ကျဆင်းလာနိုင်ကာ ယင်းမြို့၏စိုးရိမ်ရေအမှတ်အောက်သို့ ပြန်လည်ကျဆင်း ရန်ရှိကြောင်းသိရသည်။
#tthl #Local_News #သံလွင်မြစ် #ချင်းတွင်းမြစ်ရေကြီး
#Yangon_Times
#Local_News
Published_ 15 August 2023
မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် ဝန်ထမ်းများကလက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ဩဂုတ် ၁၄ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ပါတယ်။
ဦးစွာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်က မြန်မာအီလက် ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးနောက် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူက Myanmar Electronic Voting Machine (MEVM) စမ်းသပ်တည်ဆောက်ထားရှိမှုနှင့်ပတ်သက်၍ ထိန်းချုပ်စက် (Control Unit) ၊ ဆန္ဒပြုစက် (Ballot Unit) ၊ ဆန္ဒပြုချက် မှန်ကန်မှု ရှိ/မရှိ ပြသသောစက် (Verification Unit) ၊ မဲပုံးနှင့်ဘက်ထရီများ ဖွဲစည်းတည်ဆောက်ထားရှိမှု၊ ထည့်သွင်းအသုံးပြုထားသည့် စက်များနှင့် အသုံးပြုရခြင်း ရည်ရွယ်ချက်များ၊ မဲပေးစက်မှ မဲရလဒ်များ ထုတ်ယူ ရေတွက်ခြင်း၊ မဲပေးစက်ကို ထုပ်ပိုးသိမ်းဆည်းခြင်းနှင့် မဲပေးစက်၏ လုံခြုံစိတ်ချရမှုများကို ရှင်းလင်းခဲ့ပါတယ်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး နစကအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့က မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်း၍ ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ပါတယ်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြတဲ့ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်း ၈၆ ဦးတို့က မြန်မာအီလက်ထရောနစ်မဲပေးစက်အား လေ့လာကြည့်ရှုပြီး လက်တွေ့အသုံးပြု၍ စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ကြပါတယ်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများသည် စက်မှုဝန်ကြီးဌာနသို့ သွားရောက်ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ရာ အဆိုပါဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၈၅ ဦး တက်ရောက်၍ လက်တွေ့မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn #Local_News #မြန်မာအီလက်ထရောနစ် #လက်တွေ့သရုပ်ပြ
#Yangon_Media_Group
၁၄ ဩဂုတ် ၂၀၂၃
ပြည်တွင်း၌ ဆေးဝါးမလုံလောက်မှုများကြောင့် ပြည်ပမှနှစ်စဉ်တင်သွင်းနေရသည့်အတွက် အများအသုံးပြုသည့် ဆေးဝါးတွေကို ပြည်တွင်း လုံလောက်မှုရှိအောင် ဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌက ပြောကြားပါတယ်။
ယနေ့ဩဂုတ် ၁၄ ရက် က မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်)၌ ကျင်းပပြုလုပ်တဲ့ စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း BPI Pharmaceutical Museum နှင့်မြွေဆိပ်ဖြေဆေး အအေးခဲခြောက်ထုတ်လုပ်ရေးစက် Freeze Dryer Machine အသစ်ဖွင့်ပွဲအခမ်းအနားတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုုင်က အမှာစကား ပြောကြားရာမှာ ယခုလိုတိုက်တွန်းပြောကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးက ပုဂ္ဂလိကဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများမှ ဆေးဝါးများ ထုတ်လုပ်နိုင်ရေးအတွက် လည်း မြန်မာ့ဆေးဝါးလုပ်ငန်းမှကူညီဆောင်ရွက်ပေးရန်လိုတယ်လို့လည်း ဖြည့်စွက်မှာကြားခဲ့ပါတယ်။
မြန်မာ့ဆေးဝါးလုပ်ငန်း BPI သည် ရှေးယခင်နှစ်ပေါင်းများစွာကတည်းကပင် အရည်အသွေးပြည့်ဝ
သည့် ဆေးဝါးများကို ထုတ်လုပ်ခဲ့ပြီး ယခုအချိန်အထိ နာမည်ကောင်းဖြင့်ကျော်ကြားလျက်ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
မြန်မာ့ဆေးဝါး လုပ်ငန်း BPI အနေဖြင့် ရှိပြီးဖြစ်သည့်အရည်အသွေးကောင်းများကို ဆက်လက် ထိန်းသိမ်းနိုင်ခြင်းမှာလည်း ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် ဆေးဝါးပညာရှင်ကြီးများ၏ လက်ဆင့်ကမ်းမျှဝေမှု၊ မျိုးဆက်သစ်ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုတို့ကြောင့်ဖြစ်တယ်လို့ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ချီးကျုးပြောဆိုတဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ သမိုင်းကြောင်းကောင်းများရှိခဲ့သည့် ဆေးဝါး
