မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ အခုဩဂုတ်လအတွင်း ရုံးပိတ်ရက်တွေမှာ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်၁၀၀ကျော်အထိ ဝင်ရောက်လေ့လာနေတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သိရပါတယ်။
#Local_News
Published 26 August 2024
#ပုဂံရှေးဟောင်းသုတေသနပြတိုက် #ခရီးသွား၁၀၀ကျော်ဝင်ရောက်
#YMG/NN #Yangon_Times
အခုမြန်မာအိမ်နီးချင်းနိုင်ငံတွေမှာ ကူးနေတဲ့မျောက်ကျောက်ရောဂါသည် မျိုးကွဲဖြစ်လို့ ပိုကူးစက်နိုင်ပြီး ပြည်ပပြန်လုပ်သားများမှ မကူးစက်အောင်ကာကွယ်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။
#Local_News
Published 26 August 2024
#မျောက်ကျောက်ရောဂါ #မျိုးကွဲဖြစ်၍ပိုကူးစက်နိုင်
#YMG/tthl #Yangon_Times
#Local_News
Published 26 August 2024
▪️ ဒေါပုံမြို့နယ်၌ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဩဂုတ်၂၅ရက်နေ့၊ ည ၈နာရီခွဲအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဆေးစက်ရပ်ကွက်၊ သခင်မြ(၂)လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဒေါပုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ၈နာရီ မိနစ် ၄၀ အချိန် Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြိမ်းသတ်ခဲ့ရာ ၈နာရီ ၄၁ မိနစ် အချိန်တွင် မီးထိန်းခဲ့ပြီး ၈နာရီ ၄၄ မိနစ်အချိန်၌ မီးငြိမ်းခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_26 August
▪️ မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရား၊ စေတီများအား ဖူးမြော်ကြည်ညိုကာရှေးဟောင်းသမိုင်းဝင် သာသနိက ယဉ်ကျေးမှုအမွေအနှစ်များကို နစကဥက္ကဌစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီးအတွင်းရှိ စူဠာမုနိရုပ်ရှင်တော် ဘွဲ့အမည်ခံရုပ်ပွားဆင်းတုတော်ကြီး၊ ရွှေနန်းတော်ကျောင်း(ရွှေကျောင်း) တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်၊ ပဉ္စမသင်္ဂါယနာတင်၊ ဘဝရှင်မင်းတုန်း မင်းတရားကြီး တည်ထားကိုးကွယ်တော်မူသော မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား ၊ မဟာဓမ္မိကာရာမရွှေကျင်တိုက်မကြီးသို့ ရောက်ရှိကြပြီး ဦးစီးပဓာနနာယ ဆရာတော်အဂ္ဂမဟာပန္တိတဘဒန္တထုတိဝရ၊ သက်တမ်း ၁၆၂ နှစ်ကျော်သက်တမ်းရှိ ကျွန်းကျောင်းတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်တို့အား ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။
▪️ ယင်းနောက် မန္တလေးနန်းမြို့တွင်း၊နန်းမြို့အနောက်ဘက်ရှိ မြို့ရိုးထိန်းသိမ်းထားရှိမှုနှင့် စည်ရှည်တံတား ကိုပြန်လည်တည်ဆောက်ရာတွင် ရှေးမူမပျက် မူလပုံစံအတိုင်းတည်ဆောက်သွားရန်နှင့် တံတားနှင့်ဆက်စပ်လျက်ရှိသည့် လမ်းများကိုလည်း စနစ်တကျဆောင်ရွက်ရန် နစက ဥက္ကဌက မှာကြားခဲ့ကြောင်း သိရသည်။
▪️ အလားတူ စူဠာမုနိရုပ်ရှင်တော် ဘွဲ့အမည်ခံရုပ်ပွားတော် မြတ်ကြီး ပင့်ဆောင်ထားရှိမှုအခြေ အနေကို ကြည့်ရှု၍ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ကြည်ညိုသပ္ပါယ်စွာရှိစေရေး လိုအပ်သည်များကို ဆောင်ရွက်သွားရန်၊ မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီး ရေရှည်တည်တံ့ ခိုင်မြဲရေး၊ နဂိုမူလရှေးဟောင်းအမွေအနှစ်လက်ရာများအတိုင်း လက်ရာမပြတ်ထိန်းသိမ်းစောင့်ရှောက်ရေး မှတ်တမ်းများကို ပြန်လည်ကြည့်ရှုလေ့လာ၍ ဆောင်ရွက်သွားရန်၊ ရွှေနန်းတော်ကျောင်း(ရွှေကျောင်း)တော်အတွင်းရှိ မြန်မာမှုသစ်သားပန်းပုအခြေခံ ခြူးပန်း၊ ခြူး နွယ်အပြောက်အမွမ်းများ၊ ရုပ်လုံးရုပ်ကြွများ၊ ကျေးငှက်တိရစ္ဆာန်ရုပ်များ၊ နံရံကပ်ရုပ်ကြွ များ၊ အတွင်းမာရ ဘင်အရှေ့ပိုင်းကွန်းစင်တိုင်အခြေတွင် ထုဆစ်ပူဇော်ထားသည့် ဇာတ်ကြီးဆယ်ဘွဲ့၊ တောထွက်ခန်း၊ မဟာ ပဒုမဇတ်၊ ဥတေနဇာတ်တော်တို့ကို အနုစိတ်ထုဆစ်ပူဇော်ထားရှိမှုများ ကို ကြည့်ရှုပြီး တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်လက်ရာများဖြစ်သည့်အတွက် စနစ်တကျဖြင့် လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်သွားကြရန်နှင့် ကျောင်းတော်ကြီးအတွင်းရှိ တိုင်လုံးများ သပ်ရပ်မှုနှင့် ကြံ့ခိုင်မှုရှိအောင် စဉ်ဆက်မပြတ်မွမ်းမံထိန်းသိမ်းဆောင်ရွက်သွားရန်၊ အမွေအနှစ်လက်ရာများကို ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် မှန်ကာရံခြင်းများ၊ ကန့်သတ်ဧရိယာထားရှိခြင်းများ ဆောင်ရွက်ထားရှိရန်၊ရှေးဟောင်းအမွေအနှစ် လက်ရာ များဖြစ်သည့်အတွက် အထူးဂရုပြု ထိန်းသိမ်းစောင့် ရှောက်သွားရန်၊ ရွှေကျောင်းတော်ကြီး၏ အောက်ခြေတိုင်များ ခိုင်ခံ့နေစေရေးထိန်းသိမ်းဆောင်ရွက်သွားရန်တို့ကိုမှာကြားခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် ပဉ္စမသင်္ဂါယနာတင်၊ ဘဝရှင်မင်းတုန်းမင်းတရားကြီး တည်ထားကိုးကွယ်တော်မူသော မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရားကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊ သက်တမ်း ၁၆၂ နှစ်ကျော်သက်တမ်းရှိ ကျွန်းကျောင်းတော်ကြီးအတွင်းရှိ ပြန်လည်ပြုပြင်ထိန်းသိမ်းထားရှိမှုများနှင့် ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးများ၏ ပုံတူရုပ်တုတော်များကို ဖူးမြော်ကြည့်ရှုပြီး ကျောင်းတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းလည်း သိရသည်။
ယင်းအပြင် နစသဥက္ကဌက မြနန်းစံကျော် ရွှေနန်းတော်ကြီးထိန်းသိမ်းထားရှိမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးကာသမိုင်းမှတ်တမ်းဓာတ်ပုံများနှင့် နန်းတွင်းအသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသမှုများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
Published_25 August 2024
တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင်ခိုင်မာစွာဖြင့် ဆက် လက် ရပ်တည်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် နိုင်ငံအားမူလအခြေ အနေအတိုင်းပြန် လည် ရောက်ရှိရန်အတွက် လုပ်ဆောင်သင့် သည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဌ က ပြောသည်။
ယနေ့ သြဂုတ်လ ၂၅ ရက်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများအား မန္တလေးမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြော ကြားစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံတော်နှင့်လူမျိုးအပေါ် အမှန်တကယ်နားလည်သူများရှိပြီး ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများရှိရန်လိုကြောင်း၊ ထို့ကြောင့်ပြည်သူ့လုံခြုံရေးနှင့်ပတ်သက်၍ ပြည်သူပါသည့် လုံခြုံ ရေးစနစ်ကိုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူ့လုံခြုံရေး စနစ်တွင်ပြည်သူများပါဝင်ပါက တည်ငြိမ် အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုများ ကောင်းမွန်လာပြီး မိမိတို့နိုင်ငံ၏ ရည်မှန်းချက်ဖြစ်သည့် စစ်မှန်၍ စည်း ကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ယင်း က ပြောကြားခဲ့သည်။
နစကဥက္ကဌကမန္တလေးတိုင်း ဒေသကြီး၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးသည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မိမိတို့ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုများကို ကြိုးပမ်းဆောင်ရွက် လျက်ရှိကြကြောင်းလည်း ပြောကြားခဲ့သည်။
