လက်ရှိမှာ စုစုပေါင်း ရုပ်အလောင်း (၃၃)ဉီးရှာဖွေတွေ့ရှိထားတာဖြစ်
Published_ 17 August 2023
#ဖားကန့် မနမှော်မြေပြိုကျမှု #ရုပ်အလောင်း (၃၃)ဉီးရှာဖွေတွေ့ရှိ
#YMG/my
#Yangon_Times
‘ကျောင်းကားပေါ်က ကလေးတွေက ကံအရမ်းကောင်းတယ်။ ကားခေါင်းထဲမှာညှပ်မိနေတဲ့ ယာဉ်မောင်းဟာ စတီယာတိုင်နဲ့ခြေထောက်ညှပ်နေခဲ့တာဖြစ်ပြီး ဦးခေါင်းထိခိုက်ဒဏ်ရာကိုရွှေမေတ္တာ အသင်းအနေနဲ့ ရှေးဦးပြုစုနည်းနဲ့ ပြုစုခဲ့တာ၊ စိတ်ပိုင်းဆိုင်ရာအားပေးတာတွေ ဆောင်ရွက်ခဲ့ပါတယ်”
ရွှေမေတ္တာလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူ
Published_ 17 August 2023
#ဆယ်ဘီးကားနဲ့ကျောင်းကားတိုက်မိ #ကျောင်းသားများမစိုးရိမ်ရ
#tthl
#Yangon_Times
ထိုင်းနိုင်ငံ Rayong Stadium ကွင်းမှာ ကစားကြမှာလည်းဖြစ်
Published_ 17 August 2023
#မြန်မာ ယူ (၂၃) အသင်း #ထိုင်းနိုင်ငံ Rayong Stadium ကွင်း
#YMG/my
#Yangon_Times
‘‘နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေနဲ့ချေးငွေယူပြီး လုပ်ကိုင်လိုသူတွေအနေနဲ့ ဝက်(၁)ယူနစ်ကို ဝက်ကောင်ရေ (၁၀၀)အတွက် ချေးငွေကျပ်သိန်း(၃၅၀)ရရှိနိုင်မှာဖြစ်သလို အသားတိုးကြက်(သို့မဟုတ်) ဘဲ(၁)ယူနစ်ကို ကောင်ရေ(၃၀၀၀)မွေးမြူရန် ချေးငွေကျပ်သိန်း(၁၅၀) ထုတ်ချေးပေးလျက်ရှိကြောင်း၊ သတ်မှတ်စည်းကမ်းတွေနဲ့ ညီညွတ်ပါကသက်ဆိုင်ရာဌာနတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်တယ်’’ နေပြည်တော်ကောင်စီဝင်ဦးဇေယျာလင်း
Published_ 17 August 2023
#အသားတိုးကြက် #ဝက်
#tthl
#Yangon_Times
အခုရက်ပိုင်းမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကိစ္စကို လူအများ စိတ်ဝင်စားနေကြတယ်လို့ PPST အဖွဲ့ဝင် တစ်ယောက်က YMG ကို ပြောပါတယ်။
Published_ 17 August 2023
#သဘောတူစာချုပ် (NCA) #PPST အဖွဲ့ဝင်
#Yangon_Times/PP
#Local_sport
Published_ 17 August 2023
အာဆင်နယ်အသင်း၏ နောက်ခံလူ တင်းဘားသည် ဒူးဒဏ်ရာပြင်းထန်စွာ ရရှိသဖြင့်ကာလရှည်အနားယူရမည်ဖြစ်ပြီး ခွဲစိတ်ကုသမူလည်းခံယူရမည်ဖြစ်ကြောင်း သိရသည်။
နယ်သာလန်လက်ရွေးစင်တင်းဘားသည် ယခုနွေရာသီတွင် အေဂျက်အသင်းမှ ပြောင်းရွှေ့လာ သူဖြစ်ပြီး နော်တင်ဟမ်ဖောရက်ကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ သောပွဲစဉ်တွင် ဒဏ်ရာရရှိ၍ လူစားလဲခဲ့ရသည်။"အေသေးစိတ် စမ်းသပ်စစ်ဆေးမှုများအရ တင်း ဘားသည် ညာဖက် ဒူးအရွတ်ကြောဒဏ်ရာရရှိသဖြင့် မကြာမီခွဲစိတ်ကုသမှုခံယူရမည်ဖြစ်ပြီးကာလတစ်ခုအနားယူရမည်ဖြစ်သည်။"ဟု အာဆင်နယ်အသင်းကတရားဝင်ကြေညာချက်တစ်ရပ်တွင် ဖော်ပြခဲ့သည်။