စက်ရုံတစ်ခု အနေဖြင့် မှတ်တမ်းပြတိုက်ကို ဆောင်ရွက်၍ သမိုင်းကိုထိန်းသိမ်းနိုင်ခဲ့ခြင်းကြောင့် ဂုဏ်ယူတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုခဲ့ပါတယ်။
နစက ဥက္ကဋ္ဌသည် BPI Pharmaceutical Museum အထိမ်းအမှတ်ကျောက်စာတိုင် နှင့်မြွေဆိပ်ဖြေဆေး အအေးခဲခြောက်ထုတ်လုပ်ရေးစက် Freeze Dryer Machineအသစ်တို့ကို အသီးသီး ဖွင့်လှစ်ပေးပြီးနောက် ပြည်ထောင်စုဝန်ကြီးများနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ကလည်း “BPI ဆေးဝါးထုတ်လုပ်မှုသမိုင်းပြခန်း” BPI Pharmaceutical Museum ကိုဖွင့်လှစ်ပေးခဲ့ကြပါတယ်။
အဲဒီအပြင်စက်မှုဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းကလည်း စက်ရုံနှင့်ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့မျှော်မှန်းသက်တမ်းမှာ အခြားနိုင်ငံများထက်နည်းပါးလျက်ရှိတဲ့အတွက် ပြည်သူများ၏ကျန်းမာရေးနှင့်
ပတ်သက်၍ ပညာပေးခြင်း၊ ကာကွယ်ခြင်းနှင့် ကုသခြင်းများကိုဆောင်ရွက်ပေးနိုင်ရန်အစွမ်းထက်သည့် ဆေးဝါးများကို အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အစွမ်းထက် သည့်ဆေးဝါးများထုတ်လုပ် နိုင်ရေး ဆေးဝါးသုတေ သနလုပ်ငန်းများကို ပိုမိုဆောင်ရွက်ရန်လိုတယ်လို့လည်း နစက ဥက္ကဋ္ဌကပြောကြားခဲ့ပါတဘ်။
မြန်မာ့ဆေးဝါးလုပ်ငန်း BPI ကို ၁၉၅၄ ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက အထိမ်းအမှတ်ကျောက်တိုင် ကို စိုက်ထူခဲ့ပြီး ၁၉၅၈ ခုနှစ်၊ ဧပြီ ၂၃ရက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမောင်က ဗမာနိုင်ငံဆေးဝါး စက်ရုံ(Burma Pharmaceutical Industry, BPI) အမည်ဖြင့် ဖွင့်လှစ်ခဲ့ပြီး ဆေးဝါး(၄၁)မျိုးနှင့်ကပ်ရောက်ဂါကာကွယ်ဆေး(၆)မျိုးတို့ဖြင့် စတင်ထုတ်လုပ်ခဲ့ကြောင်းသိရှိရပါတယ်။
-ymg/knl
#Daily_News
Published_ 14 August 2023
၁။ မြန်မာ့လက်ဝှေ့ကျော်ဒေဝ အနေဖြင့် လက်ဝှေ့လောကမှ အနားယူတော့မည်ဟု ဆိုထားသော်လည်း ရွှေရာမာန်ကစိန်ခေါ်ထား
၂။ မိုးတွင်းတွင် ကားစီးလုံးငှားပြီး ခရီးထွက်သူအချို့ရှိနေ၊ ပုဂံ၊ ညောင်ဦး၊ မန္တလေး၊ ရှမ်းပြည်နှင့်ကမ်းခြေသို့အသွားများ
၃။ မိုးရာသီကာလ လမ်းချော်ပြီး ယာဉ်တိုက်မှုမဖြစ်အောင် YBS ယာဉ်များ ကားဘီးနှင့်ဘရိတ်ကောင်းအောင်ကြီးကြပ်နေ
၄။ မျှော်လင့်ချက်များစွာဖြင့် အရှိန်ရနေသည့်အိန္ဒိယမှလက်မောင်းလှဲအားကစားပြိုင်ပွဲ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
စားအုန်းဆီ ပိဿာ(၁၁၀)နဲ့ ကြက်ဥ အလုံးရေ (၄၅၀၀)တို့ကိုရောင်းချပေး
Published_ 14 August 2023
#စားအုန်းဆီ #ကြက်ဥများရောင်းချပေး
#YMG/my
#Yangon_Times
#Local_News
Published -14 August 2023
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၌ ခြောက်ဘီးယာဥ်တစ်စီးဘရိတ်ပေါက်၍ လမ်းဘေးသစ်ပင်အားဝင်တိုက်မှုဖြစ်ခဲ့၍ အမျိုးသား ၁ဦး သေဆုံးခဲ့ကြောင်း သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းမှသိရသည်။
ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင် - မန္တလေးအဆင်းလမ်း၊ မိုင်တိုင်အမှတ်(၂၁) တွင် ပြင်ဦးလွင်မှမန္တလေးသို့မောင်းနှင်လာသော Canter အမျိုးအစား ၆ ဘီးကုန်တင်ယာဥ် တစ်စီး ဘရိတ်ပေါက်၍ လမ်းဘေးသစ်ပင်အား အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့သဖြင့် ယာဥ်မောင်းအမျိုးသား သေဆုံးသွားခဲ့ပြီး ယာဥ်ပေါ်ပါ အမျိုးသားတစ်ဦးနှင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု ြသဂုတ်လ ၁၃ရက်က ဖြစ်ခဲ့သည်။
ယာဥ်တိုက်မှုဖြစ်စဥ်ကြောင့် ယာဥ်မောင်းအမျိုးသားမှာ ယာဥ်၏ခေါင်းခန်းအတွင်း ညပ်မိနေ၍ ထိခိုက်ဒဏ်ရာများပြင်း ထန်စွာရရှိကာ ယာဥ်ခေါင်းခန်းအတွင်းမှ ခက်ခက်ခဲခဲထုတ်ယူခဲ့ရပြီးသန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဥ်သေဆုံး သွားခဲ့ကြောင်းသိရသည်။
ယင်းအပြင် ကျန်အမျိုးသား ၁ဦးနှင့် ကလေးငယ် ၁ ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့၍ သီရိဎထန (ညောင်ပေါ)လူမှုကူညီရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #လမ်းဘေးသစ်ပင်အားဝင်တိုက် #ယာဥ်မောင်းသေဆုံး
#Yangon_Times/PP
Page 891 of 1975