ယင်းအပြင်မကြာမီကျင်းပမည့် အမျိုးသားအားကစားပွဲတော်ကိုလည်း တိုင်းဒေသ ကြီးနှင့်ပြည်နယ်အလိုက် အနှစ်သာရရှိစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ပြည်သူပါဝင်သည့် ပြည်သူ့ လုံခြုံရေးစနစ်နှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုံခြုံရေးနှင့်ပတ် သက်၍ ဒေသအလိုက် လူတစ်ဦးတစ်ယောက်ချင်းစီမှ လုံခြုံ ရေးအသိစိတ်ဓာတ်ရှိရှိဖြင့် ဆောင်ရွက်ကြရန် လိုကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်သူ့လုံခြုံရေး People Security ၊ Public Security နှင့်ပတ်သက်၍ လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ ကျေး ရွာ အလိုက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နေထိုင် သည့်ဒေသ ရပ် ကွက်၊ ကျေးရွာများအလိုက်၊ လမ်းများအလိုက် လုံခြုံရေးစနစ်များ တည်ဆောက်၍ ဆောင်ရွက်မည်ဆိုပါက နယ်မြေဒေသလုံခြုံရေးအတွက် များစွာ အကျိုးရှိထိရောက်စေမည်ဖြစ်ကြောင်း၊ ပြည်သူ့လုံခြုံရေးလုပ်ငန်းများ နှင့်ပတ်သက်၍ Check, Recheck, Counter Check များပြုလုပ်၍ အပြန်ပြန်အလှန်လှန် စစ်ဆေးရန် လိုအပ် မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
၎င်းအပြင် လုံခြုံရေးပိုင်းဆိုင်ရာများ နည်းလမ်းမျိုးစုံဖြင့် ထိခိုက် ခြင်းကြောင့် ဒေသအလိုက်ထိခိုက်မှုများကို ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်လိုပြီး လုံခြုံရေး အမြင်ဖြင့် ဆောင်ရွက်ရန်လိုကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။
အလားတူ လာမည့် အောက်တိုဘာလ တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို စတင် ကောက်ယူသွား မည်ဖြစ်ကြောင်း၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှု ရလာဒ်များ နိုင်ငံတော်ကို ကြေညာပြီးချိန်တွင် မဲစာရင်းပြုစုပြီး ရွေးကောက်ပွဲကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ မဲစာရင်းများမှားယွင်းမှုမရှိစေရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ဆန္ဒမဲပေးချိန်တွင် လည်း မှန်မှန်ကန်ကန်ဖြစ် စေရေး ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများအနေဖြင့်ဝိုင်းဝန်း ဆောင်ရွက် ပေးသွားကြစေလိုကြောင်း နစက ဥက္ကဌက ပြောကြားခဲ့ကြောင်း သိရသည်။
Yangon_Times/PP
၂၅ ဩဂုတ် ၂၀၂၄
ထိုင်းနိုင်ငံ ဖူးကက်ကျွန်းတွင် သောကြာနေ့က မြေပြိုကျမှုကြောင့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား (၉)ဦးအပါအဝင် ၁၃ ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။
အခြားသေဆုံးသူတွေက ထိုင်းနှစ်ဦးနှင့် ရုရှားစုံတွဲ နှစ်ဦးတို့ဖြစ်ကြတယ်လို့ ရှာဖွေရေးလုပ်ငန်းတွေဆောင်ရွက်အပြီးမှာ အာဏာပိုင်တွေက ယနေ့ တနင်္ဂနွေနေ့ ဩဂုတ် ၂၅ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
သည်းထန်လွန်းတဲ့မိုးကြေင့် ထိုင်းနိုင်ငံတောင်ပိုင်း နာမည်ကျော် ခရီးသွားနေရာဖြစ်တဲ့ ဖူးကက်ကျွန်း Big Buddha (ဘုရားကြီး) အနီးမှာ မြေတွေပြိုကျခဲ့တာဖြစ်ပါတယ်လို့ ဖူးကက်အုပ်ချုပ်ရေးမှူး ဆိုဖွန်ဆူဝါနာရက်က ပြောပါတယ်။
မြေပြိုမှုကြောင့် အိမ်ခြေပေါင်း ၂၀၉ လုံးပျက်စီးခဲ့ရပြီး လူ၂၀ဦးလည် ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ ယခုအခါ ပျက်စီးတဲ့နေရာကို ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြောင်းသိရှိရပါတယ်။
သေဆုံးသူ မြန်မာအလုပ်သမား ၉ ဦးအတွက် ဘန်ကောက်က မြန်မာသံရုံးနှင့် ဆက်သွယ်ဆောင်ရွက်နေတယ်လို့လည်း ဖူးကက် ဒေသအာဏာပိုင်တွေကပြောပါတယ်။
ပျဉ်းမနားမြို့နယ်မှာရှိတဲ့ ငလိုက်ချောင်းမှာ ရေကြီးရေလျှံမှုဖြစ်ပွားတာကြောင့် ကယ်ဆယ်ရေး စခန်းနှစ်ခုကို ဒေသခံ(၄၀၀)ကနေ ၅၀၀ )ဝန်းကျင်ခန့် ပြောင်းရွေ့နေထိုင်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
#Local_News
Published 25 August 2024
#ပျဉ်းမနား-ငလိုက်ချောင်းရေကြီး #ဒေသခံ၅၀၀ခန့် ပြောင်းရွေ့
#YMG/NN #Yangon_Times
Page 86 of 1767