ပေါင် ၃၈ ဒသမ၅သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာသည့်တင်းဘားသည် မန်စီးတီးကို အနိုင်ရသည့် ကွန်မြူနတီဒိုင်း ပွဲစဉ်တွင် ကစားခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ်(၁) အဖြစ်ဖောရက်စ်နှင့်ကစားခဲ့ရာတွင် ယခုကဲ့သို့ ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။
မိမိအနေဖြင့် ဘောလုံးကွင်းထဲသို့ ပိုမိုသန်မာကြံ့ခိုင်စွာဖြင့်အမြန်ဆုံးပြန်လာနိုင်ရန် မျှော်လင့်ကြောင်း တင်း ဘားက အင်စတာဂရမ်တွင်ရေးသားခဲ့သည်။
#Local_sport #အာဆင်နယ်နောက်ခံ လူတင်းဘား #ကာလရှည်အနားယူရမည်
Ref; fotmob 1
#Local_News
Published-17 August 2023
ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံမြို့နယ်ထောက်ကြန့်မြို့ ပဲခူးလမ်းမပေါ်တွင် ဘယ်ခြေထောက် မသန်မာသူဆရာ တော်၁ ပါးကို YBS ယာဥ်က ဝင်တိုက်၍ တက်ကြိတ်မှုဖြစ်ခဲ့ပြီး အခင်းဖြစ်ရာနေရာ၌ပင် ပျံလွန်တော်မူခဲ့ကြောင်း မြန်မာနိုင်ငံဘက်စုံလူမှုကူညီရေးအသင်းမှ သိရသည်။
ဖြစ်စဥ်မှာ သြဂုတ်လ ၁၇ရက် နံနက် ၈နာရီခန့်အချိန်က ပဲခူးဘက်မှရန်ကုန်ဘက်သို့ အဝင်တွင် YBS 35 ယာဥ်က လူကူးမျဥ်းကျားမရောက်ခင် ၁၅ကိုက်အကွာတွင် လမ်းဖြတ်ကူးသောဆရာတော်အား ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။
"ဆရာတော်က အရပ်ကလည်းပုတယ်။ ၄ပေ ၄လက် မလောက်ပဲရှိတယ်။
ဘယ်ဘက်ခြေထောက်ကလည်း မသန်ဘူး။ ကားကလည်းမှတ်တိုင်ကအထွက် ဆရာတော်ကလည်း ဖြတ်တဲ့အချိန် ကားသမားက မမြင်ဘဲ တိုက်မိပြီး တက်ကြိတ်မိတာနံရိုး ၄ ချောင်းကျိုးသွားပြီးနေရာမှာတင် ပျံလွန်တော်မူသွားပါတယ်"ဟု မြန်မာနိုင်ငံဘက်စုံ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ပျံလွန်တော်မူသွားသောဆရာတော်မှာ သက်တော်က ၅၀ ကျော်ခန့်ရှိပြီးခဲ့ပြီး ဆရာတော်၏ DBကို မြန်မာနိုင်ငံလူမှုကူညီရေးအသင်းမှအင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
YBSယာဥ်မောင်းကိုလည်း အခင်းဖြစ်ရာနေရာတွင် တွေ့ရှိရကြောင်းလည်း သိရသည်။
#Local_News #မင်္ဂလာဒုံ #YBSကားတက်ကြိတ်ခံရ
#Yamgon_Times/PP
Page 884 of 1973